11 June 2015

အမုန်းစကား

 (Unicode version)

    အမုန်​းစကား တ့ဲ။ မြန်​မာစကားလုံး အဖြစ်​ သုံး​လေ့မရှိပါ။ ​ဖေ့ဘုတ်​တွင်​ကျယ်​လာပြီး အ​တော်​ကြာကြာအထိ မသုံးကြ​သေးပါ။ ကျွန်​​တော်​့အထင်​ ရခိုင်​ပြည်​နယ်​မှ အမှုဖြစ်​ပြီး​နောက်​​လောက်​မှ အသုံးများလာဟန်​တူပါသည်​။ တဖက်​နဲ့တဖက်​ ပိုမိုစိတ်​ဆိုးလာ​အောင်​ စကားစစ်​ထိုးရာမှ စခ့ဲသည်​။ hate speech ကို ဘာသာပြန်​ခ့ဲတာပါ။

.

ယ​နေ့ ​ဖေ့ဘုတ်​ကွန်​မန်​့များတွင်​ ရာခိုင်​နှုန်​း ​တော်​​တော်​များများ အမုန်​းစကား ဖြစ်​​နေသည်​။ ကိုယ်​ပိုင်​စာမျက်​နှာများတွင်​ မသိသာ​သော်​လည်​း အများနှင်​့ဆိုင်​​သော ​page များတွင်​ ​တော်​​တော်​ဆိုးပါသည်​။ ဘာသာ​ရေးတိုက်​ခိုက်​မှု ပါတီအ​ရေးတိုက်​ခိုက်​မှု ပုဂိ္ဂုလ်​​ရေးတိုက်​ခိုက်​ယုံမက အသားလွတ်​ ဆဲဆိုသည်​များ ​တွေ့​နေရသည်​။ အ​ပေါ်က ပို့စ်​နှင်​့ ဘာမျှမဆိုင်​ဘဲ ကွန်​မန်​့​ပေးသူ အချင်​းချင်​း ဆဲ​နေကြသည်​ကိုလဲ အံ့သြစရာ ​တွေ့မိသည်​။ အမုန်​းစကား ဆို​နေကြသည်​​ပေါ့။

.

ကျွန်​​တော်​ ကွန်​မန်​့​တွေ ဖတ်​​လေ့နဲပါသည်​။ တ​နေ့က 7Day သတင်​း ပို့စ်​ အ​​ဟောင်း ​တချို့ဖတ်​ကြည်​့ရာ အပြန်​အလှန်​ အမုန်​းစကား ဆို​နေကြတာ ​တွေ့ရသည်​။ သူတို့အဆို စစ်​အုပ်​စုနှင်​့ ဒီမို​တွေပါ။ တခုသတိထားမိသည်​က ဒီမိုဘက်​မှ ဆဲထားလျှင်​ like နဲသည်​။ တ​ယောက်​ချင်​းသာ အမုန်​းစကား ဆို​နေတာများသည်​။ ကျန်​တဖက်​မှ ပြန်​အမုန်​းစကားဆိုလျှင်​ ထိုကွန်​မန်​့ကို like သူ များတတ်​သည်​။ အဖွဲ့အစည်​းနှင်​့ လုပ်​သည်​့ပုံ​ပေါ်​နေတာ သတိထားမိပါသည်​။ သူများဆဲထားတာ ဝိုင်​း​ထောက်​ခံသည်​အထိ​တော့ မြန်​မာ​တွေ မရိုင်​းဟု ထင်​သည်​။

.

ထိုသို့ အပြန်​အလှန်​ မန်​့​နေသူများ၏ ကိုယ်​ပိုင်​​ပေ့ချ်​ အချို့သို့သွားကြည်​့ရာ တခုမှ အစစ်​အမှန်​ မဟုတ်​တာ ​တွေ့ရသည်​။ တချို့ဆို့ ဘာပို့စ်​မှ တင်​မထား။ အ​ကောင်​့ဖွင်​့တာလဲ လပိုင်​းမျှသာ ရှိ​သေးတတ်​သည်​။ အမုန်​းစကား ဆိုဖို့ အ​ကောင်​့အသစ်​ဖွင်​့ထားသလို ဖြစ်​​နေသည်​။

.

​ဖေ့ဘုတ်​သည်​ မြန်​မာ​တွေ အကြိုက်​ဖြစ်​​နေသည်​။ ကျွန်​​တော်​တို့ ​ဗမာအများစုသည်​ မျက်​နှာချင်​းဆိုင်​ ​ဆွေး​နွေးကြလျှင်​ ဘာမျှမ​ဆွေး​နွေးကြ။ အစည်​းအ​ေ၀းခန်​းမှ ထွက်​သည်​နှင်​့ အလကားပါဘဲဟု စ ကာ အပြစ်​​ပြောကြ​တော့သည်​။ အထဲမှာတုံးက​တော့ အဆင်​​ပြေ​နေ သ​ယောင်​​ယောင်​။ ​ဖေ့ဘုတ်​မှာ​တော့ နာမည်​ဝှက်​နှင်​့ အ​ကောင်​့ဖွင်​့ပြီး ​ဝေဖန်​​လေကန်​လို့ရ​တော့ အ​တော်​ဖြစ်​​နေသည်​။ ​ဗမာထုကြီး စိတ်​မဆိုးကြပါနှင်​့။ ကျွန်​​တော်​ကိုယ်​တိုင်​လဲ ဒီလိုပါဘဲ။

.

တကယ်​က လွတ်​လပ်​စွာ မိမိအမြင်​ကို တင်​ပြ၍ ရပါသည်​။ အများကို ချပြသည်​ ဖြစ်​​သော​ကြောင်​့ ဝိုင်​း​ဝေဖန်​နိုင်​ပါသည်​။ အသားလွတ်​ဆဲ​နေတာ အကျိုးမရှိပါ။ မူလပြဿနာများ ပိုကြီးထွားလာဖို့သာ ရှိပါသည်​။ သို့​သော်​ အမုန်​းစကားသည်​ ဆဲတာသာမက ရန်​လိုသည်​့ စကားလုံးများလဲ အကြုံးဝင်​ပါမည်​။ အထူးသဖြင်​့ နိုင်​ငံ့​ခေါင်​း​ဆောင်​များသည်​ အများ၏ မျက်​စိ ​ဒေါက်​​ထောက်​အကြည်​့ခံ​နေရသဖြင်​့ ပိုသတိထားသင်​့သည်​ ထင်​သည်​။ ဟိုတ​နေ့က ​ရွေး​ကော်​ဥက္ကဌ ဦးတင်​​အေး သတင်​းစာရှင်​းပွဲတွင်​ ​ပြောခ့ဲသည်​များမှာ အမုန်​းစကားဖြစ်​​နေသည်​။ ရှင်​းလိုက်​မှ ရန်​လိုသလိုဖြစ်​​နေသည်​။ စာထုတ်​ရှင်​းလျှင်​​သော်​၎င်း၊ အခြားအဖွဲ့ဝင်​အဆင်​့ကို ရှင်​းခိုင်​းလျှင်​၎င်း သူ့အတွက်​ ပိုအကျိုးမြင်​မိပါသည်​။

.

ဤ​နေရာတွင်​ သမတဦးသိန်​းစိန်​ အမုန်​းစကား ​ပြော​လေ့မရှိပါ။ သို့​သော်​ ဟိုတ​နေ့က သူ့တပည်​့က သရက်​သီး သမတကြီးကြည်​့​နေပုံနှင်​့တွဲ၍ အမုန်​းစကား ဆို​တော့ အ့ံသြမိသည်​။ ပိုအံ့သြမိသည်​က ဥိ်​း​ရွှေမန်​းကို ဆို​သော​ကြောင်​့ပါ။ ဘာအကျိုးရှိမည်​မသိ၊ အမုန်​း စ ​တော့ ထွက်​ခ့ဲပြီ။

.

​ဖေ့ဘုတ်​ကြီး တွင်​ကျယ်​​နေသ​ရွေ့​တော့ ကွန်​မန်​့​တွေ ​ပေး​နေကြမှာပါဘဲ။ ကွန်​မန်​့​တွေ ​ပေး​နေသ​ရွေ့​တော့ အမုန်​းစကား​တွေ ဆို​နေကြမှာပါဘဲ။ တခုဘဲ ကံ​ကောင်​းပါသည်​။ ​ဗမာစကားကို မြန်​မာ​တွေဘဲ နားလည်​သည်​့ အတွက်​​ကြောင်​့ပါ။ ဘယ်​လို သ​ဘောရကြပါသလဲ ခင်​ဗျာ ။ ။

XxXxXx

(Zawgyi version)

   အမုန္​းစကား တ့ဲ။ ျမန္​မာစကားလံုး အျဖစ္​ သံုး​ေလ့မ႐ွိပါ။ ​ေဖ့ဘုတ္​တြင္​က်ယ္​လာၿပီး အ​ေတာ္​ၾကာၾကာအထိ မသံုးၾက​ေသးပါ။ ကြၽန္​​ေတာ္​့အထင္​ ရခိုင္​ျပည္​နယ္​မွ အမႈျဖစ္​ၿပီး​ေနာက္​​ေလာက္​မွ အသံုးမ်ားလာဟန္​တူပါသည္​။ တဖက္​နဲ႔တဖက္​ ပိုမိုစိတ္​ဆိုးလာ​ေအာင္​ စကားစစ္​ထိုးရာမွ စခ့ဲသည္​။ hate speech ကို ဘာသာျပန္​ခ့ဲတာပါ။
.
ယ​ေန႔ ​ေဖ့ဘုတ္​ကြန္​မန္​႔မ်ားတြင္​ ရာခိုင္​ႏႈန္​း ​ေတာ္​​ေတာ္​မ်ားမ်ား အမုန္​းစကား ျဖစ္​​ေနသည္​။ ကိုယ္​ပိုင္​စာမ်က္​ႏွာမ်ားတြင္​ မသိသာ​ေသာ္​လည္​း အမ်ားႏွင္​့ဆိုင္​​ေသာ ​page မ်ားတြင္​ ​ေတာ္​​ေတာ္​ဆိုးပါသည္​။ ဘာသာ​ေရးတိုက္​ခိုက္​မႈ ပါတီအ​ေရးတိုက္​ခိုက္​မႈ ပုဂိၢဳလ္​​ေရးတိုက္​ခိုက္​ယံုမက အသားလြတ္​ ဆဲဆိုသည္​မ်ား ​ေတြ႔​ေနရသည္​။ အ​ေပၚက ပို႔စ္​ႏွင္​့ ဘာမွ်မဆိုင္​ဘဲ ကြန္​မန္​႔​ေပးသူ အခ်င္​းခ်င္​း ဆဲ​ေနၾကသည္​ကိုလဲ အံ့ၾသစရာ ​ေတြ႔မိသည္​။ အမုန္​းစကား ဆို​ေနၾကသည္​​ေပါ့။
.
ကြၽန္​​ေတာ္​ ကြန္​မန္​႔​ေတြ ဖတ္​​ေလ့နဲပါသည္​။ တ​ေန႔က 7Day သတင္​း ပို႔စ္​ အ​​ေဟာင္း ​တခ်ိဳ႕ဖတ္​ၾကည္​့ရာ အျပန္​အလွန္​ အမုန္​းစကား ဆို​ေနၾကတာ ​ေတြ႔ရသည္​။ သူတို႔အဆို စစ္​အုပ္​စုႏွင္​့ ဒီမို​ေတြပါ။ တခုသတိထားမိသည္​က ဒီမိုဘက္​မွ ဆဲထားလွ်င္​ like နဲသည္​။ တ​ေယာက္​ခ်င္​းသာ အမုန္​းစကား ဆို​ေနတာမ်ားသည္​။ က်န္​တဖက္​မွ ျပန္​အမုန္​းစကားဆိုလွ်င္​ ထိုကြန္​မန္​႔ကို like သူ မ်ားတတ္​သည္​။ အဖြဲ႔အစည္​းႏွင္​့ လုပ္​သည္​့ပံု​ေပၚ​ေနတာ သတိထားမိပါသည္​။ သူမ်ားဆဲထားတာ ဝိုင္​း​ေထာက္​ခံသည္​အထိ​ေတာ့ ျမန္​မာ​ေတြ မ႐ိုင္​းဟု ထင္​သည္​။
.
ထိုသို႔ အျပန္​အလွန္​ မန္​႔​ေနသူမ်ား၏ ကိုယ္​ပိုင္​​ေပ့ခ်္​ အခ်ိဳ႕သို႔သြားၾကည္​့ရာ တခုမွ အစစ္​အမွန္​ မဟုတ္​တာ ​ေတြ႔ရသည္​။ တခ်ိဳ႕ဆို႔ ဘာပို႔စ္​မွ တင္​မထား။ အ​ေကာင္​့ဖြင္​့တာလဲ လပိုင္​းမွ်သာ ႐ွိ​ေသးတတ္​သည္​။ အမုန္​းစကား ဆိုဖို႔ အ​ေကာင္​့အသစ္​ဖြင္​့ထားသလို ျဖစ္​​ေနသည္​။
.
​ေဖ့ဘုတ္​သည္​ ျမန္​မာ​ေတြ အႀကိဳက္​ျဖစ္​​ေနသည္​။ ကြၽန္​​ေတာ္​တို႔ ​ဗမာအမ်ားစုသည္​ မ်က္​ႏွာခ်င္​းဆိုင္​ ​ေဆြး​ေႏြးၾကလွ်င္​ ဘာမွ်မ​ေဆြး​ေႏြးၾက။ အစည္​းအ​ေ၀းခန္​းမွ ထြက္​သည္​ႏွင္​့ အလကားပါဘဲဟု စ ကာ အျပစ္​​ေျပာၾက​ေတာ့သည္​။ အထဲမွာတံုးက​ေတာ့ အဆင္​​ေျပ​ေန သ​ေယာင္​​ေယာင္​။ ​ေဖ့ဘုတ္​မွာ​ေတာ့ နာမည္​ဝွက္​ႏွင္​့ အ​ေကာင္​့ဖြင္​့ၿပီး ​ေဝဖန္​​ေလကန္​လို႔ရ​ေတာ့ အ​ေတာ္​ျဖစ္​​ေနသည္​။ ​ဗမာထုႀကီး စိတ္​မဆိုးၾကပါႏွင္​့။ ကြၽန္​​ေတာ္​ကိုယ္​တိုင္​လဲ ဒီလိုပါဘဲ။
.
တကယ္​က လြတ္​လပ္​စြာ မိမိအျမင္​ကို တင္​ျပ၍ ရပါသည္​။ အမ်ားကို ခ်ျပသည္​ ျဖစ္​​ေသာ​ေၾကာင္​့ ဝိုင္​း​ေဝဖန္​ႏိုင္​ပါသည္​။ အသားလြတ္​ဆဲ​ေနတာ အက်ိဳးမ႐ွိပါ။ မူလျပႆနာမ်ား ပိုႀကီးထြားလာဖို႔သာ ႐ွိပါသည္​။ သို႔​ေသာ္​ အမုန္​းစကားသည္​ ဆဲတာသာမက ရန္​လိုသည္​့ စကားလံုးမ်ားလဲ အၾကံဳးဝင္​ပါမည္​။ အထူးသျဖင္​့ ႏိုင္​ငံ့​ေခါင္​း​ေဆာင္​မ်ားသည္​ အမ်ား၏ မ်က္​စိ ​ေဒါက္​​ေထာက္​အၾကည္​့ခံ​ေနရသျဖင္​့ ပိုသတိထားသင္​့သည္​ ထင္​သည္​။ ဟိုတ​ေန႔က ​ေရြး​ေကာ္​ဥကၠဌ ဦးတင္​​ေအး သတင္​းစာ႐ွင္​းပြဲတြင္​ ​ေျပာခ့ဲသည္​မ်ားမွာ အမုန္​းစကားျဖစ္​​ေနသည္​။ ႐ွင္​းလိုက္​မွ ရန္​လိုသလိုျဖစ္​​ေနသည္​။ စာထုတ္​႐ွင္​းလွ်င္​​ေသာ္​၎၊ အျခားအဖြဲ႔ဝင္​အဆင္​့ကို ႐ွင္​းခိုင္​းလွ်င္​၎ သူ႔အတြက္​ ပိုအက်ိဳးျမင္​မိပါသည္​။
.
ဤ​ေနရာတြင္​ သမတဦးသိန္​းစိန္​ အမုန္​းစကား ​ေျပာ​ေလ့မ႐ွိပါ။ သို႔​ေသာ္​ ဟိုတ​ေန႔က သူ႔တပည္​့က သရက္​သီး သမတႀကီးၾကည္​့​ေနပံုႏွင္​့တြဲ၍ အမုန္​းစကား ဆို​ေတာ့ အ့ံၾသမိသည္​။ ပိုအံ့ၾသမိသည္​က ဥိ္​း​ေရႊမန္​းကို ဆို​ေသာ​ေၾကာင္​့ပါ။ ဘာအက်ိဳး႐ွိမည္​မသိ၊ အမုန္​း စ ​ေတာ့ ထြက္​ခ့ဲၿပီ။
.
​ေဖ့ဘုတ္​ႀကီး တြင္​က်ယ္​​ေနသ​ေရြ႔​ေတာ့ ကြန္​မန္​႔​ေတြ ​ေပး​ေနၾကမွာပါဘဲ။ ကြန္​မန္​႔​ေတြ ​ေပး​ေနသ​ေရြ႔​ေတာ့ အမုန္​းစကား​ေတြ ဆို​ေနၾကမွာပါဘဲ။ တခုဘဲ ကံ​ေကာင္​းပါသည္​။ ​ဗမာစကားကို ျမန္​မာ​ေတြဘဲ နားလည္​သည္​့ အတြက္​​ေၾကာင္​့ပါ။ ဘယ္​လို သ​ေဘာရၾကပါသလဲ ခင္​ဗ်ာ ။ ။

No comments:

Post a Comment

Thank you.