01 November 2013

အရွယ်


(Unicode version)


ကျွန်တော် စဉ်းစားဘူးပါသည်။



ကျွန်တော် ငယ်ငယ်ကတည်းက ကာတွန်းများဖတ်ခ့ဲပါသည်။ တေဇ ရွှေသွေးများမှ အစပြုကာ အတန်အသက်ကြီးလာသောအခါ စံရွှေမြင့် ပြာလောင်ကာတွန်းများအထိ အလွန်နှစ်သက်စွာ ဖတ်ခ့ဲပါသည်။ သို့သော် ယခုထွက်ရှိနေသော ကာတွန်းများကိုဖတ်ကြည့်သောအခါ အယင်လိုဖတ်၍ မကောင်းတော့ပါ။ စက်ရုပ်ကာတွန်းတွေ များနေပြီး သဘာ၀မကျဟု ထင်နေမိသည်။



နောက် ကဗျာများကျောင်းတွင် သင်ရပါသည်။ ပင်ရင်းကဗျာလက်ရွေးစင် နှစ်အုပ်မှကဗျာများကို တော်တော်များများ အလွတ်ရသည်အထိ မှတ်မိနေသည်။ နောင်ကြီးလာသောအခါ မင်းလူတို့ မောင်စိန်၀င်းတို့၏ ကဗျာများကို နှစ်သက်စွာဖတ်ခ့ဲကြပါသည်။ သို့သော် ယခုထွက်ရှိ ကဗျာများကို ဖတ်ကြည့်သောအခါ မကြိုက်တော့ပါ။ ကာရန် အသံများ မရှိတော့ဟုထင်နေမိသည်။



နောက်တစ်ခါ သီချင်းများ နားထောင်တတ်လာပါသည်။ ခင်၀မ်း စိုင်းထီးစိုင် ခင်မောင်တိုးတို့၏ သီချင်းများကို အမြဲညီးနေလေ့ရှိသည်အထိ ကြိုက်နှစ်သက်ခ့ဲပါသည်။သီချင်းစာသားများသည် လွန်စွာလှပသည်ဟု ထင်သည်။ အတီးများသည်လဲ ရိုးသော်လည်း လှပသည်ဟု ထင်ခ့ဲပါသည်။ သို့သော် ယခုထွက်ရှိနေသော သီချင်းများကို နားထောင်ကြည့်သော်လည်း မကြိုက်မိပါ။ တစ်ချို့ဆိုသံချပ်ရွတ်နေသလားဟုပင် ထင်မိပါသည်။



နောက်၀တၳုများ ဖတ်တတ်လာပါသည်။ ၀တၳုအမျိုးအစားမျိုးစုံကို ကြိုက်နှစ်သက်စွာ ဖတ်ခ့ဲပါသည်။ ရွှေဥဒေါင်းမှ အစပြုကာ သော်တာဆွေ ငြိမ်းကျော် မောင်သာရ ၊ အိုအများကြီးပါဘဲ။ သိုင်းစုံထောက် ဟာသအချစ် စွန့်စားခန်း ၀တၳုမျိုးစုံကို ဖတ်ခ့ဲပါသည်။စာမျိုးစုံကို မိမိကမ္ဘာဟုပင် ထင်နေခ့ဲပါသည်။ သို့သော် ယခုထွက်ရှိနေသော ၀တၳုများကိုဖတ်ကြည့်သောအခါ တစ်ခုခုလိုနေသလို ပေါ့တော့တော့ဖြစ်နေသလို ထင်နေမိပါသည်။



နောက်ပိုင်း ရုပ်ရှင်ကြည့်တတ်လာပါသည်။ ဇတ်လမ်းများက လွန်စွာစိတ်၀င်စားစရာ ကောင်းပါသည်။ ရီစရာဆိုလျှင်လည်း ရီစရာမို့၊ လွမ်းစရာဆိုလျှင်လည်း လွမ်းစရာမို့ လွန်စွာနစ်မြောသွားလေ့ရှိပါသည်။ သရုပ်ဆောင်များဆိုလျှင် လည်းပရိဿတ်များအပေါ် လွန်စွာလွမ်းမိုးခ့ဲပါသည်။ အထူးသဖြင့် ကျွန်တော်တို့ ကိုကျော်ပေါ့။ သူ ဘောင်းဘီ၀တ်လျှင် လူငယ်တွေ လိုက်၀တ်ကြသည်။ သူ ဦးထုပ်ဆောင်းလျှင် လိုက်ဆောင်းကြသည်အထိ လွမ်းမိုးခ့ဲပါသည်။ သို့သော်ယနေ့ရုပ်ရှင်များကို ကျွန်တော်တို့ ခေတ်စကားအရပြောရလျှင် ဖီး( FEEL ) မဖြစ်တော့ပါ။



ဒါဆိုယင် ခုလက်ရှိ အနုပညာတွေ မကောင်းတော့တာလား စဉ်းစားမိတာပါ။ ကျွန်တော်တို့ငယ်စဉ်က ကြိုက်နှစ်သက်သော အနုပညာများကို ထိုစဉ်ကလူကြီးများကမကြိုက်ခ့ဲပါ။ တစ်ချို့ဆို ပြင်းထန်စွာ ရှုပ်ချခံရမှုပင် ဖြစ်ခ့ဲပါသည်။ ယခုလက်ရှိထွက်နေသော အနုပညာများကို လက်ရှိလူငယ်များ လွန်စွာနှစ်သက်နေသည်ကို သတိထားမိပါသည်။ ဒါဆိုသေချာသွားပါပြီ။ အရွယ်ကွာသွားပြီလေ။ ကျွန်တော်တို့ ၏ အရွယ်နှင့်ခုခေတ် အနုပညာများကို ခံစားနိုင်ခြင်း မရှိတာသာ ဖြစ်ပါလိမ့်မည်။



သို့သော် ကျွန်တော် မလျှော့ချင်သေးပါ။ စောင့်ကြည့်ချင်ပါသေးသည်။ ဒီလူငယ်တွေ ခုသူတို့ နှစ်သက်နေသော သီချင်းများကို နောင်နှစ်သုံးဆယ်ခန့်မှာ ကျွန်တော် ခင်၀မ်းသီချင်းများကို ယနေ့အထိ ညီးနေမိသလို ညီးနေကြဦးမှာလား သိချင်ပါသည်။ ညီးနေကြမြဲဆိုလျှင် သူတိုခေတ် သူတို့သီချင်းဘဲဟုသာ သတ်မှတ်ရပါတော့မည်။ အရွယ်တော်တော် ကွာခ့ဲပြီကိုး။

XxXxXx


(Zawgyi version) 


ကၽြန္ေတာ္ စဥ္းစားဘူးပါသည္။

ကၽြန္ေတာ္ ငယ္ငယ္ကတည္းက ကာတြန္းမ်ားဖတ္ခ့ဲပါသည္။ ေတဇ ေ႐ႊေသြးမ်ားမွ အစျပဳကာ အတန္အသက္ႀကီးလာေသာအခါ စံေ႐ႊျမင့္ ျပာေလာင္ကာတြန္းမ်ားအထိ အလြန္ႏွစ္သက္စြာ ဖတ္ခ့ဲပါသည္။ သို႔ေသာ္ ယခုထြက္႐ွိေနေသာ ကာတြန္းမ်ားကိုဖတ္ၾကည့္ေသာအခါ အယင္လိုဖတ္၍ မေကာင္းေတာ့ပါ။ စက္႐ုပ္ကာတြန္းေတြ မ်ားေနၿပီး သဘာ၀မက်ဟု ထင္ေနမိသည္။

ေနာက္ ကဗ်ာမ်ားေက်ာင္းတြင္ သင္ရပါသည္။ ပင္ရင္းကဗ်ာလက္ေ႐ြးစင္ ႏွစ္အုပ္မွကဗ်ာမ်ားကို ေတာ္ေတာ္မ်ားမ်ား အလြတ္ရသည္အထိ မွတ္မိေနသည္။ ေနာင္ႀကီးလာေသာအခါ မင္းလူတို႔ ေမာင္စိန္၀င္းတို႔၏ ကဗ်ာမ်ားကို ႏွစ္သက္စြာဖတ္ခ့ဲၾကပါသည္။ သို႔ေသာ္ ယခုထြက္႐ွိ ကဗ်ာမ်ားကို ဖတ္ၾကည့္ေသာအခါ မႀကိဳက္ေတာ့ပါ။ ကာရန္ အသံမ်ား မ႐ွိေတာ့ဟုထင္ေနမိသည္။

ေနာက္တစ္ခါ သီခ်င္းမ်ား နားေထာင္တတ္လာပါသည္။ ခင္၀မ္း စိုင္းထီးစိုင္ ခင္ေမာင္တိုးတို႔၏ သီခ်င္းမ်ားကို အျမဲညီးေနေလ့႐ွိသည္အထိ ႀကိဳက္ႏွစ္သက္ခ့ဲပါသည္။သီခ်င္းစာသားမ်ားသည္ လြန္စြာလွပသည္ဟု ထင္သည္။ အတီးမ်ားသည္လဲ ႐ိုးေသာ္လည္း လွပသည္ဟု ထင္ခ့ဲပါသည္။ သို႔ေသာ္ ယခုထြက္႐ွိေနေသာ သီခ်င္းမ်ားကို နားေထာင္ၾကည့္ေသာ္လည္း မႀကိဳက္မိပါ။ တစ္ခ်ိဳ႕ဆိုသံခ်ပ္႐ြတ္ေနသလားဟုပင္ ထင္မိပါသည္။

ေနာက္၀တၳဳမ်ား ဖတ္တတ္လာပါသည္။ ၀တၳဳအမ်ိဳးအစားမ်ိဳးစံုကို ႀကိဳက္ႏွစ္သက္စြာ ဖတ္ခ့ဲပါသည္။ ေ႐ႊဥေဒါင္းမွ အစျပဳကာ ေသာ္တာေဆြ ျငိမ္းေက်ာ္ ေမာင္သာရ ၊ အိုအမ်ားႀကီးပါဘဲ။ သိုင္းစံုေထာက္ ဟာသအခ်စ္ စြန္႔စားခန္း ၀တၳဳမ်ိဳးစံုကို ဖတ္ခ့ဲပါသည္။စာမ်ိဳးစံုကို မိမိကမာၻဟုပင္ ထင္ေနခ့ဲပါသည္။ သို႔ေသာ္ ယခုထြက္႐ွိေနေသာ ၀တၳဳမ်ားကိုဖတ္ၾကည့္ေသာအခါ တစ္ခုခုလိုေနသလို ေပါ့ေတာ့ေတာ့ျဖစ္ေနသလို ထင္ေနမိပါသည္။

ေနာက္ပိုင္း ႐ုပ္႐ွင္ၾကည့္တတ္လာပါသည္။ ဇတ္လမ္းမ်ားက လြန္စြာစိတ္၀င္စားစရာ ေကာင္းပါသည္။ ရီစရာဆိုလွ်င္လည္း ရီစရာမို႔၊ လြမ္းစရာဆိုလွ်င္လည္း လြမ္းစရာမို႔ လြန္စြာနစ္ေျမာသြားေလ့႐ွိပါသည္။ သ႐ုပ္ေဆာင္မ်ားဆိုလွ်င္ လည္းပရိႆတ္မ်ားအေပၚ လြန္စြာလြမ္းမိုးခ့ဲပါသည္။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ ကိုေက်ာ္ေပါ့။ သူ ေဘာင္းဘီ၀တ္လွ်င္ လူငယ္ေတြ လိုက္၀တ္ၾကသည္။ သူ ဦးထုပ္ေဆာင္းလွ်င္ လိုက္ေဆာင္းၾကသည္အထိ လြမ္းမိုးခ့ဲပါသည္။ သို႔ေသာ္ယေန႔႐ုပ္႐ွင္မ်ားကို ကၽြန္ေတာ္တို႔ ေခတ္စကားအရေျပာရလွ်င္  ဖီး( FEEL ) မျဖစ္ေတာ့ပါ။

ဒါဆိုယင္ ခုလက္႐ွိ အႏုပညာေတြ မေကာင္းေတာ့တာလား စဥ္းစားမိတာပါ။ ကၽြန္ေတာ္တို႔ငယ္စဥ္က ႀကိဳက္ႏွစ္သက္ေသာ အႏုပညာမ်ားကို ထိုစဥ္ကလူႀကီးမ်ားကမႀကိဳက္ခ့ဲပါ။ တစ္ခ်ိဳ႕ဆို ျပင္းထန္စြာ ႐ႈပ္ခ်ခံရမႈပင္ ျဖစ္ခ့ဲပါသည္။ ယခုလက္႐ွိထြက္ေနေသာ အႏုပညာမ်ားကို လက္႐ွိလူငယ္မ်ား လြန္စြာႏွစ္သက္ေနသည္ကို သတိထားမိပါသည္။ ဒါဆိုေသခ်ာသြားပါၿပီ။ အ႐ြယ္ကြာသြားၿပီေလ။ ကၽြန္ေတာ္တို႔ ၏ အ႐ြယ္ႏွင့္ခုေခတ္ အႏုပညာမ်ားကို ခံစားႏိုင္ျခင္း မ႐ွိတာသာ ျဖစ္ပါလိမ့္မည္။

သို႔ေသာ္ ကၽြန္ေတာ္ မေလွ်ာ့ခ်င္ေသးပါ။ ေစာင့္ၾကည့္ခ်င္ပါေသးသည္။  ဒီလူငယ္ေတြ ခုသူတို႔ ႏွစ္သက္ေနေသာ သီခ်င္းမ်ားကို ေနာင္ႏွစ္သံုးဆယ္ခန္႔မွာ ကၽြန္ေတာ္ ခင္၀မ္းသီခ်င္းမ်ားကို ယေန႔အထိ ညီးေနမိသလို ညီးေနၾကဦးမွာလား သိခ်င္ပါသည္။ ညီးေနၾကၿမဲဆိုလွ်င္ သူတိုေခတ္ သူတို႔သီခ်င္းဘဲဟုသာ သတ္မွတ္ရပါေတာ့မည္။ အ႐ြယ္ေတာ္ေတာ္ ကြာခ့ဲၿပီကိုး။

No comments:

Post a Comment

Thank you.