25 September 2015

တိုးတက်​တယ်​ဆိုတာ ...

(Unicode version )

     ​ရွေး​ကောက်​ပွဲကြီး နီးလာြပ်ီဆို​တော့ နိုင်​ငံ​တော်​ကြီးရဲ့ တိုးတက်​မှု​တွေ ​တွေ့လာရပါပြီ။ အထူးသဖြင်​့ အစိုးရ​ရေဒီယိုနဲ့ ရုပ်​မြင်​သံကြားမှာ​ပေါ့။ ပါတီစည်​းရုံး​ရေးဆန်​ဆန်​ သိသိသာသာ​ရော မသိမသာပါ လွှင်​့​နေကြပါတယ်​။ နယ်​ဖက်​က အ​ကြောင်​း​တွေပါ။ ကျွန်​​တော်​ကျွန်​မတို့ ရွာမှာ လမ်​းလဲ​ပေါက်​​နေတာ ကားသွားလို့​တောင်​ ရ​နေပြီ။ မီး​တွေလဲ ရလာပြီ။ ​ရေကန်​​တွေလဲ လာတူး​ပေးသွားတယ်​၊ စသည်​ဖြင်​့​ပေါ့။ အရင်​ ဘဘ​ဗိုလ်​ချုပ်​ကြီး​တွေက စကားလုံးနဲ့ဆို နိုင်​ငံ​တော်​ရဲ့​စေတနာ ​ပေါ့။

.

   တချို့ကဘဲ ဒါ​တွေသည်​ ဟန်​ပြ ​ဗန်​းပြဘဲဆိုတာ သ​ဘော​ပေါက်​ကြပါတယ်​။ သိသူ​တွေက ပြဿနာ မရှိပါ။ များ​သောအားဖြင်​့ ​တောနယ်​က ဘယ်​အုပ်​ချုပ်​သူလာလာ ​ကြောက်​​နေရတ့ဲ ရိုးသားပြီး အပြင်​အသိနည်​းတ့ဲသူ​တွေက တီ​ဗီမှာ ပြတာ​တွေ အဟုတ်​ ထင်​​နေရှာကြမှာပါ။ ဓာတ်​ပုံ​တွေထဲမှာဘဲ မြင်​ဘူးကြတ့ဲ ပြည်​ပနိုင်​ငံ​တွေက နှစ်​ထပ်​လမ်​းကြီး​တွေ၊ မီး​တွေထိန်​​နေတ့ဲ အ​ဆောက်​အဦကြီး​တွေ၊ ယာထဲစိုက်​ခင်​းထဲအထိ ကား​မောင်​းသွားတာ​တွေ၊ ​ဗားဖွင်​့လိုက်​တာနဲ့ ​ရေ​တွေထွက်​ကျလာတာ​တွေ၊ ခလုပ်​နှိပ်​လိုက်​တာနဲ့ မီးပွင်​့လာတာ​တွေ၊ ထွန်​စက်​ကြီး​တွေနဲ့ လယ်​ယာထွန်​ယက်​​နေတာ​တွေကို ငါတို့နဲ့ မပတ်​သက်​လို့ကို ထင်​​နေကြရှာမှာပါ။ ဒါ​တွေဟာ တိုင်​းသူပြည်​သားတိုင်​းနဲ့ ဆိုင်​တယ်​။ မြန်​မာပြည်​မှာ ဒါ​တွေမခံစားရတာ အုပ်​ချုပ်​သူ​တွေရဲ့ စီမံခန်​့ခွဲမှု မှားယွင်​းမှု​ကြောင်​့ဆိုတာ နားလည်​ကြမှာ မဟုတ်​ပါ။

.

   နားလည်​တ့ဲ အတိုက်​အခံဖက်​က သူများကလဲ ရှင်​းပြကြပါတယ်​။ လွန်​ခ့ဲတ့ဲ နှစ်​သုံး​လေးဆယ်​က ငတ်​ပြတ်​​နေတ့ဲ အီသီယိုပီးယားနိုင်​ငံက လမ်​းကြီး​တွေ ​လေဆိပ်​ကြီး​တွေ ရထားကြီး​တွေ ​ပြောပြကြပါတယ်​။ ဒီ​တောင်​သူလယ်​သမား အများစုက​တော့ အီသီယိုပီးယား ဘယ်​နားရှိမှန်​း​တောင်​ သိမယ်​မထင်​ပါ။ တချို့ကလဲ အာဆီယံ အိမ်​နီးချင်​းလို့ ​ပြောလို့ရတ့ဲ ​ဗီယက်​နမ်​နဲ့ ယှဉ်​ပြီး ရှင်​းပြကြပါတယ်​။ ဒီနှစ်​နှစ်​ဆယ်​ အစိတ်​အတွင်​း ဒီကတိုးတက်​တယ်​ဆိုတာက ဘယ်​​လောက်​၊ ဟိုမှာ တိုးတက်​သွားတာက ဘယ်​​လောက်​ကွာသွားပြီ ဆိုပြီး ဂရုဏာ​ဒေါ​သောနဲ့ကို ရှင်​းပြကြတာပါ။ နဲနဲ​တော့ သ​ဘော​ပေါက်​​ကောင်​းပါရဲ့။

.

   ဒီ​တော့ သူတို့ နားလည်​လွယ်​မ့ဲ နှိုင်​းယှဉ်​မှုမျိုး စဉ်​းစားမိပါတယ်​။ တိုးတက်​တယ်​ဆိုတာ​တော့မှန်​တယ်​။ အချိန်​နဲ့ ယှဉ်​လိုက်​ရင်​​တော့ ​နှေးလွန်​းတ့ဲအ​ကြောင်​း သိ​အောင်​​ပြောရပါမယ်​။ နားလည်​လွယ်​နိုင်​မ့ဲ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးနဲ့ ဥပမာ​ပေးတာက ထိ​ရောက်​မယ်​ထင်​လို့ပါ။ ဒီ​နေရာမှာ ​ပြောချင်​တာက ဒါသည်​ ဥပမာသာ ဖြစ်​ပါတယ်​၊ ​ရွေ​ဗမာ​တွေက လိုရင်​းကို အဓိပ္ပါယ်​ မ​ပေါက်​တာလားမသိဘူး။ တခါခါကျ ဟိုဟာမှားတယ်​၊ ဒီဟာမဟုတ်​ဘူး ​ဝေဖန်​လွန်​းလို့ပါ။

.

     ခြံစိုက်​သူ​တွေဆို ..... သရက်​ပင်​စိုက်​တယ်​ ဆိုပါစို့။ ခင်​​ဗျားစိုက်​ခ့ဲတာ ငါးနှစ်​ရှိပြီ။ အသီးက မသီး​သေးဘူး။ တဖက်​ခြံက သရက်​ပင်​က မနှစ်​ကတည်​းက ​စ​ရောင်​း​နေရပြီ။ ဒီနှစ်​ဆို သီးလိုက်​တာမှ ဝင်​း​နေတာဘဲ။ ဒါဆို ခင်​​ဗျား သရက်​ခြံက ​အောင်​မြင်​တယ်​ထင်​သလား။ ငါးနှစ်​စိုက်​ခ့ဲမှ​တော့ အပင်​မြင်​့လာမှာ​တော့ အ​သေအချာ​ပေါ့။ ဒါ​ပေမ့ဲ သူများနဲ့ ယှဉ်​လိုက်​ရင်​ ကျန်​ခ့ဲပြီ။ ဒါမျိုးကို တိုးတက်​တယ်​၊ ​အောင်​မြင်​တယ်​လို့ သတ်​မှတ်​မှာလား။ ဒီသရက်​မျိုးမျိုးကို စိုက်​ကြမှာလား။ အချိန်​​တွေ လုပ်​အား​တွေ ​ငွေ​တွေ ဆုံးရှုံးခံတာနဲ့ မတန်​ရင်​ ​ပြောင်​းပြစ်​ရပါမယ်​။ စပါးစိုက်​သူဆို ​နောက်​နှစ်​ ဒီမျိုးကို သုံးဦးမှာလား။ ​မျိုး​ပြောင်​းစိုက်​မှာလား။ ဒီမျိုး​ဟောင်​းကြီးကို ဖယ်​ရှားပစ်​ရပါမယ်​။

​မွေးမြူ​ရေးသမားဆို .....

သူများနွားက လယ်​ထွန်​​နေပြီ၊ နို့ထွက်​​နေပြီ။ ခင်​​ဗျားနွားက ကြီးလာတာ​တော့မှန်​ပါရဲ့။ အချိန်​တူ ​မွေးခ့ဲတ့ဲ သူများနွားမှ မမှီတာ။ ဒါမျိုးနွား ဆက်​​မွေးဦးမှာလား​ပေါ့။

.

     နားလည်​သူ​တွေက​တော့ သည်​းခံပါ။ ​ပြောင်​းလဲလိုက်​ရမယ်​ဆိုတာလဲ သိကြမှာပါ။ နားမလည်​သူ​တွေကို ​ပြောပြ ရှင်​းပြနိုင်​ဖို့ပါ။ နားမလည်​​ယောင်​ အတင်​း​ဆောင်​​နေသူ​တွေ​တော့ မတတ်​နိုင်​ဘူး​ပေါ့။ နားမလည်​သူ​တွေထဲမှာ ငါတို့လုပ်​တာ တိုးတက်​​နေတာဘဲလို့ တကယ်​ထင်​​နေတ့ဲ ပုဂ္ဂိုလ်​များလဲ ပါပါတယ်​။ ကျွန်​​တော်​တို့နိုင်​ငံ သူများနဲ့ ယှဉ်​နိုင်​ဖို့ အမှန်​တကယ်​​ပြောင်​းလဲရန်​ လို​နေပါပြီ။ အမှန်​တကယ်​ ​ပြောင်​းလဲ​ပေးမ့ဲ ​ပြောင်​းလဲနိုင်​မ့ဲသူကို ​ရွေးချယ်​ဖို့ လို​နေပါပြီ။ မိမိဖာသာ တိုးတက်​မှန်​းမသိ၊ ညာစားဖို့သာ လုပ်​စား​နေသူ​တွေကို ဆက်​မသုံးဘဲ ဖယ်​ရှားဖို့ အချိန်​တန်​ပါပြီ။ ကိုယ်​့ရဲ့ စဉ်​းစားဆင်​ခြင်​ဉာဏ်​ကို အသုံးပြုလို့ ဆုံးဖြတ်​ကြပါစို့​ဗျာ။ ။

XxXxXx

(Zawgyi version)

     ​ေရြး​ေကာက္​ပြဲႀကီး နီးလာျပ္ီဆို​ေတာ့ ႏိုင္​ငံ​ေတာ္​ႀကီးရဲ႕ တိုးတက္​မႈ​ေတြ ​ေတြ႔လာရပါၿပီ။ အထူးသျဖင္​့ အစိုးရ​ေရဒီယိုနဲ႔ ႐ုပ္​ျမင္​သံၾကားမွာ​ေပါ့။ ပါတီစည္​းရံုး​ေရးဆန္​ဆန္​ သိသိသာသာ​ေရာ မသိမသာပါ လႊင္​့​ေနၾကပါတယ္​။ နယ္​ဖက္​က အ​ေၾကာင္​း​ေတြပါ။ ကြၽန္​​ေတာ္​ကြၽန္​မတို႔ ရြာမွာ လမ္​းလဲ​ေပါက္​​ေနတာ ကားသြားလို႔​ေတာင္​ ရ​ေနၿပီ။ မီး​ေတြလဲ ရလာၿပီ။ ​ေရကန္​​ေတြလဲ လာတူး​ေပးသြားတယ္​၊ စသည္​ျဖင္​့​ေပါ့။ အရင္​ ဘဘ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြက စကားလံုးနဲ႔ဆို ႏိုင္​ငံ​ေတာ္​ရဲ႕​ေစတနာ ​ေပါ့။
.
   တခ်ိဳ႕ကဘဲ ဒါ​ေတြသည္​ ဟန္​ျပ ​ဗန္​းျပဘဲဆိုတာ သ​ေဘာ​ေပါက္​ၾကပါတယ္​။ သိသူ​ေတြက ျပႆနာ မ႐ွိပါ။ မ်ား​ေသာအားျဖင္​့ ​ေတာနယ္​က ဘယ္​အုပ္​ခ်ဳပ္​သူလာလာ ​ေၾကာက္​​ေနရတ့ဲ ႐ိုးသားၿပီး အျပင္​အသိနည္​းတ့ဲသူ​ေတြက တီ​ဗီမွာ ျပတာ​ေတြ အဟုတ္​ ထင္​​ေန႐ွာၾကမွာပါ။ ဓာတ္​ပံု​ေတြထဲမွာဘဲ ျမင္​ဘူးၾကတ့ဲ ျပည္​ပႏိုင္​ငံ​ေတြက ႏွစ္​ထပ္​လမ္​းႀကီး​ေတြ၊ မီး​ေတြထိန္​​ေနတ့ဲ အ​ေဆာက္​အဦႀကီး​ေတြ၊ ယာထဲစိုက္​ခင္​းထဲအထိ ကား​ေမာင္​းသြားတာ​ေတြ၊ ​ဗားဖြင္​့လိုက္​တာနဲ႔ ​ေရ​ေတြထြက္​က်လာတာ​ေတြ၊ ခလုပ္​ႏွိပ္​လိုက္​တာနဲ႔ မီးပြင္​့လာတာ​ေတြ၊ ထြန္​စက္​ႀကီး​ေတြနဲ႔ လယ္​ယာထြန္​ယက္​​ေနတာ​ေတြကို ငါတို႔နဲ႔ မပတ္​သက္​လို႔ကို ထင္​​ေနၾက႐ွာမွာပါ။ ဒါ​ေတြဟာ တိုင္​းသူျပည္​သားတိုင္​းနဲ႔ ဆိုင္​တယ္​။ ျမန္​မာျပည္​မွာ ဒါ​ေတြမခံစားရတာ အုပ္​ခ်ဳပ္​သူ​ေတြရဲ႕ စီမံခန္​႔ခြဲမႈ မွားယြင္​းမႈ​ေၾကာင္​့ဆိုတာ နားလည္​ၾကမွာ မဟုတ္​ပါ။
.
   နားလည္​တ့ဲ အတိုက္​အခံဖက္​က သူမ်ားကလဲ ႐ွင္​းျပၾကပါတယ္​။ လြန္​ခ့ဲတ့ဲ ႏွစ္​သံုး​ေလးဆယ္​က ငတ္​ျပတ္​​ေနတ့ဲ အီသီယိုပီးယားႏိုင္​ငံက လမ္​းႀကီး​ေတြ ​ေလဆိပ္​ႀကီး​ေတြ ရထားႀကီး​ေတြ ​ေျပာျပၾကပါတယ္​။ ဒီ​ေတာင္​သူလယ္​သမား အမ်ားစုက​ေတာ့ အီသီယိုပီးယား ဘယ္​နား႐ွိမွန္​း​ေတာင္​ သိမယ္​မထင္​ပါ။ တခ်ိဳ႕ကလဲ အာဆီယံ အိမ္​နီးခ်င္​းလို႔ ​ေျပာလို႔ရတ့ဲ ​ဗီယက္​နမ္​နဲ႔ ယွဥ္​ၿပီး ႐ွင္​းျပၾကပါတယ္​။ ဒီႏွစ္​ႏွစ္​ဆယ္​ အစိတ္​အတြင္​း ဒီကတိုးတက္​တယ္​ဆိုတာက ဘယ္​​ေလာက္​၊ ဟိုမွာ တိုးတက္​သြားတာက ဘယ္​​ေလာက္​ကြာသြားၿပီ ဆိုၿပီး ဂ႐ုဏာ​ေဒါ​ေသာနဲ႔ကို ႐ွင္​းျပၾကတာပါ။ နဲနဲ​ေတာ့ သ​ေဘာ​ေပါက္​​ေကာင္​းပါရဲ႕။
.
   ဒီ​ေတာ့ သူတို႔ နားလည္​လြယ္​မ့ဲ ႏႈိင္​းယွဥ္​မႈမ်ိဳး စဥ္​းစားမိပါတယ္​။ တိုးတက္​တယ္​ဆိုတာ​ေတာ့မွန္​တယ္​။ အခ်ိန္​နဲ႔ ယွဥ္​လိုက္​ရင္​​ေတာ့ ​ေႏွးလြန္​းတ့ဲအ​ေၾကာင္​း သိ​ေအာင္​​ေျပာရပါမယ္​။ နားလည္​လြယ္​ႏိုင္​မ့ဲ စိုက္​ပ်ိဳး​ေရး ​ေမြးျမဴ​ေရးနဲ႔ ဥပမာ​ေပးတာက ထိ​ေရာက္​မယ္​ထင္​လို႔ပါ။ ဒီ​ေနရာမွာ ​ေျပာခ်င္​တာက ဒါသည္​ ဥပမာသာ ျဖစ္​ပါတယ္​၊ ​ေရြ​ဗမာ​ေတြက လိုရင္​းကို အဓိပၸါယ္​ မ​ေပါက္​တာလားမသိဘူး။ တခါခါက် ဟိုဟာမွားတယ္​၊ ဒီဟာမဟုတ္​ဘူး ​ေဝဖန္​လြန္​းလို႔ပါ။
.
     ျခံစိုက္​သူ​ေတြဆို ..... သရက္​ပင္​စိုက္​တယ္​ ဆိုပါစို႔။ ခင္​​ဗ်ားစိုက္​ခ့ဲတာ ငါးႏွစ္​႐ွိၿပီ။ အသီးက မသီး​ေသးဘူး။ တဖက္​ျခံက သရက္​ပင္​က မႏွစ္​ကတည္​းက ​စ​ေရာင္​း​ေနရၿပီ။ ဒီႏွစ္​ဆို သီးလိုက္​တာမွ ဝင္​း​ေနတာဘဲ။ ဒါဆို ခင္​​ဗ်ား သရက္​ျခံက ​ေအာင္​ျမင္​တယ္​ထင္​သလား။ ငါးႏွစ္​စိုက္​ခ့ဲမွ​ေတာ့ အပင္​ျမင္​့လာမွာ​ေတာ့ အ​ေသအခ်ာ​ေပါ့။ ဒါ​ေပမ့ဲ သူမ်ားနဲ႔ ယွဥ္​လိုက္​ရင္​ က်န္​ခ့ဲၿပီ။ ဒါမ်ိဳးကို တိုးတက္​တယ္​၊ ​ေအာင္​ျမင္​တယ္​လို႔ သတ္​မွတ္​မွာလား။ ဒီသရက္​မ်ိဳးမ်ိဳးကို စိုက္​ၾကမွာလား။ အခ်ိန္​​ေတြ လုပ္​အား​ေတြ ​ေငြ​ေတြ ဆံုး႐ွံုးခံတာနဲ႔ မတန္​ရင္​ ​ေျပာင္​းျပစ္​ရပါမယ္​။ စပါးစိုက္​သူဆို ​ေနာက္​ႏွစ္​ ဒီမ်ိဳးကို သံုးဦးမွာလား။ ​မ်ိဳး​ေျပာင္​းစိုက္​မွာလား။ ဒီမ်ိဳး​ေဟာင္​းႀကီးကို ဖယ္​႐ွားပစ္​ရပါမယ္​။
​ေမြးျမဴ​ေရးသမားဆို .....
သူမ်ားႏြားက လယ္​ထြန္​​ေနၿပီ၊ ႏို႔ထြက္​​ေနၿပီ။ ခင္​​ဗ်ားႏြားက ႀကီးလာတာ​ေတာ့မွန္​ပါရဲ႕။ အခ်ိန္​တူ ​ေမြးခ့ဲတ့ဲ သူမ်ားႏြားမွ မမွီတာ။ ဒါမ်ိဳးႏြား ဆက္​​ေမြးဦးမွာလား​ေပါ့။
.
     နားလည္​သူ​ေတြက​ေတာ့ သည္​းခံပါ။ ​ေျပာင္​းလဲလိုက္​ရမယ္​ဆိုတာလဲ သိၾကမွာပါ။ နားမလည္​သူ​ေတြကို ​ေျပာျပ ႐ွင္​းျပႏိုင္​ဖို႔ပါ။ နားမလည္​​ေယာင္​ အတင္​း​ေဆာင္​​ေနသူ​ေတြ​ေတာ့ မတတ္​ႏိုင္​ဘူး​ေပါ့။ နားမလည္​သူ​ေတြထဲမွာ ငါတို႔လုပ္​တာ တိုးတက္​​ေနတာဘဲလို႔ တကယ္​ထင္​​ေနတ့ဲ ပုဂၢိဳလ္​မ်ားလဲ ပါပါတယ္​။ ကြၽန္​​ေတာ္​တို႔ႏိုင္​ငံ သူမ်ားနဲ႔ ယွဥ္​ႏိုင္​ဖို႔ အမွန္​တကယ္​​ေျပာင္​းလဲရန္​ လို​ေနပါၿပီ။ အမွန္​တကယ္​ ​ေျပာင္​းလဲ​ေပးမ့ဲ ​ေျပာင္​းလဲႏိုင္​မ့ဲသူကို ​ေရြးခ်ယ္​ဖို႔ လို​ေနပါၿပီ။ မိမိဖာသာ တိုးတက္​မွန္​းမသိ၊ ညာစားဖို႔သာ လုပ္​စား​ေနသူ​ေတြကို ဆက္​မသံုးဘဲ ဖယ္​႐ွားဖို႔ အခ်ိန္​တန္​ပါၿပီ။ ကိုယ္​့ရဲ႕ စဥ္​းစားဆင္​ျခင္​ဥာဏ္​ကို အသံုးျပဳလို႔ ဆံုးျဖတ္​ၾကပါစို႔​ဗ်ာ။ ။

No comments:

Post a Comment

Thank you.