30 December 2018

စာရေးဆရာတွေ ညံ့ကြတော့မှာလား

(Unicode version)

     မနေ့က စာရေးဆရာအသင်းက လုပ်တ့ဲ သက်ကြီးကန်တော့ပွဲမှာ မတန်မရာဖြစ်သွားတာ အားလုံးအသိပါ။ ရာရာစစ ပလ္လင်ပေါ် မျောက်တက်တာထက် ဆ်ိုးပါတယ်။

.

စာရေးဆရာအသင်းမှာ ကောင်စီလူကြီး ဘယ်နှစ်ယောက် သဘောတူလို့ လုပ်ခ့ဲလဲတော့ မသိပါဘူး။ ပထမအဆင့်အနေနဲ့ တာဝန်ရှိသူ ဥက္ကဌ မနုဿ ကျော်ဝင်းနဲ့ အတွင်းရေးမှုး မြင်းမူမောင်နိုင်မိုးတို့ကို ဘယ်သူ့တွေ ဆုံးဖြတ်ချက်နဲ့ လုပ်ခ့ဲတာလဲ စာရေးဆရာအသင်းဝင်များအနေနဲ့ မေးမြန်းရပါမယ်။ သူတို့နှစ်ဦးက အရင်အစိုးရရဲ့ အလိုတော်ရိတွေဆိုတာ သေချာပါတယ်။

.

သူတို့ နှစ်ဦးထဲသဘောလား။ ကောင်စီဝင်များ မဲခွဲဆုံးဖြတ်တာလား၊ သေချာအောင် လုပ်ကြပါ။ သူတို့နှစ်ဦးကဘဲ ဆုံးဖြတ်တာဆိုရင် သူတို့ကို ဖယ်ရှားပစ်ရပါမယ်။ ကောင်စီမှာ မဲခွဲလို့ များရာဆုံးဖြတ်တာဆိုရင် ကောင်စီအသစ် ပြန်ဖွဲ့ဖို့ အသင်းသားများ ကြိုးစားရပါမယ်။

.

ဒါတွေမှ လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဒီအသင်းက ထွက်လိုက်ကြပါ။ အသင်းသစ် ပြန်ဖွဲ့ကြပါ။ ဒီမိုကရေစီခေတ် NLD အစိုးရခေတ်မှာ မလုပ်နိုင်စရာ အကြောင်း မရှိပါ။ မလုပ်ရဲစရာ အကြောင်း မရှိပါ။ ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား စာရေးဆရာ အပေါင်းတို့။


XxXxXx

(Zawgyi version) 

    မေန႔က စာေရးဆရာအသင္းက လုပ္တ့ဲ သက္ႀကီးကန္ေတာ့ပြဲမွာ မတန္မရာျဖစ္သြားတာ အားလံုးအသိပါ။ ရာရာစစ ပလႅင္ေပၚ ေမ်ာက္တက္တာထက္ ဆ္ိုးပါတယ္။
.
စာေရးဆရာအသင္းမွာ ေကာင္စီလူႀကီး ဘယ္ႏွစ္ေယာက္ သေဘာတူလို႔ လုပ္ခ့ဲလဲေတာ့ မသိပါဘူး။ ပထမအဆင့္အေနနဲ႔ တာဝန္႐ွိသူ ဥကၠဌ မႏုႆ      ေက်ာ္ဝင္းနဲ႔ အတြင္းေရးမႈး ျမင္းမူေမာင္ႏိုင္မိုးတို႔ကို ဘယ္သူ႔ေတြ ဆံုးျဖတ္ခ်က္နဲ႔ လုပ္ခ့ဲတာလဲ စာေရးဆရာအသင္းဝင္မ်ားအေနနဲ႔ ေမးျမန္းရပါမယ္။ သူတို႔ႏွစ္ဦးက အရင္အစိုးရရဲ႕ အလိုေတာ္ရိေတြဆိုတာ ေသခ်ာပါတယ္။
.
သူတို႔ ႏွစ္ဦးထဲသေဘာလား။ ေကာင္စီဝင္မ်ား မဲခြဲဆံုးျဖတ္တာလား၊ ေသခ်ာေအာင္ လုပ္ၾကပါ။ သူတို႔ႏွစ္ဦးကဘဲ ဆံုးျဖတ္တာဆိုရင္ သူတို႔ကို ဖယ္႐ွားပစ္ရပါမယ္။ ေကာင္စီမွာ မဲခြဲလို႔ မ်ားရာဆံုးျဖတ္တာဆိုရင္ ေကာင္စီအသစ္ ျပန္ဖြဲ႔ဖို႔ အသင္းသားမ်ား ႀကိဳးစားရပါမယ္။
.
ဒါေတြမွ လုပ္ခြင့္မ႐ွိဘူး ဆိုရင္ေတာ့ ဒီအသင္းက ထြက္လိုက္ၾကပါ။ အသင္းသစ္ ျပန္ဖြဲ႔ၾကပါ။ ဒီမိုကေရစီေခတ္ NLD အစိုးရေခတ္မွာ မလုပ္ႏိုင္စရာ အေၾကာင္း မ႐ွိပါ။ မလုပ္ရဲစရာ အေၾကာင္း မ႐ွိပါ။ ဒို႔ေခတ္ေရာက္မွ ညံ့ၾကေတာ့မွာလား စာေရးဆရာ အေပါင္းတို႔။ 

No comments:

Post a Comment

Thank you.