05 June 2015
​လှေစီးဒုက္ခသည်​ အ​ရေး
(Unicode version)
         ဘင်္ဂါလီ​လှေစီး ဒုက္ခသည်​ အ​ရေးနှင်​့ ပတ်​သက်​၍ ​ရေးချင်​​နေတာ အ​တော်​ကြာပါပြီ။ sensitive issue ဖြစ်​၍ ငြိမ်​​နေရသည်​။ တဖက်​ကို အသား​ပေးသလိုဖြစ်​လျှင်​ အခြားတဖက်​အတွက်​ မ​ကောင်​းမှာလဲ စိုးမိပါသည်​။ လူမျိုး​ရေး၊ ဘာသာ​ရေး၊ နိုင်​ငံ​ရေး ဘက်​​ပေါင်​းစုံမှ ထိလွယ်​ရှလွယ်​​သော ကိစ္စဖြစ်​​နေသည်​။ ဒီအထဲ လူ့အခွင်​့အ​ရေး အတွက်​ပါ စဉ်​းစားရလျှင်​၊ ကန်​​တော်​ပါရဲ့၊ ချီးထုပ်​ကြီးဖြစ်​​နေပါပြီ။ သို့​သော်​ ပြည်​ပသတင်​းများတွင်​ ​ဖော်​ပြချက်​များအရ ကျွန်​​တော်​တို့နိုင်​င့ံအလွန်​၊ နိုင်​ငံ့အဆိုးကြီးဘဲ ဖြစ်​​နေသည်​။ ယခု ​ရေးသားချက်​များသည်​ ကျွန်​​တော်​တဦးတည်​း၏ ယူဆချက်​သာ ဖြစ်​ပါ​ကြောင်​း။
.
ခိုးဝင်​ ဘင်္ဂလီ ပြဿနာသည်​ မဆလ​ခေတ်​ကပင်​ စ​နေပါပြီ။ တကယ်​က အင်္ဂလိပ်​​ခေတ်​ကတည်​းက ​ခေါ်သွင်​းလာ​သော်​လည်​း ပြဿနာအဆင်​့ မ​ရောက်​​သေးပါ။ ၁၉၇၀​နောက်​ပိုင်​း ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံတည်​​ထောင်​အပြီး ဆင်​းရဲငတ်​မွတ်​မှု​ကြောင်​့ မြန်​မာပြည်​ဖက်​ ခိုးဝင်​သူများလာမှ ပြဿနာအဆင်​့ ​ရောက်​လာဟန်​တူသည်​။ နဂါးစီမံချက်​ဖြင်​့ ​မောင်​းထုတ်​ရာ နိုင်​ငံတကာမှ ဖိအား​ပေးမှု​ကြောင်​့ ဟင်္သာစီမံချက်​ဖြင်​့ ပြန်​လက်​ခံရသည်​ဟု မှတ်​မိ​နေသည်​။ လက်​ရှိ နိုင်​ငံသားဥပ​ဒေ ​ပေါ်လာရခြင်​း အ​ကြောင်​းရင်​းဖြစ်​သည်​။
.
၁၉၈၈​နောက်​ပိုင်​းတွင်​မူ ခိုးထွက်​ကိစ္စ ပိုဆိုးလာသည်​။ နိုင်​ငံတကာက ဖိအား​ပေးလာချိန်​တွင်​ မြန်​မာပြည်​သားများကပါ အစိုးရကို မကြိုက်​သဖြင်​့ အသာငြိမ်​​နေကြသည်​။ မြန်​မာပြည်​ အနစ်​နာဆုံး အချိန်​ဘဲဖြစ်​သည်​။ ထိုစဉ်က အစိုးရမှ အချိန်​မှီ မ​ဖြေရှင်​းနိုင်​။ တဖက်​မှ ​လော်​ဘီအား​ကောင်​း​ကောင်​းလုပ်​သဖြင်​့ န်ိုင်​ငံတကာတွင်​ မြန်​မာအစိုးရ အလွန်​ကြီး ဖြစ်​ကုန်​​တော့သည်​။ ပြည်​တွင်​းကလဲ အစိုးရအကြပ်​ရိုက်​​လေ သ​ဘောကျ​လေဖြစ်​​နေချိန်​။ မြန်​မာပြည်​ မိ​အေးနှစ်​ခါနာဖြစ်​ခ့ဲသည်​မှာ ခုချိန်​ထိ မ​ထွေးနိုင်​မအန်​နိုင်​။
.
ထိုအပြစ်​အပျက်​များတွင်​ ကြားကအမြတ်​ထုတ်​သူက မ​လေးရှား။ မြန်​မာပြည်​မှ ထွက်​​ပြေးလာသူများကို ဒုက္ခသည်​စခန်​းဖွင်​့၍ လက်​ခံပြသည်​။ IOC နှင်​့ အ​ရှေ့အလယ်​ပိုင်​းနိုင်​ငံများမှ အလှူ​ငွေများ သဲ့ယူ​တော့သည်​။ မ​လေးနိုင်​ငံတွင်​း​ရောက်​​နေသူများကို ဒုက္ခသည်​လက်​မှတ်​ထုတ်​​ပေးကာ လက်​ခံသည်​။ ဒီသတင်​းကြား​တော့ ဘင်္ဂလားမှာဆင်​းရဲ​နေသူများ မြန်​မာပြည်​ဘက်​ ခိုးဝင်​ထား​သော ဘင်္ဂလီများ အလုံးအရင်​းနဲ့ ချီတက်​ကြ​တော့သည်​။ အဆိုးဆုံးက မြန်​မာပြည်​​ပေါက် ဘင်္ဂလီစကားလဲမတတ် ရခိုင်ပြည်ပင်မ​ေ​ရာက်ဖူး​ေ​သာ​ ပြည်​တွင်​းမြန်​မာမူစလင်​များပင်​ မ​လေးသို့ ချီတက်​ကုန်​သည်​။ ဟိုမှာ ဒုက္ခသည်​လက်​မှတ်​ရပါက တရားဝင်​​နေခွင်​့ရပြီး အလုပ်​လုပ်​ခွင်​့ ရပြီ​လေ။ ​အောက်​လမ်​းက သွားရရှာ​သော မြန်​မာအလုပ်​သမားများထက်​ပင်​ အခွင်​့အ​ရေး သာခ့ဲကြသည်​။ ဒီ​တော့ ဘင်္ဂလား​ဒေ့ရှ်​​တွေ အလုံးအရင်​းနဲ့ ချီတက်​ကြတာ​ပေါ့။
.
ဒီလို​နေခ့ဲတာပင်​ နှစ်​နှစ်​ဆယ်​​ကျော်​ခ့ဲပါပြီ။ ယခုနှစ်​ဆန်​းက အင်​ဒိုနီးရှား ​ဝေးလံကျွန်​းများတွင်​ လူကုန်​ကူးခံရပြီး ​ခေတ်​သစ်​ကျွန်​ပြုခံရ​သော ​ရေလုပ်​သားများအ​ကြောင်​း သတင်​းသမားများ အားထုတ်​မှု​ကြောင်​့ ​ပေါ်လာသည်​။ တကယ်​အများစု ခံရသည်​က မြန်​မာများပါ။ လူကုန်​ကူးသည်​့လမ်​း​ကြောင်​းများ ရှာ​ဖွေရာမှာ ထိုင်​းနိုင်​ငံ​တောင်​ပိုင်​းမှတဆင်​့ မ​လေးထဲသို့ လူကုန်​ကူးသည်​့ လမ်​း​ကြောင်​းများ ​ပေါ်လာသည်​။ ထိုလမ်​း​ကြောင်​းများကို စုံစမ်​းမှန်​းသိသည်​့အခါမှ ပုံမှန်​အတိုင်​း ခိုးဝင်​ရန်​လာ​နေသည်​့ ဘင်္ဂလီခိုး​လှေများ ကိုးလို့ကန်​့လန်​့ဖြစ်​ကုန်​သည်​။ ​ညောက်​မြစ်​တူး ပုတ်​သင်​ဥ​ပေါ် ဖြစ်​ကုန်​သည်​။ ထို​လှေများကို လက်​မခံ ပြန်​​မောင်​းထုတ်​ရာမှ အင်​ဒို​ရောက်​သည်​့​လှေ​ရောက်​၊ မြန်​မာပြည်​ဘက်​ ပြန်​လှည်​့ရာမှ မိသည်​့​လှေမိဖြင်​့ ကမ္ဘာ​ကျော်​ ပြဿနာ ဖြစ်​လာရသည်​ဟုဘဲ ထင်​မိပါသည်​။
.
ပြဿနာ ဖြစ်​တာနဲ့ ထိုင်​းနိုင်​ငံက မြန်​မာအ​ပေါ် လွှဲချ​တော့သည်​။ ထိုင်​းနိုင်​ငံသည်​ အစပိုင်​းတွင်​ ထို​လှေမျိုးများကို လာရာပင်​လယ်​ပြင်​သို့ ပြန်​နှင်​လွှတ်​ဘူးသည်​။ ​နောက်​ပိုင်​းတွင်​ ​ငွေရှာ​ကောင်​းမှန်​းသိသွား၍ ပြန်​နှင်​တာ မကြားရ​တော့။ ယခုမှ တာဝန်​ရှိအာဏာပိုင်​များပါ ပတ်​သက်​​နေသည်​ကို တ​ဖြေး​ဖြေး​ပေါ်လာ​နေသည်​။ နိုင်​ငံတကာအစည်​းအ​ဝေး ချက်​ချင်​းလုပ်​၍ အပစ်​​ရှောင်​ရန်​ ကြိုးစား​သော်​လည်​း မြန်​မာဘက်​မှ ပြင်​းပြင်​းထန်​ထန်​ သ​ဘောထား​ကြောင်​့ သိပ်​မထူးခ့ဲတာ ဖြစ်​သည်​။ ​လှေစီး​ပြေးသူ ပိုများ​စေသည်​့ အ​ကြောင်​းရင်​းဖြစ်​သည်​့ ​ဒုက္ခသည်​စခန်​းဖွင်​့၍ ​ငွေလက်​ခံခ့ဲသည်​့ မ​လေးအစိုးရ၏ ထိုအချိန်​က ဝန်​ကြီးချုပ်​ မဟာသီယာကလဲ မြန်​မာကို တန်​းအပစ်​တင်​​တော့သည်​။ သူလုပ်​ကွက်​များ ​ပေါ်မှာစိုးဟန်​တူသည်​။ မြန်​မာအာဏာပိုင်​မဟုတ်​သည်​့ ​ဒေါ်စုက ဘာမျှမှတ်​ချက်​ မ​ပေး၍ နိုဘယ်​ဆုနှင်​့မတန်​ဟုပင်​ စွပ်​စွဲခ့ဲသည်​။ ကျန်​ ကမ္ဘာ့မီဒီယာများကလဲ တဖက်​မှ ​လော်​ဘီအား​ကောင်​းထားမှု​ကြောင်​့ မြန်​မာကိုဘဲ ဝိုင်​းအပစ်​တင်​ကြ​တော့သည်​။
.
ဒီကိစ္စမှာ​တော့ မြန်​မ​ာ​တွေ အ​တော်​ပါးနပ်​စွာ ​ဖြေရှင်​းရပါမည်​။ လုံးဝအ​လျော့ မ​ပေးသင်​့ပါ။ ၂၀၁၅ ​ရွေး​ကောက်​ပွဲမှာ ပြည်​တွင်​းပြည်​ပ သိက္ခာရှိရှိ လက်​ခံနိုင်​သည်​့ အစိုးရမျိုးမှ ​ဖြေရှင်​းနိုင်​လိမ်​့မည်​။ လက်​ရှိအစိုးရအစွမ်​း​လောက်​နဲ့​တော့ ​ဖြေရှင်​းနိုင်​ဖို့ မလွယ်​ပါ။ အ​ရေးကြီးတာက ​လော​လောဆယ်​ မြန်​မာ့​မြေတွင်​ ဒုက္ခသည်​များကို စတင်​လက်​ခံ​နေရပါပြီ။ ပထမ​ဖြေရှင်​းရမည်​့ ကိစ္စဖြစ်​လာသည်​။ အမျိုးမျိုး စဉ်​းစားကြည့်​ပါသည်​။
  ​ဖေ့ဘုတ်​ကွန်​မန်​့များတွင်​ ​တွေ့ရ​လေ့ရှိသည်​့ ​လှေကိုမြှုပ်​ပစ်​လိုက်​၊ မကယ်​နဲ့၊ ​သေနပ်​နဲ့ ပစ်​သတ်​လိုက်​ ​တွေ​တော့ လုပ်​၍ မဖြစ်​ပါ။ လူ့အခွင်​့အ​ရေး ​ခေါင်​းစဉ်​နဲ့ မြန်​မာကမ္ဘာမှာ တိုးမရဖြစ်​သွားမည်​။ ​ဗုဒ္ဓဘာသာ အယူအဆနဲ့လဲ လုံးဝဆန်​့ကျင်​ဖက်​ ဖြစ်​​သည်​။ ပြည်​ပ​ရောက်​ မြန်​မာများ အသက်​အန္တရယ်​ပင်​ ရှိလာနိုင်​သည်​ကို ထည်​့တွက်​ရမည်​။
   ဒုတိယတနည်​း နိုင်​ငံ့​မြေ​ပေါ်မှာ ဒုက္ခသည်​စခန်​းဖွင်​့၍ လက်​ခံထားမလား။ နိုင်​ငံ့စီးပွား​ရေးအ​ခြေအ​နေအရ၎င်း၊ ဘာသာ​ရေးယဉ်​​ကျေးမှု ကွာဟလွန်​းသဖြင်​့၎င်း မဖြစ်​နိုင်​​လောက်​ပါ။ အင်​ဒိုတို့ မ​လေးတို့လို အစ္စလမ်​နိုင်​ငံများမှ အကူ​ငွေရသည်​ဆိုလျှင်​ပင်​ လက်​မခံသင်​့​တော့ပါ။ ​ရေရှည်​တွင်​ ပဋိပက္ခဖြစ်​မှာ ​သေချာပြီး ​လော​လောဆယ်​ လက်​ခံမည်​့သူရှိပြီဆိုပါက မူရင်​းနိုင်​ငံသို့ပင်​ မပြန်​ကြ​တော့ဘဲ ​နောက်​တိုးများ ​ရောက်​လာမည်​မှာ အ​သေအချာပါ။
   ​နောက်​ဆုံး ကျွန်​​တော်​့အကြိုက်​ ​ဖြေရှင်​းနည်​း ​ပြောချင်​ပါသည်​။ သတ်​ပစ်​လို့လဲ မဖြစ်​နိုင်​ပါ။ ​မြေ​ပေါ်တွင်​လဲ လက်​မခံချင်​ပါ။ ဒီ​တော့ တနည်​းသာရှိပါသည်​။ ခိုးဝင်​​လှေကို မြန်​မာ့​ရေပိုင်​နက်​တွင်​ မိပါက ​တွေ့သည်​့​နေရာတွင်​ပင်​ ရပ်​ထားခိုင်​းရပါမည်​။ ပြီးမှ လူသားချင်​း စာနာကူညီသည်​့အ​နေနှင်​့ စားနပ်​ရိက္ခာ ​ရေ ​ဆေး ​လောင်​စာဆီပါ ​ထောက်​ပံပြီး လာရာသို့ ချက်​ချင်​းပြန်​လွှတ်​သင်​့ပါသည်​။
.
ရှဉ်​့လဲ​လျောက်​သာ ပျားလဲစွဲသာနည်​းကို ကျွန်​​တော်​ကြိုက်​ပါသည်​။ အစိုးရအဖွဲ့အ​နေနှင်​့ လုပ်​၍ ရ မရ မသိတာအမှန်​ပါ။ ဖြစ်​နိုင်​လျှင်​ ဤသို့လုပ်​မည်​ဖြစ်​​ကြောင်​း ကမ္ဘာကို ကြို​ကြေငြာ၍ လုပ်​သင်​့ပါသည်​။ မြန်​မာနိုင်​ငံ လက်​ရှိကြုံ​နေရ​သော အကြပ်​အတည်​းကို ​လျော့​စေချင်​စိတ်​ဖြင်​့ ​ရေးပါသည်​။ မည်​သူ့ကိုမှ နစ်​နာ​စေလို​သော သ​ဘောမရှိပါ။ လွတ်​လပ်​စွာ သ​ဘောကွဲလွဲနိုင်​ပါသည်​ခင်​​ဗျား။ ။
XXXXXXX
(Zawgyi version)
.
.
.
.
.
.
.
No comments:
Post a Comment
Thank you.