11 June 2018

Repercussions effects.





(Unicode version )


  အင်္ဂလိပ်စာလုံး repercussions ဆိုတာရှိတယ်။ အဓိပ္ပာယ်က အလုပ်တခုခု အပြုအမူတခုခုကြောင့် မိမိထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေ တုန့်ပြန်လာတာကို ဆိုလိုတာပါ။ ရိုးရိုး တုန့်ပြန်မှု echo လိုမျိုးနဲ့ မတူတာက ပိုဆိုးသွားစေတာပါ။ အများနဲ့သက်ဆိုင်တ့ဲ အပြုအမူ အလုပ်တခုလုပ်မယ်ဆို ပိုသတိထားရပါမယ်။

.

ပြီးခ့ဲတ့ဲအပတ်ထဲ ရှမ်းပြည်ဘက်မှာ တပ်မတော်ထောက်ခံပွဲများ လုပ်ပါတယ်။ မည်သူတွေကို ထောက်ခံစေဖို့ ရည်ရွယ်တာလည်း မသိပါဘူး။ ဆိုလိုတာက ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေကို ထောက်ခံစေချင်တာလား၊ ပြည်ပမှ ဖိအားပေးနေသူတွေကို ပြည်သူတွေက ထောက်ခံတယ်ဆိုတာ ပြချင်တာလား မသိတာပါ။

.

ဒီနည်းဟာ ဒီခေတ်မှာ အသုံးမတ့ဲတော့တာ ထားလိုက်ပါတော့။ ထောက်ခံပွဲမှာ ဟောခိုင်းတ့ဲသူတွေ တွေ့ရတော့ သွားပြန်ပြီဟ့ဲလို့ တွေးမိပါတယ်။ တခြားသူ မရှိတော့ဘူးလားဗျာ။ ဒီလူတွေကို ပြည်သူတွေ ဘယ်လိုသဘောထားလည်း ဖေ့ဘုတ်ပေါ်ကြည့် သိနိုင်ပါတယ်။ သူတို့ကို ပြောခိုင်းပါမှ ရည်ရွယ်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်စေတာပါ။ ပွဲမလုပ်တာကမှ တော်ဦးမယ်။

.

နောက်တခုက Mytel ဖုန်းနဲ့ ပတ်သက်လို့ပါ။ ကုမ္ပဏီကတော့ အ့ဲလိုကြော်ငြာခိုင်းမယ် မထင်ပါ။ အဖိုးခေတ်ကတည်းက ပြည်သူတွေမေတ္တာ ခံယူခ့ဲရတ့ဲသူရဲ့ မြေးက ဝင်ကြော်ငြာပေးတာပါ။ ရိုင်းရိုင်းစိုင်းစိုင်းပါဘဲ။ တိရစာၦန်တွေမသုံးတ့ဲ ဖုန်းမို့ သူသုံးတယ်တ့ဲ။ ဘယ်လောက်အဆဲခံရလည်း ဖေ့ဘုတ်သုံးသူတိုင်း သိပါတယ်။ စီးပွားရေးမဆန်ယုံမက စော်ကားရာ ရောက်နေလို့ မသုံးသူ ပိုများလာနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ ကန့်တောင်ကန့်ကွက်သင့်တာပါ။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တာကိုး။

.

Repercussions အဓိပ္ပာယ် သိလောက်ပါပြီ။ တချို့ အလုပ်တွေ အပြုအမူတွေက မလုပ်ခ့ဲ မပြုမူခ့ဲရင်တောင် ပိုကောင်းပါလိမ့်မယ်ဗျာ။

XxXxXx

(Zawgyi version )

  အဂၤလိပ္စာလံုး repercussions ဆိုတာ႐ွိတယ္။ အဓိပၸာယ္က အလုပ္တခုခု အျပဳအမူတခုခုေၾကာင့္ မိမိထင္ထားတာနဲ႔ ဆန္႔က်င္ဘက္ ဆိုးက်ိဳးေတြ တုန့္ျပန္လာတာကို ဆိုလိုတာပါ။ ႐ိုး႐ိုး တုန္႔ျပန္မႈ echo လိုမ်ိဳးနဲ႔ မတူတာက ပိုဆိုးသြားေစတာပါ။ အမ်ားနဲ႔သက္ဆိုင္တ့ဲ အျပဳအမူ အလုပ္တခုလုပ္မယ္ဆို ပိုသတိထားရပါမယ္။
.
ၿပီးခ့ဲတ့ဲအပတ္ထဲ ႐ွမ္းျပည္ဘက္မွာ တပ္မေတာ္ေထာက္ခံပြဲမ်ား လုပ္ပါတယ္။ မည္သူေတြကို ေထာက္ခံေစဖို႔ ရည္ရြယ္တာလည္း မသိပါဘူး။ ဆိုလိုတာက ႐ွမ္းျပည္နယ္ထဲက တိုင္းရင္းသားေတြကို ေထာက္ခံေစခ်င္တာလား၊ ျပည္ပမွ ဖိအားေပးေနသူေတြကို ျပည္သူေတြက ေထာက္ခံတယ္ဆိုတာ ျပခ်င္တာလား မသိတာပါ။
.
ဒီနည္းဟာ ဒီေခတ္မွာ အသံုးမတ့ဲေတာ့တာ ထားလိုက္ပါေတာ့။ ေထာက္ခံပြဲမွာ ေဟာခိုင္းတ့ဲသူေတြ ေတြ႔ရေတာ့ သြားျပန္ၿပီဟ့ဲလို႔ ေတြးမိပါတယ္။ တျခားသူ မ႐ွိေတာ့ဘူးလားဗ်ာ။ ဒီလူေတြကို ျပည္သူေတြ ဘယ္လိုသေဘာထားလည္း ေဖ့ဘုတ္ေပၚၾကည့္ သိႏိုင္ပါတယ္။ သူတို႔ကို ေျပာခိုင္းပါမွ ရည္ရြယ္တာနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေစတာပါ။ ပြဲမလုပ္တာကမွ ေတာ္ဦးမယ္။
.
ေနာက္တခုက Mytel ဖုန္းနဲ႔ ပတ္သက္လို႔ပါ။ ကုမၸဏီကေတာ့ အ့ဲလိုေၾကာ္ျငာခိုင္းမယ္ မထင္ပါ။ အဖိုးေခတ္ကတည္းက ျပည္သူေတြေမတၱာ ခံယူခ့ဲရတ့ဲသူရဲ႕ ေျမးက ဝင္ေၾကာ္ျငာေပးတာပါ။ ႐ိုင္း႐ိုင္းစိုင္းစိုင္းပါဘဲ။ တိရစာၦန္ေတြမသံုးတ့ဲ ဖုန္းမို႔ သူသံုးတယ္တ့ဲ။ ဘယ္ေလာက္အဆဲခံရလည္း ေဖ့ဘုတ္သံုးသူတိုင္း သိပါတယ္။ စီးပြားေရးမဆန္ယံုမက ေစာ္ကားရာ ေရာက္ေနလို႔ မသံုးသူ ပိုမ်ားလာႏိုင္ပါတယ္။ ကုမၸဏီအေနနဲ႔ ကန္႔ေတာင္ကန္႔ကြက္သင့္တာပါ။ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားႏိုင္တာကိုး။
.
Repercussions အဓိပၸာယ္ သိေလာက္ပါၿပီ။ တခ်ိဳ႕ အလုပ္ေတြ အျပဳအမူေတြက မလုပ္ခ့ဲ မျပဳမူခ့ဲရင္ေတာင္ ပိုေကာင္းပါလိမ့္မယ္ဗ်ာ။ 

No comments:

Post a Comment

Thank you.