22 April 2018

ဝလုံးတို့ အမှု

(Unicode version )

   ဝလုံးဆိုတာ ရှင်းမလိုနဲ့ ရှုတ်တတ်တယ်။ ရောက်တ့ဲနေရာပေါ်မူတည်ပြီး တန်ဖိုးပြောင်းနိုင်တယ်။ သေချာလိုက်ကြည့်တော့ အဆုံးအစ မရှိတတ်ပြန်ဘူး။ တော်တော်ရှုပ်တ့ဲ ဝလုံး။ ခု သူအမှုဖြစ်ပြီဆိုတော့ ဘယ်လွယ်တော့မလဲဗျာ။ အမယ်ဘုတ်ခြည်ခင်ပေါ့။

.

ရိုက်တာသတင်းထောက် ဝလုံးကို တရားမဝင် သတင်းရယူဖြန့်ဝေမှုနဲ့ တရားစွဲခံထားရတယ်။ အမှုက သာမန်အမှုမဟုတ်ဘူး။ မောင်တောဘက်မှာ စစ်တပ်က ဘင်္ဂလီတွေကို သတ်ခ့ဲတ့ဲသတင်း ရောင်းစားမှု။ သူတို့ကို သတင်းပေး(ရောင်း) ခ့ဲတ့ဲ ရဲမှူးကိစ္စကလည်း ပိုရှုတ်စေခ့ဲပါတယ်။

.

သာမန် မြန်မာပြည်သားတယောက်အနေနဲ့ ဒီသတင်းမျိုးကို ထိန်ချန်ထားသင့်တာပါ။ ဘင်္ဂလီတွေဟာ မြန်မာပြည်ကို ဘယ်လောက်ဒုက္ခ ပေးနေလည်း မြန်မာတိုင်းသိပါတယ်။ အခင်းဖြစ်ချိန်ကလည်း ဘင်္ဂါလီအကြမ်းဖက်သမားတွေက အပစ်မ့ဲ မြန်မာတိုင်းရင်းသားတွေကိုသာမက စောင့်ရှောက်ပေးနေတ့ဲ လုံခြုံရေးတွေကိုပါ သတ်ပစ်ခ့ဲတ့ဲ အချိန်ပါ။ သူတို့ကို ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်နိုင်မှ သူတို့ကို ထိန်းနိုင်မှာမို့ လက်လွန်ကုန်တာလည်း ဖြစ်နိုင်ပါတယ်။

.

သတင်းသမားတွေကတော့ အမှန်တရားဘက်ကဘဲ ရပ်တည်တယ်လို့ ဟစ်ကြွေးမှာပါ။ သူတို့ရဲ့သတင်းဌာနကိုယ်တိုင် ဘက်လိုက်ရပ်တည်နေတာ သူတို့သတိမထားမိတာ အံ့သြစရာပါ။ လုံခြုံရေးတွေကို သတ်တ့ဲအထိ ကျူးကျော်တိုက်ခိုက်တာကို အဓိကမတင်ဘဲ ပြန်တုံ့ပြန်လို့ ထွက်ပြေးတာကို မျက်ရည်ကူချူပြပါတယ်။ ဒီလိုသတင်းဌာနတွေကို ကူညီတ့ဲ မြန်မာကို သစ္စာဖောက်လို့ သတ်မှတ်ခံရတာ မဆန်းပါဘူး။

.

စစ်တပ်က တုံ့ပြန်ပုံကလည်း ပိရိပုံမပေါ်ပါဘူး။ လုပ်သင့်တာကို ကျော်ပုံရပါတယ်။ စိတ်ခံစားမှုကို ဦးစားပေးမိပုံရပါတယ်။ ကမ်ဘာကအမြင်မှာ သူပုန်လူသတ်တာနဲ့ အစိုးရလူသတ်တာ အဆများစွာကွာပါတယ်။ သူတို့လုပ်လို့ ကိုယ်လည်းပြန်လုပ်တာလေလို့ အကြောင်းပြလို့ မရပါဘူး။ ကိုယ်က အစိုးရပါ။ တရားဥပဒေအတိုင်း ပြန်လုပ်ရမှာပေါ့။ လျှင်ရင်တော့ ဝိနည်းလွတ်လေး သမနိုင်ပါတယ်။

.

ပွဲကြည့်ပရိသာတ်အနေနဲ့တော့ နှစ်ဖက်လုံးကို မကြိုက်ပါဘူး။ သတင်းထောက်ဝလုံးတို့ကလည်း မြန်မာချစ်စိတ်လေးနဲ့ ရှောင်သင့်ပါတယ်။ တပ်ကလည်း ထောင်ဖမ်းတ့ဲဟာမျိုးထက် ခိုင်လုံတ့ဲ အထောက်အထားနဲ့ တရားစွဲသင့်ပါတယ်။ တရားလို တပ်ကတင်တ့ဲ သက်သေက ထောင်ဖမ်းတာပါလို့ ထွက်ဆိုလိုက်တာ ဘယ်လောက်ရုပ်ပျက်လိုက်သလည်း တွေးကြည့်ပါ။ ပိုဆိုးတာက အ့ဲလိုထွက်ပြီး နောက်နေ့ဘဲ မိသားစုကို လိုင်းခန်းမှ နှင်ထုတ်တာပါဘဲ။ မှန်မှန်မှားမှား ဒီအချိန်မှာ လုံးဝကို မလုပ်သင့်သေးတာပါ။

.

မြန်မာအချင်းချင်း ပေမို့ဘဲ။ ပြည်ပနဲ့သာ တရားပြိုင်ရရင် ခက်ရချီရဲ့။ ခုကိစ္စမှာ နှစ်ဖက်လုံးကို အယုံအကြည် မရှိပါကြောင်း။

XxXxXx

(Zawgyi version )

   ဝလံုးဆိုတာ ႐ွင္းမလိုနဲ႔ ႐ႈတ္တတ္တယ္။ ေရာက္တ့ဲေနရာေပၚမူတည္ၿပီး တန္ဖိုးေျပာင္းႏိုင္တယ္။ ေသခ်ာလိုက္ၾကည့္ေတာ့ အဆံုးအစ မ႐ွိတတ္ျပန္ဘူး။ ေတာ္ေတာ္႐ႈပ္တ့ဲ ဝလံုး။ ခု သူအမႈျဖစ္ၿပီဆိုေတာ့ ဘယ္လြယ္ေတာ့မလဲဗ်ာ။ အမယ္ဘုတ္ျခည္ခင္ေပါ့။
.
႐ိုက္တာသတင္းေထာက္ ဝလံုးကို တရားမဝင္ သတင္းရယူျဖန္႔ေဝမႈနဲ႔ တရားစြဲခံထားရတယ္။ အမႈက သာမန္အမႈမဟုတ္ဘူး။ ေမာင္ေတာဘက္မွာ စစ္တပ္က ဘဂၤလီေတြကို သတ္ခ့ဲတ့ဲသတင္း ေရာင္းစားမႈ။ သူတို႔ကို သတင္းေပး(ေရာင္း) ခ့ဲတ့ဲ ရဲမႉးကိစၥကလည္း ပို႐ႈတ္ေစခ့ဲပါတယ္။
.
သာမန္ ျမန္မာျပည္သားတေယာက္အေနနဲ႔ ဒီသတင္းမ်ိဳးကို ထိန္ခ်န္ထားသင့္တာပါ။ ဘဂၤလီေတြဟာ ျမန္မာျပည္ကို ဘယ္ေလာက္ဒုကၡ ေပးေနလည္း ျမန္မာတိုင္းသိပါတယ္။ အခင္းျဖစ္ခ်ိန္ကလည္း ဘဂၤါလီအၾကမ္းဖက္သမားေတြက အပစ္မ့ဲ ျမန္မာတိုင္းရင္းသားေတြကိုသာမက ေစာင့္ေ႐ွာက္ေပးေနတ့ဲ လံုျခံဳေရးေတြကိုပါ သတ္ပစ္ခ့ဲတ့ဲ အခ်ိန္ပါ။ သူတို႔ကို ျပင္းျပင္းထန္ထန္ ျပန္တံု႔ျပန္ႏိုင္မွ သူတို႔ကို ထိန္းႏိုင္မွာမို႔ လက္လြန္ကုန္တာလည္း ျဖစ္ႏိုင္ပါတယ္။
.
သတင္းသမားေတြကေတာ့ အမွန္တရားဘက္ကဘဲ ရပ္တည္တယ္လို႔ ဟစ္ေႂကြးမွာပါ။ သူတို႔ရဲ႕သတင္းဌာနကိုယ္တိုင္ ဘက္လိုက္ရပ္တည္ေနတာ သူတို႔သတိမထားမိတာ အံ့ၾသစရာပါ။ လံုျခံဳေရးေတြကို သတ္တ့ဲအထိ က်ဴးေက်ာ္တိုက္ခိုက္တာကို အဓိကမတင္ဘဲ ျပန္တံု႔ျပန္လို႔ ထြက္ေျပးတာကို မ်က္ရည္ကူခ်ဴျပပါတယ္။ ဒီလိုသတင္းဌာနေတြကို ကူညီတ့ဲ ျမန္မာကို သစၥာေဖာက္လို႔ သတ္မွတ္ခံရတာ မဆန္းပါဘူး။
.
စစ္တပ္က တံု႔ျပန္ပံုကလည္း ပိရိပံုမေပၚပါဘူး။ လုပ္သင့္တာကို ေက်ာ္ပံုရပါတယ္။ စိတ္ခံစားမႈကို ဦးစားေပးမိပံုရပါတယ္။ ကမ႓ာကအျမင္မွာ သူပုန္လူသတ္တာနဲ႔ အစိုးရလူသတ္တာ အဆမ်ားစြာကြာပါတယ္။ သူတို႔လုပ္လို႔ ကိုယ္လည္းျပန္လုပ္တာေလလို႔ အေၾကာင္းျပလို႔ မရပါဘူး။ ကိုယ္က အစိုးရပါ။ တရားဥပေဒအတိုင္း ျပန္လုပ္ရမွာေပါ့။ လွ်င္ရင္ေတာ့ ဝိနည္းလြတ္ေလး သမႏိုင္ပါတယ္။
.
ပြဲၾကည့္ပရိသာတ္အေနနဲ႔ေတာ့ ႏွစ္ဖက္လံုးကို မႀကိဳက္ပါဘူး။ သတင္းေထာက္ဝလံုးတို႔ကလည္း ျမန္မာခ်စ္စိတ္ေလးနဲ႔ ေ႐ွာင္သင့္ပါတယ္။ တပ္ကလည္း ေထာင္ဖမ္းတ့ဲဟာမ်ိဳးထက္ ခိုင္လံုတ့ဲ အေထာက္အထားနဲ႔ တရားစြဲသင့္ပါတယ္။ တရားလို တပ္ကတင္တ့ဲ သက္ေသက ေထာင္ဖမ္းတာပါလို႔ ထြက္ဆိုလိုက္တာ ဘယ္ေလာက္႐ုပ္ပ်က္လိုက္သလည္း ေတြးၾကည့္ပါ။ ပိုဆိုးတာက အ့ဲလိုထြက္ၿပီး ေနာက္ေန႔ဘဲ မိသားစုကို လိုင္းခန္းမွ ႏွင္ထုတ္တာပါဘဲ။ မွန္မွန္မွားမွား ဒီအခ်ိန္မွာ လံုးဝကို မလုပ္သင့္ေသးတာပါ။
.
ျမန္မာအခ်င္းခ်င္း ေပမို႔ဘဲ။ ျပည္ပနဲ႔သာ တရားၿပိဳင္ရရင္ ခက္ရခ်ီရဲ႕။ ခုကိစၥမွာ ႏွစ္ဖက္လံုးကို အယံုအၾကည္ မ႐ွိပါေၾကာင္း။

No comments:

Post a Comment

Thank you.