02 March 2009

မတ်လ ၂ ရက်နေ့

-->
(Unicode version )

ဒီနေ့ မတ်လ ၂ ရက်နေ့ပါ။ ဒီနေ့မှာ ကျွန်တော် ငယ်ငယ်က တက်ခ့ဲတ့ဲ စိန်ပေါကျောင်းမှာ ဆရာကန်တော့ပွဲ နှစ်တိုင်းလုပ်ပါတယ်။ အလှုငွေထ့ဲအပြီး တက်ရောက်သူစာရင်းပေးအပြီးမှာ သော့ချိတ်ကလေးတစ်ခု အမှတ်တရ အဖြစ်ပေးပါတယ်။ ၁၁ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ၊ ၂-၃-၀၉ တောင်သူလယ်သမားနေ့ ဆိုပြီး ရေးထိုးထားတယ်။ အဲဒီမှာ ဖတ်ထားဖူးတာ သွားသတိရမိပါတယ်။ 
Justify Full 
မြန်မာပြည် လွတ်လပ်ရေး ရရပြီးချင်းတုံးက အင်္ဂလိပ်ကိုလဲ အရမ်းမုန်းနေကြပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကိုလဲ ရုံးပိတ်ရက်လုပ်ချင်နေကြပါတယ်။ လုပ်လိုက်ရင်လဲ အင်္ဂလိပ် ထးုံစံယူတယ် ဖြစ်တော့မယ်။ ဒီမှာ တစ်ယောက်က အကြံပေးတာနဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ရက် လုပ်လိုက်ကြပါတယ်။ ၀ိနည်းလွတ်ကလေးပေါ့။ မြန်မာ အကျင့်လေ။ 
ဒါပေမ့ဲ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းအပြီးမှာ တောင်သူလယ်သမားတွေကို ဖားချင်တာနဲ့ သူတို့အာဏာသိမ်းတ့ဲနေ့ကိုလဲ အမှတ်တရဖြစ်အောင် အဲဒီ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းပြီးသတ်မှတ်ပေးခ့ဲတာ ခုတိုင်ပါဘဲ။ အမှန်က ဗိုလ်ချုပ်စောမောင် အာဏာသိမ်းစဉ်က မေ့နေလို့နေမှာပါ။ သူတို့အာဏာထပ်သိမ်းတ့ဲ စက်တင်ဘာလ ၁၈ ရက်နေ့ကို ထပ်ပြောင်းရမှပါ။ 
တကယ်တော့ တောက်သူလယ်သမားလဲ အလုပ်သမားပါဘဲ။ အလုပ်သမားနေ့ဟာ တောင်သူလယ်သမား၊ စက်ရုံအလုပ်သမား၊ ဆရာ ဆရာမ၊ စာရေးစာချီ၊ တမ်မတော်သား အားလုံးအတွက် ဆိုင်တာပါ။ ဒီလိုသတ်မှတ်ကြေးဆိုယင် မြန်မာပြည်မှာ တောင်သူလယ်သမား ပြီးယင် အရည်အတွက်အများဆုံးက ကျောင်းဆရာ ဆရာမတွေပါ။ သူတို့အတွက်လဲ ရုံးပိတ်ရက် တစ်နေ့ သီးသန့် သတ်မှတ်သင့်ပါတယ်။ ဆရာ ဆရာမတွေသာမက ကျောင်းသားတွေပါ သဘောတူကြမှာပါ။ 
ဘာလိုလိုနဲ့ မြန်ပြည် စစ်အုပ်ချုပ်ရေးအောက်ရောက်တာ ၄၇ နှစ်တင်းတင်း ပြည့်ပါပြီ။ မကြာခင်မှာ အားလုံးအကောင်းဖက်ကို ပြောင်းသွားပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော် တတ်နိုင်တာ ဆုတောင်းတာနဲ့ blog ရေးတာဘဲ ရှိတယ်လေ။ ။

XxXxXx

(Zawgyi version )

ဒီေန႔ မတ္လ ၂ ရက္ေန႔ပါ။ ဒီေန႔မွာ ကၽြန္ေတာ္ ငယ္ငယ္က တက္ခ့ဲတ့ဲ စိန္ေပါေက်ာင္းမွာ ဆရာကန္ေတာ့ပြဲ ႏွစ္တိုင္းလုပ္ပါတယ္။ အလႈေငြထ့ဲအၿပီး တက္ေရာက္သူစာရင္းေပးအၿပီးမွာ ေသာ့ခ်ိတ္ကေလးတစ္ခု အမွတ္တရ အျဖစ္ေပးပါတယ္။ ၁၁ ႀကိမ္ေျမာက္ ျမတ္ဆရာပူေဇာ္ပြဲ ၊ ၂-၃-၀၉ ေတာင္သူလယ္သမားေန႔ ဆိုၿပီး ေရးထိုးထားတယ္။ အဲဒီမွာ ဖတ္ထားဖူးတာ သြားသတိရမိပါတယ္။
Justify Full
ျမန္မာျပည္ လြတ္လပ္ေရး ရရၿပီးခ်င္းတံုးက အဂၤလိပ္ကိုလဲ အရမ္းမုန္းေနၾကပါတယ္။ ဇန္န၀ါရီလ ၁ ရက္ေန႔ကိုလဲ ႐ံုးပိတ္ရက္လုပ္ခ်င္ေနၾကပါတယ္။ လုပ္လိုက္ရင္လဲ အဂၤလိပ္ ထးံုစံယူတယ္ ျဖစ္ေတာ့မယ္။ ဒီမွာ တစ္ေယာက္က အၾကံေပးတာနဲ႔ ဇန္န၀ါရီလ ၁ ရက္ေန႔ကို ေတာင္သူလယ္သမားေန႔ အျဖစ္သတ္မွတ္ၿပီး ႐ံုးပိတ္ရက္ လုပ္လိုက္ၾကပါတယ္။ ၀ိနည္းလြတ္ကေလးေပါ့။ ျမန္မာ အက်င့္ေလ။
ဒါေပမ့ဲ ၁၉၆၂ မတ္လ ၂ ရက္ ဗိုလ္ခ်ဳပ္ေန၀င္း အာဏာသိမ္းအျပီးမွာ ေတာင္သူလယ္သမားေတြကို ဖားခ်င္တာနဲ႔ သူတို႔အာဏာသိမ္းတ့ဲေန႔ကိုလဲ အမွတ္တရျဖစ္ေအာင္ အဲဒီ မတ္လ ၂ ရက္ေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ ေျပာင္းၿပီးသတ္မွတ္ေပးခ့ဲတာ ခုတိုင္ပါဘဲ။ အမွန္က ဗိုလ္ခ်ဳပ္ေစာေမာင္ အာဏာသိမ္းစဥ္က ေမ့ေနလို႔ေနမွာပါ။ သူတို႔အာဏာထပ္သိမ္းတ့ဲ စက္တင္ဘာလ ၁၈ ရက္ေန႔ကို ထပ္ေျပာင္းရမွပါ။
တကယ္ေတာ့ ေတာက္သူလယ္သမားလဲ အလုပ္သမားပါဘဲ။ အလုပ္သမားေန႔ဟာ ေတာင္သူလယ္သမား၊ စက္႐ံုအလုပ္သမား၊ ဆရာ ဆရာမ၊ စာေရးစာခ်ီ၊ တမ္မေတာ္သား အားလံုးအတြက္ ဆိုင္တာပါ။ ဒီလိုသတ္မွတ္ေၾကးဆိုယင္ ျမန္မာျပည္မွာ ေတာင္သူလယ္သမား ၿပီးယင္ အရည္အတြက္အမ်ားဆံုးက ေက်ာင္းဆရာ ဆရာမေတြပါ။ သူတို႔အတြက္လဲ ႐ံုးပိတ္ရက္ တစ္ေန႔ သီးသန္႔ သတ္မွတ္သင့္ပါတယ္။ ဆရာ ဆရာမေတြသာမက ေက်ာင္းသားေတြပါ သေဘာတူၾကမွာပါ။
ဘာလိုလိုနဲ႔ ျမန္ျပည္ စစ္အုပ္ခ်ဳပ္ေရးေအာက္ေရာက္တာ ၄၇ ႏွစ္တင္းတင္း ျပည့္ပါၿပီ။ မၾကာခင္မွာ အားလံုးအေကာင္းဖက္ကို ေျပာင္းသြားပါေစလို႔ ဆုေတာင္းပါတယ္။ ကၽြန္ေတာ္ တတ္ႏိုင္တာ ဆုေတာင္းတာနဲ႔ blog ေရးတာဘဲ ႐ွိတယ္ေလ။ ။

1 comment:

  1. မတ္လ ၂၇ ရက္ေန႔အေၾကာင္း ေရးပါဦး။

    ReplyDelete

Thank you.