27 October 2013

ယုံကြည်မှု - ၃


(Unicode version)


ယုံကြည်မှုသည် အရာရာအတွက် အလွန်အရေးပါပါသည်။ ပုဂ္ဂိုလ်ရေးယုံကြည်မှု မှသည် အနည်းနှင့်အများ တစ်ဦးကိုတစ်ဦး ယုံကြည်မှ အလုပ်လုပ်၍ရမည် ဖြစ်ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ယုံကြည်မှု တည်ဆောက်နေရသည့် အချိန်ဖြစ်သည်။ တစ်ဦးကိုတစ်ဦး မယုံကြည်ကြသည်မှာ မြန်မာနိုင်ငံတွင် အ့ံသြစရာကောင်းလောက်အောင် များပြားနေသည်။ ပါတီများအကြား မယုံကြည်မှု၊ တိုင်းရင်းသားများနှင့် မြန်မာများအကြား မယုံကြည်မှု၊ တကယ်က တိုင်းရင်းသားများနှင့် စစ်တပ်အကြား မယုံကြည်မှုဖြစ်သည်။ ၁၉၈၈ခုနောက်ပိုင်း စစ်တပ်နှင့် တိုင်းသူပြည်သားများအကြား ယုံကြည်မှုပျက်ပြားသွားခြင်းသည်လဲ နိုင်ငံအတွက် တော်တော်ကို ၀မ်းနည်းစရာဖြစ်သည်။

ခုလက်ရှိတွင် စာပေလွတ်လပ်ခွင့် နှစ်ငါးဆယ်အတွင်း အမြင့်ဆုံးရနေသည်ကို ငြင်းကြမည် မထင်ပါ။ ဒီအခြေအနေအတိုင်း ရနေမည်ဆိုလျှင် ဘာမျှပြောစရာလိုမည် မထင်ပါ။ သို့သော် ပြန်ကြားရေး၀န်ကြီးဌာနမှ စာနယ်ဇင်းဥပဒေ တင်သောအခါ လက်မခံကြပါ။ တစ်ချို့ ဥပဒေများမှာ လိုသည့်အခါတွင် သုံးရန်ဖြစ်ပြီး လက်ရှိအခြေအနေအတိုင်း လွတ်လပ်ခွင့်ရနေမည်ဟု ပြောသည်ကို လုံး၀ ယုံကြည်မှု မရှိကြပါ။ ခံခ့ဲရသည်ကများပြီကိုး။ အစိုးရကို ပြည်သူများ မယုံကြည်သည်မှာ နှစ်ငါးဆယ် ကြာခ့ဲပြီလေ။

တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း အထူးအဆန်းတွေ ကြားနေရသည်။ အပစ်အခတ်ရပ်စဲရေး အရင်လုပ်ပြီးမှ ဆက်ဆွေးနွေးကြမည်ဆိုသည်ကို တစ်ချို့အဖွဲ့များလက်မခံကြ။ နိုင်ငံရေး ဆက်မဆွေးနွေးမှာ စိုးသောကြောင့်တ့ဲ။ တကယ်က အပစ်အခတ်မရပ်စဲဘဲ ဘယ်လိုဆွေးနွေးကြမှာလဲ။ သူတို့ဖက်ကပြောတာလဲ ဟုတ်သည်။ အပစ်အခတ်လဲရပ်ပြီးရော နိုင်ငံရေး ဆက်လက်မဆွေးနွေးတော့ဘဲ စစ်တပ်များ နေရာယူသွားကြသည်တ့ဲ။ ဒီတစ်ခါ အစိုးရဖက်က တကယ် ငြိမ်းချမ်းရေးလိုချင်၍ လုပ်နေသည်ဟု ကျွန်တော်ထင်သော်လည်း တိုင်းရင်းသားများက ဒီလိုမထင်ကြပါ။ အယင်ကခံဖူးခ့ဲကြပြီကိုး။

ဒီလို တစ်ဦးကိုတစ်ဦး မယုံကြည်ကြလျှင် ဘယ်လိုဆက် အလုပ်လုပ်ကြမှာလဲ။ ကျွန်တော့် အထင်ကိုပြောချင်ပါသည်။ အများနဲ့ အနည်းမယုံ ကြည်ကြလျှင် အများဖက်မှ စ၍ အလျှော့ပေးကာ ဆွေးနွေးမှုကို စတင်ရပါမည်။ အနည်းစုသည် သူတို့၏ လက်ရှိအခြေအနေကို လျှော့သွားမှာအလွန်စိုးရိမ် နေကြပါသည်။ အများစုဖက်က မှားနေသည့်တိုင်အောင် မိမိ၏ လုပ်ရပ်များကို သတိပြုမိလေ့ မရှိပါ။ ထုံးစံ လုပ်နေကြဘဲဟုဆိုကာ အမှတ်တမ့ဲဖြစ်နေတတ်သည်။

ယခုမြန်မာနိုင်ငံ အခြေအနေတွင်လည်း တိုင်းရင်းသားများသည် ( အထူးသဖြင့် လက်နက်ကိုင်များသည် ) လက်ရှိအခြေအနေထက် လျှော့သွားမည်ကို စိုးရိမ်နေကြဟန် တူသည်။ မိမိတပ်စွဲထားသော တောင်ကုန်းများကို စစ်တပ်မှရယူသွားလျှင် နောက်တခါ တိုက်ဖို့မလွယ်ဟု ထင်နေကြပါမည်။ အစိုးရစစ်တပ်မှ ယုံကြည်မှုရအောင် နောက်ဆုတ်ပေးလိုက်ပါက ဆွေးနွေးပွဲများ လွယ်ကူသွားမည်ဟု ထင်ပါသည်။ အင်အားကြီးသူများဖက်က သဘောထားကြီးစွာဖြင့် အစပြုလိုက်ပါမှ ယုံကြည်မှု ခိုင်မာလာမည်ဟု ကျွန်တော်တော့ ထင်ကြောင််းပါခင်ဗျာ။ ။

XxXxXx

(Zawgyi version )


ယံုၾကည္မႈသည္ အရာရာအတြက္ အလြန္အေရးပါပါသည္။ ပုဂၢိဳလ္ေရးယံုၾကည္မႈ မွသည္ အနည္းႏွင့္အမ်ား တစ္ဦးကိုတစ္ဦး ယံုၾကည္မွ အလုပ္လုပ္၍ရမည္ ျဖစ္ပါသည္။
လက္႐ွိျမန္မာႏိုင္ငံတြင္ ယံုၾကည္မႈ တည္ေဆာက္ေနရသည့္ အခ်ိန္ျဖစ္သည္။ တစ္ဦးကိုတစ္ဦး မယံုၾကည္ၾကသည္မွာ ျမန္မာႏိုင္ငံတြင္ အ့ံၾသစရာေကာင္းေလာက္ေအာင္ မ်ားျပားေနသည္။ ပါတီမ်ားအၾကား မယံုၾကည္မႈ၊ တိုင္းရင္းသားမ်ားႏွင့္ ျမန္မာမ်ားအၾကား မယံုၾကည္မႈ၊ တကယ္က တိုင္းရင္းသားမ်ားႏွင့္ စစ္တပ္အၾကား မယံုၾကည္မႈျဖစ္သည္။ ၁၉၈၈ခုေနာက္ပိုင္း စစ္တပ္ႏွင့္ တိုင္းသူျပည္သားမ်ားအၾကား ယံုၾကည္မႈပ်က္ျပားသြားျခင္းသည္လဲ ႏိုင္ငံအတြက္ ေတာ္ေတာ္ကို ၀မ္းနည္းစရာျဖစ္သည္။
ခုလက္႐ွိတြင္ စာေပလြတ္လပ္ခြင့္ ႏွစ္ငါးဆယ္အတြင္း အျမင့္ဆံုးရေနသည္ကို ျငင္းၾကမည္ မထင္ပါ။ ဒီအေျခအေနအတိုင္း ရေနမည္ဆိုလွ်င္ ဘာမွ်ေျပာစရာလိုမည္ မထင္ပါ။ သို႔ေသာ္ ျပန္ၾကားေရး၀န္ႀကီးဌာနမွ စာနယ္ဇင္းဥပေဒ တင္ေသာအခါ လက္မခံၾကပါ။ တစ္ခ်ိဳ႕ ဥပေဒမ်ားမွာ လိုသည့္အခါတြင္ သံုးရန္ျဖစ္ၿပီး လက္႐ွိအေျခအေနအတိုင္း လြတ္လပ္ခြင့္ရေနမည္ဟု ေျပာသည္ကို လံုး၀ ယံုၾကည္မႈ မ႐ွိၾကပါ။ ခံခ့ဲရသည္ကမ်ားၿပီကိုး။ အစိုးရကို ျပည္သူမ်ား မယံုၾကည္သည္မွာ ႏွစ္ငါးဆယ္ ၾကာခ့ဲၿပီေလ။
တစ္တိုင္းျပည္လံုး ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္လည္း အထူးအဆန္းေတြ ၾကားေနရသည္။ အပစ္အခတ္ရပ္စဲေရး အရင္လုပ္ၿပီးမွ ဆက္ေဆြးေႏြးၾကမည္ဆိုသည္ကို တစ္ခ်ိဳ႕အဖြဲ႕မ်ားလက္မခံၾက။ ႏိုင္ငံေရး ဆက္မေဆြးေႏြးမွာ စိုးေသာေၾကာင့္တ့ဲ။ တကယ္က အပစ္အခတ္မရပ္စဲဘဲ ဘယ္လိုေဆြးေႏြးၾကမွာလဲ။ သူတို႔ဖက္ကေျပာတာလဲ ဟုတ္သည္။ အပစ္အခတ္လဲရပ္ၿပီးေရာ ႏိုင္ငံေရး ဆက္လက္မေဆြးေႏြးေတာ့ဘဲ စစ္တပ္မ်ား ေနရာယူသြားၾကသည္တ့ဲ။ ဒီတစ္ခါ အစိုးရဖက္က တကယ္ ျငိမ္းခ်မ္းေရးလိုခ်င္၍ လုပ္ေနသည္ဟု ကၽြန္ေတာ္ထင္ေသာ္လည္း တိုင္းရင္းသားမ်ားက ဒီလိုမထင္ၾကပါ။ အယင္ကခံဖူးခ့ဲၾကၿပီကိုး။
ဒီလို တစ္ဦးကိုတစ္ဦး မယံုၾကည္ၾကလွ်င္ ဘယ္လိုဆက္ အလုပ္လုပ္ၾကမွာလဲ။ ကၽြန္ေတာ့္ အထင္ကိုေျပာခ်င္ပါသည္။ အမ်ားနဲ႔ အနည္းမယံု ၾကည္ၾကလွ်င္ အမ်ားဖက္မွ စ၍ အေလွ်ာ့ေပးကာ ေဆြးေႏြးမႈကို စတင္ရပါမည္။ အနည္းစုသည္ သူတို႔၏ လက္႐ွိအေျခအေနကို ေလွ်ာ့သြားမွာအလြန္စိုးရိမ္ ေနၾကပါသည္။ အမ်ားစုဖက္က မွားေနသည့္တိုင္ေအာင္ မိမိ၏ လုပ္ရပ္မ်ားကို သတိျပဳမိေလ့ မ႐ွိပါ။  ထံုးစံ လုပ္ေနၾကဘဲဟုဆိုကာ အမွတ္တမ့ဲျဖစ္ေနတတ္သည္။
ယခုျမန္မာႏိုင္ငံ အေျခအေနတြင္လည္း တိုင္းရင္းသားမ်ားသည္ ( အထူးသျဖင့္ လက္နက္ကိုင္မ်ားသည္ ) လက္႐ွိအေျခအေနထက္ ေလွ်ာ့သြားမည္ကို စိုးရိမ္ေနၾကဟန္ တူသည္။ မိမိတပ္စြဲထားေသာ ေတာင္ကုန္းမ်ားကို စစ္တပ္မွရယူသြားလွ်င္ ေနာက္တခါ တိုက္ဖို႔မလြယ္ဟု ထင္ေနၾကပါမည္။ အစိုးရစစ္တပ္မွ ယံုၾကည္မႈရေအာင္ ေနာက္ဆုတ္ေပးလိုက္ပါက ေဆြးေႏြးပြဲမ်ား လြယ္ကူသြားမည္ဟု ထင္ပါသည္။ အင္အားႀကီးသူမ်ားဖက္က သေဘာထားႀကီးစြာျဖင့္ အစျပဳလိုက္ပါမွ ယံုၾကည္မႈ ခိုင္မာလာမည္ဟု ကၽြန္ေတာ္ေတာ့ ထင္ေၾကာင္္းပါခင္ဗ်ာ။    ။

No comments:

Post a Comment

Thank you.