17 September 2013

ဗမာမှန်လျှင် ကွဲရမည်။

(Unicode version)


ကျွန်တော်ကို တစ်ချို့က ဗမာလူမျိုးအပေါ် မကောင်းမြင်သည်ဟု ပြောပါသည်။ ကျွန်တော်ကတော့ မြင်သလိုပြောခြင်းဖြစ်ပါသည်။ ကောင်းတာတွေများစွာ ရှိသော်လည်း မကောင်းတာတွေ မြင်မိ၍ ပြောမိခြင်း ဖြစ်ပါလိမ့်မည်။ ဗမာတွေ အရမ်းကောင်းသည်ဟု ရေးလေ့ရှိသော ကွယ်လွန်သူ စာရေးဆရာ လူထုဦးစိန်၀င်းကိုလဲ အ့ံသြမိပါသည်။ ဖတိမိတိုင်း တွေးမိတာရှိသည်။ သူသိသောဗမာနှင့် ကိုယ်သိသော ဗမာ မတူပါလားဟု။



သေချာတာတစ်ခုက ဗမာတွေ ပူးပေါင်း မဆောင်ရွက်နိုင်တာ သေချာပါသည်။ နှစ်ယောက်ရှိလျှင် သုံးဖွဲ့ဖြစ်တတ်သည်။ ပူးပေါင်းဆောင်ရွက်မှုည့ံရာမှာ ကျွန်တော်လည်း အပါအ၀င်ပါ။ အတူလုပ်နေသူများ လိုအပ်မှုရှိနေလျှင် ဖွင့်ပြောရမှာ အားနာနေတတ်သည်။ ပြောရမှာ ကြောက်နေသည်။ အမုန်းမခံချင်သလိုရှိကာ ပြောလဲ ထူးမှာမဟုတ်ဟု ထင်နေမိသည်။



ဗမာတွေကွဲတာ သမိုင်းတွင် လွတ်လပ်ရေးတိုက်ပွဲ၀င်သည့် အချိန်မှပင် တွင်ခ့ဲပါသည်။ ဂျီစီဘီအေ မှစကာ ကွဲခ့ဲကြသည်မှာ ဗိုလ်ချုပ်လိုသူနှင့်ပင် လက်မတွဲနိုင်သူများ ပေါ်ခ့ဲသည်။ ကျန်သူများလောက်တော့ ပျင်းတောင်ပျင်းသေးဟု ပြောကြမည်မှာ အမှန်။



ကြားထဲက ကွဲခ့ဲတာတွေတော့ သမိုင်းစာအုပ်သာ ဖတ်ကြပါတော့။ ကျွန်တော်က ယခု အကွဲတွေကိုသာ ရေးပါရစေ။ NLD ကွဲခ့ဲပြီ။ NLD မှ ခွဲထွက်သူတွေတောင် နောက်ထပ် ဘယ်နှစ်ဖွဲ့ကွဲ ပြီးပြီလဲ မသိပါ။ ကြ့ံဖွတ်ကြီးလဲ အက်သံမည်နေပြီ။ မနဲဆွဲစိနေရဟန်တူပါသည်။ နိုင်ငံရေးပါတီတွေ ကွဲပြီဆိုလျှင် လူထုက ထူးဆန်းသည်ဟုပင် မထင်တော့ပါ။



ခုနောက်ဆုံး ဂျာနယ်များတွင် ဖတ်ရသည်မှာ အားရစရာပါ။ သမတကြီးပေးသည့် သိန်းငါးရာကို အကြောင်းပြု၍ ယာယီသာရှိသေးသော စာနယ်ဇင်းကွဲနေပြီ။ ရုပ်ရှင်အစည်းအရုံးလဲ ဘယ်နှစ်ဖွဲ့လဲသာ မေးဖို့ရှိတော့သည်။ သေချာပေါက်ကွဲနေသည်။ နောက် သဘင်အဖွဲ့။ ကွဲကြပြန်ပါပြီ။ ဒါတောင် ဂျာနယ်တွေမှာ မပါတာ ရှီဦးမည်။ ဂီတဂျာနယ် အကြောင်းတော့ မကြားမိသေး။ လာမည်၊ ကြာမည်ပေါ့။



ယခုအထိ တရား၀င် မကွဲတာ နှစ်ဖွဲ့ဘဲ တွေ့သည်။ စစ်တပ်နှင့် ၈၈ နှစ်ဖွဲ့သာရှိသည်။ ဒါတောင် ၈၈တွေက နိုင်ငံရေး၀င်သင့် မ၀င်သင့် ၊ မသေချာ။ ကိုယ်ပိုင်သဘောဟု ဆိုနေသည်။ ဒီတော့ နိုင်ငံ့အုပ်ချုပ်ရေးကို မကွဲအောင် စစ်တပ်ကိုဘဲ ပြန်အပ်ရတော့မည်။ သူတို့ကကွဲလဲ တိုးတိုးတိတ်တိတ် ဆိုတော့ လူမသိ။



ဒီလိုပြောမိတာ ကျွန်တော် ဗမာတွေကို အကောင်းမမြင်ဟု ပြောချင်ကြသေးပါသလားဗျာ။


XxXxXx

(Zawgyi version )


ကၽြန္ေတာ္ကို တစ္ခ်ိဳ႕က ဗမာလူမ်ိဳးအေပၚ မေကာင္းျမင္သည္ဟု ေျပာပါသည္။ ကၽြန္ေတာ္ကေတာ့ ျမင္သလိုေျပာျခင္းျဖစ္ပါသည္။ ေကာင္းတာေတြမ်ားစြာ ရွိေသာ္လည္း မေကာင္းတာေတြ ျမင္မိ၍ ေျပာမိျခင္း ျဖစ္ပါလိမ့္မည္။ ဗမာေတြ အရမ္းေကာင္းသည္ဟု ေရးေလ့ရွိေသာ ကြယ္လြန္သူ စာေရးဆရာ လူထုဦးစိန္၀င္းကိုလဲ အ့ံၾသမိပါသည္။ ဖတိမိတိုင္း ေတြးမိတာရွိသည္။ သူသိေသာဗမာႏွင့္ ကိုယ္သိေသာ ဗမာ မတူပါလားဟု။

ေသခ်ာတာတစ္ခုက ဗမာေတြ ပူးေပါင္း မေဆာင္ရြက္ႏိုင္တာ ေသခ်ာပါသည္။ ႏွစ္ေယာက္ရွိလွ်င္ သံုးဖြဲ႔ျဖစ္တတ္သည္။ ပူးေပါင္းေဆာင္ရြက္မႈည့ံရာမွာ ကၽြန္ေတာ္လည္း အပါအ၀င္ပါ။ အတူလုပ္ေနသူမ်ား လိုအပ္မႈရွိေနလွ်င္ ဖြင့္ေျပာရမွာ အားနာေနတတ္သည္။ ေျပာရမွာ ေၾကာက္ေနသည္။ အမုန္းမခံခ်င္သလိုရွိကာ ေျပာလဲ ထူးမွာမဟုတ္ဟု ထင္ေနမိသည္။

ဗမာေတြကြဲတာ သမိုင္းတြင္ လြတ္လပ္ေရးတိုက္ပြဲ၀င္သည့္ အခ်ိန္မွပင္ တြင္ခ့ဲပါသည္။ ဂ်ီစီဘီေအ မွစကာ ကြဲခ့ဲၾကသည္မွာ ဗိုလ္ခ်ဳပ္လိုသူႏွင့္ပင္ လက္မတြဲႏိုင္သူမ်ား ေပၚခ့ဲသည္။ က်န္သူမ်ားေလာက္ေတာ့ ပ်င္းေတာင္ပ်င္းေသးဟု ေျပာၾကမည္မွာ အမွန္။

ၾကားထဲက ကြဲခ့ဲတာေတြေတာ့ သမိုင္းစာအုပ္သာ ဖတ္ၾကပါေတာ့။ ကၽြန္ေတာ္က ယခု အကြဲေတြကိုသာ ေရးပါရေစ။ NLD ကြဲခ့ဲၿပီ။ NLD မွ ခြဲထြက္သူေတြေတာင္ ေနာက္ထပ္ ဘယ္ႏွစ္ဖြဲ႔ကြဲ ၿပီးၿပီလဲ မသိပါ။ ႀက့ံဖြတ္ႀကီးလဲ အက္သံမည္ေနၿပီ။ မနဲဆြဲစိေနရဟန္တူပါသည္။ ႏိုင္ငံေရးပါတီေတြ ကြဲၿပီဆိုလွ်င္ လူထုက ထူးဆန္းသည္ဟုပင္ မထင္ေတာ့ပါ။

ခုေနာက္ဆံုး ဂ်ာနယ္မ်ားတြင္ ဖတ္ရသည္မွာ အားရစရာပါ။ သမတႀကီးေပးသည့္ သိန္းငါးရာကို အေၾကာင္းျပဳ၍ ယာယီသာရွိေသးေသာ စာနယ္ဇင္းကြဲေနၿပီ။ ရုပ္ရွင္အစည္းအရံုးလဲ ဘယ္ႏွစ္ဖြဲ႔လဲသာ ေမးဖို႔ရွိေတာ့သည္။ ေသခ်ာေပါက္ကြဲေနသည္။ ေနာက္ သဘင္အဖြဲ႔။ ကြဲၾကျပန္ပါၿပီ။ ဒါေတာင္ ဂ်ာနယ္ေတြမွာ မပါတာ ရွီဦးမည္။ ဂီတဂ်ာနယ္ အေၾကာင္းေတာ့ မၾကားမိေသး။ လာမည္၊ ၾကာမည္ေပါ့။

ယခုအထိ တရား၀င္ မကြဲတာ ႏွစ္ဖြဲ႔ဘဲ ေတြ႕သည္။ စစ္တပ္ႏွင့္ ၈၈ ႏွစ္ဖြဲ႔သာရွိသည္။ ဒါေတာင္ ၈၈ေတြက ႏိုင္ငံေရး၀င္သင့္ မ၀င္သင့္ ၊ မေသခ်ာ။ ကိုယ္ပိုင္သေဘာဟု ဆိုေနသည္။ ဒီေတာ့ ႏိုင္ငံ့အုပ္ခ်ဳပ္ေရးကို မကြဲေအာင္ စစ္တပ္ကိုဘဲ ျပန္အပ္ရေတာ့မည္။ သူတို႕ကကြဲလဲ တိုးတိုးတိတ္တိတ္ ဆိုေတာ့ လူမသိ။

ဒီလိုေျပာမိတာ ကၽြန္ေတာ္ ဗမာေတြကို အေကာင္းမျမင္ဟု ေျပာခ်င္ၾကေသးပါသလားဗ်ာ။

No comments:

Post a Comment

Thank you.