14 June 2018

ဗဟိုလမ်း ချဲ့တ့ဲကိစ္စ၊



(Unicode version)


      ဗဟိုလမ်း (အရင်ရှမ်းလမ်း)ထပ်ခင်းလို့ တချို့အိမ်တွေ အောက်ထပ်ကို ခေါင်းငုံ့ဝင်ရလို့ အပစ်တင်တာ တွေ့နေရပါတယ်။ အရင် ရှမ်းလမ်းခေတ်ကတည်းက ဆီဆုံလမ်းကနေ မင်းလမ်းထိပ်အထိလောက် လမ်းအရှေ့ဘက်က လမ်းထက် နှစ်ပေ သုံးပေလောက်ကိုနိမ့်တာပါ။ အရေးအခင်းမဖြစ်ချိန် ဆီဆုံလမ်းထိပ်က တရုပ်လေးလဘက်ရည်ဆိုင်တို့ သူဌေးမင်းဆိုင်တို့ ထိုင်နေကြသူတွေသိပါတယ်။

.

အ့ဲဒီခေတ်က ကန်ထရိုက်ဆောက်တော့ မြှင့်ဆောက်ကြတာပါဘဲ။ ဒါပေမယ့် လမ်းနဲ့ဝေးသေးတော့ မသိသာဘူး။ ဗဟိုလမ်းအဖြစ်ချဲ့တော့ သိသာသွားတာပါဘဲ။ လမ်းထက်နိမ့်နေပြီ။ ခုထပ်ပိုးလွှာခင်းတော့ တပေနီးပါး ထပ်နိမ့်မှာပေါ့။

.

ဒီအိမ်အနည်း ဒုက္ခရောက်မှာစိုးလို့ လမ်းမခင်းလို့ မဖြစ်ပါ။ နောက်တကြိမ်ပြန်ဆောက်ရင် မြှင့်ဆောက်ဖို့ဘဲ ရှိပါတယ်။ လွယ်မယ်မဟုတ်ပေမ့ဲ ဆီဆုံလမ်းထောင့်က နှစ်ခါရှိပါပြီ။ အဲဒီအိမ်တွေအတွက်တော့ ဆောရီးပါ။ မကောင်းသူထိပ် ကောင်းသူထိပ်ဘဲ။ ဒါမျိုးတွေ ဒါ့ထက်ဆိုးတာတွေ ရှိသေး။

.

လုပ်သင့်တာက လမ်းဖြတ်မြောင်းတွေရှိရင် မခင်းခင် သေချာပြန်ဆောက်သင့်တယ်။ ဖြစ်နိုင်ရင်လည်း မခင်းခင် မူလလမ်းမှာတူးပြီး လိုလိုမယ်မယ် ပိုက်အလွတ်တွေ မြှုပ်ခ့ဲသင့်တယ်။ လမ်းတလျောက်ရော ကန့်လန့်တွေရော။ ခင်းပြီးမှ ပြန်တူးကြတာ စိတ်ပျက်စရာ။

.

စိုးရိမ်တာက အခုထပ်ခင်းနည်းက သံချောင်းမထည့်ဘဲ ထုထူထူခင်းတ့ဲနည်း။ ရှမ်းလမ်းဖြတ်ခင်းတ့ဲ ရေမြောင်းကြီနေရာမှာ သံကူကွန်ကရစ် မလိုဘဲ ရပါ့မလား။ အေးလေ။ ရလို့ခင်းတာဘဲ နေမှာပါ။ သူတို့က ဗိုလ်ကြီးတွေဘဲ၊ ဆောရီး။ အင်ဂျင်နီယာတွေဘဲ။

XxXxXx

(Zawgyi version)

      ဗဟိုလမ္း (အရင္႐ွမ္းလမ္း)ထပ္ခင္းလို႔ တခ်ိဳ႕အိမ္ေတြ ေအာက္ထပ္ကို ေခါင္းငံု႔ဝင္ရလို႔ အပစ္တင္တာ ေတြ႔ေနရပါတယ္။ အရင္ ႐ွမ္းလမ္းေခတ္ကတည္းက ဆီဆံုလမ္းကေန မင္းလမ္းထိပ္အထိေလာက္ လမ္းအေ႐ွ႕ဘက္က လမ္းထက္ နွစ္ေပ သံုးေပေလာက္ကိုနိမ့္တာပါ။ အေရးအခင္းမျဖစ္ခ်ိန္ ဆီဆံုလမ္းထိပ္က တ႐ုပ္ေလးလဘက္ရည္ဆိုင္တို႔ သူေဌးမင္းဆိုင္တို႔ ထိုင္ေနၾကသူေတြသိပါတယ္။
.
အ့ဲဒီေခတ္က ကန္ထ႐ိုက္ေဆာက္ေတာ့ ျမႇင့္ေဆာက္ၾကတာပါဘဲ။ ဒါေပမယ့္ လမ္းနဲ႔ေဝးေသးေတာ့ မသိသာဘူး။ ဗဟိုလမ္းအျဖစ္ခ်ဲ့ေတာ့ သိသာသြားတာပါဘဲ။ လမ္းထက္နိမ့္ေနၿပီ။ ခုထပ္ပိုးလႊာခင္းေတာ့ တေပနီးပါး ထပ္နိမ့္မွာေပါ့။
.
ဒီအိမ္အနည္း ဒုကၡေရာက္မွာစိုးလို႔ လမ္းမခင္းလို႔ မျဖစ္ပါ။ ေနာက္တႀကိမ္ျပန္ေဆာက္ရင္ ျမႇင့္ေဆာက္ဖို႔ဘဲ ႐ွိပါတယ္။ လြယ္မယ္မဟုတ္ေပမ့ဲ ဆီဆံုလမ္းေထာင့္က ႏွစ္ခါ႐ွိပါၿပီ။ အဲဒီအိမ္ေတြအတြက္ေတာ့ ေဆာရီးပါ။ မေကာင္းသူထိပ္ ေကာင္းသူထိပ္ဘဲ။ ဒါမ်ိဳးေတြ ဒါ့ထက္ဆိုးတာေတြ ႐ွိေသး။
.
လုပ္သင့္တာက လမ္းျဖတ္ေျမာင္းေတြ႐ွိရင္ မခင္းခင္ ေသခ်ာျပန္ေဆာက္သင့္တယ္။ ျဖစ္ႏိုင္ရင္လည္း မခင္းခင္ မူလလမ္းမွာတူးၿပီး လိုလိုမယ္မယ္ ပိုက္အလြတ္ေတြ ျမႇဳပ္ခ့ဲသင့္တယ္။ လမ္းတေလ်ာက္ေရာ ကန္႔လန္႔ေတြေရာ။ ခင္းၿပီးမွ ျပန္တူးၾကတာ စိတ္ပ်က္စရာ။
.
စိုးရိမ္တာက အခုထပ္ခင္းနည္းက သံေခ်ာင္းမထည့္ဘဲ ထုထူထူခင္းတ့ဲနည္း။ ႐ွမ္းလမ္းျဖတ္ခင္းတ့ဲ ေရေျမာင္းႀကီေနရာမွာ သံကူကြန္ကရစ္ မလိုဘဲ ရပါ့မလား။ ေအးေလ။ ရလို႔ခင္းတာဘဲ ေနမွာပါ။ သူတို႔က ဗိုလ္ႀကီးေတြဘဲ၊ ေဆာရီး။ အင္ဂ်င္နီယာေတြဘဲ။

No comments:

Post a Comment

Thank you.