16 October 2019

ရေအကျိုး ဆယ့်တပါး၊












(Unicode version)

   သူငယ်ချင်းတယောက်ရှိတယ်။ သူက ရောက်ရှိရာနေရာမှာ အခြေအနေလိုက်ပြီး သောက်ရေအိုးကအစ၊ ချိုးရေစည်အလယ်၊ အိမ်သာကန်အဆုံး ရေဖြည့်ပေးလေ့ အကျင့်ရှိတယ်။ သူ့ကို မင်းရေအလှူကြောင့် ရေအကျိုးဆယ့်တပါးပြည့်ပါစေလိုပြောရင်၊ ''လုပ်ပြီ ရေးအကျိုးက ဆယ်ပါးပါကွလို့'' ပြန်ပြောတတ်တယ်။ အေး တိုးလာတဲ့တပါးက မင်းအခုဖြည့်ပေးတဲ့ရေ သုံးရတယ်လေကွာလို့ ပြန်ရှင်းခဲ့ဘူးပါတယ်။
.
အခြားသောအလှူတွေမှာလည်း သက်ဆိုင်ရာအကျိုးတွေ ရှိပါတယ်။ သင်္ကန်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ကျောင်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ဆီမီးလှူရင်အကျိုးဘယ်နှစ်ပါး စသဖြင့်ပေါ့။ တချို့ကလည်း ရရှိမယ့်အကျိုးကို မျှော် ပြီးလှူတတ်ကြတယ်။ ရာထူးအမြင့်ရအောင် ထီးလှူကြသလို သွားလာရေးအဆင်ပြေအောင် ဖိနပ်လှူမယ်ဆိုတာမျိုးပေါ့။
.
တကယ့် ကုသိုလ်မြောက်အောင်လှူချင်ရင်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အလို့ငှာ လှူချင်ရင် အကျိုးကိုရည်ပြီး မလှူကောင်းဘူးတဲ့။ အကျိုးက အလိုလိုကိုပြည့်မှာ။ မိမိအလှူပစ္စည်း လက်ခံရရှိသူ စိတ်ချမ်းသာစွာအကျိုးရှိစွာ သုံးနိုင်ပါစေလို့ စိတ်မှန်းပြီး ရည်စူးလှူန်ိုင်ရမယ်တဲ့။ ဒါမှ အမြင့်မြတ်ဆုံး အလှူမြောက်မယ်တဲ့။
.
ဒ်ိတော့ ရေလှူရင် ရေအကျိုးဆယ်ပါးကို မျှော်ပြီးလှူစရာ မလိုဘူးလေ။ မိမိလှူလိုက်တဲ့ရေ သုံးစွဲသူ သောက်သုံးသူတွေ အကျိုးရှိရှိ သုံးစွဲနိုင်ပါစေလို့ ရေအကျိုးနံပတ်ဆယ့်တစ်ကို ရည်မှန်းလိုက်ရင် ကျန်ဆယ်ပါးအလိုလို ပြည့်သွားပါလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။

XxXxXx

(Zawgyi version)

   သူငယ္ခ်င္းတေယာက္ရွိတယ္။ သူက ေရာက္ရွိရာေနရာမွာ အေျခအေနလိုက္ၿပီး ေသာက္ေရအိုးကအစ၊ ခ်ိဳးေရစည္အလယ္၊ အိမ္သာကန္အဆုံး ေရျဖည့္ေပးေလ့ အက်င့္ရွိတယ္။ သူ႕ကို မင္းေရအလႉေၾကာင့္ ေရအက်ိဳးဆယ့္တပါးျပည့္ပါေစလိုေျပာရင္၊ ''လုပ္ၿပီ ေရးအက်ိဳးက ဆယ္ပါးပါကြလို႔'' ျပန္ေျပာတတ္တယ္။ ေအး တိုးလာတဲ့တပါးက မင္းအခုျဖည့္ေပးတဲ့ေရ သုံးရတယ္ေလကြာလို႔ ျပန္ရွင္းခဲ့ဘူးပါတယ္။
.
အျခားေသာအလႉေတြမွာလည္း သက္ဆိုင္ရာအက်ိဳးေတြ ရွိပါတယ္။ သကၤန္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ေက်ာင္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ဆီမီးလႉရင္အက်ိဳးဘယ္ႏွစ္ပါး စသျဖင့္ေပါ့။ တခ်ိဳ႕ကလည္း ရရွိမယ့္အက်ိဳးကို ေမွ်ာ္ ၿပီးလႉတတ္ၾကတယ္။ ရာထူးအျမင့္ရေအာင္ ထီးလႉၾကသလို သြားလာေရးအဆင္ေျပေအာင္ ဖိနပ္လႉမယ္ဆိုတာမ်ိဳးေပါ့။
.
တကယ့္ ကုသိုလ္ေျမာက္ေအာင္လႉခ်င္ရင္၊ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့အလို႔ငွာ လႉခ်င္ရင္ အက်ိဳးကိုရည္ၿပီး မလႉေကာင္းဘူးတဲ့။ အက်ိဳးက အလိုလိုကိုျပည့္မွာ။ မိမိအလႉပစၥည္း လက္ခံရရွိသူ စိတ္ခ်မ္းသာစြာအက်ိဳးရွိစြာ သုံးနိုင္ပါေစလို႔ စိတ္မွန္းၿပီး ရည္စူးလႉန္ိုင္ရမယ္တဲ့။ ဒါမွ အျမင့္ျမတ္ဆုံး အလႉေျမာက္မယ္တဲ့။
.
ဒ္ိေတာ့ ေရလႉရင္ ေရအက်ိဳးဆယ္ပါးကို ေမွ်ာ္ၿပီးလႉစရာ မလိုဘူးေလ။ မိမိလႉလိုက္တဲ့ေရ သုံးစြဲသူ ေသာက္သုံးသူေတြ အက်ိဳးရွိရွိ သုံးစြဲနိုင္ပါေစလို႔ ေရအက်ိဳးနံပတ္ဆယ့္တစ္ကို ရည္မွန္းလိုက္ရင္ က်န္ဆယ္ပါးအလိုလို ျပည့္သြားပါလိမ့္မယ္လို႔ ထင္မိပါတယ္ဗ်ာ။ 

No comments:

Post a Comment

Thank you.