10 March 2009

သေချာ စဉ်းစား



(Unicode version )



အမေရိကန် ဒေါ်လာနဲ့ မြန်မာပြည်က အထူးထုတ်ေ၀ထားတ့ဲ FEC တန်ဖိုး ဘယ်ဟာ များမယ် ထင်ပါသလဲ။ သေသေချာချာ စဉ်းစားပြီးမှ ဖြေစေချင်ပါတယ်။ အဖြေမပေးခင် နောက်တစ်ခေါက် စဉ်းစားလိုက်ပါဦး။ အချိန်ရှိပါသေးတယ်။ ဒီနေ့ ပေါက်ဈေးလေး ဘာလေး ဖုန်းဆက် မေးလိုက်ပါဦး။

ပြီးခ့ဲတ့ဲ စနေနေ့က ဈေးကတော့ ဒေါ်လာက ၁၀၀၂ ကျပ်ဖြစ်ပြီး FEC က ၉၇၀ကျပ် ပေါက်ပါတယ််။ ဒီတော့သေချာပြီလား။ အမေရိကန် ဒေါ်လာက ဈေးပိုကြီးတာပေါ့။ သေသေချာချာ နောက်ဆုံးအကြိမ် ပြန်စဉ်းစားကြပါဦး။ ဒီလောက် ပြန်မေးနေမှတော့ တစ်ခုခုတော့ မှားနေပြီ ထင်ပါတယ်။

မှားနေပါပြီ။ အသေအခြာကို မှားနေပါပြီ။ ၁၀၀၂ နဲ့ ၉၇၀ သေချာနေတာ ဘာများမှားနေရသလဲ ၊ မေးစရာရှိပါတယ်။ မှားနေလိုပဲ မှားတယ်ပြောတာပါ။ စိတ်မဆိုးကြပါနဲ့။ ရှင်းပြပါမယ်။ ၁၀၀၂ကျပ် ဆိုတာက အမေရိကန် ဒေါ်လာ တစ်ရာတန် တစ်ရွက်ရဲ့ ဈေးပါ။ ၅၀တန် သွားရောင်းကြည့်ပါ။ ၉၈၀ကျပ် ပဲပေးပါလိမ့်မယ်။ ၂၀ တန်တို့၊ ၁၀ တန်တို့ ဆို တော်တော်ကို နှိမ်ပါလိမ့်မယ်။ တစ်ကျပ်တန်ဆို မယူချင်သလိုလုပ်ပြီး နှိမ်ပြပါလိမ့်မယ်။ ကိုယ်၀ယ်ချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။

သဘောပေါက်ပါပြီလား။ FEC က တစ်FEC ကို ၉၇၀ ရတာပါ။ တစ် U.S $ ဆို ၈၀၀ကျပ် လောက်လဲပေးမယ် ထင်ပါတယ်။ ဒါကြောင့် တစ်ယူနစ်ချင်းတူယင် FEC က ပို တန်ဖိုးရှိပါတယ်။ မြန်မာပြည်က ၁၀၀ တန် FEC မထုတ်သေးလို့ပါ။ FEC ၅၀တန်တို့၊ ၁၀၀ တန်တို့ ထုတ်လိုက်ယင် မြန်မာ FEC က ကမ္ဘာ့တန်ဖိုးအရှိဆုံး Hard Currency ဖြစ်လာနိုင်ကြောင်းပါ။ ။

XxXxXx

(Zawgyi version)

အေမရိကန္ ေဒၚလာနဲ႔ ျမန္မာျပည္က အထူးထုတ္ေ၀ထားတ့ဲ FEC တန္ဖိုး ဘယ္ဟာ မ်ားမယ္ ထင္ပါသလဲ။ ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ေျဖေစခ်င္ပါတယ္။ အေျဖမေပးခင္ ေနာက္တစ္ေခါက္ စဥ္းစားလိုက္ပါဦး။ အခ်ိန္႐ွိပါေသးတယ္။ ဒီေန႔ ေပါက္ေစ်းေလး ဘာေလး ဖုန္းဆက္ ေမးလိုက္ပါဦး။
ၿပီးခ့ဲတ့ဲ စေနေန႔က ေစ်းကေတာ့ ေဒၚလာက ၁၀၀၂ က်ပ္ျဖစ္ၿပီး FEC က ၉၇၀က်ပ္ ေပါက္ပါတယ္္။ ဒီေတာ့ေသခ်ာၿပီလား။ အေမရိကန္ ေဒၚလာက ေစ်းပိုႀကီးတာေပါ့။ ေသေသခ်ာခ်ာ ေနာက္ဆံုးအႀကိမ္ ျပန္စဥ္းစားၾကပါဦး။ ဒီေလာက္ ျပန္ေမးေနမွေတာ့ တစ္ခုခုေတာ့ မွားေနၿပီ ထင္ပါတယ္။
မွားေနပါၿပီ။ အေသအျခာကို မွားေနပါၿပီ။ ၁၀၀၂ နဲ႔ ၉၇၀ ေသခ်ာေနတာ ဘာမ်ားမွားေနရသလဲ ၊ ေမးစရာ႐ွိပါတယ္။ မွားေနလိုပဲ မွားတယ္ေျပာတာပါ။ စိတ္မဆိုးၾကပါနဲ႔။ ႐ွင္းျပပါမယ္။ ၁၀၀၂က်ပ္ ဆိုတာက အေမရိကန္ ေဒၚလာ တစ္ရာတန္ တစ္႐ြက္ရဲ့ ေစ်းပါ။ ၅၀တန္ သြားေရာင္းၾကည့္ပါ။ ၉၈၀က်ပ္ ပဲေပးပါလိမ့္မယ္။ ၂၀ တန္တို႔၊ ၁၀ တန္တို႔ ဆို ေတာ္ေတာ္ကို ႏွိမ္ပါလိမ့္မယ္။ တစ္က်ပ္တန္ဆို မယူခ်င္သလိုလုပ္ၿပီး ႏွိမ္ျပပါလိမ့္မယ္။ ကိုယ္၀ယ္ခ်င္တယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။
သေဘာေပါက္ပါၿပီလား။ FEC က တစ္FEC ကို ၉၇၀ ရတာပါ။ တစ္ U.S $ ဆို ၈၀၀က်ပ္ ေလာက္လဲေပးမယ္ ထင္ပါတယ္။ ဒါေၾကာင့္ တစ္ယူနစ္ခ်င္းတူယင္ FEC က ပို တန္ဖိုး႐ွိပါတယ္။ ျမန္မာျပည္က ၁၀၀ တန္ FEC မထုတ္ေသးလို႔ပါ။ FEC ၅၀တန္တို႔၊ ၁၀၀ တန္တို႔ ထုတ္လိုက္ယင္ ျမန္မာ FEC က ကမာၻ႔တန္ဖိုးအ႐ွိဆံုး Hard Currency ျဖစ္လာႏိုင္ေၾကာင္းပါ။ ။

1 comment:

  1. ေတာ္ေတာ္ ကပ္ကပ္ သတ္သတ္ စဥ္းစားထားတာဘဲ.

    ReplyDelete

Thank you.