11 October 2013

ယုံကြည်မှု - ၂

(Unicode version)


ယုံကြည်မှုနှင့် ပါတ်သက်၍ ပုဂ္ဂိုလ်ရေးယုံကြည်မှုကိုပြောခ့ဲပြီး ပါပြီ။ ပုဂ္ဂိုလ်ရေးယုံကြည်မှုသည်အဆုံး၌ ဘာသာရေးယုံကြည်မှု အထိရောက်သွားတတ်ပါသည်။ ယေရူကိုယုံကြည်သူတို့ကခရစ်ယာန်ဘာသာကိုးကွယ်ပြီးမိုဟာမက်ကိုယုံကြည်သူတို့ကမူစလင်ဘာသာကိုကိုးကွယ်ကြလေသည်။ ချွင်းချက်အနေဖြင့် ဗုဒ္ဓဘာသာ၀င်ဖြစ်ဖို့ရာဗုဒ္ဓကိုပုဂ္ဂိုလ်ရေးယုံကြည်စရာမလိုဘဲဓမ္မကိုလိုက်နာကျင့်ကြံဖို့ရာသာလိုသည့်အချက်ဖြစ်ပါသည်။ကျန်ဘာသာများနဲ့ ကွဲပြားတာလေး ကြုံလို့ပြောမိတာပါ။



အခုပြောလိုသည်မှာအများစုနှင့် အနည်းစုအကြားကယုံကြည်မှု အကြောင်းဖြစ်သည်။ ကိုယ်တွေ့ ကြုံခ့ဲသည်ကဘဲစပါမည်။ ကျွန်တော့်အလုပ်မှာစက်များပြင်ရသောအလုပ်ဖြစ်သည်။ စက်ပြင်ရသည့်အားလျှော်စွာစက်မှုဌာနမှ လူအများစုဖြစ်ပြီးကျန်ဌာနခွဲများမှာအထောက်အကူပြုရန် ဖွဲ့ထားသည့် ဌာနစိတ်လေးများသာ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ရာထူးအများစုမှာလည်းစက်မှုဌာနအတွက်သာရှိပြီးကျန်သူများရာထူးတစ်ခါတက်ရေးအတွက် တစ်ကမ္ဘာပါ။ ကျန်အခွင့်အရေးကိစ္စများတွင်လည်းအများစုအတွက်သာစဉ်းစားဆုံးဖြတ်လေ့ရှိသည်။ သို့သော် ပုံမှန်ဆုံးဖြတ်ချက်များသည် အနည်းစုအတွက် ထည့်စဉ်းစားလေ့ မရှိသလို ဖြစ်နေတတ်ပါသည်။ အများစု၏ ဆုံးဖြတ်ချက်ကိုအနည်းစုကကျေနပ်လေ့မရှိဘဲယုံကြည်မှုမရှိတော့ပါ။



ပြီးခ့ဲသောလအနည်းငယ်ကတော့ ၀န်ထမ်းများအတွက် တယ်လီဖုန်းကဒ်များမဲနှိုက်ပေးပါသည်။ ၀န်ထမ်းလေးရာခန့် ရှိသည့်ကျွန်တော်တို့ ဌာနအတွက် ဖုန်းကဒ် တစ်ဒါဇင်ရပါသည်။ အုပ်ချုပ်ရေးဌာနမှ မဲနှိုက်ပေးရာဘယ်သူမှပင် မသိလိုက်ကြပါ။ ပထမအကြိမ်လည်း ဖြစ်နေပါသည်။ ဖုန်းကဒ်၁၀ကဒ်ကိုဌာနစိတ်လေးများမှ ၀န်ထမ်းများပေါက်သွားကြောင်း ကြော်ငြာသင်ပုန်းတွင်ကပ်မှ ၀မ်းသာအားရ သိကြပါသည်။ လူအများဆုံးရှိသည့် စက်မှုဌာနမှ နှစ်ကဒ်သာရပါသည်။ လူနှစ်ဆယ်ခန့်ရှိသောဌာနလေးတစ်ခုထဲမှပင် သုံးကဒ်ပေါက်သည် ရှိပါသည်. ။ဘာသံမှ မကြားကြရပါ။



လာပါပြီ၊ ဒုတိယအကြိမ်။ ဒီအကြိမ်တွင်တော့ ၁၀ကဒ်ဘဲရရာအားလုံးစက်မှုဌာနမှ ပေါက်သွားပါသည်။ လုပ်ပုံလုပ်နည်းအရင်အတိုင်းသာ ဖြစ်ပါသည်။ သို့သော် မကြေနပ်သံများစီနေတော့သည်။ မဲကဘယ်လိုနှိုက်တာလဲ။ ပွင့်လင်းမှုလဲမရှိဘူး။ တကယ်ဆို ၀န်ထမ်းအားလုံးမခေါ်နိုင်တောင် တစ်ဌာနကိုယ်စားလှယ်တစ်ယောက်တော့ခေါ်မှပေါ့တွေ ဖြစ်ကုန်သည်။ ဒီကောင်တွေကဒီအတိုင်းဘဲ၊ လူများတယ်ဆိုပြီးအခွင့်အရေးဆိုယူချင်ကြတယ်တွေ ဖြစ်ကုန်သည်။ တော်တော်ခက်တ့ဲကိစ္စဘဲ။



ပိုဆိုးသည့် လူများစုလူနည်းစုယုံကြည်ချက် အကြောင်းပြောပါဦးမည်။ ကျွန်တော့်တွင် အတော်ခင်သောဆရာတစ်ဦးရှိပါသည်။ ကရင်လူမျိုးခရစ်ယာန်ဘာသာကိုးကွယ်သူပါ။ ပြည်ပတွင် ပညာသင်ကြားခ့ဲ၍ အရာရာတွင် အဆင့်ရှိစွာလုပ်နိုင်သူတစ်ဦးပါ။ သူနဲ့အထက်အောက်နှစ်များစွာတွဲလုပ်ခ့ဲရရာပညာများစွာရခ့ဲပါသည်။ အတော်လည်းရင်နှီးခ့ဲ၍ တော်တော်လည်းစကားပြောဖြစ်ခ့ဲပါသည်။ ခုတော့ကွယ်လွန်ခ့ဲပါပြီ။ ကြုံတိုင်းလဲသတိတရပြောဖြစ်နေသောဆရာမျိုးလဲ ဖြစ်ပါသည်။လွန်စွာအမြင်ကျယ်ကျယ် စဉ်းစားနိုင်သူတစ်ဦးပါ။



သူပြောခ့ဲသည့်အထဲမှ တစ်ခုကို ကျွန်တော်စကြားသောအခါ မယုံနိုင်ခ့ဲပါ။ မဖြစ်နိုင်ကြောင်းတော်တော်ဆွေးနွေးခ့ဲကြပါသည်။ တော်တော်လည်းစိတ်မကောင်းဖြစ်ခ့ဲရပါသည်။ ခေါင်းစဉ်မှာကရင်လူမျိုးများသည် မြန်မာပြည်တွင် ဒုတိယအဆင့်သာရှိသည်ဟုခံစားရကြောင်းပြောပြပါသည်။ သူ့စကားအတိုင်းဆို Second Citizen ပေါ့ဗျာ။ မိတ်ဆွေတို့ ဒီလိုမျိုးစဉ်းစားမိကြဘူးပါသလား။ တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းများမဆိုထားနှင့် လူဦးရေအနည်းငယ်သာရှိသည့် ပလောင်တို့ ပအို့တိုကိုပင် ဒုတိယတန်းစားအဖြစ် ကျွန်တော်တော့ တစ်ခါဆိုတစ်ခါမျှ ယောင်လို့တောင် မစဉ်းစားခ့ဲဘူးပါ။ ဟိုကူးလာတ့ဲကုလားတွေဆိုထားပါတော့ဗျာ။



သို့သော်၊ ဤသို့သော်သည် တကယ်ရှိနေပါသည်။ ကျွန်တော်တို့ အများစုကပုံမှန်ပင် စဉ်းစားထားသောကိစ္စသည် အနည်းစုအတွက် တစ်မျိုးမြင်နေတတ်ပါသည်။ ကိစ္စသေးသေးလေးတွေတွင်ပင် ဒီလိုမျိုးရှိနေလျှင် နိုင်ငံကြီးတစ်ခုတည်ထောင်ရေးတွင် ဘယ်လောက်အရေးကြီးလိုက်ပါမည်နည်း။ ဒါတောင် ကရင်လူမျိုးစုသည် မြန်မာပြည်တွင် အခြားတိုင်းရင်းသားများထက် လူဦးရေပိုများပါသည်။ လတ်တလောကချင်များ၏တောင်းဆိုမှုများကိုကြည့်လျှင် ထင်ရှားပါသည်။ သူတို့သည် ဗမာအများစုကြီးကိုယုံကြည်မှု မရှိသေးပါ။



ယခုကြုံတွေ့နေရသောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လူနည်းစုလူမျိုးများကြေနပ်အောင်အထိပွင့်လင်းမြင်သာမှု ရှိဖို့ အရေးကြီးပါသည်။ အများစုဗမာများကသာမန်ပင်တွေး၍ လုပ်လိုက်သောကိစ္စတစ်ခုသည် လူနည်းစုအတွက် ကိစ္စကြီးဖြစ်နေနိုင်ပါသည်။ ယခုတစ်ခါမှ တိုင်းရင်းသားအချင်းချင်းယုံကြည်မှု မတည်ဆောက်နိုင်ခ့ဲလျှင် ရွှေပြည်တော် မျှော်၍ပင်ရနိုင်တော့မည် မထင်ပါ။ ကျွန်တော်ကတော့ တိုင်းရင်းသားအနည်းစု၏ ယုံကြည်မှုကိုရအောင် သူတို့ယုံကြည်မှုရှိသည် ပု၈္ဂိုလ်တစ်ဦးလုပ်မှ ရမည်ဟုထင်နေပါတော့သည်။



XxXxXx

(Zawgyi version )


ယံုၾကည္မႈႏွင့္ ပါတ္သက္၍ ပုဂၢိဳလ္ေရးယံုၾကည္မႈကိုေျပာခ့ဲၿပီး ပါၿပီ။ ပုဂၢိဳလ္ေရးယံုၾကည္မႈသည္အဆံုး၌ ဘာသာေရးယံုၾကည္မႈ အထိေရာက္သြားတတ္ပါသည္။ ေယ႐ူကိုယံုၾကည္သူတို႔ကခရစ္ယာန္ဘာသာကိုးကြယ္ၿပီးမိုဟာမက္ကိုယံုၾကည္သူတို႔ကမူစလင္ဘာသာကိုကိုးကြယ္ၾကေလသည္။ ခၽြင္းခ်က္အေနျဖင့္ ဗုဒၶဘာသာ၀င္ျဖစ္ဖို႔ရာဗုဒၶကိုပုဂၢိဳလ္ေရးယံုၾကည္စရာမလိုဘဲဓမၼကိုလိုက္နာက်င့္ႀကံဖို႔ရာသာလိုသည့္အခ်က္ျဖစ္ပါသည္။က်န္ဘာသာမ်ားနဲ႔ ကြဲျပားတာေလး ႀကံဳလို႔ေျပာမိတာပါ။

အခုေျပာလိုသည္မွာအမ်ားစုႏွင့္ အနည္းစုအၾကားကယံုၾကည္မႈ အေၾကာင္းျဖစ္သည္။ ကိုယ္ေတြ႔ ႀကံဳခ့ဲသည္ကဘဲစပါမည္။ ကၽြန္ေတာ့္အလုပ္မွာစက္မ်ားျပင္ရေသာအလုပ္ျဖစ္သည္။ စက္ျပင္ရသည့္အားေလွ်ာ္စြာစက္မႈဌာနမွ လူအမ်ားစုျဖစ္ၿပီးက်န္ဌာနခြဲမ်ားမွာအေထာက္အကူျပဳရန္ ဖြဲ႔ထားသည့္ ဌာနစိတ္ေလးမ်ားသာ ျဖစ္ပါသည္။ ထို႔အတြက္ေၾကာင့္ ရာထူးအမ်ားစုမွာလည္းစက္မႈဌာနအတြက္သာ႐ွိၿပီးက်န္သူမ်ားရာထူးတစ္ခါတက္ေရးအတြက္ တစ္ကမာၻပါ။ က်န္အခြင့္အေရးကိစၥမ်ားတြင္လည္းအမ်ားစုအတြက္သာစဥ္းစားဆံုးျဖတ္ေလ့႐ွိသည္။ သို႔ေသာ္ ပံုမွန္ဆံုးျဖတ္ခ်က္မ်ားသည္ အနည္းစုအတြက္ ထည့္စဥ္းစားေလ့ မ႐ွိသလို ျဖစ္ေနတတ္ပါသည္။ အမ်ားစု၏ ဆံုးျဖတ္ခ်က္ကိုအနည္းစုကေက်နပ္ေလ့မ႐ွိဘဲယံုၾကည္မႈမ႐ွိေတာ့ပါ။

ၿပီးခ့ဲေသာလအနည္းငယ္ကေတာ့ ၀န္ထမ္းမ်ားအတြက္ တယ္လီဖုန္းကဒ္မ်ားမဲႏႈိက္ေပးပါသည္။ ၀န္ထမ္းေလးရာခန္႔ ႐ွိသည့္ကၽြန္ေတာ္တို႔ ဌာနအတြက္ ဖုန္းကဒ္ တစ္ဒါဇင္ရပါသည္။ အုပ္ခ်ဳပ္ေရးဌာနမွ မဲႏႈိုက္ေပးရာဘယ္သူမွပင္ မသိလိုက္ၾကပါ။ ပထမအႀကိမ္လည္း ျဖစ္ေနပါသည္။ ဖုန္းကဒ္၁၀ကဒ္ကိုဌာနစိတ္ေလးမ်ားမွ ၀န္ထမ္းမ်ားေပါက္သြားေၾကာင္း ေၾကာ္ျငာသင္ပုန္းတြင္ကပ္မွ ၀မ္းသာအားရ သိၾကပါသည္။ လူအမ်ားဆံုး႐ွိသည့္ စက္မႈဌာနမွ ႏွစ္ကဒ္သာရပါသည္။ လူႏွစ္ဆယ္ခန္႔႐ွိေသာဌာနေလးတစ္ခုထဲမွပင္ သံုးကဒ္ေပါက္သည္ ႐ွိပါသည္. ။ဘာသံမွ မၾကားၾကရပါ။

လာပါၿပီ၊ ဒုတိယအႀကိမ္။ ဒီအႀကိမ္တြင္ေတာ့ ၁၀ကဒ္ဘဲရရာအားလံုးစက္မႈဌာနမွ ေပါက္သြားပါသည္။ လုပ္ပံုလုပ္နည္းအရင္အတိုင္းသာ ျဖစ္ပါသည္။ သို႔ေသာ္ မေၾကနပ္သံမ်ားစီေနေတာ့သည္။ မဲကဘယ္လိုႏႈိက္တာလဲ။ ပြင့္လင္းမႈလဲမ႐ွိဘူး။ တကယ္ဆို ၀န္ထမ္းအားလံုးမေခၚႏိုင္ေတာင္ တစ္ဌာနကိုယ္စားလွယ္တစ္ေယာက္ေတာ့ေခၚမွေပါ့ေတြ ျဖစ္ကုန္သည္။ ဒီေကာင္ေတြကဒီအတိုင္းဘဲ၊ လူမ်ားတယ္ဆိုၿပီးအခြင့္အေရးဆိုယူခ်င္ၾကတယ္ေတြ ျဖစ္ကုန္သည္။ ေတာ္ေတာ္ခက္တ့ဲကိစၥဘဲ။

ပိုဆိုးသည့္ လူမ်ားစုလူနည္းစုယံုၾကည္ခ်က္ အေၾကာင္းေျပာပါဦးမည္။ ကၽြန္ေတာ့္တြင္ အေတာ္ခင္ေသာဆရာတစ္ဦး႐ွိပါသည္။ ကရင္လူမ်ိဳးခရစ္ယာန္ဘာသာကိုးကြယ္သူပါ။ ျပည္ပတြင္ ပညာသင္ၾကားခ့ဲ၍ အရာရာတြင္ အဆင့္႐ွိစြာလုပ္ႏိုင္သူတစ္ဦးပါ။ သူနဲ႔အထက္ေအာက္ႏွစ္မ်ားစြာတြဲလုပ္ခ့ဲရရာပညာမ်ားစြာရခ့ဲပါသည္။ အေတာ္လည္းရင္ႏွီးခ့ဲ၍ ေတာ္ေတာ္လည္းစကားေျပာျဖစ္ခ့ဲပါသည္။ ခုေတာ့ကြယ္လြန္ခ့ဲပါၿပီ။ ႀကံဳတိုင္းလဲသတိတရေျပာျဖစ္ေနေသာဆရာမ်ိဳးလဲ ျဖစ္ပါသည္။လြန္စြာအျမင္က်ယ္က်ယ္ စဥ္းစားႏိုင္သူတစ္ဦးပါ။

သူေျပာခ့ဲသည့္အထဲမွ တစ္ခုကို ကၽြန္ေတာ္စၾကားေသာအခါ မယံုႏိုင္ခ့ဲပါ။ မျဖစ္ႏိုင္ေၾကာင္းေတာ္ေတာ္ေဆြးေႏြးခ့ဲၾကပါသည္။ ေတာ္ေတာ္လည္းစိတ္မေကာင္းျဖစ္ခ့ဲရပါသည္။ ေခါင္းစဥ္မွာကရင္လူမ်ိဳးမ်ားသည္ ျမန္မာျပည္တြင္ ဒုတိယအဆင့္သာ႐ွိသည္ဟုခံစားရေၾကာင္းေျပာျပပါသည္။ သူ႔စကားအတိုင္းဆို Second Citizen ေပါ့ဗ်ာ။ မိတ္ေဆြတို႔ ဒီလိုမ်ိဳးစဥ္းစားမိၾကဘူးပါသလား။ တိုင္းရင္းသားမ်ားျဖစ္သည့္ ကခ်င္၊ ကရင္၊ ကယား၊ ခ်င္း၊ မြန္၊ ရခိုင္၊ ႐ွမ္းမ်ားမဆိုထားႏွင့္ လူဦးေရအနည္းငယ္သာ႐ွိသည့္ ပေလာင္တို႔ ပအို႔တိုကိုပင္ ဒုတိယတန္းစားအျဖစ္ ကၽြန္ေတာ္ေတာ့ တစ္ခါဆိုတစ္ခါမွ် ေယာင္လို႔ေတာင္ မစဥ္းစားခ့ဲဘူးပါ။ ဟိုကူးလာတ့ဲကုလားေတြဆိုထားပါေတာ့ဗ်ာ။

သို႔ေသာ္၊ ဤသို႔ေသာ္သည္ တကယ္႐ွိေနပါသည္။ ကၽြန္ေတာ္တို႔ အမ်ားစုကပံုမွန္ပင္ စဥ္းစားထားေသာကိစၥသည္ အနည္းစုအတြက္ တစ္မ်ိဳးျမင္ေနတတ္ပါသည္။ ကိစၥေသးေသးေလးေတြတြင္ပင္ ဒီလိုမ်ိဳး႐ွိေနလွ်င္ ႏိုင္ငံႀကီးတစ္ခုတည္ေထာင္ေရးတြင္ ဘယ္ေလာက္အေရးႀကီးလိုက္ပါမည္နည္း။ ဒါေတာင္ ကရင္လူမ်ိဳးစုသည္ ျမန္မာျပည္တြင္ အျခားတိုင္းရင္းသားမ်ားထက္ လူဦးေရပိုမ်ားပါသည္။ လတ္တေလာကခ်င္မ်ား၏ေတာင္းဆိုမႈမ်ားကိုၾကည့္လွ်င္ ထင္႐ွားပါသည္။ သူတို႕သည္ ဗမာအမ်ားစုႀကီးကိုယံုၾကည္မႈ မ႐ွိေသးပါ။

ယခုႀကံဳေတြ႔ေနရေသာဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးတြင္ လူနည္းစုလူမ်ိဳးမ်ားေၾကနပ္ေအာင္အထိပြင့္လင္းျမင္သာမႈ ႐ွိဖို႔ အေရးႀကီးပါသည္။ အမ်ားစုဗမာမ်ားကသာမန္ပင္ေတြး၍ လုပ္လိုက္ေသာကိစၥတစ္ခုသည္ လူနည္းစုအတြက္ ကိစၥႀကီးျဖစ္ေနႏိုင္ပါသည္။ ယခုတစ္ခါမွ တိုင္းရင္းသားအခ်င္းခ်င္းယံုၾကည္မႈ မတည္ေဆာက္ႏိုင္ခ့ဲလွ်င္ ေ႐ႊျပည္ေတာ္ ေမွ်ာ္၍ပင္ရႏိုင္ေတာ့မည္ မထင္ပါ။ ကၽြန္ေတာ္ကေတာ့ တိုင္းရင္းသားအနည္းစု၏ ယံုၾကည္မႈကိုရေအာင္ သူတို႔ယံုၾကည္မႈ႐ွိသည္ ပု၈ၢိဳလ္တစ္ဦးလုပ္မွ ရမည္ဟုထင္ေနပါေတာ့သည္။

No comments:

Post a Comment

Thank you.