31 December 2017

အမေစုနဲ့ ကုသိုလ်ကံ



(Unicode version)

 အမေစု ကံက ထူးခြားပါတယ်။

.

၈၈နောက်ပိုင်း မြန်မာပြည်သူလူထုအတွက် ကောင်းကျိုးတွေ လုပ်ပေးဖို့ ကြိုးပမ်းလို့ စစ်အစိုးရရဲ့ အကျဉ်းချခြင်း ခံရပါတယ်။ သာမန်အားဖြင့် ကံနိမ့်တယ်လို့ ထင်ရပေမယ့် နိုင်ငံတကာရဲ့ ချီးမြှောက်ခြင်းကို မယုံနိုင်လောက်အောင် ခံရပါတယ်။ ရရှိတ့ဲ ဆုတံဆိပ် ဘွဲ့တွေ ရာချီခ့ဲမယ် ထင်ပါတယ်။

.

၂၀၁၅အပြီးမှာ အမေစုပါဝါ မြင့်လာခ့ဲပါတယ်။ သမတကို စိတ်ကြိုက်ခန့်ပြီး အစိုးရဖွဲ့နိုင်တ့ဲ အထိပါဘဲ။ ဘုရင်ထက်မြင့်တ့ဲ king maker ပေါ့။ ဒါပေမယ့် ကံတရားက ထူးဆန်းစွာဘဲ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံရပါတယ်။ (ပြည်တွင်းက ရှုံးထွက်အုပ်စုကိုတော့ ထည့်မပြောတော့ပါ။) ရှိထားတ့ဲ ဘွဲ့ဆုတံဆိပ်တချို့တောင် ပြန်သိမ်းခံရပါတယ်။ အရင်ထင်ခ့ဲတာတွေနဲ့ ၁၈၀° ဆန့်ကျင်ဘက်ပါဘဲ။

.

၈၈ကနေ ယနေ့အထိ ပြည်သူအများစုကတော့ အမေ့အပေါ် ချစ်ခင်အားကိုးကြဆဲပါဘဲ။ မြန်မာပြည်သူလူထု ကောင်းကျိုးအတွက် အခက်အခဲတွေကြားက လုပ်ပေးနေမြဲဆိုတာ ပြည်သူအများက ယုံကြည်ဆဲပါ။ တွေ့ကြုံနေရတ့ဲ အခက်အခဲတွေကိုလည်း တရားသဘောနဲ့ လောကဓံတွေလို့ ဆင်ခြင်ပြီး ဖြေရှင်းနေတယ်လို့ ယုံကြည်ဆဲပါ။

.

အမေစုဟာ မိမိကို ဆန့်ကျင်တိုက်ခိုက်နေသူတွေကိုတောင် မေတ္တာနဲ့ ရင်ဆိုင်နေတ့ဲ အာဂလူသားတဦးပါ။ ပြည်သူတွေအပေါ် ကောင်းသောစိတ်နဲ့ လုပ်ဆောင်ပေးနေတ့ဲအတွက် ကုသိုလ်ကံတွေလည်း တိုးနေမှာပါ။ အတိတ်က ပါလာတ့ဲ ညံ့တ့ဲကံတွေလည်း ၂၀၁၈မှာ ကုန်ဆုံးပါစေဗျာ။

.

၂၀၁၈မှာ အမေစု ကျန်းမာချမ်းသာစွာနဲ့ နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာ သက်တော်ရာကျော် ရှည်ပါစေသား။

XxXxXx

(Zawgyi version)

 အေမစု ကံက ထူးျခားပါတယ္။
.
၈၈ေနာက္ပိုင္း ျမန္မာျပည္သူလူထုအတြက္ ေကာင္းက်ိဳးေတြ လုပ္ေပးဖို႔ ႀကိဳးပမ္းလို႔ စစ္အစိုးရရဲ႕ အက်ဥ္းခ်ျခင္း ခံရပါတယ္။ သာမန္အားျဖင့္ ကံနိမ့္တယ္လို႔ ထင္ရေပမယ့္ ႏိုင္ငံတကာရဲ႕ ခ်ီးေျမႇာက္ျခင္းကို မယံုႏိုင္ေလာက္ေအာင္ ခံရပါတယ္။ ရ႐ွိတ့ဲ ဆုတံဆိပ္ ဘြဲ႔ေတြ ရာခ်ီခ့ဲမယ္ ထင္ပါတယ္။
.
၂၀၁၅အၿပီးမွာ အေမစုပါဝါ ျမင့္လာခ့ဲပါတယ္။ သမတကို စိတ္ႀကိဳက္ခန္႔ၿပီး အစိုးရဖြဲ႔ႏိုင္တ့ဲ အထိပါဘဲ။ ဘုရင္ထက္ျမင့္တ့ဲ king maker ေပါ့။ ဒါေပမယ့္ ကံတရားက ထူးဆန္းစြာဘဲ ႏိုင္ငံတကာရဲ႕ ျပစ္တင္႐ႈတ္ခ်ျခင္းကို ခံရပါတယ္။ (ျပည္တြင္းက ႐ွံုးထြက္အုပ္စုကိုေတာ့ ထည့္မေျပာေတာ့ပါ။) ႐ွိထားတ့ဲ ဘြဲ႔ဆုတံဆိပ္တခ်ိဳ႕ေတာင္ ျပန္သိမ္းခံရပါတယ္။ အရင္ထင္ခ့ဲတာေတြနဲ႔ ၁၈၀° ဆန္႔က်င္ဘက္ပါဘဲ။
.
၈၈ကေန ယေန႔အထိ ျပည္သူအမ်ားစုကေတာ့ အေမ့အေပၚ ခ်စ္ခင္အားကိုးၾကဆဲပါဘဲ။ ျမန္မာျပည္သူလူထု ေကာင္းက်ိဳးအတြက္ အခက္အခဲေတြၾကားက လုပ္ေပးေနျမဲဆိုတာ ျပည္သူအမ်ားက ယံုၾကည္ဆဲပါ။ ေတြ႔ၾကံဳေနရတ့ဲ အခက္အခဲေတြကိုလည္း တရားသေဘာနဲ႔ ေလာကဓံေတြလို႔ ဆင္ျခင္ၿပီး ေျဖ႐ွင္းေနတယ္လို႔ ယံုၾကည္ဆဲပါ။
.
အေမစုဟာ မိမိကို ဆန္႔က်င္တိုက္ခိုက္ေနသူေတြကိုေတာင္ ေမတၱာနဲ႔ ရင္ဆိုင္ေနတ့ဲ အာဂလူသားတဦးပါ။ ျပည္သူေတြအေပၚ ေကာင္းေသာစိတ္နဲ႔ လုပ္ေဆာင္ေပးေနတ့ဲအတြက္ ကုသိုလ္ကံေတြလည္း တိုးေနမွာပါ။ အတိတ္က ပါလာတ့ဲ ညံ့တ့ဲကံေတြလည္း ၂၀၁၈မွာ ကုန္ဆံုးပါေစဗ်ာ။
.
၂၀၁၈မွာ အေမစု က်န္းမာခ်မ္းသာစြာနဲ႔ ႏိုင္ငံအက်ိဳး သယ္ပိုးနိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာခ်မ္းသာ သက္ေတာ္ရာေက်ာ္ ႐ွည္ပါေစသား။ 

No comments:

Post a Comment

Thank you.