15 September 2015

အာပလာနဲ့ ဉာဏ်​လှိိုင်း

(Unicode version )


ကျွန်​​တော်​ ဒီအာပလာဘလောဂ် ရေးလာတာ ရှစ်နှစ်ပြည့်ပါတော့မယ်။ ရေးချင်လို့ကို ရေးနေတာပါ။ ဖတ်သူလဲ အများကြီး မရှိပါဘူး။ ရေးရာမှာလဲ စာတခုခုဖတ်ဖြစ်လို့ ရေးမိတာများပါတယ်။ စိတ်ထဲ ထင်ရာ ပေါ်လာရာ ရေးလိုက်တာပါဘဲ။ တနေ့ ငါပြန်ဖတ်ကြည့်မယ် ဆိုတ့ဲ စိတ်ကူးလေးတခုဘဲ ရှိပါတယ်။



မှန်မှန်ရေးနေတာကိုသိတ့ဲ သူငယ်ချင်းတယောက်က သူစမ်းသတ်လုပ်ခ့ဲတ့ဲ web page တွေမှာ ယူထည့်မယ် ပြောပါတယ်။ အဲဒီ page တွေ ပျောက်ပျောက်သွားပါတယ်။ ခုနောက်ဆုံး brainwave ဉာဏ်လှိုင်း ဆိုတ့ဲ page မှာ ယူသုံးမယ်ပြောတော့လဲ သုံးပေါ့။ web page ကိုတော့ ကွန်နက်ရှင်ကြောင့် မကြည့်မိပါ။



ခုနောက်ဆုံးတော့ နာမည်ကျော် ဖေ့ဘုတ်မှာ ပြန်တွေ့ပါတယ်။ ဂျာနယ်တွေမှာ ပါခ့ဲတ့ဲ ကာတွန်းတွေ ပြန်ဖော်ပြတာတွေ့ပါတယ်။ like တွေလဲ တဟုန်ထိုး ရတာတွေ့ရပါတယ်။ တရက်မှာတော့ အာပလာဘလော့ဂ်ထဲက ရဲဘော်လေးကျိပ် ပို့စ်ကိုတွေ့ပါတယ်။ တော်တော် ပျော်သွားပါတယ်။ like ပေါင်း ငါးထောင်နီးပါး ရနေတာတွေ့လို့ပါ။



ရဲဘော်လေးကျိပ် နောက် ပို့လေးငါးခုလောက် တွေ့ပါတယ်။ များပြားလှတ့ဲ ကာတွန်းတွေ ကြားထဲမှာပေါ့။ like ပေါင်း ရခ့ဲတာ နှစ်သောင်းကျော်လောက် ရှိလောက်ပါပြီ။ မူရင်း ဘလော့ဂ်မှာ ဖတ်သူတောင် ရှစ်နှစ်မှာ ဒီလောက် ရှိပါ့မလားမသိပါ။ ဟိုနေ့က ကွန်ပြူတာကြီးနဲ့ ကြည့်မိတော့မှ ရှယ်သူပေါင်းလဲ ထောင်ကျော်လောက်ရှိနိုင်တာ တွေ့ရပါတယ်။ ပို့စ်အားလုံးကို ပြန်မကြည့်နိုင်လို့ အတိအကျတော့ မသိနိုင်ပါ။ ကျေးဇူးပါ ဉာဏ်လှိုင်း ဆရာများခင်ဗျား။



တကယ်ပြောချင်တာက မန့်လို့ အတိုကောက် သုံးနေကြတ့ဲ comments များ အကြောင်းပါ။ တွေ့ခ့ဲတ့ဲ ပို့ လေးငါးခြောက်ခုမှာ ကော်မန့်ပေါင်း ထောင်ဂဏန်းလောက်တော့ ရှိပါလိမ့်မယ်။ ကြိုက်ကြောင်း၊ ကောင်းကြောင်း ထောက်ခံထားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ထူးခြားတာက ဆယ်ရာခိုင်နှုံးလောက်ရှိတ့ဲ ဆဲသူတွေပါ။ ဖတ်ပြီးမှ ဆဲတာဖြစ်နိုင်လို့ သူတို့ကိုလဲ ကျေးဇူးတင်ပါတယ်။ ဆဲသူအများစုက ဒေါ်စုအကြောင်းပါတာနဲ့ ဆဲကြတော့တာပါ။ ကုလားနဲ့ တိုင်းပြီးဆဲကြပါတယ်။ တခါတလေ ရေးထားတ့ဲ အကြောင်းအရာတောင် ဖတ်မှဖတ်ရဲ့လား မသိပါ။ သူတို့ရဲ့ ပရိုဖိုင် သွားကြည့်တော့ အမှန်တွေ မဟုတ်ပါ။ တချို့ဆို ၂၀၁၅မှ ဖေ့ဘုတ်သုံးသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။



ဒီစာတခုထဲကို ဖတ်ပြီး ဒီမိုဖက်ကလား၊ ဆန့်ကျင်ဖက်ကလား ဆိုပြီး ပြောတာလဲ တွေ့ရပါတယ်။ ဖတ်တ့ဲသူအပေါ်ဘဲ မူတည်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဘယ်ဘက်ကရယ်လို့ ရေးတာမရှိသလို မန့်တ့ဲသူတွေ အကြိုက်လဲ ရေးတာမဟုတ်ပါဘူး။ သာမန်လူတယောက်ရဲ့ တစုံတခုအပေါ် ထင်မြင်တာတွေ ရေးလိုက်တာပါဘဲ။ ကျွန်တော့် စိတ်ထဲ အကောင်းမြင်နေသူကို အကောင်းရေးပြီး မကောင်းထင်မိယင် မကောင်းဘူး ရေးမှာပါဘဲ။



ဘာဘဲဖြစ်ဖြစ် ဉာဏ်လှိုင်းကြောင့် ကျွန်တော့စာ ဖတ်သူများလာတာပါ။ ဉာဏ်လှိုင်း စီစဉ်သူတွေကို မသိပေမ့ဲလဲ ကျေးဇူးတင်ပါတယ်။ တခါတလေ ကျွန်တော့်စာကြောင့် ဉာဏ်လှိုင်းကို တံဆိပ်ကပ်ကြတာလဲ တွေ့ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကတော့ သူတို့ ယူသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ စိတ်ပေါ်ရင် ရေးနေမှာပါဘဲ။ ဖတ် ဆဲ အပါအဝင် အားပေးသူတွေကို ကျေးဇူးတင်ပါတယ်။

XxXxXx

(Zawgyi version )


ကြၽန္​​ေတာ္​  ဒီအာပလာဘေလာဂ္ ေရးလာတာ ႐ွစ္ႏွစ္ျပည့္ပါေတာ့မယ္။ ေရးခ်င္လို႔ကို ေရးေနတာပါ။ ဖတ္သူလဲ အမ်ားႀကီး မ႐ွိပါဘူး။ ေရးရာမွာလဲ စာတခုခုဖတ္ျဖစ္လို႔ ေရးမိတာမ်ားပါတယ္။ စိတ္ထဲ ထင္ရာ ေပၚလာရာ ေရးလိုက္တာပါဘဲ။ တေန႔ ငါျပန္ဖတ္ၾကည့္မယ္ ဆိုတ့ဲ စိတ္ကူးေလးတခုဘဲ ႐ွိပါတယ္။

မွန္မွန္ေရးေနတာကိုသိတ့ဲ သူငယ္ခ်င္းတေယာက္က သူစမ္းသတ္လုပ္ခ့ဲတ့ဲ web page ေတြမွာ ယူထည့္မယ္ ေျပာပါတယ္။ အဲဒီ page ေတြ ေပ်ာက္ေပ်ာက္သြားပါတယ္။ ခုေနာက္ဆံုး brainwave ဥာဏ္လိႈင္း ဆိုတ့ဲ page မွာ ယူသံုးမယ္ေျပာေတာ့လဲ သံုးေပါ့။ web page ကိုေတာ့ ကြန္နက္႐ွင္ေၾကာင့္ မၾကည့္မိပါ။

ခုေနာက္ဆံုးေတာ့ နာမည္ေက်ာ္ ေဖ့ဘုတ္မွာ ျပန္ေတြ႔ပါတယ္။ ဂ်ာနယ္ေတြမွာ ပါခ့ဲတ့ဲ ကာတြန္းေတြ ျပန္ေဖာ္ျပတာေတြ႔ပါတယ္။ like ေတြလဲ တဟုန္ထိုး ရတာေတြ႔ရပါတယ္။ တရက္မွာေတာ့ အာပလာဘေလာ့ဂ္ထဲက ရဲေဘာ္ေလးက်ိပ္ ပို႔စ္ကိုေတြ႔ပါတယ္။ ေတာ္ေတာ္ ေပ်ာ္သြားပါတယ္။ like ေပါင္း ငါးေထာင္နီးပါး ရေနတာေတြ႔လို႔ပါ။

ရဲေဘာ္ေလးက်ိပ္ ေနာက္ ပို႔ေလးငါးခုေလာက္ ေတြ႔ပါတယ္။ မ်ားျပားလွတ့ဲ ကာတြန္းေတြ ၾကားထဲမွာေပါ့။ like ေပါင္း ရခ့ဲတာ ႏွစ္ေသာင္းေက်ာ္ေလာက္ ႐ွိေလာက္ပါၿပီ။ မူရင္း ဘေလာ့ဂ္မွာ ဖတ္သူေတာင္ ႐ွစ္ႏွစ္မွာ ဒီေလာက္ ႐ွိပါ့မလားမသိပါ။ ဟိုေန႔က ကြန္ျပဴတာႀကီးနဲ႔ ၾကည့္မိေတာ့မွ ႐ွယ္သူေပါင္းလဲ ေထာင္ေက်ာ္ေလာက္႐ွိႏိုင္တာ ေတြ႔ရပါတယ္။ ပို႔စ္အားလံုးကို ျပန္မၾကည့္ႏိုင္လို႔ အတိအက်ေတာ့ မသိႏိုင္ပါ။ ေက်းဇူးပါ ဥာဏ္လိႈင္း ဆရာမ်ားခင္ဗ်ား။

တကယ္ေျပာခ်င္တာက မန္႔လို႔ အတိုေကာက္ သံုးေနၾကတ့ဲ comments မ်ား အေၾကာင္းပါ။ ေတြ႔ခ့ဲတ့ဲ ပို႔ ေလးငါးေျခာက္ခုမွာ ေကာ္မန္႔ေပါင္း ေထာင္ဂဏန္းေလာက္ေတာ့ ႐ွိပါလိမ့္မယ္။ ႀကိဳက္ေၾကာင္း၊ ေကာင္းေၾကာင္း ေထာက္ခံထားတာေတြအတြက္ ေက်းဇူးတင္ပါတယ္။ ထူးျခားတာက ဆယ္ရာခိုင္ႏွံုးေလာက္႐ွိတ့ဲ ဆဲသူေတြပါ။ ဖတ္ၿပီးမွ ဆဲတာျဖစ္ႏိုင္လို႔ သူတို႔ကိုလဲ ေက်းဇူးတင္ပါတယ္။ ဆဲသူအမ်ားစုက ေဒၚစုအေၾကာင္းပါတာနဲ႔ ဆဲၾကေတာ့တာပါ။ ကုလားနဲ႔ တိုင္းၿပီးဆဲၾကပါတယ္။ တခါတေလ ေရးထားတ့ဲ အေၾကာင္းအရာေတာင္ ဖတ္မွဖတ္ရဲ႕လား မသိပါ။ သူတို႔ရဲ႕ ပ႐ိုဖိုင္ သြားၾကည့္ေတာ့ အမွန္ေတြ မဟုတ္ပါ။ တခ်ိဳ႕ဆို ၂၀၁၅မွ ေဖ့ဘုတ္သံုးသူေတြ ျဖစ္ေနတာ ေတြ႔ရပါတယ္။

ဒီစာတခုထဲကို ဖတ္ၿပီး ဒီမိုဖက္ကလား၊ ဆန္႔က်င္ဖက္ကလား ဆိုၿပီး ေျပာတာလဲ ေတြ႔ရပါတယ္။ ဖတ္တ့ဲသူအေပၚဘဲ မူတည္ပါလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ ဘယ္ဘက္ကရယ္လို႔ ေရးတာမ႐ွိသလို မန္႔တ့ဲသူေတြ အႀကိဳက္လဲ ေရးတာမဟုတ္ပါဘူး။ သာမန္လူတေယာက္ရဲ႕ တစံုတခုအေပၚ ထင္ျမင္တာေတြ ေရးလိုက္တာပါဘဲ။ ကြၽန္ေတာ့္ စိတ္ထဲ အေကာင္းျမင္ေနသူကို အေကာင္းေရးၿပီး မေကာင္းထင္မိယင္ မေကာင္းဘူး ေရးမွာပါဘဲ။

ဘာဘဲျဖစ္ျဖစ္ ဥာဏ္လိႈင္းေၾကာင့္ ကြၽန္ေတာ့စာ ဖတ္သူမ်ားလာတာပါ။ ဥာဏ္လိႈင္း စီစဥ္သူေတြကို မသိေပမ့ဲလဲ ေက်းဇူးတင္ပါတယ္။ တခါတေလ ကြၽန္ေတာ့္စာေၾကာင့္ ဥာဏ္လိႈင္းကို တံဆိပ္ကပ္ၾကတာလဲ ေတြ႔ပါတယ္။ ကြၽန္ေတာ့္ ဘေလာ့ဂ္ကေတာ့ သူတို႔ ယူသံုးသည္ျဖစ္ေစ၊ မသံုးသည္ျဖစ္ေစ စိတ္ေပၚရင္ ေရးေနမွာပါဘဲ။ ဖတ္ ဆဲ အပါအဝင္ အားေပးသူေတြကို ေက်းဇူးတင္ပါတယ္။

No comments:

Post a Comment

Thank you.