09 March 2017

NLDအစိုးရနဲ့ ၆၆ဃ

(Unicode version)

သတင်းထောက်ကိုဆွေဝင်းကို မဘသညွှန်ကြားချက်နဲ့ ပုဒ်မ၆၆ဃဖြင့် တရားစွဲပြီဆိုတာ ကြားရတော့ ထုံးစံအတိုင်း ဖွဘုတ်မှာ ဂိုဏ်းကွဲကြပြန်တယ်။ လွှတ်တော်အမတ်တွေ ဘာလုပ်နေလဲ။ ဒီ မတရားတ့ဲ စစ်အစိုးရပြဌာန်းထားတ့ဲ ပုဒ်မကြီးကို ဘာလို့ ရုပ်သိမ်းဖို့ မလုပ်ကြတာလဲ၊ စသဖြင့်ပေါ့ဗျာ။ အသည်းအပေါက်ဆုံးကတော့ NLD အာဏာမရခင်က မကြိုက်ခ့ဲတ့ဲ ပုဒ်မကို NLDအာဏာရတော့ သူတို့ကို သူတို့ကာကွယ်ဖို့ မဖျက်တော့တာဆိုတ့ဲ စွပ်စွဲချက်ကိုပါဘဲ။

.

သေချာ ပြန်စဉ်းစားရင် NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီပုဒ်မကို လုံးဝ မသုံးခ့ဲပါဘူး။ ရန်ကုန်ဝန်ကြီးချုပ်ကသာ ဒေါ်စုပုံသုံးပြီး NLD အစိုးရလာဘ်စားသယောင် ရေးလို့ အမှုစွဲခ့ဲတာဘဲ ရှိပါတယ်။ ဒေါ်စုကို အသလွတ် မဟုတ်တမ်းတရားတွေ ဖိုတိုရှော့နဲ့ ဓာတ်ပုံတွေပြင်ပြီး ရေးနေသူတွေကို မခံနိုင်သူ အပြင်လူတွေကသာ တရားဝင်စွဲပေးတာ ရှိခ့ဲပါတယ်။ ဒါကလည်း ဒေါ်စုနဲ့ NLD အဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ မဟုတ်ပါ။

.

ဒီပုဒ်မမှာ မတရားတာတွေ ပါနေမှန်း သိရက်နဲ့ မပြင်လို့ NLDကို ထောက်ခံသူတွေကတောင် လွှတ်တော်အမတ်တွေကို ဝေဖန်လာပါတယ်။ဒီပုဒ်မနဲ့ စွပ်စွဲခံရသူက အချုပ်ထဲကနေ တရားရင်ဆိုင်ရမယ်ဆိုတာ မတရားဆုံးပါဘဲ။ ပြီးမှ မှားစွဲလို့ ပြန်လွှတ်တောင် အချုပ်ခံလိုက်ရပါပြီ။ မိတ်ကပ်ပညာသည်တယောက်ရဲ့ အဖြစ်က လက်တွေ့ပါဘဲ။

.

မူလရှိပြီးသား အသားရေဖျက်မှု ပုဒ်မ၅၀၀ကို ပိုမိုပြင်းထန်တ့ဲ အပစ်ပေးမှု ထည့်မယ်၊ ခေတ်ပေါ် အီလက်ထရွန်းနစ် မီဒီယာကိစ္စတွေ ထည့်မယ်၊ အခြားလိုအပ်တာတွေလည်း လွှတ်တော်မှာ ဆွေးနွေးပြီးပြင်ရင် မဖြစ်နိုင်ဘူးလား။ နောင်ရော ကောင်းမသွားဘူးလား။

.

ခုက ကိုဆွေဝင်းကိစ္စ ပေါ်လာလို့သာ ဗမာတွေပီပီ တချီ သတိရကြတာ။ နောင် ပြန်သွေးအေးသွားနိုင်သေးတယ်။ ဒီဥပဒေ မဖျက်တော့ ဖွတ်တွေဘက်က ဒီမိုအစိုးရက ဒီပုဒ်မ သုံးချင်လို့ မဖျက်ဘူးလည်း အပြောခံရသေးတယ်။ ပုဒ်မသုံး အစွပ်စွဲခံရတော့ ကိုယ့်ဘက်ကကြီးဘဲ မခံချင်လို့ပါ။ ဒေါ်စုရဲ့ ရင်ကြားစေ့ရေးနဲ့လည်း မပတ်သက်လောက်ပါဘူးဗျာ။

XxXxXx

(Zawgyi version)

သတင္းေထာက္ကိုေဆြဝင္းကို မဘသၫႊန္ၾကားခ်က္နဲ႔ ပုဒ္မ၆၆ဃျဖင့္ တရားစြဲၿပီဆိုတာ ၾကားရေတာ့ ထံုးစံအတိုင္း ဖြဘုတ္မွာ ဂိုဏ္းကဲြၾကျပန္တယ္။ လႊတ္ေတာ္အမတ္ေတြ ဘာလုပ္ေနလဲ။ ဒီ မတရားတ့ဲ စစ္အစိုးရျပဌာန္းထားတ့ဲ ပုဒ္မႀကီးကို ဘာလို႔ ႐ုပ္သိမ္းဖို႔ မလုပ္ၾကတာလဲ၊ စသျဖင့္ေပါ့ဗ်ာ။ အသည္းအေပါက္ဆံုးကေတာ့ NLD အာဏာမရခင္က မႀကိဳက္ခ့ဲတ့ဲ ပုဒ္မကို NLDအာဏာရေတာ့ သူတို႔ကို သူတို႔ကာကြယ္ဖို႔ မဖ်က္ေတာ့တာဆိုတ့ဲ စြပ္စြဲခ်က္ကိုပါဘဲ။
.
ေသခ်ာ ျပန္စဥ္းစားရင္ NLD အစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဒီပုဒ္မကို လံုးဝ မသံုးခ့ဲပါဘူး။ ရန္ကုန္ဝန္ႀကီးခ်ဳပ္ကသာ ေဒၚစုပံုသံုးၿပီး NLD အစိုးရလာဘ္စားသေယာင္ ေရးလို႔ အမႈစြဲခ့ဲတာဘဲ ႐ွိပါတယ္။ ေဒၚစုကို အသလြတ္ မဟုတ္တမ္းတရားေတြ ဖိုတိုေ႐ွာ့နဲ႔ ဓာတ္ပံုေတြျပင္ၿပီး ေရးေနသူေတြကို မခံႏိုင္သူ အျပင္လူေတြကသာ တရားဝင္စြဲေပးတာ ႐ွိခ့ဲပါတယ္။ ဒါကလည္း ေဒၚစုနဲ႔ NLD အဖြဲ႔ခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ မဟုတ္ပါ။
.
ဒီပုဒ္မမွာ မတရားတာေတြ ပါေနမွန္း သိရက္နဲ႔ မျပင္လို႔ NLDကို ေထာက္ခံသူေတြကေတာင္ လႊတ္ေတာ္အမတ္ေတြကို ေဝဖန္လာပါတယ္။ဒီပုဒ္မနဲ႔ စြပ္စြဲခံရသူက အခ်ဳပ္ထဲကေန တရားရင္ဆိုင္ရမယ္ဆိုတာ မတရားဆံုးပါဘဲ။ ၿပီးမွ မွားစြဲလို႔ ျပန္လႊတ္ေတာင္ အခ်ဳပ္ခံလိုက္ရပါၿပီ။ မိတ္ကပ္ပညာသည္တေယာက္ရဲ႕ အျဖစ္က လက္ေတြ႔ပါဘဲ။
.
မူလ႐ွိၿပီးသား အသားေရဖ်က္မႈ ပုဒ္မ၅၀၀ကို ပိုမိုျပင္းထန္တ့ဲ အပစ္ေပးမႈ ထည့္မယ္၊ ေခတ္ေပၚ အီလက္ထရြန္းနစ္ မီဒီယာကိစၥေတြ ထည့္မယ္၊ အျခားလိုအပ္တာေတြလည္း လႊတ္ေတာ္မွာ ေဆြးေႏြးၿပီးျပင္ရင္ မျဖစ္ႏိုင္ဘူးလား။ ေနာင္ေရာ ေကာင္းမသြားဘူးလား။
.
ခုက ကိုေဆြဝင္းကိစၥ ေပၚလာလို႔သာ ဗမာေတြပီပီ တခ်ီ သတိရၾကတာ။ ေနာင္ ျပန္ေသြးေအးသြားႏိုင္ေသးတယ္။ ဒီဥပေဒ မဖ်က္ေတာ့ ဖြတ္ေတြဘက္က ဒီမိုအစိုးရက ဒီပုဒ္မ သံုးခ်င္လို႔ မဖ်က္ဘူးလည္း အေျပာခံရေသးတယ္။ ပုဒ္မသံုး အစြပ္စြဲခံရေတာ့ ကိုယ့္ဘက္ကႀကီးဘဲ မခံခ်င္လို႔ပါ။ ေဒၚစုရဲ႕ ရင္ၾကားေစ့ေရးနဲ႔လည္း မပတ္သက္ေလာက္ပါဘူးဗ်ာ။ 

No comments:

Post a Comment

Thank you.