21 December 2018

ဝန်ကြီးတယောက်အလိုရှိသည်











(Unicode version)


    လွန်ခ့ဲသောနှစ်နှစ်ကျော် သုံးနှစ်ခန့်က NLDပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့ခွင့် ရခ့ဲပါတယ်။ အဲဒီမှာ တချို့ဝန်ကြီးတွေကို ပြည်သူတွေ မကြိုက်ပါဘူး။ ဂျာနယ်တွေကဆို ဟိုဝန်ကြီးပြောင်းတော့မယ်၊ ဒီဝန်ကြီး လဲတော့မယ် မဟုတ်ဘဲရေးလို့ တောင်းပန်ခ့ဲရပါပြီ။

.

အခုနောက်ဆုံး ဖေ့ဘုတ်အရ မကြိုက်ဆုံး ဝန်ကြီးတပါး ပေါ်လာပါပြီ။ ဟုတ်ပါတယ်ခင်ဗျာ။ ဒီတခါ အလှည့်ကျသူကတော့ ပြန်ဝန် ဆရာဖေမြင့်ဘဲ ဖြစ်ပါတယ်။ အကြောင်းရင်းက နိုင်ငံတော် အတိုင်ပင်ခံနဲ့ စာရေးဆရာတွေ တွေ့ဖို့ သူနဲ့ရင်းနှီးသူ ပတ်သက်သူတွေဘဲ ရွေးသွားလို့ပါ။ ရွေးသင့်သူတွေ မရွေးဘဲ၊ မရွေးသင့်သူတွေ ရွေးသွားတယ်ဆိုဘဲ။

.

ဟုတ်တယ်၊ ဒါမျိုးမကြိုက်ပါ။ ဒါကြောင့် ဝန်ကြီးအသစ်လဲ သင့်ပါပြီ။ ဝန်ကြီးဖြစ်ဖို့ အရည်အချင်း အများကြီးမလိုပါ။ နှစ်ချက်ထဲ လိုပါတယ်။ ဒီနှစ်ချက်နဲ့ ကိုက်ညီသူကို ဝန်ကြီးအဖြစ် ချက်ချင်းခန့်သင့်တယ်။

.

၁။ စာပေလောကသား ဖြစ်ရမယ်။ စာရေးဆရာ ကဗျာဆရာ စာနယ်ဇင်းပန်းချီဆရာ ကာတွန်းဆရာ ထုတ်ဝေသူ ပုံနှိပ်သူ ဖြန့်ဝေသူ အားလုံးရတယ်။ သတင်းစာဆရာတော့ မထည့်ရင်ကောင်းမယ်။ သူတို့ထဲကတချို့က ဒီရာထူးမလုပ်ရလို့ NLDကို စိတ်နာနေတာ။

.

၂။ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဖို့ စာပေလောကသား ၆၅ယောက်စာရင်း ရွေးပေးရမယ်။ အဲဒီစာရင်းကို အရိမခံရရင်၊ အဝေဖန်မခံရရင်၊ အပစ်ပြောမခံရရင်၊ အဆဲမခံရရင် ဒီရွေးချယ်ပေးသူသည် စာပေလောကကို တကယ်န့ှံစပ်သူဖြစ်လို့ ချက်ချင်းဘဲ လွှတ်တော်တင် ဝန်ကြီးအခန့်ခံရမှာပါ။

.

ကဲ စတင်အဆိုပြု ရွေးနိုငိပါပြီ။ မုဒိတာတရား ထားနိုင်ကြပါစေ။

XxXxXx

(Zawgyi version)

    လြန္ခ့ဲေသာႏွစ္ႏွစ္ေက်ာ္ သံုးႏွစ္ခန္႔က NLDပါတီ ေရြးေကာက္ပြဲ အႏိုင္ရၿပီး အစိုးရဖြဲ႔ခြင့္ ရခ့ဲပါတယ္။ အဲဒီမွာ တခ်ိဳ႕ဝန္ႀကီးေတြကို ျပည္သူေတြ မႀကိဳက္ပါဘူး။ ဂ်ာနယ္ေတြကဆို ဟိုဝန္ႀကီးေျပာင္းေတာ့မယ္၊ ဒီဝန္ႀကီး လဲေတာ့မယ္ မဟုတ္ဘဲေရးလို႔ ေတာင္းပန္ခ့ဲရပါၿပီ။
.
အခုေနာက္ဆံုး ေဖ့ဘုတ္အရ မႀကိဳက္ဆံုး ဝန္ႀကီးတပါး ေပၚလာပါၿပီ။ ဟုတ္ပါတယ္ခင္ဗ်ာ။ ဒီတခါ အလွည့္က်သူကေတာ့ ျပန္ဝန္ ဆရာေဖျမင့္ဘဲ ျဖစ္ပါတယ္။ အေၾကာင္းရင္းက  ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ စာေရးဆရာေတြ ေတြ႔ဖို႔ သူနဲ႔ရင္းႏွီးသူ ပတ္သက္သူေတြဘဲ ေရြးသြားလို႔ပါ။ ေရြးသင့္သူေတြ မေရြးဘဲ၊ မေရြးသင့္သူေတြ ေရြးသြားတယ္ဆိုဘဲ။
.
ဟုတ္တယ္၊ ဒါမ်ိဳးမႀကိဳက္ပါ။ ဒါေၾကာင့္ ဝန္ႀကီးအသစ္လဲ သင့္ပါၿပီ။ ဝန္ႀကီးျဖစ္ဖို႔ အရည္အခ်င္း အမ်ားႀကီးမလိုပါ။ ႏွစ္ခ်က္ထဲ လိုပါတယ္။ ဒီႏွစ္ခ်က္နဲ႔ ကိုက္ညီသူကို ဝန္ႀကီးအျဖစ္ ခ်က္ခ်င္းခန္႔သင့္တယ္။
.
၁။ စာေပေလာကသား ျဖစ္ရမယ္။ စာေရးဆရာ ကဗ်ာဆရာ စာနယ္ဇင္းပန္းခ်ီဆရာ ကာတြန္းဆရာ ထုတ္ေဝသူ ပံုႏွိပ္သူ ျဖန္႔ေဝသူ အားလံုးရတယ္။ သတင္းစာဆရာေတာ့ မထည့္ရင္ေကာင္းမယ္။ သူတို႔ထဲကတခ်ိဳ႕က ဒီရာထူးမလုပ္ရလို႔ NLDကို စိတ္နာေနတာ။
.
၂။ ႏိုင္ငံေတာ္အႀကီးအကဲနဲ႔ ေတြ႔ဖို႔ စာေပေလာကသား ၆၅ေယာက္စာရင္း ေရြးေပးရမယ္။ အဲဒီစာရင္းကို အရိမခံရရင္၊ အေဝဖန္မခံရရင္၊ အပစ္ေျပာမခံရရင္၊ အဆဲမခံရရင္ ဒီေရြးခ်ယ္ေပးသူသည္ စာေပေလာကကို တကယ္နွ႔ံစပ္သူျဖစ္လို႔ ခ်က္ခ်င္းဘဲ လႊတ္ေတာ္တင္ ဝန္ႀကီးအခန္႔ခံရမွာပါ။
.
ကဲ စတင္အဆိုျပဳ ေရြးႏိုငိပါၿပီ။ မုဒိတာတရား ထားႏိုင္ၾကပါေစ။

No comments:

Post a Comment

Thank you.