27 June 2018

အမှန်အကန် ဝေဖန်သူများဖတ်ဖို့




(Unicode version )


   ဒေါ်စုနဲ့ NLD အစိုးရကို ဝေဖန်တ့ဲစာတွေ ဖတ်ရသည်။ သေချာတာက NLD အစိုးရသည် ရာနှုန်းပြည့် မဖြစ်တာသေချာပါသည်။ ဝေဖန်နိုင်ပါသည်။ သို့သော် နာမည်ဖျက်ချင်လို့ ရေးသူတွေရှိသလို အနည်းငယ်မှန်ရင်ကို ဝင်ဆွမ်းကြီးလောင်းသူတွေရှိနေတာကို သတိထားမိပါသည်။

.

ရေးသူတွေကို လေ့လာကြည့်ပါသည်။ တကယ့်ပညာရှင်တွေက စေတနာနဲ့ရေးတာရှိသလို NLD အစိုးရကို အမည်ဖျက်ချင်လို့ ဝုံးသူတွေလဲများပါသည်။ အနီကြောင်များ၊ တက်လာတ့ဲအစိုးရမှန်သမျှ ရန်သူလို့ထင်နေသူများ၊ တခုခုဟော့ပြပြီး ဆယ်လီဖြစ်မည့်သူများ၊ ဆရာကြီးလုပ်ချင်သူများ မျိုးစုံတွေ့ရပါသည်။

.

ထိုသူများထဲက စေတနာအစစ်နဲ့ ရေးသူများကို မေတ္တာရပ်ချင်ပါသည်။ ကျန်သူများက ပြောလည်း ရမည်မထင်လို့ မပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသားထဲမှ လုပ်နိုင်မည်ဟု ထင်ရသူများနဲ့ လုပ်ကြည့်နေရတာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် နှစ်ပေါင်းများစွာ စာရိတ္တပါပျက်နေသည့် ဝန်ထမ်းများကို ပြန်လည်တည်ဆောက်နေရချိန် ဖြစ်သည်။ အရေးကြီးဆုံးက စစ်အာဏာရှင်နဲ့ သူတို့လက်စွဲပါတီအောက် ပြန်မရောက်ရေး ဖြစ်ပါလိမ့်မည်။

.

အကောင်းဆုံပုံစံနဲ့ ဝေးနေတာ သေချာပါသည်။ ချို့ယွင်းချက်များကို ထောက်ပြလိုလျှင် ပြည်သူတွေ အစိုးရကို စိတ်ပျက်အောင် ရေးသည့်ပုံစံမျိုးနဲ့ မရေးစေချင်ပါ။ များသောအားဖြင့် ထိုသို့အပစ်တင် ရေးသူများ သုံးလေ့ရှိသည့် စာလုံးမှာ ဒီမိုကရေစီ အစိုးရကို အပစ်မပြောရဘူးလား ဖြစ်ပါသည်။

.

သေချာ စဉ်းစားကြည့်ပါ ဆရာကြီးတို့။ ကျွန်တော်တို့ ခင်ဗျားတို့ ရွှေနိုင်ငံကြီးက ဒီမိုကရေစီနိုင်ငံ အစစ်ဖြစ်နေပါပြီလား။

XxXxXx

(Zawgyi version)

   ေဒၚစုနဲ႔ NLD အစိုးရကို ေဝဖန္တ့ဲစာေတြ ဖတ္ရသည္။ ေသခ်ာတာက NLD အစိုးရသည္ ရာႏႈန္းျပည့္ မျဖစ္တာေသခ်ာပါသည္။ ေဝဖန္ႏိုင္ပါသည္။ သို႔ေသာ္ နာမည္ဖ်က္ခ်င္လို႔ ေရးသူေတြ႐ွိသလို အနည္းငယ္မွန္ရင္ကို ဝင္ဆြမ္းႀကီးေလာင္းသူေတြ႐ွိေနတာကို သတိထားမိပါသည္။
.
ေရးသူေတြကို ေလ့လာၾကည့္ပါသည္။ တကယ့္ပညာ႐ွင္ေတြက ေစတနာနဲ႔ေရးတာ႐ွိသလို NLD အစိုးရကို အမည္ဖ်က္ခ်င္လို႔ ဝံုးသူေတြလဲမ်ားပါသည္။ အနီေၾကာင္မ်ား၊ တက္လာတ့ဲအစိုးရမွန္သမွ် ရန္သူလို႔ထင္ေနသူမ်ား၊ တခုခုေဟာ့ျပျပီး ဆယ္လီျဖစ္မည့္သူမ်ား၊ ဆရာႀကီးလုပ္ခ်င္သူမ်ား မ်ိဳးစံုေတြ႔ရပါသည္။
.
ထိုသူမ်ားထဲက ေစတနာအစစ္နဲ႔ ေရးသူမ်ားကို ေမတၱာရပ္ခ်င္ပါသည္။ က်န္သူမ်ားက ေျပာလည္း ရမည္မထင္လို႔ မေျပာတာပါ။ ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာႏိုင္ငံသားထဲမွ လုပ္ႏိုင္မည္ဟု ထင္ရသူမ်ားနဲ႔ လုပ္ၾကည့္ေနရတာ ျဖစ္ပါသည္။ ႐ွင္း႐ွင္းေျပာရလွ်င္ ႏွစ္ေပါင္းမ်ားစြာ စာရိတၱပါပ်က္ေနသည့္ ဝန္ထမ္းမ်ားကို ျပန္လည္တည္ေဆာက္ေနရခ်ိန္ ျဖစ္သည္။ အေရးႀကီးဆံုးက စစ္အာဏာ႐ွင္နဲ႔ သူတို႔လက္စြဲပါတီေအာက္ ျပန္မေရာက္ေရး ျဖစ္ပါလိမ့္မည္။
.
အေကာင္းဆံုပံုစံနဲ႔ ေဝးေနတာ ေသခ်ာပါသည္။ ခ်ိဳ႕ယြင္းခ်က္မ်ားကို ေထာက္ျပလိုလွ်င္ ျပည္သူေတြ အစိုးရကို စိတ္ပ်က္ေအာင္ ေရးသည့္ပံုစံမ်ိဳးနဲ႔ မေရးေစခ်င္ပါ။ မ်ားေသာအားျဖင့္ ထိုသို႔အပစ္တင္ ေရးသူမ်ား သံုးေလ့႐ွိသည့္ စာလံုးမွာ ဒီမိုကေရစီ အစိုးရကို အပစ္မေျပာရဘူးလား ျဖစ္ပါသည္။
.
ေသခ်ာ စဥ္းစားၾကည့္ပါ ဆရာႀကီးတို႔။ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ ေရႊႏိုင္ငံႀကီးက ဒီမိုကေရစီႏိုင္ငံ အစစ္ျဖစ္ေနပါၿပီလား။

No comments:

Post a Comment

Thank you.