27 April 2018

အပြောင်းအလဲ နဲ့ အရွယ်



(Unicode version )




တဖက်က အင်္ဂတေခင်း၊ တဖက်က ကျောက်စရစ်ခင်းထားသော ခြောက်လက်မအမြင့်ရှိ ဘောင်လေးကို ကျော်ဖြတ်ခြင်းဖြင့် စခ့ဲပါပြီ၊ နှစ်ဖက် စစ်ပြေမငြိမ်းထားသေးသော နယ်နမိတ်ဖြစ်သော်လည်း လူမျိုးတူ စကားတူ ဘာသာတော့မတူတော့သော တနိုင်ငံတည်းသားတွေပါ။

.

ဒီလိုဖြစ်လာဖို့ ဝက်ကလေးက အခရာပါ။ သူတက်ခါစက သူ့အာဏာတည်မြဲဖို့ ဖြုတ်ထုတ်သတ်အထိလုပ်ခ့ဲတာ ဒီလိုလုပ်နိုင်ဖို့ ရည်ရွယ်သလားမသိနိုင်ပါ။ ကမ်ဘာ့ကြီးကမြင်သလို မြောက်ကိုရီးယား ပြည်သုူအများစုက ပေါင်းစည်းချင်မယ်လို့ အလွယ်ထင်လို့ မရပါ။ အာဏာလက်မလွှတ်ချင်သူ အခွင့်အရေး (သေးသေးလေးဖြစ်ဖြစ်) လက်မလွှတ်ချင်သူ၊ ဝါဒမှိုင်းမိနေသူတွေက ရှိနေဆဲ အခြေအနေကို ကြိုက်နေနိုင်ပါတယ်။

.

ဝက်ကလေးက သူ့အာဏာတည်မြဲလာချိန်မှ လှုပ်ရှားလာတာ ဖြစ်သလို အရင်အတိုင်း ဆက်ချီတက်နေလို့ မရမှန်းသိလာလို့လည်း ဖြစ်နိုင်ပါတယ်။ သူ့အဖေလက်ထက်ကလည်း ဒီလို အခွင့်အရေး ရခ့ဲပေမယ့် နောက်ပိုင်း ဆက်မလုပ်တော့ပါဘူး။

.

ဒီလိုဖြစ်ရတာ ခေါင်းဆောင်ရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ ဘဝရဲ့ ဒုတိယအရွယ် နှောင်းပိုင်းရောက်လာရင် ရှိထားတာလေးကို ပျက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ ရထားတ့ဲ စည်းစိမ်လေး ပျောက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ အများအတွက် ထည့်မစဉ်းစားချင်တတ်ကြတော့ပါဘူး။ အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်လာပါတယ်။ ငါအလျော့ပေးလိုက်သလို ဖြစ်သွားမလား ထင်မိတတ်တယ်။ စဉ်းစားတွေးခေါ်နိုင်ခြေ မရှိသူ၊ အာဏာမှာ နှစ်ခြိုက်ပျော်မွေ့သူများက ပိုဆိုးတာပေါ့ဗျာ။

.

ငယ်ရွယ်သူ ဝက်ကလေးကတော့ စလိုက်ပါပြီ။ ဒါဟာ ရှည်လျှားတ့ဲလမ်းရဲ့ အစလေးဘဲ ရှိပါသေးတယ်။ ဆုံးအောင် အများကြီးသွားရမှာမို့ စောင့်ကြည့်ရပါဦးမယ်။ မြန်မာပြည်က သက်ဆိုင်သူများလည်း အသိတရား ရကြပါစေ။ ။



XxXxXx

(Zawgyi version)

တဖက္က အဂၤေတခင္း၊ တဖက္က ေက်ာက္စရစ္ခင္းထားေသာ ေျခာက္လက္မအျမင့္႐ွိ ေဘာင္ေလးကို ေက်ာ္ျဖတ္ျခင္းျဖင့္ စခ့ဲပါၿပီ၊ ႏွစ္ဖက္ စစ္ေျပမၿငိမ္းထားေသးေသာ နယ္နမိတ္ျဖစ္ေသာ္လည္း လူမ်ိဳးတူ စကားတူ ဘာသာေတာ့မတူေတာ့ေသာ တႏိုင္ငံတည္းသားေတြပါ။
.
ဒီလိုျဖစ္လာဖို႔ ဝက္ကေလးက အခရာပါ။ သူတက္ခါစက သူ႔အာဏာတည္ျမဲဖို႔ ျဖဳတ္ထုတ္သတ္အထိလုပ္ခ့ဲတာ ဒီလိုလုပ္ႏိုင္ဖို႔ ရည္ရြယ္သလားမသိႏိုင္ပါ။ ကမ႓ာ့ႀကီးကျမင္သလို ေျမာက္ကိုရီးယား ျပည္သုူအမ်ားစုက ေပါင္းစည္းခ်င္မယ္လို႔ အလြယ္ထင္လို႔ မရပါ။ အာဏာလက္မလႊတ္ခ်င္သူ အခြင့္အေရး (ေသးေသးေလးျဖစ္ျဖစ္) လက္မလႊတ္ခ်င္သူ၊ ဝါဒမိႈင္းမိေနသူေတြက ႐ွိေနဆဲ အေျခအေနကို ႀကိဳက္ေနႏိုင္ပါတယ္။
.
ဝက္ကေလးက သူ႔အာဏာတည္ျမဲလာခ်ိန္မွ လႈပ္႐ွားလာတာ ျဖစ္သလို အရင္အတိုင္း ဆက္ခ်ီတက္ေနလို႔ မရမွန္းသိလာလို႔လည္း ျဖစ္ႏိုင္ပါတယ္။ သူ႔အေဖလက္ထက္ကလည္း ဒီလို အခြင့္အေရး ရခ့ဲေပမယ့္ ေနာက္ပိုင္း ဆက္မလုပ္ေတာ့ပါဘူး။
.
ဒီလိုျဖစ္ရတာ ေခါင္းေဆာင္ရဲ႕ အသက္အရြယ္နဲ႔လည္း ဆိုင္ပါတယ္။ ဘဝရဲ႕ ဒုတိယအရြယ္ ေႏွာင္းပိုင္းေရာက္လာရင္ ႐ွိထားတာေလးကို ပ်က္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ ရထားတ့ဲ စည္းစိမ္ေလး ေပ်ာက္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ အမ်ားအတြက္ ထည့္မစဥ္းစားခ်င္တတ္ၾကေတာ့ပါဘူး။ အေျပာင္းအလဲလုပ္ဖို႔ တြန္႔ဆုတ္လာပါတယ္။ ငါအေလ်ာ့ေပးလိုက္သလို ျဖစ္သြားမလား ထင္မိတတ္တယ္။ စဥ္းစားေတြးေခၚႏိုင္ေျခ မ႐ွိသူ၊ အာဏာမွာ ႏွစ္ၿခိဳက္ေပ်ာ္ေမြ႔သူမ်ားက ပိုဆိုးတာေပါ့ဗ်ာ။
.
ငယ္ရြယ္သူ ဝက္ကေလးကေတာ့ စလိုက္ပါၿပီ။ ဒါဟာ ႐ွည္လွ်ားတ့ဲလမ္းရဲ႕ အစေလးဘဲ ႐ွိပါေသးတယ္။ ဆံုးေအာင္ အမ်ားႀကီးသြားရမွာမို႔ ေစာင့္ၾကည့္ရပါဦးမယ္။ ျမန္မာျပည္က သက္ဆိုင္သူမ်ားလည္း အသိတရား ရၾကပါေစ။     ။

No comments:

Post a Comment

Thank you.