04 December 2018

ကားလမ်းဘေးက အသေးအဖွဲလေး

(Unicode version)


   ပုံ(၁) က သိသာပါတယ်။ ကားလမ်းဘေးက မြောင်းတွေအတွက် ရေဝင်ပေါက်ပါ။ များသောအားဖြင့် ရေဝင်ပေါက်တွေမှာ အမှိုက်စစ်ဇကာ တပ်လေ့မရှိတော့ပါ။ ဒီတော့ မြောင်းကအမှိုက်တွေနဲ့ ပြည့်လာပြီး ကားလမ်းရေလျှံတော့တာပါဘဲ။

.

ပုံ(၂)မှာ အမှိက်စစ်ဇကာ မရှိတော့ပါ။ ဖြစ်နိုင်ခြေ ၃ခုရှိပါတယ်။ ၁က လက်ကမြင်းသွားတာပါ။ ၂က ခိုးသွားတာ ဖြစ်နိုင်ပါတယ်။ သံကြွပ်နဲ့ လုပ်ထားရင် ပိုအခိုးခံရနိုင်ပါတယ်။ အလွယ်တကူ ဖြုတ်မရအောင် လုပ်ထားရပါမယ်။ ဖြုတ်သူကို အရေးယူနိုင်အောင် စီမံရပါမယ်။

.

နောက်ဆုံးအချက်က စည်ပင်က ခိုင်းစေသူတဦးကသော်၎င်း၊ သန့်ရှင်းရေးဝန်ထမ်းကသော်၎င်း ဖြုတ်ပစ်လိုက်တာပါ။ အကြောင်းကတော့ ဒီဇကာမှာ အမှိုက်ပိတ်တော့ လိုက်ရှင်းရတယ်၊ မရှိရင် မြောင်းထဲစီးသွားပြီး ငါလက်ကလွတ်ပြီဆိုတ့ဲ အတွေးနဲ့ပါ။ သန့်ရှင်းရေးဝန်ထမ်းတွေ အမှိုက်လှဲပြီး မကျုံးဘဲ မြောင်းထဲလှဲချတာ တွေ့ဘူးကြမှာပါ။ ဝန်ထမ်းဆိုတော့ အလုပ်ဖြုတ်ရုံသာမက ကြိမ်ဒဏ်လေးပါ မပေးသင့်ဘူးလား။

.

ဘယ်အကြောင်းကြောင့်ဖြစ်စေ အဖြုတ်ခံရရင် အမြန်ပြန်တပ်ရပါမယ်။ မဟုတ်ရင် ပုံ၃ကလို အမှိုက်ကျင်းဖြစ်ပြီး ပိတ်သွားပါမယ်။ မိုးရွာတာနဲ့ ရေလျှံမှာ သေချာနေပါပြီ။ အသေးအဖွဲလို့ ထင်ရပေမယ့် လမ်းခင်းသူတွေ သတိထားထည့်သင့်ပါတယ်။ ဒီအသေးအဖွဲကြောင့် ရေလျံနိုင်တ့ဲ ရာခိုင်နှုန်းများပါတယ်။ ရန်ကုန်မှာ အသစ်ခင်းတ့ဲ မ်းဘေးတွေမှာ ရေမြောင်းတွဲဆောက်သော်လည်း ဇကာပါတာ မတွေ့မိပါ။

XxXxXx

(Zawgyi version)


  ပံု(၁) က သိသာပါတယ္။ ကားလမ္းေဘးက ေျမာင္းေတြအတြက္ ေရဝင္ေပါက္ပါ။ မ်ားေသာအားျဖင့္ ေရဝင္ေပါက္ေတြမွာ အမိႈက္စစ္ဇကာ တပ္ေလ့မ႐ွိေတာ့ပါ။ ဒီေတာ့ ေျမာင္းကအမိႈက္ေတြနဲ႔ ျပည့္လာၿပီး ကားလမ္းေရလွ်ံေတာ့တာပါဘဲ။
.
ပံု(၂)မွာ အမွိက္စစ္ဇကာ မ႐ွိေတာ့ပါ။ ျဖစ္ႏိုင္ေျခ ၃ခု႐ွိပါတယ္။ ၁က လက္ကျမင္းသြားတာပါ။ ၂က ခိုးသြားတာ ျဖစ္ႏိုင္ပါတယ္။ သံႂကြပ္နဲ႔ လုပ္ထားရင္ ပိုအခိုးခံရႏိုင္ပါတယ္။ အလြယ္တကူ ျဖဳတ္မရေအာင္ လုပ္ထားရပါမယ္။ ျဖဳတ္သူကို အေရးယူႏိုင္ေအာင္ စီမံရပါမယ္။
.
ေနာက္ဆံုးအခ်က္က စည္ပင္က ခိုင္းေစသူတဦးကေသာ္၎၊ သန္႔႐ွင္းေရးဝန္ထမ္းကေသာ္၎ ျဖဳတ္ပစ္လိုက္တာပါ။ အေၾကာင္းကေတာ့ ဒီဇကာမွာ အမိႈက္ပိတ္ေတာ့ လိုက္႐ွင္းရတယ္၊ မ႐ွိရင္ ေျမာင္းထဲစီးသြားၿပီး ငါလက္ကလြတ္ၿပီဆိုတ့ဲ အေတြးနဲ႔ပါ။ သန္႔႐ွင္းေရးဝန္ထမ္းေတြ အမႈိက္လွဲၿပီး မက်ံဳးဘဲ ေျမာင္းထဲလွဲခ်တာ ေတြ႔ဘူးၾကမွာပါ။ ဝန္ထမ္းဆိုေတာ့ အလုပ္ျဖဳတ္ရံုသာမက ႀကိမ္ဒဏ္ေလးပါ မေပးသင့္ဘူးလား။
.
ဘယ္အေၾကာင္းေၾကာင့္ျဖစ္ေစ အျဖဳတ္ခံရရင္ အျမန္ျပန္တပ္ရပါမယ္။ မဟုတ္ရင္ ပံု၃ကလို အမိႈက္က်င္းျဖစ္ၿပီး ပိတ္သြားပါမယ္။ မိုးရြာတာနဲ႔ ေရလ်ွံမွာ ေသခ်ာေနပါၿပီ။ အေသးအဖြဲလို႔ ထင္ရေပမယ့္ လမ္းခင္းသူေတြ သတိထားထည့္သင့္ပါတယ္။ ဒီအေသးအဖြဲေၾကာင့္ ေရလ်ံႏိုင္တ့ဲ ရာခိုင္ႏႈန္းမ်ားပါတယ္။ ရန္ကုန္မွာ အသစ္ခင္းတ့ဲ မ္းေဘးေတြမွာ ေရေျမာင္းတြဲေဆာက္ေသာ္လည္း ဇကာပါတာ မေတြ႔မိပါ။ 

No comments:

Post a Comment

Thank you.