09 September 2013

sea game stamps

ကျင်းပတော့မဲ့ seagame အတွက်ထုတ်တဲ့ တံဆိပ်ခေါင်း Booklet ပါ။ Qualiy က စု ချင်စရာမကောင်းအောင် ညံ့ပါတယ်။ ဒီခေတ် တံဆိပ်ခေါင်းထုတ်တဲ့ ဌာနမှာ တာဝန်ယူရတဲ့ လူကြီးမင်းများ သိစေချင်ပါတယ် ။

ဒီခေတ် တံဆိပ်ခေါင်းဟာ စုဖို့အတွက် Quality ကောင်းကောင်းထုတ်သင့်ပါတယ်။ အထူးသဖြင့် အထူးထုတ်တွေပေါ့ဗျာ။ အစဉ်သုံးကို Quality လျှော့တာ အရေးမကြီးပေမဲ့ အထူးထုတ်ကိုတော့ နဲနဲနဲ့ ကောင်းကောင်းထုတ်သင့်ပါတယ်။

တန်ဖိုးကြီးခေါင်းပါယင် ပို ကောင်းသင့်ပါတယ်။ ဒီလောက် စာရွက်သေးသေးလေးကို ငွေ ငါးရာကျပ်ပေးဝယ်ကြတာ သတိပြုသင့်ပါတယ်။ ခုနောက်ပိုင်းထုတ်သမျှ အရမ်းညံ့တယ်လို့ ပြောလို့ရပါတယ်။ စုသူတွေ အချင်းချင်း တံဆိပ်ခေါင်းလဲလှယ်ယင် ရှက်ဖို့တောင် ကောင်းနေပါတယ်။

မကြာခင်မှာ တံဆိပ်ခေါင်းဟာ ကမ္ဘာပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်။ ရှားပါးစာရင်းဝင် ဖြစ်လာပါပြီ။ စာရွက်သေးသေးလေးကနေ ပိုက်ဆံများများရတဲ့ လုပ်ငန်းကြီး ကွယ်တော့မှာပါ။ တကယ်စာပို့တာက နောက်ကွယ်က ကုန်ကျစားရိတ်တွေရှိနေပေမဲ့ စုတဲ့ သူတွေအတွက် တံဆိပ်ခေါင်းရောင်းရတာ အင်မတန် တန်ပါတယ်ဗျာ။ ဒါကြောင့်မို့လို့ အထူးထုတ် တံဆိပ်ခေါင်းကိုတော့ Quality ကောင်းကောင်းလေး ထုတ်ပေးကြပါဗျို့။

ဒီခေါင်းကို ၂-၉-၂၀၁၃ နေ့က ထုတ်ခဲ့တာပါ။ Just for record ပေါ့။ sea game မကျင်းပမချင်း ထုတ်ပြီးပိုက်ဆံ ရှာနိုင်ပါသေးတယ်။ တတ်နိုင်လို့ လုပ်ချင်ယင် အားကစား တစ်ခုချင်းအတွက်တောင် ထုတ်နိုင်ပါသေးတယ်။
ညံ့လဲ မစုရယင် မနေနိုင်သူများ အတွက်ပေါ့။

No comments:

Post a Comment

Thank you.