25 December 2018

ရန်ကုန်မြေဈေး ကျတော့မည်၊









(Unicode version)


   စိတ်ရှုတ်စရာ မြန်မာ့သတင်းများထဲ ဝမ်းသာစရာ သတင်းတခု တက်လာပါပြီ။ ခရိုနီများ ကန့်ကွက်မှုတွေကြောင့် အရင်အစိုးရ မဆုံးဖြတ်ပဲနဲ့ လေးငါးနှစ် နှောင့်နှေးခ့ဲရတ့ဲ ရန်ကုန် ဒလကူး ကိုရီးယား မြန်မာချစ်ကြည်ရေး တံတားကြီး စတင်လိုက်တ့ဲ သတင်းပါ။

.

တကယ်က ဒလသည် ရန်ကုန်မြို့လည်နဲ့ အနီးဆုံးတွင် တည်ရှိသည်။ ယခင်က သွားလာရေးခက်ခဲ၊ ရေချိုမရ၊ အောက်ခံမြေပျော့သည်ဆိုပြီး မြို့အဖြစ် မတိုးချဲ့ခ့ဲ။ ၈၈နောက်ပိုင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်တွေ မြို့ဖြစ်လာချိန်မှာ ဒလကျန်ခ့ဲသည်။

.

ခုတော့ စခ့ဲပါပြီ။ တည်ဆောက်ချိန် သုံးလေးနှစ်အပြီး ကျယ်ဝန်းလှသော တဆက်တစပ်ထဲ မြေအကျယ်ကြီးတွင် စက်မှုဇုန် စိုက်ပျိုးရေးဇုန် မွေးမြူရေးဇုန်များလည်း တည်ဆောက်နိုင်ပြီ။ သီလဝါလို ထားဝယ်လို စက်မှုဇုန်မျိုး ဟိုးပင်လယ်ဝအထိ တိုးချဲ့နိုင်ပြီ။ သီလဝါနှင့် မျုက်နှာချင်းဆိုင်ဘက်ခြမ်း ကမ်းတလျောက်လုံး ဆိပ်ကမ်းတည်ဆောက်နိုင်မည်။ တဆက်တည်း ဖျာပုံ ဒေးဒရဲဘက်အထိ ဖွံ့ဖြိုးလာနိုင်ပါသည်။

.

ရေချိုအတွက်လည်း ပိုက်လိုင်းများ တပါတည်း ထည့်သွင်းမှာမို့ မပူရတော့။ ပင်လယ်ထဲမှာပင် လေဆိပ် သဘောၤဆိပ်တည်ဆောက်နိုင်သည့် နည်းပညာထွန်းကားနေပြီဖြစ်ရာ အထပ်မြင့်များပါ ဆောက်လုပ်နိုင်တော့မှာ အသေအချာ။ လူနေမြို့်ကွ က် အသစ်များလည်း ဖော်ဆောင်နိုင်တော့မည်။

.

ဒီ့အတွက် ခေါင်ခိုက်နေသော ရန်ကုန်မြေဈေးကို ဆွဲချတော့မည်။ ရန်ကုန်မြေဈေး ကျပြီဆိုလျှင် အခြားမြို်များလည်း ကျလာမည်ပင်။ စက်မှုဇုန်များ ဖွံ့ဖြိုးလာပြီး အလုပ်များပေါ်လာကာ မြန်မာ့စီးပွားရေးလည်း တိုးတက်လာမှာ သေချာပါသည်။ တချက်ခုတ် သုံးလေးချက်ပြတ်သော ဒီစီမံကိန်းတံတားကို ပန္နက်ချပေးသောဒါ်စုအားလည်း ကျေးဇူးတွေတင်ကြမှာ အမှန်ပါ။ နိုင်ငံအတွက် လိုအပ်နေတ့ဲ ကွက်လပ်တခုကို ဖြည့်ဆီးပေးခ့ဲပြီဘဲလေ။ ။

မှတ်ချက်။ ။ အကျိုးရှိလာမည့် မြေဧရိယာများကို ပုံမှာမြင်တွေ့နိုင်ပါသည်။

XxXxXx

(Zawgyi version)
 

 စိတ္႐ႈတ္စရာ ျမန္မာ့သတင္းမ်ားထဲ ဝမ္းသာစရာ သတင္းတခု တက္လာပါၿပီ။ ခ႐ိုနီမ်ား ကန္႔ကြက္မႈေတြေၾကာင့္ အရင္အစိုးရ မဆံုးျဖတ္ပဲနဲ႔  ေလးငါးႏွစ္ ေႏွာင့္ေႏွးခ့ဲရတ့ဲ ရန္ကုန္ ဒလကူး ကိုရီးယား ျမန္မာခ်စ္ၾကည္ေရး တံတားႀကီး စတင္လိုက္တ့ဲ သတင္းပါ။
.
တကယ္က ဒလသည္ ရန္ကုန္ၿမိဳ႕လည္နဲ႔ အနီးဆံုးတြင္ တည္႐ွိသည္။ ယခင္က သြားလာေရးခက္ခဲ၊ ေရခ်ိဳမရ၊ ေအာက္ခံေျမေပ်ာ့သည္ဆိုၿပီး ၿမိဳ႕အျဖစ္ မတိုးခ်ဲ့ခ့ဲ။ ၈၈ေနာက္ပိုင္း လိႈင္သာယာႏွင့္ ဒဂံုၿမိဳ႕သစ္ေတြ ၿမိဳ႕ျဖစ္လာခ်ိန္မွာ ဒလက်န္ခ့ဲသည္။
.
ခုေတာ့ စခ့ဲပါၿပီ။ တည္ေဆာက္ခ်ိန္ သံုးေလးႏွစ္အၿပီး က်ယ္ဝန္းလွေသာ တဆက္တစပ္ထဲ ေျမအက်ယ္ႀကီးတြင္ စက္မႈဇုန္ စိုက္ပ်ိဳးေရးဇုန္ ေမြးျမဴေရးဇုန္မ်ားလည္း တည္ေဆာက္ႏိုင္ၿပီ။ သီလဝါလို ထားဝယ္လို စက္မႈဇုန္မ်ိဳး ဟိုးပင္လယ္ဝအထိ တိုးခ်ဲ့ႏိုင္ၿပီ။ သီလဝါႏွင့္ မ်ဳက္ႏွာခ်င္းဆိုင္ဘက္ျခမ္း ကမ္းတေလ်ာက္လံုး ဆိပ္ကမ္းတည္ေဆာက္ႏိုင္မည္။ တဆက္တည္း ဖ်ာပံု ေဒးဒရဲဘက္အထိ ဖြံ႔ၿဖိဳးလာႏိုင္ပါသည္။
.
ေရခ်ိဳအတြက္လည္း ပိုက္လိုင္းမ်ား တပါတည္း ထည့္သြင္းမွာမို႔ မပူရေတာ့။ ပင္လယ္ထဲမွာပင္ ေလဆိပ္ သေဘာၤဆိပ္တည္ေဆာက္ႏိုင္သည့္ နည္းပညာထြန္းကားေနၿပီျဖစ္ရာ အထပ္ျမင့္မ်ားပါ ေဆာက္လုပ္ႏိုင္ေတာ့မွာ အေသအခ်ာ။ လူေနၿမိဳ့္ကြ က္ အသစ္မ်ားလည္း ေဖာ္ေဆာင္နိုင္ေတာ့မည္။
.
ဒီ့အတြက္ ေခါင္ခိုက္ေနေသာ ရန္ကုန္ေျမေစ်းကို ဆြဲခ်ေတာ့မည္။ ရန္ကုန္ေျမေစ်း က်ၿပီဆိုလ်ွင္ အျခားၿမိဳ္မ်ားလည္း က်လာမည္ပင္။ စက္မႈဇုန္မ်ား ဖြံ႔ၿဖိဳးလာၿပီး အလုပ္မ်ားေပၚလာကာ ျမန္မာ့စီးပြားေရးလည္း တိုးတက္လာမွာ ေသခ်ာပါသည္။ တခ်က္ခုတ္ သံုးေလးခ်က္ျပတ္ေသာ ဒီစီမံကိန္းတံတားကို ပႏၷက္ခ်ေပးေသာဒၚစုအားလည္း ေက်းဇူးေတြတင္ၾကမွာ အမွန္ပါ။ ႏိုင္ငံအတြက္ လိုအပ္ေနတ့ဲ ကြက္လပ္တခုကို ျဖည့္ဆီးေပးခ့ဲၿပီဘဲေလ။ ။
မွတ္ခ်က္။    ။ အက်ိဳး႐ွိလာမည့္ ေျမဧရိယာမ်ားကို ပံုမွာျမင္ေတြ႔ႏိုင္ပါသည္။ 

No comments:

Post a Comment

Thank you.