11 March 2017

ဗိုလ်ချုပ်

(Unicode version)

ငယ်ငယ်ကျောင်းတက်တုံးက သူငယ်ချင်းတွေ အိမ်လာဖို့ ဒီလိုလမ်းညွှန်ရတယ်။ ဗိုလ်ချုပ်ပန်းခြံကိုလာ။ ဗိုလ်ချုပ်ကြေးရုပ် လက်ညှိုးညွှန်နေတ့ဲ လမ်းတည့်တည့်ဝင်ခ့ဲ။ လမ်းဆုံးမှာတွေ့တ့ဲ ဝန်ထမ်းအိမ်ယာမှာနေတယ်လို့ ပြောလေ့ရှိတယ်။ အိမ်ဝင်းကို ကျော်ပြီး ဆက်သွားရင် ဗိုလ်ချုပ်ပြတိုက်ကို ရောက်ပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို ဆက်ကျော်သွားရင် ဗိုလ်ချုပ်ဇနီးကို ဂုဏ်ပြုအမည်ပေးထားတ့ဲ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံရှိတယ်။

.

မြန်မာစာပို့သမိုင်းမှာ ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်း မထုတ်တာကြာပြီ။ ဗိုလ်ချုပ်ကြီးတွေ ကြီးစိုးတ့ဲ သက်တမ်းတလျောက်ပေါ့။ နောက်ရက်အနည်းငယ်အတွင်း ဗိုလ်ချုပ်သမီး ဝန်ကြီးလုပ်နေတ့ဲ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ခွန်နှစ်ဆယ်ပြည့်အဖြစ် ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်း ပြန်ထုတ်တော့မယ်။ ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူ မထုတ်နိုင်သေးခင် NLD အစိုးရရဲ့ ပထမခြေလှမ်း ဖြစ်မှာပါ။

.

မြန်မာပြည်ရဲ့ မြို့တော်တော်များများမှာ ဗိုလ်ချုပ်လမ်းရှိပါတယ်။ မြို့ရဲ့ အဓိက မင်းလမ်းပေါ့။ ကြံကြံဖန်ဖန် သံလျှင်မြို့မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းလမ်းတ့ဲ။ မနေချင်ပေါင်။ ရန်ကုန်မြို်ရဲ့ ဗိုလ်ချုပ်လမ်းတနေရာမှာ ဗိုလ်ချုပ်ဈေးရှိတယ်။ အမေက သူ့အသိဝက်သားသည်ရဲ့ အသားက ကောင်းလို့ဆိုပြီး သွားဝယ်လေ့ရှိတယ်။ ဗိုလ်ချုပ်ခေါင်းပေါင်းပုံနဲ့ ရာတန်အချပ်ကြီး ပေးလိုက်ရင် ဝက်သားသည်တရုပ်မကြီး ရွှေသွားတွေဖြီးသွားတာ မှတ်မိတယ်။ ၈၈ နောက်ပိုင်းတော့ အဲ့နေရာ ကျောက်မျက်ဈေးဆိုလား နှစ်ထပ်ဆောင်ဆောက်လိုက်တယ်။

.

ရေးခ့ဲတ့ဲအထဲ ဗိုလ်ချုပ်လို့ဘဲ သုံးခ့ဲတယ်။ နာမည်မပါပါ။ ဒါပေမယ့် ဗိုလ်ချုပ်ဘယ်သူဆိုတာ အရင်လူတွေတော့ အားလုံးသိကြမှာ သေချာပါတယ်။ ၈၈နောက်ပေါက်တွေတော့ သိမသိ မသေချာတော့ဘူး။ ကျွန်တော်တို့ရင်ထဲ ဗိုလ်ချုပ်ဆိုတာ တယောက်ထဲရှိတယ်။ ဘယ်သူမှ ဖျက်လို့ဖျောက်လို့ မရပါ။

XxXxXx

(Zawgyi version )

ငယ္ငယ္ေက်ာင္းတက္တံုးက သူငယ္ခ်င္းေတြ အိမ္လာဖို႔ ဒီလိုလမ္းၫႊန္ရတယ္။ ဗိုလ္ခ်ဳပ္ပန္းျခံကိုလာ။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ လက္ညႇိဳးၫႊန္ေနတ့ဲ လမ္းတည့္တည့္ဝင္ခ့ဲ။ လမ္းဆံုးမွာေတြ႔တ့ဲ ဝန္ထမ္းအိမ္ယာမွာေနတယ္လို႔ ေျပာေလ့႐ွိတယ္။ အိမ္ဝင္းကို ေက်ာ္ၿပီး ဆက္သြားရင္ ဗိုလ္ခ်ဳပ္ျပတိုက္ကို ေရာက္ပါတယ္။ ဗိုလ္ခ်ဳပ္ျပတိုက္ကို ဆက္ေက်ာ္သြားရင္ ဗိုလ္ခ်ဳပ္ဇနီးကို ဂုဏ္ျပဳအမည္ေပးထားတ့ဲ ေဒၚခင္ၾကည္အမ်ိဳးသမီးေဆးရံု႐ွိတယ္။
.
ျမန္မာစာပို႔သမိုင္းမွာ ဗိုလ္ခ်ဳပ္ပံုနဲ႔ တံဆိပ္ေခါင္း မထုတ္တာၾကာၿပီ။ ဗိုလ္ခ်ဳပ္ႀကီးေတြ ႀကီးစိုးတ့ဲ သက္တမ္းတေလ်ာက္ေပါ့။ ေနာက္ရက္အနည္းငယ္အတြင္း ဗိုလ္ခ်ဳပ္သမီး ဝန္ႀကီးလုပ္ေနတ့ဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏွစ္ခြန္ႏွစ္ဆယ္ျပည့္အျဖစ္ ဗိုလ္ခ်ဳပ္ပံုနဲ႔ တံဆိပ္ေခါင္း ျပန္ထုတ္ေတာ့မယ္။ ဗိုလ္ခ်ဳပ္ပံုနဲ႔ ေငြစကၠဴ မထုတ္ႏိုင္ေသးခင္ NLD အစိုးရရဲ႕ ပထမေျခလွမ္း ျဖစ္မွာပါ။
.
ျမန္မာျပည္ရဲ႕ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဗိုလ္ခ်ဳပ္လမ္း႐ွိပါတယ္။ ၿမိဳ႕ရဲ႕ အဓိက မင္းလမ္းေပါ့။ ၾကံၾကံဖန္ဖန္ သံလွ်င္ၿမိဳ႕မွာေတာ့ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းလမ္းတ့ဲ။ မေနခ်င္ေပါင္။ ရန္ကုန္ၿမိဳ္ရဲ႕ ဗိုလ္ခ်ဳပ္လမ္းတေနရာမွာ ဗိုလ္ခ်ဳပ္ေစ်း႐ွိတယ္။ အေမက သူ႔အသိဝက္သားသည္ရဲ႕ အသားက ေကာင္းလို႔ဆိုၿပီး သြားဝယ္ေလ့႐ွိတယ္။ ဗိုလ္ခ်ဳပ္ေခါင္းေပါင္းပံုနဲ႔ ရာတန္အခ်ပ္ႀကီး ေပးလိုက္ရင္ ဝက္သားသည္တ႐ုပ္မႀကီး ေရႊသြားေတြၿဖီးသြားတာ မွတ္မိတယ္။ ၈၈ ေနာက္ပိုင္းေတာ့ အဲ့ေနရာ ေက်ာက္မ်က္ေစ်းဆိုလား ႏွစ္ထပ္ေဆာင္ေဆာက္လိုက္တယ္။
.
ေရးခ့ဲတ့ဲအထဲ ဗိုလ္ခ်ဳပ္လို႔ဘဲ သံုးခ့ဲတယ္။ နာမည္မပါပါ။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ဘယ္သူဆိုတာ အရင္လူေတြေတာ့ အားလံုးသိၾကမွာ ေသခ်ာပါတယ္။ ၈၈ေနာက္ေပါက္ေတြေတာ့ သိမသိ မေသခ်ာေတာ့ဘူး။ ကြၽန္ေတာ္တို႔ရင္ထဲ ဗိုလ္ခ်ဳပ္ဆိုတာ တေယာက္ထဲ႐ွိတယ္။ ဘယ္သူမွ ဖ်က္လို႔ေဖ်ာက္လို႔ မရပါ။ 

No comments:

Post a Comment

Thank you.