21 June 2015

မိဘ အ​မွေ

(Unicode version)

​ဒေါ်စု​မွေး​နေ့ လွန်​ခ့ဲပါပြီ။ facebook.com လက်​လှမ်​းမမှီတ့ဲ ​နေရာ​ရောက်​​နေလို့ ​မွေး​နေ့ဆု မ​တောင်​းလိုက်​ရပါ။ ခုမှ ပြန်​ကြည်​့​တော့ ဆု​တောင်​း​တွေ အများကြီး ​တွေ့ရပါတယ်​။ အသက်​ရှည်​ပါ​စေ​ကြောင်​းနဲ့ သမတဖြစ်​ပါ​စေ​ကြောင်​း​ပေါ့။ အကြွင်​းမ့ဲ ​ထောက်​ခံ ဆု​တောင်​းလိုက်​ပါတယ်​။

.

​ဒေါ်စုက ပြန်​​ပြောတာ​လေးလဲ သ​ဘောကျလို့ ပြန်​​ပြောရဦးမယ်​။ ​မွေး​နေ့လက်​​ဆောင်​အဖြစ်​ NLD ကို မဲ​ပေးကြပါ တ့ဲ။ ကဲ နိုဝင်​ဘာ​ရောက်​ယင်​ မဲ​ပေးလိုက်​ကြပါဦးစို့။

.

​အောက်​ကလိအာတာ​လေး တခု ဖတ်​မိ​တော့ မှန်​လွန်​းလို့ ပြန်​​ပြောချင်​ပြန်​​ရော။

" ​ဒေါ်စုက အစက ဘာမှ မဟုတ်​ပါဘူး၊ ​ဗိုလ်​ချုပ်​သမီးဆိုတာနဲ့ နာမည်​ထွက်​လာတာပါ၊ " တ့ဲ။ မှန်​လိုက်​တာ​ဗျာ။ ပင်​ကိုယ်​အရည်​အ​သွေး ဘယ်​​လောက်​ပဲ ရှိရှိ၊ လူသိများလာဖို့ လိုတာ​ပေါ့။ အစ​လေး စဖို့ လိုတာ​ပေါ့။ ​ဒေါ်စုရဲ့ ပင်​ကိုအရည်​အ​သွေး​တွေ နှစ်​နှစ်​ဆယ်​​ကျော်​ ​တွေ့ခ့ဲကြပြီဆို​တော့ မ​ပြော​တော့ပါဘူး။ မခံချင်​စိတ်​နဲ့ ဟို ဦး​အောင်​ဆန်​းဦးကြီး​ရောလို့လဲ မ​ပြော​တော့ပါဘူး။

.

​ပြောချင်​တာက "​ဗိုလ်​ချုပ်​သမီးမို့ပါ" ဆိုတာပါ။ ဒီလို ဖြစ်​လာဖို့ရာ ​ဗိုလ်​ချုပ်​ရဲ့ အရည်​အချင်​း စာရိတ္တ ထူးချွန်​မှု ရိုးသားမှု ဘက်​​ပေါင်​းစုံ ပြည်​့စုံခ့ဲလို့ပါ။ ​ဗိုလ်​ချုပ်​ကို ကြည်​ညိုလွန်​း​တော့၊ ဟုတ်​ပါတယ်​၊ ​ဗိုလ်​ချုပ်​သမီးဆိုတာနဲ့ လက်​ခံကြ​တော့တာ​ပေါ့။ ဒါကို လက်​ရှိ ​ခေါင်​း​ဆောင်​များ သတိထား​စေချင်​တာပါ။ ဂဠုန်​ဦး​စောသမီး ဘယ်​​နေရာမှ ပွဲမတိုး​တော့ပါဘူး။ တခါက အာဏာရှင်​ကြီး ​ဗိုလ်​ချုပ်​​နေဝင်​း သားသမီး မ​ပြောနဲ့။ ​မြေး​တွေ လူ​ရှေ့ထွက်​ယင်​​တောင်​ အဆဲခံ​နေရပါတယ်​။ ​ရှေးကို ထားလိုက်​ ။ ခုချိန်​မှာ​တောင်​ ​ဗိုလ်​ချုပ်​သန်​း​ရွှေ သားသမီး​တွေ ခပ်​ရှိုရှို ဖြစ်​​နေကြပါပြီ။ အရင်​ကလို စွာကျယ်​ကျယ်​ လုပ်​လို့မလွယ်​​တော့ပါ။ သူတို့အ​ဖေ မရှိ​တော့ယင်​ ကျွန်​​တော်​ ကျွန်​မတို့ ဘယ်​သူ့သားပါ၊ ဘယ်​သူ့သမီးပါ မ​ပြောရဲ​အောင်​ဖြစ်​မှာ မြင်​​နေပါပြီ။

.

နိုင်​ငံရဲ့ အနာဂတ်​ကို ​ပြောင်​းနိုင်​တ့ဲ သူများ သိ​စေချင်​ပါတယ်​။ ခုအချိန်​မှာ ကိုယ်​့သားသမီး ကိုယ်​မရှိ​တော့မယ်​့ အချိန်​မှာ ​ခေါင်​းမ​ဖော်​နိုင်​​အောင်​ လုပ်​သွားကြမှာလား။ ပိုက်​ဆံ​တွေ​တော့ အများကြီးထား​ပေးခ့ဲပါရဲ့၊ အ​ဖေနာမည်​ကို​တော့ အသံကျယ်​ကျယ်​ မ​ပြောရဲ​အောင်​ လုပ်​သွားကြ​တော့မှာလား။ သားသမီး​တွေပါမက ​မြေးမြစ်​အထိ ထိခိုက်​​အောင်​ မလုပ်​ကြပါနဲ့။ ခုအချိန်​သည်​ အ​ပြောင်​းအလဲလုပ်​ဖို့ အချိန်​​ကောင်​း ဖြစ်​ပါတယ်​။ မိမိရဲ့သား​သမီး​တွေ အ​ဖေအမည်​ ရင်​​ကော့​ပြောနိုင်​​အောင်​ လုပ်​ခ့ဲဖို့ အချိန်​​ကောင်​း ဖြစ်​ပါတယ်​။ ရှဉ်​့လဲ​လျှောက်​သာ ပျားလဲစွဲသာ လုပ်​ရုံနဲ့ တသက်​လုံး နာမည်​​ကောင်​းကျန်​​အောင်​ လုပ်​လို့ရတ့ဲအချိန်​ပါ။ သက်​ဆိုင်​သူ​တွေ လုပ်​ပြသွားကြဖို့ တိုက်​တွန်​းပါရ​စေ။ ။

XxXxXx

(Zawgyi version)

​ေဒၚစု​ေမြး​ေန႔ လြန္​ခ့ဲပါၿပီ။ facebook.com လက္​လွမ္​းမမွီတ့ဲ ​ေနရာ​ေရာက္​​ေနလို႔ ​ေမြး​ေန႔ဆု မ​ေတာင္​းလိုက္​ရပါ။ ခုမွ ျပန္​ၾကည္​့​ေတာ့ ဆု​ေတာင္​း​ေတြ အမ်ားႀကီး ​ေတြ႔ရပါတယ္​။ အသက္​႐ွည္​ပါ​ေစ​ေၾကာင္​းနဲ႔ သမတျဖစ္​ပါ​ေစ​ေၾကာင္​း​ေပါ့။ အႂကြင္​းမ့ဲ ​ေထာက္​ခံ ဆု​ေတာင္​းလိုက္​ပါတယ္​။
.
​ေဒၚစုက ျပန္​​ေျပာတာ​ေလးလဲ သ​ေဘာက်လို႔ ျပန္​​ေျပာရဦးမယ္​။ ​ေမြး​ေန႔လက္​​ေဆာင္​အျဖစ္​ NLD ကို မဲ​ေပးၾကပါ တ့ဲ။ ကဲ ႏိုဝင္​ဘာ​ေရာက္​ယင္​ မဲ​ေပးလိုက္​ၾကပါဦးစို႔။
.
​ေအာက္​ကလိအာတာ​ေလး တခု ဖတ္​မိ​ေတာ့ မွန္​လြန္​းလို႔ ျပန္​​ေျပာခ်င္​ျပန္​​ေရာ။
" ​ေဒၚစုက အစက ဘာမွ မဟုတ္​ပါဘူး၊ ​ဗိုလ္​ခ်ဳပ္​သမီးဆိုတာနဲ႔ နာမည္​ထြက္​လာတာပါ၊ " တ့ဲ။ မွန္​လိုက္​တာ​ဗ်ာ။ ပင္​ကိုယ္​အရည္​အ​ေသြး ဘယ္​​ေလာက္​ပဲ ႐ွိ႐ွိ၊ လူသိမ်ားလာဖို႔ လိုတာ​ေပါ့။ အစ​ေလး စဖို႔ လိုတာ​ေပါ့။ ​ေဒၚစုရဲ႕ ပင္​ကိုအရည္​အ​ေသြး​ေတြ ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​ ​ေတြ႔ခ့ဲၾကၿပီဆို​ေတာ့ မ​ေျပာ​ေတာ့ပါဘူး။ မခံခ်င္​စိတ္​နဲ႔ ဟို ဦး​ေအာင္​ဆန္​းဦးႀကီး​ေရာလို႔လဲ မ​ေျပာ​ေတာ့ပါဘူး။
.
​ေျပာခ်င္​တာက "​ဗိုလ္​ခ်ဳပ္​သမီးမို႔ပါ" ဆိုတာပါ။ ဒီလို ျဖစ္​လာဖို႔ရာ ​ဗိုလ္​ခ်ဳပ္​ရဲ႕ အရည္​အခ်င္​း စာရိတၱ ထူးခြၽန္​မႈ ႐ိုးသားမႈ ဘက္​​ေပါင္​းစံု ျပည္​့စံုခ့ဲလို႔ပါ။ ​ဗိုလ္​ခ်ဳပ္​ကို ၾကည္​ညိဳလြန္​း​ေတာ့၊ ဟုတ္​ပါတယ္​၊ ​ဗိုလ္​ခ်ဳပ္​သမီးဆိုတာနဲ႔ လက္​ခံၾက​ေတာ့တာ​ေပါ့။ ဒါကို လက္​႐ွိ ​ေခါင္​း​ေဆာင္​မ်ား သတိထား​ေစခ်င္​တာပါ။ ဂဠဳန္​ဦး​ေစာသမီး ဘယ္​​ေနရာမွ ပြဲမတိုး​ေတာ့ပါဘူး။ တခါက အာဏာ႐ွင္​ႀကီး ​ဗိုလ္​ခ်ဳပ္​​ေနဝင္​း သားသမီး မ​ေျပာနဲ႔။ ​ေျမး​ေတြ လူ​ေ႐ွ႕ထြက္​ယင္​​ေတာင္​ အဆဲခံ​ေနရပါတယ္​။ ​ေ႐ွးကို ထားလိုက္​ ။ ခုခ်ိန္​မွာ​ေတာင္​ ​ဗိုလ္​ခ်ဳပ္​သန္​း​ေရႊ သားသမီး​ေတြ ခပ္​႐ိႈ႐ိႈ ျဖစ္​​ေနၾကပါၿပီ။ အရင္​ကလို စြာက်ယ္​က်ယ္​ လုပ္​လို႔မလြယ္​​ေတာ့ပါ။ သူတို႔အ​ေဖ မ႐ွိ​ေတာ့ယင္​ ကြၽန္​​ေတာ္​ ကြၽန္​မတို႔ ဘယ္​သူ႔သားပါ၊ ဘယ္​သူ႔သမီးပါ မ​ေျပာရဲ​ေအာင္​ျဖစ္​မွာ ျမင္​​ေနပါၿပီ။
.
ႏိုင္​ငံရဲ႕ အနာဂတ္​ကို ​ေျပာင္​းႏိုင္​တ့ဲ သူမ်ား သိ​ေစခ်င္​ပါတယ္​။ ခုအခ်ိန္​မွာ ကိုယ္​့သားသမီး ကိုယ္​မ႐ွိ​ေတာ့မယ္​့ အခ်ိန္​မွာ ​ေခါင္​းမ​ေဖာ္​ႏိုင္​​ေအာင္​ လုပ္​သြားၾကမွာလား။ ပိုက္​ဆံ​ေတြ​ေတာ့ အမ်ားႀကီးထား​ေပးခ့ဲပါရဲ႕၊ အ​ေဖနာမည္​ကို​ေတာ့ အသံက်ယ္​က်ယ္​ မ​ေျပာရဲ​ေအာင္​ လုပ္​သြားၾက​ေတာ့မွာလား။ သားသမီး​ေတြပါမက ​ေျမးျမစ္​အထိ ထိခိုက္​​ေအာင္​ မလုပ္​ၾကပါနဲ႔။ ခုအခ်ိန္​သည္​ အ​ေျပာင္​းအလဲလုပ္​ဖို႔ အခ်ိန္​​ေကာင္​း ျဖစ္​ပါတယ္​။ မိမိရဲ႕သား​သမီး​ေတြ အ​ေဖအမည္​ ရင္​​ေကာ့​ေျပာႏိုင္​​ေအာင္​ လုပ္​ခ့ဲဖို႔ အခ်ိန္​​ေကာင္​း ျဖစ္​ပါတယ္​။ ႐ွဥ္​့လဲ​ေလွ်ာက္​သာ ပ်ားလဲစြဲသာ လုပ္​ရံုနဲ႔ တသက္​လံုး နာမည္​​ေကာင္​းက်န္​​ေအာင္​ လုပ္​လို႔ရတ့ဲအခ်ိန္​ပါ။ သက္​ဆိုင္​သူ​ေတြ လုပ္​ျပသြားၾကဖို႔ တိုက္​တြန္​းပါရ​ေစ။ ။ 

No comments:

Post a Comment

Thank you.