27 February 2009
မြန်မာစာ
-->
(Unicode version)
မန်ယူ=မာန်မဲ၍ တောင်းယူသည်။ 
= မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း။ တချို့က မန်ချက် ဟူ၍၄င်း၊ မန်ယူနိုက်တက် ဟု၄င်း ခေါ်ကြသည်။ 
မန်ယူအကြောင်းရေးလျှင် ကက်ပတိန်ဟောင်း Roy Keane အကြောင်း ရေးရတော့မည်။ ရွိုင်ကိန်းလို့ ဗမာလိုရေးရမည်လား၊ ဒါဆိုလျှင် အင်္ဂလိပ်လို ပြန်လျှင် Roy Kane ဖြစ်သွားနိုင်သည်။ ပြဿနာ။ ဗမာလို Keane ကို ကှီန်း လို့ ထွင်ရေးရမလား၊ တခြား ဘယ်လိုရေးရမလဲ။ အကြံဉာဏ် ပေးကြပါဦးဗျို့။ အစမှာတင် ထစ်နေပြီ။ 
အင်္ဂလိပ်လိုဘဲ နာမည်ခေါ်တော့မည်။ Roy Keane သည် အဲရစ် ကန်တိုနာ နောက်ပိုင်း မန်ယူတွင် ဘော အထိမ်းအသိမ်း( Control) ရော၊ ကျွမ်းကျင်မှု ( skill ) ရော ကောင်းသူဖြစ်သည်။ ဤနေရာတွင် တခု သတိရမိသည်။ အင်္ဂလိပ်လို skill ကို ဘောဂျာနယ်များတွင် စကေး ဟူ၍ ရေးနေကြသည်။ scale ကို မြန်မာတို့ အရင်က အဲဒီအတိုင်း ရေးခ့ဲကြပြီ။ skill ကို စကှလ်း ဟု ထွင်ရေးယင် ကောင်းမလား။ စကေလ်း ဟုရေးယင်ကောင်းမလား၊ ပြောကြစေချင်ပါသည်။ 
ယခင်က မြန်မာတို့ ပြည်ပနှင့် အဆကိအဆံ နည်းခ့ဲကြသဖြင့် မြန်မာစာ လုံလောက်ခ့ဲကြသည်။ ခု မလုံလောက်တော့။ ဖတ်တော့ အသံ၊ ရေးတော့ အမှန် ဆိုပြီး ကြီးကျယ်နေကြလျှင် ဗမာစာ Internet တွင်ပျောက်လိမ့်မည်။ Burglish တွေ သုံးကုန်ကြလိမ့်မည်။ ဘယ်လို ဗြီး ( Excuse me, even i do not know how to spell ''VOWEL '' ) တွေ ထပ်ဖြည့်ကြမလဲ။ နိုင်ငံတကာ စကာလုံးတွေကို ဘယ်လို မြန်မာမှုပြုကြမလဲ။ ခုကတည်းက စဉ်းစားသင့်ကြောင်းပါ။
XxXxXx 
(Zawgyi version) 
No comments:
Post a Comment
Thank you.