22 September 2013

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အကြောင်း


ဗိုလ်ချုပ်မှုးကြီးသန်းရွှေအကြောင်းဆိုပြီး ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လိုက်တာပါ။ တကယ်က အပြင်မှာ သေချာတောင် မမြင်ဘူးပါဘူး။ လူအုပ်နှင့်အတူ တန်းစီနှုတ်ဆက်တုံးက ခပ်လှမ်းလှမ်းက တစ်ခါ မြင်ဘူးယုံပါ။ ဗိုလ်ချုပ်သန်းရွှေရဲ့ ရုပ်ကို TV မှာ မြင်ဘူးကြမှာဖြစ်ပေမဲ့ အသံကတော့ ထူးဆန်းပါတယ်။ ပြာတာတာ ရှတတလေးဖြစ်ပြီး မကြားဘူးပေမဲ့၊ နှိုင်းပြောရယင်မနှဲလေးအသံ ဆိုတာမျိုးဘဲ နေမှာပါ။ ဒါကြောင့် တော်လှန်ရေးနေ့ မိန့်ခွန်းတွေကို အသံတိုက်ရိုက် မလွှင့်ဘဲ မြန်မာအသံ ဦးလှဝင်းကကြီးဘဲ စစ်တပ်ကို နှစ်နှစ်ဆယ်လောက် မိန့်ခွန်းချွေခဲ့တာပါ။

ဗိုလ်ချုပ်စောမောင်ပြုတ်ပြီး ဗိုလ်ချုပ်သန်းရွှေတက်လာမှ သူ့အကြောင်းလူတွေ စိတ်ဝင်စားလာတာပါ။ အရင်က သူ့ကို လူသိမများခဲ့ပါဘူး။ လေယာဉ်ကွင်းမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက် ပြောတာတော့ ကြားဘူးပါတယ်။  ၈၆-၈၇ လောက်က အဲဒီတုံးက ဥက္ကဌကြီး ဦးနေ၀င်း ပုသိမ်ကိုသွားတုံးက အကြောင်းပါ။ ပုသိမ်ကို အဲဒီအချိန်က လေယာဉ်ပုံမှန် မဆင်းပါဘူး။ အထူးလေယာဉ် ဖြစ်တော့သူတို့ ပါသွားတာပါ။ လေယာဉ်နဲ့ မလိုက်ရဘဲ ကွင်းမှာဘဲ ကျန်နေရတာပါ။

အဲ၊ လေယာဉ်လဲ တက်သွားပြီးရော အစောပိုင်းက ကုပ်နေရတဲ့သူတွေထဲက ဗိုလ်မှုးကြီးတစ်ယောက် ထွက်လာပြီး ကျန်သူတွေကို ခပ်တည်တည်ပြောသတဲ့။ " လေယာဉ်ဆိုတာ ပေါင် ၈၀ ပြည့်ယင် ပျံတက်တာဘဲကွ " ဆိုဘဲ။ ကျန်သူတွေကလဲ နားလည်ဟန်မတူဘဲ ၊ ဟုတ်တာပေါ့ တိုင်းမှုးကြီးဆိုပြီး ၀ိုင်းထောက်ခံကြသတဲ့။ " တော်တော်ကြောင်တဲ့ ကောင်တွေကွာ" ဆိုပြီး ကျွန်တော့်ကို ပြန်ပြောတာ ကြားဘူးပါတယ်။ ပြန်တွက်ကြည့်လိုက်တော့ ဇတ်လိုက်ကျော်ဖြစ်လာဖို့များပါတယ်။ ကိုယ်တိုင်မျက်မြင် မဟုတ်တော့ မသေချာဘူးပေါ့။

ကိုယ်တိုင်ကြုံဘူးတာတစ်ခု ခုမှပြောပါမယ်။ အဓိကပေါ့။ ၂၀၀၉-၁၀ လောက်ကပါ။ အဖေါ်ကောင်းတာနဲ့ ရွှေတိဂုံဘုရားပေါ် ပါသွားပါတယ်။ အဖေါ်နဲ့ ပါတ်သက်ပြီး ဘိုးတော်တစ်ဦးနဲ့တွေ့ပါတယ်။ ဘိုးတော်က လုပ်စားသူဟုတ်ဟန်မတူပါ။ ပညာတတ်လဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးပြောတဲ့အထဲမှာပါတာပါ။ ၁၉၈၀ ကျော်မှာ သာသနာသန့်စင်ရေးလုပ်ဖို့ လိုလာတယ်။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာတောင် လင်ယူသားမွေး လုပ်ပြီး လူတွေအိမ်လုပ်နေတယ်။ ဒါမျိုးတွေကို သန့်ရှင်းဖို့လိုပြီဆိုပြီး လိုအပ်ချက်အရ လုပ်လိုက်တာတဲ့။ ဘယ်ကလာ တိုင်းပြည်ဂျောက်ထဲကျဖို့ လက်တစ်လုံးအလို ဖြစ်ရမလဲ။

ဒီလိုနဲ့ အာဏာသိမ်းစေပြီး သာသနာ သန့်ရှင်းရေးတွေ လုပ်ခဲ့တာတဲ့။တစ်ချို့ကိစ္စတွေက အာဏာနဲ့လုပ်မှ အဆင်ပြေမှာမို့ လုပ်ခဲ့ရတာပါ။ အဲဒီမှာပြန်မေးပါတယ်။ ဘယ်တော့ပြီးမှာလဲဆိုတော့ တစ်နှစ် နှစ်နှစ်ဆိုပြီးပြီ၊ ဘယ်လိုပြန်ထွက်သွားမှာလဲဆိုတော့ သွေးထွက်သံယိုတွေ မရှိပါဘူး၊ အေးအေးဆေးဆေးပြီး သွားလိမ့်မယ်လို့ ပြောခဲ့တာ အကြမ်းမှတ်မိပါတယ်။ အဲဒီတုံးက မဖြစ်နိုင်လို့ စိတ်မ၀င်စားတာနဲ့ သေချာလဲ မှတါမထားပါဘူး။ ခုဗိုလ်ချုပ်သန်းရွှေ အာဏာစွန့်သွားပုံ၊ တကယ်ဘဲ ခုလက်ရှိပုဂ္ဂိုလ်တွေနဲ့ မဆက်သွယ်ဘူးဆိုတာတွေ ဖတ်ရမှ ပြန်သတိရလာတာပါ။ ( တကယ်ကတော့ ကျွန်တော် ဒါကိုမယုံသေးပါဘူး၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြောလို့ရပါမယ်။)

ဒီအတိုင်းဆိုယင် ဗိုလ်ချုပ်သန်းရွှေဟာဘိုးတော်တွေ အလိုကျ ဖြစ်လာတာပါ။ ဒါကြောင့်သူဟာ ကိုယ်ပိုင်အရည်အချင်းမရှိဘဲနဲ့ နှစ်နှစ်ဆယ်ကျော် ထင်ရာလုပ်သွားတာ နေပါလိမ့်မယ်။ ခုတော့ တော်တော်လည်း ချမ်းသာသွားပြီဆိုတော့ အေးအေးဆေးဆေး စာဖတ်နေနိုင်ပါလိမ့်မယ်။ သူတို့မိသားစု ဘုန်းခဲ့သမျှဟာ သူ့ရဲ့လုပ်ခအဖြစ် သတ်မှတ်ရတော့မှာပေါ့။ ဒီကိစ္စဟာ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ သေချာတာကတော့ တိုင်းပြည်ကမွဲနေပါပြီ။ ဒါကိုလဲ ဗိုလ်းတော် ၊ ဟုတ်ပေါင်။ ဘိုးတော်တို့ ကူညီကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။       



No comments:

Post a Comment

Thank you.