(Unicode version)
ကျွန်တော်ရေးခ့ဲသမျှ blogများကို ပြန်ဖတ်ကြည့်တော့ သူများအပြစ်တွေကို ပြောတာများနေသည်။ ဖတ်ခ့ဲမိ ၊ မြင်ခ့ဲမိ ၊ကြားခ့ဲမိ ၊တွေ့ခ့ဲမိတာတွေ ထဲမှ စိတ်နဲ့မတ့ဲတာတွေကို ရေးတာဖြစ်သော်လည်း သူများအပြစ်တွေ ရှာသလို ဖြစ်နေတာ တွေ့မိသည်။ ဒီတော့ ကိုယ့်ကိုကိုယ်ရော ဘာအပြစ်မှ မရှိဘူးလား ပြန်ကြည့်မိတော့မှ အာပါးပါ၊ တော်တော် များများ ကိုတွေ့ွရပါတော့သည်။ တစ်ခုဘဲ ပြောတော့မည်။
ပထမဦးစွာ တစ်ချို့ကိစ္စများ၌ မပြတ်သားမှုကို တွေ့ရပါသည်။ အားနာတတ်မှုနှင့် တစ်ခါတစ်လေ ဆိုင်နိုင်သော်လည်း ဆုံးဖြတ်ရန် တွေေ၀နေမှုများကို သတိထားမိပါသည်။ တစ်ချို့ကိစ္စများ၌ ဘယ်ဘက်လိုက်ရမည်ကို မဆုံးဖြတ်တော့ပါ။
ဥပမာအနေနှင့် ယခုတလော သတင်းများတွင် ခေတ်စားနေသော အမေရိကန် သူလျို စနိုဒင်ကိစ္စမျိုးတွင် ဘယ်ဘက်က မှန်သည်ဆိုသည်ကို မဆုံးဖြတ်နိုင် ဖြစ်နေသည်။ စနိုဒင်သည် အမေရိကန်နိုင်ငံ အတွက် တခြားနိုင်ငံများ အပေါ် သူလျိုလုပ်ပေးသော ကုမ္ပဏီတွင် အလုပ်လုပ်ခ့ဲသည်။ နောက်ပိုင်းတွင် ထိုက်စ္စများကို သတင်းစာ များသို့ ဖော်ထုတ်ခ့ဲပါသည်။ ဒီကိစ္စတွင် မိမိ၏ တာ၀န်လျို့၀ှက်ချက်များကို ဖော်ထုတ်ခ့ဲသဖြင့် စနိုဒင်လုပ်ရပ်ကို မိမိမကြိုက်ပါ။ သို့သော် စနိုဒင်ကမှ ဒီလိုမဖော်ထုတ်ခ့ဲလျှင် အမေရိကန်နိုင်ငံ သည် မဟုတ်တာများကို ဆက်လုပ်နေပေလိမ့်မည်။ ဒီတော့ နှစ်ဖက်စလုံးကို မှန်သည်ဟု မယူဆတော့။ ဘယ်ဖက်ကနေမလဲဆိုလျှင် ကျွန်တော် မရွေးနိုင်ဖြစ်နေတော့သည်။ မပြတ်သားနိုင်တော့။
အလားတူ ဒီ့အယင်လေးက ဖြစ်ပွားခ့ဲသော ကိစ္စရှိသေးသည်။ wiki leak ကိုစတင်ခ့ဲသည့် ၀ီလျှံအဆန်းကိစ္စ။ တကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသော ကိစ္စ၊ သူဖော်ထုတ်လိုက်၍ နိုင်ငံအစိုးရ တော်တော်များများ ပြဿနာ ဖြစ်ကုန်သည်။ နိုင်ငံတော် လျို့၀ှက်ချက်တွေ ပေါ်ကုန်သည်။ အစိုးရတွေဆိုတာ ဒီလိုအလုပ်တွေလုပ်ပါလားဟု သိလာရတော့သည်။
ကျွန်တော်တို့မြန်မာနိုင်ငံ နှင့်ပါတ်သက်၍လည်း ဟုတ်သည်ရော မဟုတ်တာပါ သိခွင့်ရခ့ဲသည် မဟုတ်ပါလား။ အစိုးရတွေက မဟုတ်တာ လုပ်တာ မကောင်းသလို သူတစ်ပါး၏ လျို့၀ှက်ချက်ကို ဖော်ကောင်လုပ်တာလဲ မကောင်းပါ။ ရွေးရမည်ဆိုလျှင် ဘယ်သူမှန်သည် မရွေးတတ်။
နောက် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို ပြန်ဒုက္ခပေးနေသော ဆဒမ်လို ခေါင်းဆောင်မျိုးကို အမေရိကန်က ၀င်တိုက်ပြန်တော့လည်း ဒီသဘောပင်။ အနောက်နိုင်ငံမှ မီဒီယာများက အမေရိကန်ဖက်မှ lobby လုပ်ကြသလို အာရပ်ကမ္ဘာဘက်က အီရတ်ဘက်မှ ရပ်တည်ကြသည်။ ဟိုဘက်က ပြောတော့လည်း ကျွန်တော်ပါသွားတတ်ပြီး ဒီဘက်က ပြောတော့လည်း ဒီဘက်က မှန်သလိုလို ကျွန်တော် မပြတ်သားမိပါ။
မြန်မာပြည်မှ ပြဿနာများတွင် ဆုံးဖြတ်ဖို့ ကျွန်တော် ့အတွက် ပိုဆိုးတော့သည်။ ဥပမာ လမ်းဘေး ဈေးသည်များ လမ်းဘေးဈေးမရောင်းဖို့ အမိန့်ထုတ်တာကို လူမှုရေးရှုထောင့်မှ ကြည့်၍ မကြေနပ်။ ဒီလူတွေ လမ်းဘေးဈေးမရောင်းရပါက မြန်မာပြည်တွင် သူခိုးတွေ ဒမြတွေ ပိုများလာတော့မည်။ သို့သော် အုပ်ချုပ်ရေးပိုင်းက ကြည့်ပါက စည်းကမ်းအတိုင်း လုပ်ဖို့က အရေးကြီးသည်ကို သဘောပေါက်မိ ပြန်ပါသည်။ လူမှုရေးကမှ တော်သေးသည်။ ဘာသာရေးကိုပါ ထည့်စဉ်းစားမိပါက ရှုပ်ကုန်ကာ မဆုံးဖြတ်တတ်တော့။
မြောင်းမြမြို့အနီးမှာ ကမ္ဘာ့အကြီးဆုံး ကြေးခေါင်းလောင်းကြီး တည်မည် ကြားနေရသည်။ တကယ် လိုအပ်ပါသလား။ မြန်မာနိုင်ငံတွင် လုပ်စရာတွေ တပုံကြီးဟု ထင်ပါသည်။ ဘာသာရေးကိစ္စဆိုတော့ လွန်စွာ နူးည့ံရှုပ်ထွေးပါသည်။ လုပ်သင့် မလုပ်သင့် ကျွန်တော် မေ၀ခွဲတတ်တော့ပါ။
ခုလည်း သတင်းစာမျက်နှာများပေါ်တွင် အခြေခံဥပဒေနှင့် ပါတ်သက်၍ အမြဲတွေ့နေရသည်။ ပြင်မလား၊ သစ်မလား ပေါ့။ နှစ်ဘက်စလုံးက ပြောနေကြတာလဲ သူ့ဖာသာသူ ဟုတ်နေသည်။ သုံးစားမရအောင် ရေးဆွဲထား၍ လုံး၀ အသစ်ကိုသာ သတ္တိရှိရှိ ရေးဆွဲသင့်သည်ဟု ပြောသူက ပြောသလို စစ်တပ်ကို ချက်ချင်း ဖယ်ထုတ်လိုက်ပါက သူတို့အဖေကြီး မကြေနပ်၍ နောက်ကြောင်းပြန်လှည့်မှာကို စိုးသူတို့က ပြင်ယုံသာ ပြင်ချင်ကြတာ သဘာ၀ကျပါသည်။ ကျွန်တော့်မှာသာ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက် ပါသွားလိုက်နှင့် လာမေးသူများကိုလဲ အလိုက်သင့်သာ ပြန်ရောနေရပါသည်။
ဒီကြားထဲ တစ်ခုကို စဉ်စားမိကာ တစ်ယောက်ထဲ ရှုပ်နေပြန်ပါသည်။ ဒီလက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ အဓိကကျတာ ဦးသိန်းစိန်လဲ မဟုတ်၊ ဒေါ်စုလဲ မဟုတ်ပါ။ ဦးရွှေမန်းကတော့ အေ၀းကြီးပါ။ တကယ်ပုဂ္ဂိုလ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်သာ ဖြစ်ပါသည်။ သူကသာ ပြတ်ပြတ်သားသား လုပ်ပြလိုက်လျှင် သူတို့အဖေကြီးတော့ ဘာဖြစ်သွားမည် မသိ။ ပြည်သူအားလုံးသာမက တကမ္ဘာလုံး စ်ိတ်ချမ်းသာသွားနိုင်ပါသည်။
ဒီနေရာ တွင် ကျွန်တော် မဆုံးဖြတ်နိုင်သည်က ကျေးဇူးတရား ကိုပါ။ မြေကြီးလက်ခတ် မလွဲတာကတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဒီနေရာတင်ပေးခ့ဲသူက ဗိုလိချုပ်သန်းရွှေပင်။ ဗိုလ်ချုပ်မင်းအောင်လှိုင် အတွက် အဖေအရင်းထက်ပင် ကျေးဇူးကြီးပေလိမ့်မည်။ ဒီအဖေကြီး အလိုကျ ဆက်လုပ်ပေးနေမလား၊ ပြည်သူသန်း၆၀ကျော် စိတ်ချမ်းသာအောင် လုပ်ပေးသင့် သလား။ ကျွန်တော် မေ၀ခွဲနိုင်။တစ်ခုဘဲ ကံကောင်းသည် မှတ်ရမည်။ ကျွန်တော် ဗိုလ်ချုပ်မင်းအောင်လှိုင် ဖြစ်မနေခြင်းပင်။ ဘယ့်နှဲ့ စားရချိန်တုံးကတော့ ကာချုပ် မဖြစ်၊ အဆဲခံရချိန်မှ ဖြစ်သလို ဖြစ်နေသည်။ ဟူး တော်ပါသေးရဲ့ဗျာ။
ပြန်စဉ်းစားကြည့်တော့ ကျွန်တော် မဆုံးဖြတ်နိုင်တာတွေ များပြီ။ သူများ အပြစ်တွေသာ လျှောက်ရေးနေတာ တကယ်က တော်တော်ည့ံသည် ကျွန်တော်ပါလား။ ။
XxXxXx
(Zawgyi version )

ကြၽန္ေတာ္ေရးခ့ဲသမ်ွ blogမ်ားကို ျပန္ဖတ္ၾကည့္ေတာ့ သူမ်ားအျပစ္ေတြကို ေျပာတာမ်ားေနသည္။ ဖတ္ခ့ဲမိ ၊ ျမင္ခ့ဲမိ ၊ၾကားခ့ဲမိ ၊ေတြ႔ခ့ဲမိတာေတြ ထဲမွ စိတ္နဲ႔မတ့ဲတာေတြကို ေရးတာျဖစ္ေသာ္လည္း သူမ်ားအျပစ္ေတြ ႐ွာသလို ျဖစ္ေနတာ ေတြ႔မိသည္။ ဒီေတာ့ ကိုယ့္ကိုကိုယ္ေရာ ဘာအျပစ္မွ မ႐ွိဘူးလား ျပန္ၾကည့္မိေတာ့မွ အာပါးပါ၊ ေတာ္ေတာ္ မ်ားမ်ား ကိုေတြ႔ြရပါေတာ့သည္။ တစ္ခုဘဲ ေျပာေတာ့မည္။
ပထမဦးစြာ တစ္ခ်ိဳ႕ကိစၥမ်ား၌ မျပတ္သားမႈကို ေတြ႔ရပါသည္။ အားနာတတ္မႈႏွင့္ တစ္ခါတစ္ေလ ဆိုင္ႏိုင္ေသာ္လည္း ဆံုးျဖတ္ရန္ ေတြေ၀ေနမႈမ်ားကို သတိထားမိပါသည္။ တစ္ခ်ိဳ႕ကိစၥမ်ား၌ ဘယ္ဘက္လိုက္ရမည္ကို မဆံုးျဖတ္ေတာ့ပါ။
ဥပမာအေနႏွင့္ ယခုတေလာ သတင္းမ်ားတြင္ ေခတ္စားေနေသာ အေမရိကန္ သူလ်ိဳ စႏိုဒင္ကိစၥမ်ိဳးတြင္ ဘယ္ဘက္က မွန္သည္ဆိုသည္ကို မဆံုးျဖတ္ႏိုင္ ျဖစ္ေနသည္။ စႏိုဒင္သည္ အေမရိကန္ႏိုင္ငံ အတြက္ တျခားႏိုင္ငံမ်ား အေပၚ သူလ်ိဳလုပ္ေပးေသာ ကုမၸဏီတြင္ အလုပ္လုပ္ခ့ဲသည္။ ေနာက္ပိုင္းတြင္ ထိုက္စၥမ်ားကို သတင္းစာ မ်ားသို႔ ေဖာ္ထုတ္ခ့ဲပါသည္။ ဒီကိစၥတြင္ မိမိ၏ တာ၀န္လ်ိဳ႕၀ွက္ခ်က္မ်ားကို ေဖာ္ထုတ္ခ့ဲသျဖင့္ စႏိုဒင္လုပ္ရပ္ကို မိမိမႀကိဳက္ပါ။ သို႔ေသာ္ စႏိုဒင္ကမွ ဒီလိုမေဖာ္ထုတ္ခ့ဲလ်ွင္ အေမရိကန္ႏိုင္ငံ သည္ မဟုတ္တာမ်ားကို ဆက္လုပ္ေနေပလိမ့္မည္။ ဒီေတာ့ ႏွစ္ဖက္စလံုးကို မွန္သည္ဟု မယူဆေတာ့။ ဘယ္ဖက္ကေနမလဲဆိုလ်ွင္ ကြၽန္ေတာ္ မေရြးႏိုင္ျဖစ္ေနေတာ့သည္။ မျပတ္သားႏိုင္ေတာ့။
အလားတူ ဒီ့အယင္ေလးက ျဖစ္ပြားခ့ဲေသာ ကိစၥ႐ွိေသးသည္။ wiki leak ကိုစတင္ခ့ဲသည့္ ၀ီလ်ွံအဆန္းကိစၥ။ တကမာၻလံုး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေသာ ကိစၥ၊ သူေဖာ္ထုတ္လိုက္၍ ႏိုင္ငံအစိုးရ ေတာ္ေတာ္မ်ားမ်ား ျပႆနာ ျဖစ္ကုန္သည္။ ႏိုင္ငံေတာ္ လ်ိဳ႕၀ွက္ခ်က္ေတြ ေပၚကုန္သည္။ အစိုးရေတြဆိုတာ ဒီလိုအလုပ္ေတြလုပ္ပါလားဟု သိလာရေတာ့သည္။
ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံ ႏွင့္ပါတ္သက္၍လည္း
ဟုတ္သည္ေရာ မဟုတ္တာပါ သိခြင့္ရခ့ဲသည္ မဟုတ္ပါလား။ အစိုးရေတြက
မဟုတ္တာ လုပ္တာ မေကာင္းသလို သူတစ္ပါး၏ လ်ိဳ႕၀ွက္ခ်က္ကို
ေဖာ္ေကာင္လုပ္တာလဲ မေကာင္းပါ။ ေရြးရမည္ဆိုလ်ွင္ ဘယ္သူမွန္သည္
မေရြးတတ္။
ေနာက္ ကိုယ့္လူမ်ိဳး ကိုယ့္တိုင္းျပည္ကို ျပန္ဒုကၡေပးေနေသာ ဆဒမ္လို ေခါင္းေဆာင္မ်ိဳးကို အေမရိကန္က ၀င္တိုက္ျပန္ေတာ့လည္း ဒီသေဘာပင္။ အေနာက္ႏိုင္ငံမွ မီဒီယာမ်ားက အေမရိကန္ဖက္မွ lobby လုပ္ၾကသလို အာရပ္ကမာၻဘက္က အီရတ္ဘက္မွ ရပ္တည္ၾကသည္။ ဟိုဘက္က ေျပာေတာ့လည္း ကြၽန္ေတာ္ပါသြားတတ္ၿပီး ဒီဘက္က ေျပာေတာ့လည္း ဒီဘက္က မွန္သလိုလို ကြၽန္ေတာ္ မျပတ္သားမိပါ။
ျမန္မာျပည္မွ ျပႆနာမ်ားတြင္ ဆံုးျဖတ္ဖို႔ ကြၽန္ေတာ္ ့အတြက္ ပိုဆိုးေတာ့သည္။ ဥပမာ လမ္းေဘး ေစ်းသည္မ်ား လမ္းေဘးေစ်းမေရာင္းဖို႔ အမိန္႔ထုတ္တာကို လူမႈေရး႐ႈေထာင့္မွ ၾကည့္၍ မေၾကနပ္။ ဒီလူေတြ လမ္းေဘးေစ်းမေရာင္းရပါက ျမန္မာျပည္တြင္ သူခိုးေတြ ဒျမေတြ ပိုမ်ားလာေတာ့မည္။ သို႔ေသာ္ အုပ္ခ်ဳပ္ေရးပိုင္းက ၾကည့္ပါက စည္းကမ္းအတိုင္း လုပ္ဖို႔က အေရးႀကီးသည္ကို သေဘာေပါက္မိ ျပန္ပါသည္။ လူမႈေရးကမွ ေတာ္ေသးသည္။ ဘာသာေရးကိုပါ ထည့္စဥ္းစားမိပါက ႐ႈပ္ကုန္ကာ မဆံုးျဖတ္တတ္ေတာ့။
ေျမာင္းျမၿမိဳ႕အနီးမွာ ကမာၻ႔အႀကီးဆံုး ေၾကးေခါင္းေလာင္းႀကီး တည္မည္
ၾကားေနရသည္။ တကယ္ လိုအပ္ပါသလား။ ျမန္မာႏိုင္ငံတြင္ လုပ္စရာေတြ
တပံုႀကီးဟု ထင္ပါသည္။ ဘာသာေရးကိစၥဆိုေတာ့ လြန္စြာ
ႏူးည့ံ႐ႈပ္ေထြးပါသည္။ လုပ္သင့္ မလုပ္သင့္ ကြၽန္ေတာ္
မေ၀ခြဲတတ္ေတာ့ပါ။
ခုလည္း သတင္းစာမ်က္ႏွာမ်ားေပၚတြင္ အေျခခံဥပေဒႏွင့္ ပါတ္သက္၍ အျမဲေတြ႔ေနရသည္။ ျပင္မလား၊ သစ္မလား ေပါ့။ ႏွစ္ဘက္စလံုးက ေျပာေနၾကတာလဲ သူ႔ဖာသာသူ ဟုတ္ေနသည္။ သံုးစားမရေအာင္ ေရးဆြဲထား၍ လံုး၀ အသစ္ကိုသာ သတၱိ႐ွိ႐ွိ ေရးဆြဲသင့္သည္ဟု ေျပာသူက ေျပာသလို စစ္တပ္ကို ခ်က္ခ်င္း ဖယ္ထုတ္လိုက္ပါက သူတို႔အေဖႀကီး မေၾကနပ္၍ ေနာက္ေၾကာင္းျပန္လွည့္မွာကို စိုးသူတို႔က ျပင္ယံုသာ ျပင္ခ်င္ၾကတာ သဘာ၀က်ပါသည္။ ကြၽန္ေတာ့္မွာသာ ေဆာင္းပါးတစ္ပုဒ္ဖတ္လိုက္ ပါသြားလိုက္ႏွင့္ လာေမးသူမ်ားကိုလဲ အလိုက္သင့္သာ ျပန္ေရာေနရပါသည္။
ဒီၾကားထဲ တစ္ခုကို စဥ္စားမိကာ တစ္ေယာက္ထဲ ႐ႈပ္ေနျပန္ပါသည္။ ဒီလက္႐ွိ အေျခခံဥပေဒ ျပင္ဆင္ေရး ကိစၥမွာ အဓိကက်တာ ဦးသိန္းစိန္လဲ မဟုတ္၊ ေဒၚစုလဲ မဟုတ္ပါ။ ဦးေရႊမန္းကေတာ့ အေ၀းႀကီးပါ။ တကယ္ပုဂၢိဳလ္က ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္သာ ျဖစ္ပါသည္။ သူကသာ ျပတ္ျပတ္သားသား လုပ္ျပလိုက္လ်ွင္ သူတို႔အေဖႀကီးေတာ့ ဘာျဖစ္သြားမည္ မသိ။ ျပည္သူအားလံုးသာမက တကမာၻလံုး စ္ိတ္ခ်မ္းသာသြားႏိုင္ပါသည္။
ဒီေနရာ တြင္ ကြၽန္ေတာ္ မဆံုးျဖတ္ႏိုင္သည္က ေက်းဇူးတရား ကိုပါ။ ေျမႀကီးလက္ခတ္ မလြဲတာကေတာ့ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ကို ဒီေနရာတင္ေပးခ့ဲသူက ဗိုလိခ်ဳပ္သန္းေရႊပင္။ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ အတြက္ အေဖအရင္းထက္ပင္ ေက်းဇူးႀကီးေပလိမ့္မည္။ ဒီအေဖႀကီး အလိုက် ဆက္လုပ္ေပးေနမလား၊ ျပည္သူသန္း၆၀ေက်ာ္ စိတ္ခ်မ္းသာေအာင္ လုပ္ေပးသင့္ သလား။ ကြၽန္ေတာ္ မေ၀ခြဲႏိုင္။တစ္ခုဘဲ ကံေကာင္းသည္ မွတ္ရမည္။ ကြၽန္ေတာ္ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ ျဖစ္မေနျခင္းပင္။ ဘယ့္ႏွဲ႔ စားရခ်ိန္တံုးကေတာ့ ကာခ်ဳပ္ မျဖစ္၊ အဆဲခံရခ်ိန္မွ ျဖစ္သလို ျဖစ္ေနသည္။ ဟူး ေတာ္ပါေသးရဲ႕ဗ်ာ။
ျပန္စဥ္းစားၾကည့္ေတာ့ ကြၽန္ေတာ္ မဆံုးျဖတ္ႏိုင္တာေတြ မ်ားၿပီ။
သူမ်ား အျပစ္ေတြသာ ေလ်ွာက္ေရးေနတာ တကယ္က ေတာ္ေတာ္ည့ံသည္
ကြၽန္ေတာ္ပါလား။ ။
No comments:
Post a Comment
Thank you.