25 April 2018

ဘယ်သူ့ ကူမှာတုံး



(Unicode version)

ဒီနေ့ထုတ် 7day သတင်းစာမှာ သတင်းစာထုတ်တာ ၅နှစ်ပြည့်အဖြစ် ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ ကျွန်တော်တဦးတည်းအနေနဲ့ ပုံမှန်နေ့စဉ်ဖတ်သော သတင်းစာပါ။ အစိုးရထုတ်တောင် ကြုံမှတွေ့မှ ဖတ်ဖြစ်ပါတယ်။ ဝယ်မဖတ်ဖြစ်တာ ကြာခ့ဲပါပြီ။

.

သတင်းစာနဲ့ ပုံနှိပိမီဒီယာ ကျဆင်းလာတာ အင်တာနက်ပေါ်ကတည်းကပါ။ မြန်မာသတင်းစာတွေသာမဟုတ်၊ ကမ်ဘာနဲ့ချီ ဖြစ်နေတာပါ။ အွန်လိုင်းဘက်ကို ပြောင်းနေကြရပါပြီ။ မြန်မာပြည်က မီဒီယာတွေလည်း လိုက်ပြောင်းကြပေမယ့် ဖေ့ဘုတ်ကြီးကို အခြေပြုနေရတာပါ။

.

ဒီနေ့ 7day မှာ ပြန်ဝံဟောင်း ရွှေကြာထွတ်က ပြောထားတာလေး သဘောကျလို့ပါ။ အင်္ဂလန်မှဂါးဒီးယန်းသတင်းစာလို စတာလင်တပေါင် အကူအညီတောင်းပါလားတ့ဲ။ အခြား သတင်းစာသမားတဦးကလည်း အစိုးရနဲ့လွှတ်တော်က သတင်းစာရှင်သန်ရေး ကူညီသင့်သတ့ဲ။

.

ကောင်းပါပြီ၊ ပြည်သူတွေဆီက အလှူငွေ၊ အစိုးရဆီက အကူငွေ ရပါမယ်တ့ဲ၊ ဘယ်သတင်းစာမျိုးကို ပေးရမှာတုံး သတင်းလောကသားတွေကို ပြန်မေးချင်ပါတယ်။ ခင်ဗျားတို့အချင်းချင်း ပြေလည်မှ ပြန်အရေးဆိုကြပါဗျာ။

.

လောလောဆယ်နာမည်ကြီးနေတ့ဲ ဝလုံးရေးတ့ဲ သတင်းစာကို ကူညီပေးရမှာလား။ တစ်ပူးသတင်းစာကိုလား။ သီဗွိုက်သတင်းစာကိုလား။ ဂျာနယ်ဘက်မှာဆိုလည်း မွန်းတည့်နေတို့ လူထုပုံရိပ်တို့ကို ကူရမှာလား။ ကျုပ်အထင်ဆို သာကီသွေးသတင်းစာ နေ့စဉ်ထုတ်ပြီး အိမ်တိုင်းမဝယ်မနေရ သတ်မှတ်ကူညီသင့်တယ်တောင်ထင်မိသေးဗျာ။

.

ကဲ ဘယ်သူ့ကို ကူညီသင့်တာလည်း ပြောကြပါဦး။ ။


XxXxXx

(Zawgyi version)

   ဒီေန႔ထုတ္ 7day သတင္းစာမွာ သတင္းစာထုတ္တာ ၅ႏွစ္ျပည့္အျဖစ္ ေဝေဝဆာဆာ ေဖာ္ျပထားပါတယ္။ ကြၽန္ေတာ္တဦးတည္းအေနနဲ႔ ပံုမွန္ေန႔စဥ္ဖတ္ေသာ သတင္းစာပါ။ အစိုးရထုတ္ေတာင္ ၾကံဳမွေတြ႔မွ ဖတ္ျဖစ္ပါတယ္။ ဝယ္မဖတ္ျဖစ္တာ ၾကာခ့ဲပါၿပီ။
.
သတင္းစာနဲ႔ ပံုႏွိပိမီဒီယာ က်ဆင္းလာတာ အင္တာနက္ေပၚကတည္းကပါ။ ျမန္မာသတင္းစာေတြသာမဟုတ္၊ ကမ႓ာနဲ႔ခ်ီ ျဖစ္ေနတာပါ။ အြန္လိုင္းဘက္ကို ေျပာင္းေနၾကရပါၿပီ။ ျမန္မာျပည္က မီဒီယာေတြလည္း လိုက္ေျပာင္းၾကေပမယ့္ ေဖ့ဘုတ္ႀကီးကို အေျချပဳေနရတာပါ။
.
ဒီေန႔ 7day မွာ ျပန္ဝံေဟာင္း ေရႊၾကာထြတ္က ေျပာထားတာေလး သေဘာက်လို႔ပါ။ အဂၤလန္မွဂါးဒီးယန္းသတင္းစာလို စတာလင္တေပါင္ အကူအညီေတာင္းပါလားတ့ဲ။ အျခား သတင္းစာသမားတဦးကလည္း အစိုးရနဲ႔လႊတ္ေတာ္က သတင္းစာ႐ွင္သန္ေရး ကူညီသင့္သတ့ဲ။
.
ေကာင္းပါၿပီ၊ ျပည္သူေတြဆီက အလႉေငြ၊ အစိုးရဆီက အကူေငြ ရပါမယ္တ့ဲ၊ ဘယ္သတင္းစာမ်ိဳးကို ေပးရမွာတံုး သတင္းေလာကသားေတြကို ျပန္ေမးခ်င္ပါတယ္။ ခင္ဗ်ားတို႔အခ်င္းခ်င္း ေျပလည္မွ ျပန္အေရးဆိုၾကပါဗ်ာ။
.
ေလာေလာဆယ္နာမည္ႀကီးေနတ့ဲ ဝလံုးေရးတ့ဲ သတင္းစာကို ကူညီေပးရမွာလား။ တစ္ပူးသတင္းစာကိုလား။ သီဗိြဳက္သတင္းစာကိုလား။ ဂ်ာနယ္ဘက္မွာဆိုလည္း မြန္းတည့္ေနတို႔ လူထုပံုရိပ္တို႔ကို ကူရမွာလား။ က်ဳပ္အထင္ဆို သာကီေသြးသတင္းစာ ေန႔စဥ္ထုတ္ၿပီး အိမ္တိုင္းမဝယ္မေနရ သတ္မွတ္ကူညီသင့္တယ္ေတာင္ထင္မိေသးဗ်ာ။
.
ကဲ ဘယ္သူ႔ကို ကူညီသင့္တာလည္း ေျပာၾကပါဦး။     ။

No comments:

Post a Comment

Thank you.