26 November 2013

​ထောင်​ထဲက ခင်​၀မ်​း



ပရိဿတ်​ကြီး မစိုးရိမ်​ကြပါနဲ့ ခင်​ဗျား။ ကျွန်​​တော့ဇတ်​လိုက်​ ကြီး ဘာမှ မဖြစ်​ပါဘူး။ ​ကောင်​းရာ သုဂတိဘုံ တစ်​ခုမှာ ပန်​းချီဆွဲ သီချင်​းဆို​နေမှာပါ။ ​ထောင်​ထဲမှာ ခင်​၀မ်​းသီချင်​း ဆိုတ့ဲအ​ကြောင်​း​လေး ဖတ်​ရလို့ပါ။

ဖတ်​​နေတ့ဲစာအုပ်​က စာ​ရေးဆရာမ မသီတာ (စမ်​း​ချောင်​း )ရဲ့ နာမည်​​ကျော်​စာအုပ်​ စမ်​း​ချောင်​း အင်​းစိန်​ ဟားဗတ်​ ပါ။ သူမရဲ့နိုင်​ငံ​ရေးနဲ့ ပါတ်​သက်​ခ့ဲတ့ဲ အတၳုပတ္တိဆန်​ဆန်​ ၀တၳုပါ။ ဒါ​ပေမ့ဲ ဒီစာအုပ်​အ​ကြောင်​း ​ပြောချင်​တာ မဟုတ်​ပါ။



ဒီစာအုပ်​မှာက ​ထောင်​ထဲက အ​ကြောင်​း​တွေများပါတယ်​။ ဘယ်​လိုလုပ်​ ​ကောင်​းနိုင်​​တော့မှာလဲ။ အထူးသဖြင်​့ ၈၈ ​နောက်​ပိုင်​း ​မတရားသဖြင်​့ နိုင်​ငံ​ရေး အယူအဆ​ကြောင်​့ ​ထောင်​ကျခ့ဲသူ​တွေဟာ ပိုဆိုးပါတယ်​။ ယခု စာအုပ်​ကို ​ရေးသူ မသီတာဟာ ​ထောင်​ကျချိန်​မှာ ဆရာ၀န်​ဖြစ်​​နေပါပြီ။ ဒါ​ပေမ့ဲ ​ထောင်​ထဲမှာ အသည်​းအသန်​ ​နေမ​ကောင်​းတာကို ဗိုလ်​မှုးက​တော်​ ​ထောင်​ဆရာ၀န်​မက လိုင်​း​ကြေးမ​ပေးလို့ ဆိုပြီး ​သေချာ ကုခွင်​့ မလုပ်​​ပေးပါဘူး။ဟန်​​ဆောင်​​နေတာလို့ သတ်​မှတ်​သတ့ဲ။ ဒီ​နေရာမှာ ကြားဖြတ်​​ပြောရယင်​ မသီတာဟာ အဲဒီ ​ဒေါက်​တာ အမည်​ပါ ထ့ဲ​ရေးဖို့ သင်​့ပါတယ်​။ ဆရာ၀န်​ချင်​းမို့ ညှာလိုက်​တာလား မသိပါ။



​ဆေးကုခွင်​့ရတယ်​ဆိုတာလဲ ကိုယ်​့ပိုက်​ဆံနဲ့ကိုယ်​ ကုသရတာပါ။ အပြင်​က ဆရာ၀န်​တို့ ဓာတ်​ခွဲခန်​းတို့ကို ကိုယ်​့ဖာသာကိုယ်​ အကုန်​ခံပြီး ကုသခွင်​့​လေး​တောင်​ မ​ပေးတာပါ။ ​နောက်​ဆုံး ​တော်​​တော်မမာ​တော့မှ အပြင်​ အင်​းစိန်​​ဆေးရုံ ထွက်​ကုခွင်​့ ရပါတယ်​။ ​ပြောချင်​တာက ခုမှ စပါတယ်​။ မူယင်​းအတိုင်​း ကူး​ပေးလိုက်​ပါတယ်​။



' သ်ို့​သော်​ ည​နေ​စောင်​း ​ထောင်​ပိတ်​စမှာ ၀န်​ထမ်​းအချို့​ရောက်​လာကာ ကျွန်​မ၏ ပစ္စည်​းအချို့ကို ၀ိုင်​းသိမ်​းပြီး အင်​းစိန်​ပြည်​သူ့​ဆေးရုံကို ပို့​တော့မည်​ဟု ဆိုသည်​။ ထိုအချိန်​မှာ ကျွန်​မ သတိရ​နေသည်​က ဆရာ​မောင်​​သော်​က။ ဆရာက ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးကို ၁၉၉၁ ဇွန်​လဆန်​းမှာ ​ရောက်​လာခ့ဲပြီး ၁၁ရက်​မှာ ကွယ်​လွန်​သွားခ့ဲ​သည်​​လေ။ ကျွန်​မကို ​ဆေးရုံပို့​တော့မည်​ဆို​တော့ မချူးတို့ မဒုံတို့က ၀မ်​းသာစိတ်​​အေးကြသည်​။ သူတို့ ဘာလုပ်​​ပေးနိုင်​မလဲ ​မေး​တော့ ကျွန်​မက မချူးကို `ခင်​၀မ်​းရဲ့ ကျွန်​​တော်​သွား​တော့မယ်​ဆိုတ့ဲ သီချင်​းဆိုဗျာ မချူး။ အဲဒီ သီချင်​းလိုပဲ။ သွား​တော့မယ်​​နော်​။ ဘယ်​​တော့ ပြန်​​ရောက်

မလဲ​တော့ မသိဘူး​ပေါ့ ' ဟု ပြန်​​ဖြေခ့ဲသည်​။ မချူးက ငိုသံကြီးနှင်​့ သူ​ရော ကျွန်​မပါ သိပ်​ကြိုက်​သည်​့ သီချင်​းကို ခပ်​တ်ိုးတိုး ဆိုလိုက်​သည်​။

' ကျွန်​​တော်​သွား​တော့မယ်​ xxxxx လမ်​းရဲ့သယ်​​ဆောင်​ရာ ဟိုးအ​ေ၀းဆီxxxxx' ဟုဖြစ်​ပါသည်​။



​သေချာသည်​က ဆရာမက ထည်​့မ​ရေးထား​သော်​လည်​း ထိုအချိန်​တွင်​ မသီတာ ( စမ်​း​ချောင်​း )သည်​ ​နေမ​ကောင်​းသည်​့ ကြားမှ ခွန်​အားများ ရလာပါလိမ်​့မည်​။ ခင်​၀မ်​းသီချင်​း ချစ်​သူများသည်​ ခင်​၀မ်​းသီချင်​းသံ ကြားတိုင်​း စိတ်​ဓာတ်​ခွန်​အားများ တိုးလာသည်​ မဟုတ်​တုံ​လော။ ။

No comments:

Post a Comment

Thank you.