16 December 2017

ကြာသပတေးသားနဲ့ သမတရာထူး

(Unicode version )

 တလောကဘဲ ဒေါ်စိန်အေးကျောင်းပြုတ် ဗေဒင်ဆရာက ဟောတယ်။ ဒီဇင်ဘာထဲ ကြာသပတေးသား သမတဖြစ်ဖို့ မြင်သတ့ဲ။ မအလကို ရည်စူးပြောတာဆိုပြီး ဆဲလိုက်ကြတာ။ သမတကြီးကလည်း ကျန်းမာရေးညံ့နေချိန်ကိုး။

.

မနေ့ကထွက်တ့ဲ ဂျာနယ်မှာလည်း ဗိုလ်သိန်းစိန်တို့ရဲ့ အခါတော်ပေး ဗေဒင်ဆရာက ဗိုလ်ချုပ်မြင့်ဆွေ ကံဇာတာတက်လွန်းလို့ ၁၈ရက်နေ့မတိုင်ခင် သမတဖြစ်မယ်ဆိုဘဲ။ သူလည်း ကြာသပတေးမို့ နှစ်ယောက်ပေါင်း မှန်တော့မလိုလို။ ဆဲသံတွေလည်း ဖေ့ဘုတ်မှာ ညံ့ပြန်တော့သပေါ့။

.

တကယ်တော့ သမတဦးထင်ကျော် ဂျပန်အစည်းအဝေးသွားနေချိန်မို် ဒုသမတ(၁)ကို သမတအဖြစ် ရာထူးအပ်သွားမှာပါဘဲ။ ဒီတော့ ဗေဒင်ဆရာနှစ်ယောက်လုံးလည်း မမှားတော့သလို ပြည်သူတွေလည်း စိုးရိမ်စရာ မရှိတော့ဘူးပေါ့။

.

ဗေဒင်အရဆို ယတျာတောင် လုပ်စရာ မလိုတော့ပါ။ ကျိန်းကြေသွားပြီပေါ့။ တကယ်တော့ သမတကြီး နှုတ်ထွက်လည်း နာဂစ်ခြေဥအရ ဦးမြင့်ဆွေက ယာယီသမတဘဲ ဖြစ်မှာပါ။ လွတ်သွားတ့ဲ ဒုသမတနေရာအတွက် တယောက်ပြန်ဖြည့်ပြီး ပြန်မဲပေးရင် NLDများတ့ဲ လွှတ်တော်မှာ NLD တင်တ့ဲသူဘဲ သမတဖြစ်မှာပါ။

.

ဘာဘဲဖြစ်ဖြစ် ခုလို ယတျာကြေသွားတော့လည်း ပိုကောင်းတာပေါ့။ သမတကြီးဦးထင်ကျော် ကျန်းမာပါစေ။

XxXxXx

(Zawgyi version)

 တေလာကဘဲ ေဒၚစိန္ေအးေက်ာင္းျပဳတ္ ေဗဒင္ဆရာက ေဟာတယ္။ ဒီဇင္ဘာထဲ ၾကာသပေတးသား သမတျဖစ္ဖို႔ ျမင္သတ့ဲ။ မအလကို ရည္စူးေျပာတာဆိုၿပီး ဆဲလိုက္ၾကတာ။ သမတႀကီးကလည္း က်န္းမာေရးညံ့ေနခ်ိန္ကိုး။
.
မေန႔ကထြက္တ့ဲ ဂ်ာနယ္မွာလည္း ဗိုလ္သိန္းစိန္တို႔ရဲ႕ အခါေတာ္ေပး ေဗဒင္ဆရာက ဗိုလ္ခ်ဳပ္ျမင့္ေဆြ ကံဇာတာတက္လြန္းလို႔ ၁၈ရက္ေန႔မတိုင္ခင္ သမတျဖစ္မယ္ဆိုဘဲ။ သူလည္း ၾကာသပေတးမို႔ ႏွစ္ေယာက္ေပါင္း မွန္ေတာ့မလိုလို။ ဆဲသံေတြလည္း ေဖ့ဘုတ္မွာ ညံ့ျပန္ေတာ့သေပါ့။
.
တကယ္ေတာ့ သမတဦးထင္ေက်ာ္ ဂ်ပန္အစည္းအေဝးသြားေနခ်ိန္မို္ ဒုသမတ(၁)ကို သမတအျဖစ္ ရာထူးအပ္သြားမွာပါဘဲ။ ဒီေတာ့ ေဗဒင္ဆရာႏွစ္ေယာက္လံုးလည္း မမွားေတာ့သလို ျပည္သူေတြလည္း စိုးရိမ္စရာ မ႐ွိေတာ့ဘူးေပါ့။
.
ေဗဒင္အရဆို ယတ်ာေတာင္ လုပ္စရာ မလိုေတာ့ပါ။ က်ိန္းေၾကသြားၿပီေပါ့။ တကယ္ေတာ့ သမတႀကီး ႏႈတ္ထြက္လည္း နာဂစ္ေျခဥအရ ဦးျမင့္ေဆြက ယာယီသမတဘဲ ျဖစ္မွာပါ။ လြတ္သြားတ့ဲ ဒုသမတေနရာအတြက္ တေယာက္ျပန္ျဖည့္ၿပီး ျပန္မဲေပးရင္ NLDမ်ားတ့ဲ လႊတ္ေတာ္မွာ NLD တင္တ့ဲသူဘဲ သမတျဖစ္မွာပါ။
.
ဘာဘဲျဖစ္ျဖစ္ ခုလို ယတ်ာေၾကသြားေတာ့လည္း ပိုေကာင္းတာေပါ့။ သမတႀကီးဦးထင္ေက်ာ္ က်န္းမာပါေစ။

No comments:

Post a Comment

Thank you.