01 October 2015

မဲဆွယ်​​ဟော​ပြောပွဲ

 (Unicode version )

       မြန်​မာပြည်​ တနံတလျှား မဲဆွယ်​ပွဲ​တွေက​တော့ စ​နေပါပြီ။ မညစ်​ပတ်​​ကြေးဆိုလျှင်​ မည်​သူအားသာသလဲဆိုတာလဲ မြင်​သာ​နေပါပြီ။ ​ငွေ ပစ္စည်​း ​ပေးစရာမလိုဘဲ မဲ​ပေးကြဖို့ ​ဟော​ပြောပွဲ​တွေမှာ လူများတာကြည်​့ရင်​ သ​ဘော​ပေါက်​ပါပြီ။ တချို့​တွေလဲ လူများ​အောင်​လုပ်​လိုက်​တာ လူ​တော့များပါရဲ့၊ ပွဲမပြီးခင်​ ပြန်​ကုန်​ကြလို့ ​လော်​နဲ့​အော်​ပြီး တားရတာ ​ပျော်​စရာကြီးပါ။

.

     ဒီလို မဲဆွယ်​ပွဲ​တွေမှာ အဓိကထား ​ပြော​လေ့ရှိတာ နှစ်​ခုရှိပါတယ်​။ မလုပ်​နိုင်​ဘဲ ဂတိ​တွေ​ပေးပြီး အ​ရွေးလဲခံရပြီး​ရော ​ပေါ်မလာတာမျိုး ထည်​့မတွက်​ပါဘူး။ ပထမတချက်​က မဲဆန္ဒရှင်​ ​တွေအတွက်​ သူလုပ်​မှာပါ။ ပြည်​သူပြည်​သား​တွေအတွက်​ လုပ်​မှာပါ။ တိုင်​းပြည်​ကြီးပွားချမ်​းသာလာ​အောင်​ လုပ်​မှာပါ။ ဒါ​ပြော​လေ့ရှိတ့ဲ အချက်​ပါဘဲ။ ခု မြန်​မာပြည်​မှာလဲ ပါတီတိုင်​း​လောက်​က ​ပြောကြပါတယ်​။ အ​ရေးကြီးတ့ဲ ကြံ့ဖွံ​ရော NLD​ရော ​ပြော​ဟောကြပါတယ်​။ ​နောက်​မှ လုပ်​​ပေးတာ မလုပ်​​ပေးတာ တပိုင်​း​ပေါ့။

.

     ​နောက်​တချက်​က မိမိတို့ပါတီ အစိုးရဖွဲ့ခွင်​့ရရင်​ `အဂတိိ´ ကင်​း​သော အစိုးရဖြစ်​​စေရမယ်​ ဆိုတ့ဲ မဲဆွယ်​​ဟော​ပြောမှုပါ။ ​ပြော​နေကျပါဘဲ၊ နိုင်​ငံတကာ မဲဆွယ်​တ့ဲ သတင်​း​တွေဖတ်​လိုက်​ရင်​ ​တွေ့​နေကြပါ။ ပရိဿတ်​ကြီး သတိထားမိရဲ့လား မသိ။ လက်​ရှိ မြန်​မာပြည်​က မဲဆွယ်​​ဟော​ပြောမှုမှာ ​ဒေါ်စု​ခေါင်​း​ဆောင်​တ့ဲ NLD ကဘဲ ဒီလို​ပြောရဲ​သေးတယ်​။ အစိုးရမဖွဲ့နိုင်​တ့ဲ ပါတီငယ်​​တွေ ထားပါ​တော့။ လက်​ရှိလဲ အစိုးရလုပ်​​နေ ၊ အင်​အားကြီးပါတီကြီးလဲဖြစ်​တ့ဲ ကြံ့ဖွံ့က ဂတိမ​ပေးရဲတာ မထူးဆန်​းလား။ မထူးဆန်​းပါဘူး။ ဟိုးအရင်​ကလဲ အဂတိ လိုက်​စားခ့ဲ၊ ခုအစိုးရ​ခေတ်​မှာလဲ အဂတိ လိုက်​စားဆဲ၊ ​နောင်​အစိုးရဖွဲ့ခွင်​့ရရင်​လဲ စားအုံးမှာ ​သေချာ​နေလို့ပါ။ မဲဆွယ်​​ဟော​ပြောမှုမှာ​တောင်​ ဟန်​လုပ်​မ​ပြောနိုင်​ကြဘူး ဖြစ်​​နေပါတယ်​။ ​ပြောလဲ ပြည်​သူ​တွေ မယုံဘူးဆိုတာ သိ​နေလို့ ဖြစ်​ပါမယ်​။

.

     ဒီတချက်​ထဲနဲ့တင်​ လာမ့ဲနိုဝင်​ဘာ ၈ရက်​​နေ့မှာ မဲ​ပေးမ့ဲသူ​တွေ ဘယ်​ပါတီကို ​ပေးသင်​့တယ်​ဆိုတာ ရှင်​း​လောက်​ပါပြီ။ ကိုယ်​နဲ့ ပတ်​သက်​သူ​တွေကို ရှင်​းပြပြီး​တော့လဲ စည်​းရုံးကြပါဦး။

XxXxXx

(Zawgyi version )

      ျမန္​မာျပည္​ တနံတလွ်ား မဲဆြယ္​ပြဲ​ေတြက​ေတာ့ စ​ေနပါၿပီ။ မညစ္​ပတ္​​ေၾကးဆိုလွ်င္​ မည္​သူအားသာသလဲဆိုတာလဲ ျမင္​သာ​ေနပါၿပီ။ ​ေငြ ပစၥည္​း ​ေပးစရာမလိုဘဲ မဲ​ေပးၾကဖို႔ ​ေဟာ​ေျပာပြဲ​ေတြမွာ လူမ်ားတာၾကည္​့ရင္​ သ​ေဘာ​ေပါက္​ပါၿပီ။ တခ်ိဳ႕​ေတြလဲ လူမ်ား​ေအာင္​လုပ္​လိုက္​တာ လူ​ေတာ့မ်ားပါရဲ႕၊ ပြဲမၿပီးခင္​ ျပန္​ကုန္​ၾကလို႔ ​ေလာ္​နဲ႔​ေအာ္​ၿပီး တားရတာ ​ေပ်ာ္​စရာႀကီးပါ။
.
     ဒီလို မဲဆြယ္​ပြဲ​ေတြမွာ အဓိကထား ​ေျပာ​ေလ့႐ွိတာ ႏွစ္​ခု႐ွိပါတယ္​။ မလုပ္​ႏိုင္​ဘဲ ဂတိ​ေတြ​ေပးၿပီး အ​ေရြးလဲခံရၿပီး​ေရာ ​ေပၚမလာတာမ်ိဳး ထည္​့မတြက္​ပါဘူး။ ပထမတခ်က္​က မဲဆႏၵ႐ွင္​ ​ေတြအတြက္​ သူလုပ္​မွာပါ။ ျပည္​သူျပည္​သား​ေတြအတြက္​ လုပ္​မွာပါ။ တိုင္​းျပည္​ႀကီးပြားခ်မ္​းသာလာ​ေအာင္​ လုပ္​မွာပါ။ ဒါ​ေျပာ​ေလ့႐ွိတ့ဲ အခ်က္​ပါဘဲ။ ခု ျမန္​မာျပည္​မွာလဲ ပါတီတိုင္​း​ေလာက္​က ​ေျပာၾကပါတယ္​။ အ​ေရးႀကီးတ့ဲ ၾကံ့ဖြံ​ေရာ NLD​ေရာ ​ေျပာ​ေဟာၾကပါတယ္​။ ​ေနာက္​မွ လုပ္​​ေပးတာ မလုပ္​​ေပးတာ တပိုင္​း​ေပါ့။
.
     ​ေနာက္​တခ်က္​က မိမိတို႔ပါတီ အစိုးရဖြဲ႔ခြင္​့ရရင္​ `အဂတိိ´ ကင္​း​ေသာ အစိုးရျဖစ္​​ေစရမယ္​ ဆိုတ့ဲ မဲဆြယ္​​ေဟာ​ေျပာမႈပါ။ ​ေျပာ​ေနက်ပါဘဲ၊ ႏိုင္​ငံတကာ မဲဆြယ္​တ့ဲ သတင္​း​ေတြဖတ္​လိုက္​ရင္​ ​ေတြ႕​ေနၾကပါ။ ပရိႆတ္​ႀကီး သတိထားမိရဲ႕လား မသိ။ လက္​႐ွိ ျမန္​မာျပည္​က မဲဆြယ္​​ေဟာ​ေျပာမႈမွာ ​ေဒၚစု​ေခါင္​း​ေဆာင္​တ့ဲ NLD ကဘဲ ဒီလို​ေျပာရဲ​ေသးတယ္​။ အစိုးရမဖြဲ႔ႏိုင္​တ့ဲ ပါတီငယ္​​ေတြ ထားပါ​ေတာ့။ လက္​႐ွိလဲ အစိုးရလုပ္​​ေန ၊ အင္​အားႀကီးပါတီႀကီးလဲျဖစ္​တ့ဲ ၾကံ့ဖြံ႔က ဂတိမ​ေပးရဲတာ မထူးဆန္​းလား။ မထူးဆန္​းပါဘူး။ ဟိုးအရင္​ကလဲ အဂတိ လိုက္​စားခ့ဲ၊ ခုအစိုးရ​ေခတ္​မွာလဲ အဂတိ လိုက္​စားဆဲ၊ ​ေနာင္​အစိုးရဖြဲ႔ခြင္​့ရရင္​လဲ စားအံုးမွာ ​ေသခ်ာ​ေနလို႔ပါ။ မဲဆြယ္​​ေဟာ​ေျပာမႈမွာ​ေတာင္​ ဟန္​လုပ္​မ​ေျပာႏိုင္​ၾကဘူး ျဖစ္​​ေနပါတယ္​။ ​ေျပာလဲ ျပည္​သူ​ေတြ မယံုဘူးဆိုတာ သိ​ေနလို႔ ျဖစ္​ပါမယ္​။
.
     ဒီတခ်က္​ထဲနဲ႔တင္​ လာမ့ဲႏိုဝင္​ဘာ ၈ရက္​​ေန႔မွာ မဲ​ေပးမ့ဲသူ​ေတြ ဘယ္​ပါတီကို ​ေပးသင္​့တယ္​ဆိုတာ ႐ွင္​း​ေလာက္​ပါၿပီ။ ကိုယ္​နဲ႔ ပတ္​သက္​သူ​ေတြကို ႐ွင္​းျပၿပီး​ေတာ့လဲ စည္​းရံုးၾကပါဦး။ 

No comments:

Post a Comment

Thank you.