27 March 2017
ခရိုနီ အလိုမရှိ
   (Unicode version)
   ဓာတ်​ဆီဆိုင်​​တွေကို ပြည်​ပကုမ္ပဏီ​တွေကို လုပ်​ပိုင်​ခွင်​့ ​ပေးဖို့စဉ်​းစား​နေတယ်​လို့ ဝန်​ကြီးက​ပြောလိုက်​တာနဲ့ ခရိုနီ​တွေ အသံထွက်​လာပါတယ်​။ တပြိုင်​နက်​မှာဘဲ ပြည်​သူ​တွေဘက်​ကလည်​း အသံပြန်​ထွက်​လာပါတယ်​။
.
NLD အစိုးရဘက်က ဘာအခက်အခဲ ရှိလည်း​တော့မသိပါဘူး။
.
ခရိုနီတွေ လက်ဝါးကြီးအုပ်ထားတ့ဲ ဘဏ်၊ ဓာတ်ဆီဆိုင်၊ အကြီးစား​ဆောက်​လုပ်​ရေး ​ ထိမ်​းသိမ်​း​​ရေးကန်ထရိုက်၊ အကြီးစားထုတ်လုပ်ရေးလုပ်ငန်း တွေကို ပြည်ပက စိတ်ဝင်စားရင် ပေးသင့်ပါတယ်။
.
ပြည်သူပြည်သားတွေ ဒုက္ခ ရောက်စရာမရှိပါ။ ပြည်ပကုမ္ပဏီ ဖက်စပ်ကုမ္ပဏီတွေမှာ အလုပ်အမျိုးတူ ရကြမှာပါဘဲ။ ဓာတ်ဆီဆိုင်လိုမျိုးဆိုရင် ခရိုနီဆိုင်ပန့်ကိုင်က ဖက်စပ်ဆိုင်ပန့်ကိုင် ရမှာပါဘဲ။ ဆောက်လုပ်ရေးမှာဆို ခရိုနီကုမ္ပဏီပန်းရံက ပြည်ပကုမ္ပဏီပန်းရံ ဖြစ်မှာပါဘဲ။ ဘဏ်​​တွေမှာဆိုလည်​း ခရိုနီဘဏ်​စာ​ရေးက ပြည်​ပဘဏ်​စာ​ရေး အလုပ်​ရမှာပါဘဲ။ အရမ်းမတိုးတက်ဘူးဆိုတောင် မနာလောက်ပါဘူး။
.
မြန်မာတွေ စီးပွားရေးထဲက ထွက်သွားရမယ်ဆိုတာ ပိုင်ရှင်ခရိုနီ အတန်းအစားဘဲ ရှိမှာပါ။ တပြည်လုံး ထောင်ဂဏန်းရှိ အလွန်ဆုံးပေါ့။ ဒီလူထောင်ဂဏန်းအတွက် ပြည်သူ ၅၂သန်းက နစ်နာနေရပါတယ်။ ခရိုနီတွေကို လက်တွဲပါစေချင်တယ်ဆိုလည်း ခုတနှစ်လောက်မှာ ဘယ်သူကဘာဆိုတာ သိ်လောက်ပါပြီဗျာ။ ဒီခရိုနီတွေကို NLD အစိုးရ မင့ဲညှာသင့်တော့ကြောင်းပါဗျာ။
XxXxXx
(Zawgyi version)
.
.
ခရိုနီတွေ လက်ဝါးကြီးအုပ်ထားတဲ့ ဘဏ်၊ ဓာတ်ဆီဆိုင်၊ အကြီးစား​ဆောက်​လုပ်​ရေး ​ ထိမ်းသိမ်း​​ရေးကန်ထရိုက်၊ အကြီးစားထုတ်လုပ်ရေးလုပ်ငန်း တွေကို ပြည်ပက စိတ်ဝင်စားရင် ပေးသင့်ပါတယ်။
.
.
No comments:
Post a Comment
Thank you.