02 October 2019

ဂန္ဒီတံဆိပ်ခေါင်း

(Unicode version)

   မဟတ္တမဂန္ဒီ မွေးဖွားခြင်း နှစ်၁၅၀မြောက်အဖြစ် မြန်မာနိုင်ငံမှ တံဆိပ်ခေါင်းထုတ်ဝေပါသည်။ လူပုဂ္ဂိုလ်တဦးချင်းအနေဖြင့် ဗိုလ်ချုပ်ပုံတံဆိပ်ခေါင်းသာ ထုတ်ဝေဖူးသေးသည့်အတွက် လွန်စွာမှထူးပါသည်။ ပြည်ပနှင့်ပတ်သက်၍ အိုလံပစ်တံဆိပ်ခေါင်းပင် တခါသာ တရားမဝင့်တဝင် ထုတ်ဖူးသည်ဖြစ်ရာ တံဆိပ်ခေါင်းအသင်း၏ ရှေ့ဆောင်မှု အတော်ပါမည်ဟု ထင်ရသည်။
.
ထင်ရှားကျော်ကြားသူများပုံ တံဆိပ်ခေါင်းနှင့် ဂန္ဒီပုံတံဆိပ်ခေါင်း စုသူ ပြည်ပမှစုဆောင်းသူများအတွက် အဓိကရည်ရွယ်သည်လားမသိ။ မြန်မာနိုင်ငံအမည်ပင် မြန်မာဘာသာနှင့် ရိုက်နှိပ်မထားသလို ဂန္ဒီအကြောင်းလည်း အင်္ဂလိပ်လိုသာရိုက်နှိပ်ထားသည်။ ပြည်ပသို့ရောင်းချပြီး နိုင်ငံခြားငွေရှာဖို့ဆိုလည်း ကျေနပ်ပါသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်ကသာ လုပ်ခဲ့လျှင် တန်ဖိုးပိုရှိလိမ့်မည်။
.
တံဆိပ်ခေါင်း တန်ဖိုးမှာ ၁၀၀ကျပ်ဖြစ်သည်။ နှစ်ရာကျပ်တန် FDC နှင့် တရာကျပ်တန် ပို့စ်ကဒ်လည်းထုတ်ဝေသည်။ တံဆိပ်ခေါင်းအကြောင်း စာရွက်နှင့် fdc ပို့စ်ကဒ်များသိမ်းနိုင်သည့် ဖ်ုင်ကာဗာလည်း တွေ့ခဲ့ရပါသည်။


XxXxXx

(Zawgyi version )

   မဟတၱမဂႏၵီ ေမြးဖြားျခင္း ႏွစ္၁၅၀ေျမာက္အျဖစ္ ျမန္မာနိုင္ငံမွ တံဆိပ္ေခါင္းထုတ္ေဝပါသည္။ လူပုဂၢိုလ္တဦးခ်င္းအေနျဖင့္ ဗိုလ္ခ်ဳပ္ပုံတံဆိပ္ေခါင္းသာ ထုတ္ေဝဖူးေသးသည့္အတြက္ လြန္စြာမွထူးပါသည္။ ျပည္ပႏွင့္ပတ္သက္၍ အိုလံပစ္တံဆိပ္ေခါင္းပင္ တခါသာ တရားမဝင့္တဝင္ ထုတ္ဖူးသည္ျဖစ္ရာ တံဆိပ္ေခါင္းအသင္း၏ ေရွ႕ေဆာင္မႈ အေတာ္ပါမည္ဟု ထင္ရသည္။
.
ထင္ရွားေက်ာ္ၾကားသူမ်ားပုံ တံဆိပ္ေခါင္းႏွင့္ ဂႏၵီပုံတံဆိပ္ေခါင္း စုသူ ျပည္ပမွစုေဆာင္းသူမ်ားအတြက္ အဓိကရည္႐ြယ္သည္လားမသိ။ ျမန္မာနိုင္ငံအမည္ပင္ ျမန္မာဘာသာႏွင့္ ရိုက္ႏွိပ္မထားသလို ဂႏၵီအေၾကာင္းလည္း အဂၤလိပ္လိုသာရိုက္ႏွိပ္ထားသည္။ ျပည္ပသို႔ေရာင္းခ်ၿပီး နိုင္ငံျခားေငြရွာဖို႔ဆိုလည္း ေက်နပ္ပါသည္။ လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ခန့္ကသာ လုပ္ခဲ့လွ်င္ တန္ဖိုးပိုရွိလိမ့္မည္။
.
တံဆိပ္ေခါင္း တန္ဖိုးမွာ ၁၀၀က်ပ္ျဖစ္သည္။ ႏွစ္ရာက်ပ္တန္ FDC ႏွင့္ တရာက်ပ္တန္ ပို႔စ္ကဒ္လည္းထုတ္ေဝသည္။ တံဆိပ္ေခါင္းအေၾကာင္း စာ႐ြက္ႏွင့္ fdc ပို႔စ္ကဒ္မ်ားသိမ္းနိုင္သည့္ ဖ္ုင္ကာဗာလည္း ေတြ႕ခဲ့ရပါသည္။ 

No comments:

Post a Comment

Thank you.