07 March 2009

ပန်းသီး ဖီလင်

-->
(Unicode version) 

ပြီးခ့ဲတ့ဲ အပတ်က ဖြစ်ခ့ဲတာလေး စဉ်းစားရခက်နေပါတယ်။ ကျွန်တော် အင်တာနက်ကို ရတ့ဲနေရာမှာ သုံးပါတယ်။ အလုပ်ထဲမှာလဲ အဆင်ပြေယင် သုံးပါတယ်။ အလုပ်မှာက လူများပြီး တစ်နေရာထဲဆိုတော့ အလုပ်နဲ့ ဆက်စပ်နေတ့ဲ နောက်တစ်နေရာမှာ သွားသုံးပါတယ်။ အဲဒီမှာက speed အလွန်ကောင်းတယ်။ Bagan net က ပိတ်ထားတ့ဲ site တစ်ချို့ သူ့ဆီမှာ ပွင့်ပါတယ်။


အဲဒီနေရာမှာက သူ တစ်ယောက်ထဲသုံးတာပါ။ တခြားသူ လာသုံးလေ့ မရှိပါဘူး။ သူမသုံးတ့ဲအချိန် ကျွန်တော်သုံးချင်တယ်ဆိုတော့ သူကလှိုက်လှိုက်လှဲလှဲပါ။ သူက chatting ထိုင်တ့ဲလူလည်း မဟုတ်ပါဘူး။ Email လဲ သူ့အပြောအရ နိုင်ငံခြားမှာ အသိမရှိလို့ တချိန်လးုံ သုံးလေ့မရှိပါဘူး။ ကျွန်တော်ရောက်သွားလို့ သုံးချင်တယ်ဆိုယင် Gmail လေး sign out လုပ်ပြီး ထပေးတာပါဘဲ။ ကျွန်တော်ကလဲ ကြာကြာသုံးလေ့ မရှိပါဘူး။ Mail လေး စစ် ယုံ၊ တစ်ခါတလေတော့ blog တွေကြည့်ပါတယ်။ များသောအားဖြင့် ၃၀ မိနစ်ထက် ပိုလေ့မရှိပါဘူး။ တစ်ခါတစ်လေ သုံးတာ မြန်လို့ အားနာလို့လား၊ အေးဆေးသုံးပါလို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ပုံမှန်ဘဲ သုံးလေ့ရှိပါတယ်။


သူက အင်တာနက် သာရထားတာ web site တွေလဲ ကြည့်လေ့ မရှိပါဘူး။ you tube ကိုသူမသိ၊ blogspot, facebook, ဒါတွေလဲ သူမကြည့်ပါဘူး။ ကျွန်တော့်အထင် သိကို သိဟန်မတူပါဘူး။ porno site တွေလဲကြည့်တာ တခါမှ မတွေ့ပါဘူး။ သတင်းလဲ ဖတ်လေ့ မရှိပါဘူး။ သူဘာလုပ်လဲ မေးကြည့်တော့မှ စာအုပ်တွေ down load လုပ်နေတာ များပါတယ်။ Dictionary အုပ် ၈၀ ကျော် ၁၀၀ နီးပါရှိတယ် လို့ သိရပါတယ်။ တစ်ခြား စာအုပ်တွေလဲ ထောင်ချီရှိနေပြီလို့ ပြောပါတယ်။ ဖတ်သလားမေးတော့ မဖတ်နိုင်ပါဘူးတ့ဲ။ down load လုပ်ပြီး စုထားတာပါတ့ဲ။


ဒါနဲ့ အားနာလို့ သူ off ယူတဲ့နေ့ သူ့တပည့်တွေ ပြောပြီး သုံးပါတယ်။ computer ကို pass word နဲ့ ပိတ်ထားပါတယ်။ နောက်နေ့ သူ့ကိုပြောပြတော့ pass word ပေးပြီး ပေးသုံးပါတယ်။ ဒီလိုနဲ့ သူရှိတ့ဲနေ့ရော မရှိတ့ဲနေ့ရော သုံးတာ အစဉ်ပြေနေတာပါ။ သူမရှိတ့ဲ အချိန်သုံးလို့ ဘာမှ ပိုထူးထူးထွေထွေ သုံးလေံ မရှိပါဘူး။ သုံးမြဲ ပုံစံပါဘဲ။ သုံးနေတာ ခြောက်လလောက် ရှိပါပြီ။


ပြီးခ့ဲတ့ဲ အပတ်က သွားသုံးတော့ computer မှာ pass word ပြောင်းထားပါတယ်။ မှားများ ရိုက်မိသလား ဆိုပြီး အကြိမ်ကြိမ်ရိုက်လဲ မရပါဘူး။ ဒါနဲ့ နောက်နေ့တွေ့လို့ မေးကြည့်တော့ မကြားချင်ယောင်ဆောင်နေပါတယ်။ ပြန်မဖြေပါဘူး။ ကျွန်တော်လဲ ကြောင်သွားပါတယ်။ ငါ ဘာများ အမှား လုပ်မိသလဲပေါ့။ ခု နောက်ပိုင်း ဆက်ဆံမှုလဲ ပုံမှန်ပါဘဲ။ သူရှိတဲ့အချိန်ဆို ကျွန်တော့်ကို မြင်တာနဲ့ internet သုံမလားဆိုပြီး ဖယ်ပေးပါတယ်။ password ပြောင်းထားတ့ဲ အကြောင်းတော့ လုံး၀ မဟပါဘူး။ ကျွန်တော်လဲ လုံး၀ မသုံးဖြစ်တော့ပါဘူး။


ဘယ်လိုဖြစ်သွားတာလဲ စဉ်းစားလို့မရပါဘူး။ သူ့အထက် လူကြီးက အပြင်လူ ပေးမသုံးနဲ့ ပြောတောင် ကျွန်တော်က သူတို့ဌာနအတွက် လုပ်ပေးနေရတော့ တစ်ဌာနထဲ မဟုတ်ပေမဲ့ လုံး၀အပြင်လူတော့ မဟုတ်ပါဘူး။ သူ download လုပ်ထားတာ မဖတ်စေချင်လဲ သူဖွက်ထားမှာပါ။ ကျွန်တော်ကလဲ အချိန်ကုန်ခံ ရှာမနေနိုင်ပါဘူး။ လူတစ်ယောက်အတွက် တန်ဖိုးရှိတယ် ထင်ပေမ့ဲ ကျန်သူတွေက ထင်ချင်မှ ထင်မှာပါ။ ကျွန်တော် စဉ်းစားလို့ အကြောင်းရှာမရပါ။ ဘာကြောင့် ၊ ကျွန်တော်လုပ်တ့ဲ အထဲက ဘာကို မကြိုက်လို့၊ ဖြစ်သွားရတာလဲ သိချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တော့ စဉ်းစားလို့မရပါ။ နေရတာလဲ ခက်သလိုပါဘဲ။ ကူ စဉ်းစားပေးကြပါဥိး။


သူသုံးတ့ဲ computer brand က APPLE ပါ။ ပန်းသီးဖီလင်ပေါ့။ blog ရေးဖို့ ဖြစ်လာတယ်ဘဲ အောက်မေ့မိပါတယ်။



XxXxXx 


(Zawgyi version) 

ၿပီးခ့ဲတ့ဲ အပတ္က ျဖစ္ခ့ဲတာေလး စဥ္းစားရခက္ေနပါတယ္။ ကၽြန္ေတာ္ အင္တာနက္ကို ရတ့ဲေနရာမွာ သံုးပါတယ္။ အလုပ္ထဲမွာလဲ အဆင္ေျပယင္ သံုးပါတယ္။ အလုပ္မွာက လူမ်ားၿပီး တစ္ေနရာထဲဆိုေတာ့ အလုပ္နဲ႔ ဆက္စပ္ေနတ့ဲ ေနာက္တစ္ေနရာမွာ သြားသံုးပါတယ္။ အဲဒီမွာက speed အလြန္ေကာင္းတယ္။ Bagan net က ပိတ္ထားတ့ဲ site တစ္ခ်ိဳ႕ သူ႔ဆီမွာ ပြင့္ပါတယ္။

အဲဒီေနရာမွာက သူ တစ္ေယာက္ထဲသံုးတာပါ။ တျခားသူ လာသံုးေလ့ မ႐ွိပါဘူး။ သူမသံုးတ့ဲအခ်ိန္ ကၽြန္ေတာ္သံုးခ်င္တယ္ဆိုေတာ့ သူကလႈိက္လႈိက္လွဲလွဲပါ။ သူက chatting ထိုင္တ့ဲလူလည္း မဟုတ္ပါဘူး။ Email လဲ သူ႕အေျပာအရ ႏိုင္ငံျခားမွာ အသိမ႐ွိလို႔ တခ်ိန္လးံု သံုးေလ့မ႐ွိပါဘူး။ ကၽြန္ေတာ္ေရာက္သြားလို႔ သံုးခ်င္တယ္ဆိုယင္ Gmail ေလး sign out လုပ္ၿပီး ထေပးတာပါဘဲ။ ကၽြန္ေတာ္ကလဲ ၾကာၾကာသံုးေလ့ မ႐ွိပါဘူး။ Mail ေလး စစ္ ယံု၊ တစ္ခါတေလေတာ့ blog ေတြၾကည့္ပါတယ္။ မ်ားေသာအားျဖင့္ ၃၀ မိနစ္ထက္ ပိုေလ့မ႐ွိပါဘူး။ တစ္ခါတစ္ေလ သံုးတာ ျမန္လို႔ အားနာလို႔လား၊ ေအးေဆးသံုးပါလို႔ ေျပာေလ့႐ွိပါတယ္။ ကၽြန္ေတာ္ကေတာ့ ပံုမွန္ဘဲ သံုးေလ့႐ွိပါတယ္။

သူက အင္တာနက္ သာရထားတာ web site ေတြလဲ ၾကည့္ေလ့ မ႐ွိပါဘူး။ you tube ကိုသူမသိ၊ blogspot, facebook, ဒါေတြလဲ သူမၾကည့္ပါဘူး။ ကၽြန္ေတာ့္အထင္ သိကို သိဟန္မတူပါဘူး။ porno site ေတြလဲၾကည့္တာ တခါမွ မေတြ႔ပါဘူး။ သတင္းလဲ ဖတ္ေလ့ မ႐ွိပါဘူး။ သူဘာလုပ္လဲ ေမးၾကည့္ေတာ့မွ စာအုပ္ေတြ down load လုပ္ေနတာ မ်ားပါတယ္။ Dictionary အုပ္ ၈၀ ေက်ာ္ ၁၀၀ နီးပါ႐ွိတယ္ လို႔ သိရပါတယ္။ တစ္ျခား စာအုပ္ေတြလဲ ေထာင္ခ်ီ႐ွိေနၿပီလို႔ ေျပာပါတယ္။ ဖတ္သလားေမးေတာ့ မဖတ္ႏိုင္ပါဘူးတ့ဲ။ down load လုပ္ၿပီး စုထားတာပါတ့ဲ။

ဒါနဲ႔ အားနာလို႔ သူ off ယူတဲ့ေန႔ သူ႔တပည့္ေတြ ေျပာၿပီး သံုးပါတယ္။ computer ကို pass word နဲ႔ ပိတ္ထားပါတယ္။ ေနာက္ေန႔ သူ႔ကိုေျပာျပေတာ့ pass word ေပးၿပီး ေပးသံုးပါတယ္။ ဒီလိုနဲ႔ သူ႐ွိတ့ဲေန႔ေရာ မ႐ွိတ့ဲေန႔ေရာ သံုးတာ အစဥ္ေျပေနတာပါ။ သူမ႐ွိတ့ဲ အခ်ိန္သံုးလို႔ ဘာမွ ပိုထူးထူးေထြေထြ သံုးေလံ မ႐ွိပါဘူး။ သံုးၿမဲ ပံုစံပါဘဲ။ သံုးေနတာ ေျခာက္လေလာက္ ႐ွိပါၿပီ။

ၿပီးခ့ဲတ့ဲ အပတ္က သြားသံုးေတာ့ computer မွာ pass word ေျပာင္းထားပါတယ္။ မွားမ်ား ႐ိုက္မိသလား ဆိုၿပီး အႀကိမ္ႀကိမ္႐ိုက္လဲ မရပါဘူး။ ဒါနဲ႔ ေနာက္ေန႔ေတြ႔လို႔ ေမးၾကည့္ေတာ့ မၾကားခ်င္ေယာင္ေဆာင္ေနပါတယ္။ ျပန္မေျဖပါဘူး။ ကၽြန္ေတာ္လဲ ေၾကာင္သြားပါတယ္။ ငါ ဘာမ်ား အမွား လုပ္မိသလဲေပါ့။ ခု ေနာက္ပိုင္း ဆက္ဆံမႈလဲ ပံုမွန္ပါဘဲ။ သူ႐ွိတဲ့အခ်ိန္ဆို ကၽြန္ေတာ့္ကို ျမင္တာနဲ႔ internet သံုမလားဆိုၿပီး ဖယ္ေပးပါတယ္။ password ေျပာင္းထားတ့ဲ အေၾကာင္းေတာ့ လံုး၀ မဟပါဘူး။ ကၽြန္ေတာ္လဲ လံုး၀ မသံုးျဖစ္ေတာ့ပါဘူး။

ဘယ္လိုျဖစ္သြားတာလဲ စဥ္းစားလို႔မရပါဘူး။ သူ႔အထက္ လူႀကီးက အျပင္လူ ေပးမသံုးနဲ႔ ေျပာေတာင္ ကၽြန္ေတာ္က သူတို႔ဌာနအတြက္ လုပ္ေပးေနရေတာ့ တစ္ဌာနထဲ မဟုတ္ေပမဲ့ လံုး၀အျပင္လူေတာ့ မဟုတ္ပါဘူး။ သူ download လုပ္ထားတာ မဖတ္ေစခ်င္လဲ သူဖြက္ထားမွာပါ။ ကၽြန္ေတာ္ကလဲ အခ်ိန္ကုန္ခံ ႐ွာမေနႏိုင္ပါဘူး။ လူတစ္ေယာက္အတြက္ တန္ဖိုး႐ွိတယ္ ထင္ေပမ့ဲ က်န္သူေတြက ထင္ခ်င္မွ ထင္မွာပါ။ ကၽြန္ေတာ္ စဥ္းစားလို႔ အေၾကာင္း႐ွာမရပါ။ ဘာေၾကာင့္ ၊ ကၽြန္ေတာ္လုပ္တ့ဲ အထဲက ဘာကို မႀကိဳက္လို႔၊ ျဖစ္သြားရတာလဲ သိခ်င္ပါတယ္။ ကၽြန္ေတာ္ ကိုယ္တိုင္ေတာ့ စဥ္းစားလို႔မရပါ။ ေနရတာလဲ ခက္သလိုပါဘဲ။ ကူ စဥ္းစားေပးၾကပါဥိး။

သူသံုးတ့ဲ computer brand က APPLE ပါ။ ပန္းသီးဖီလင္ေပါ့။ blog ေရးဖို႔ ျဖစ္လာတယ္ဘဲ ေအာက္ေမ့မိပါတယ္။

No comments:

Post a Comment

Thank you.