24 October 2019

မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်း၊



(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းကို အချိန်မရလို့ဘဲဖြစ်ဖြစ်၊ ဗြိတိန်ဘုရင်ပြောင်းလို့ဘဲဖြစ်ဖြစ်၊ မည်သည့်အကြောင်းကြောင့်ဘဲဖြစ်စေ အိန္ဒိယတံဆိပ်ခေါင်းများပေါ်တွင် BURMA ဟု အပေါ်မှရိုက်နှိပ်၍ စတင်သုံးဆွဲခဲ့ရပါသည်။ နောက်မှ မိမိနိုင်ငံအမည်ဖြင့် ရိုက်နှိပ်သုံးခဲ့ရသည်။
.
ထိုစတင်မှုကြောင့်လား မသိ။ မြန်မာပြည်၏ ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းကိုလည်း အစဥ်သုံးတံဆိပ်ခေါင်းတမျိုးအပေါ်တွင် အပေါ်မှထပ်ရိုက်နှိပ်၍ (overprint) စသုံးခဲ့သည်။
.
မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းအဖြစ် ကမ္ဘာ့ပထမဆုံးတံဆိပ်ခေါင်း ရာပြည့်အတွက် မေလ၆ရက် ၁၉၄၀တွင် ထုတ်ခဲ့သည်။ ၁၉၃၈အစဥ်သုံး ၂ပဲ၆ပိုင်တံဆိပ်ခေါင်းပေါ်တွင် COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ်နှိပ်ခဲ့သည်။ တံဆိပ်ခေါင်းတန်ဖိုးကိုလည်း ၁ပဲ ဟု ထပ်နှိပ်ခဲ့သည်။
.
တင်းပြည့်ကျပ်ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်းကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခု မေလ၂ရက်နေ့တွင်မှ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ၁ပဲ၆ပိုင်၊ ၂ပဲ၊ ၃ပဲ၆ပိုင်နှင့် ၉ပိုင်တန် လေးခေါင်းထုတ်ခဲ့သည်။ မြန်မာပုံများသုံးခဲ့သော်လည်း လွတ်လပ်ရေးမရသေးသဖြင့် ဗြိတိန်ဘုရင်ပုံ ထည့်သုံးခဲ့ရပါသေးသည်။

ရည်ညွှန်းစာအုပ်။   ။ ကျော်မြင့်မောင် ရေးသားသည့် မြန်မာ့စာပို့ တံဆိပ်ခေါင်းများ။


XxXxXx

(Zawgyi version)

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းကို အခ်ိန္မရလို႔ဘဲျဖစ္ျဖစ္၊ ၿဗိတိန္ဘုရင္ေျပာင္းလို႔ဘဲျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းေၾကာင့္ဘဲျဖစ္ေစ အိႏၵိယတံဆိပ္ေခါင္းမ်ားေပၚတြင္ BURMA ဟု အေပၚမွရိုက္ႏွိပ္၍ စတင္သုံးဆြဲခဲ့ရပါသည္။ ေနာက္မွ မိမိနိုင္ငံအမည္ျဖင့္ ရိုက္ႏွိပ္သုံးခဲ့ရသည္။
.
ထိုစတင္မႈေၾကာင့္လား မသိ။ ျမန္မာျပည္၏ ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းကိုလည္း အစဥ္သုံးတံဆိပ္ေခါင္းတမ်ိဳးအေပၚတြင္ အေပၚမွထပ္ရိုက္ႏွိပ္၍ (overprint) စသုံးခဲ့သည္။
.
ျမန္မာ့ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းအျဖစ္ ကမၻာ့ပထမဆုံးတံဆိပ္ေခါင္း ရာျပည့္အတြက္ ေမလ၆ရက္ ၁၉၄၀တြင္ ထုတ္ခဲ့သည္။ ၁၉၃၈အစဥ္သုံး ၂ပဲ၆ပိုင္တံဆိပ္ေခါင္းေပၚတြင္ COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ္ႏွိပ္ခဲ့သည္။ တံဆိပ္ေခါင္းတန္ဖိုးကိုလည္း ၁ပဲ ဟု ထပ္ႏွိပ္ခဲ့သည္။
.
တင္းျပည့္က်ပ္ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္းကို ဒုတိယကမၻာစစ္အၿပီး ၁၉၄၆ခု ေမလ၂ရက္ေန႕တြင္မွ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္အျဖစ္ ထုတ္ေဝခဲ့သည္။ ၁ပဲ၆ပိုင္၊ ၂ပဲ၊ ၃ပဲ၆ပိုင္ႏွင့္ ၉ပိုင္တန္ ေလးေခါင္းထုတ္ခဲ့သည္။ ျမန္မာပုံမ်ားသုံးခဲ့ေသာ္လည္း လြတ္လပ္ေရးမရေသးသျဖင့္ ၿဗိတိန္ဘုရင္ပုံ ထည့္သုံးခဲ့ရပါေသးသည္။

ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရးသားသည့္ ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား။ 

No comments:

Post a Comment

Thank you.