01 February 2009

မီးပွိုင့်


-->
-->
(Unicode version )

ဒေးဗစ်ဘက်ခမ်းကြော်ငြာ NO.23 မဟုတ်ပါ။ ရန်ကုန်မြို့တွင် digital မီးပွိုင့်များ ပြန်သုံးတော့မည်ကို ဓါတ်ပုံရိုက်ထားခြင်း ဖြစ်ပါသည်။ ပထမ တစ်ခုကို သိမ်ဖြူ လမ်းပေါ်တွင်တွေ့ရပြီး ဤတစ်ခုမှာ ဆူးလေဘုရားလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံတွင် တွေ့ရခြင်း ဖြစ်သည်။


အရင်ကလဲ အသုံးပြုဖူးပြီး ဘယ်ရွှေဉာဏ်တော် စူးရောက်သူက ဖြုတ်ခိုင်း၍ ဖြုတ်သွားသလဲ မသိပါ။ ကားမောင်းသူများအတွက် အလွန်အသုံး၀င်ပါသည်။ မိမိကားအရှိန်ကို မီးပွိုင့်နီတော့မည့် အချိန်ကို တွက်၍မောင်းနိုင်သည်။ မနီခင် လွတ်အောင် အတင်းမောင်းမည့်သူ ရှိနိုင်သော်လည်း ရိုးရိုးမီးပွိုင့်တွင်လည်း ထိုသူများ အရှိန်နှင့် မောင်းမှာသေချာပါသည်။ ကျန်လမ်းမှန် ကမ်းမှန်မောင်းသူများ ပိုအကျိုးရှိပါသည်။ လူအနည်းစု မဟုတ်တာ လုပ်မှာစိုး၍ လူအများစုကို ဒုက္ခမပေးသင့်ဟု ကျွန်တော် ထင်ပါသည်။ 

အခြားနိုင်ငံ တော်တော်များများတွင်လဲ ဒါမျိုးသုံးတာ ရုပ်ရှင်၊ ဗီဒီယို များတွင်တွေ့ဖူးပါသည်။ ဘန်ကောက်တွင်၊ စင်ကာပူတွင် သုံးတာလဲ တွေ့ဖူးပါသည်။ ရန်ကုန်တွင်လဲ လွန်ခ့ဲသော ငါးနှစ်ခန့်က တော်တော်များများ တပ်ဆင်ပြီးကာမှ စူးရောက်၍ ဖြုတ်သွားတာဖြစ်သည်။ ခုတော့ အမြင်မှန်ရ၍ ပြန်တပ်နေ ကြပြန်ပါပြီ။ ဘယ်တော့ စူးရောက်ဦးမှာလဲ တော့မသိကြောင်းပါ ခင်ဗျား။ ။

XxXxXx 

(Zawgyi version )

ေဒးဗစ္ဘက္ခမ္းေၾကာ္ျငာ NO.23 မဟုတ္ပါ။ ရန္ကုန္ၿမိဳ႕တြင္ digital မီးပြိဳင့္မ်ား ျပန္သံုးေတာ့မည္ကို ဓါတ္ပံု႐ိုက္ထားျခင္း ျဖစ္ပါသည္။ ပထမ တစ္ခုကို သိမ္ျဖဴ လမ္းေပၚတြင္ေတြ႕ရၿပီး ဤတစ္ခုမွာ ဆူးေလဘုရားလမ္း ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းဆံုတြင္ ေတြ႔ရျခင္း ျဖစ္သည္။
အရင္ကလဲ အသံုးျပဳဖူးၿပီး ဘယ္ေ႐ႊဥာဏ္ေတာ္ စူးေရာက္သူက ျဖဳတ္ခိုင္း၍ ျဖဳတ္သြားသလဲ မသိပါ။ ကားေမာင္းသူမ်ားအတြက္ အလြန္အသံုး၀င္ပါသည္။ မိမိကားအ႐ွိန္ကို မီးပြိဳင့္နီေတာ့မည့္ အခ်ိန္ကို တြက္၍ေမာင္းနိုင္သည္။ မနီခင္ လြတ္ေအာင္ အတင္းေမာင္းမည့္သူ ႐ွိနိုင္ေသာ္လည္း ႐ိုး႐ိုးမီးပြိဳင့္တြင္လည္း ထိုသူမ်ား အ႐ွိန္ႏွင့္ ေမာင္းမွာေသခ်ာပါသည္။ က်န္လမ္းမွန္ ကမ္းမွန္ေမာင္းသူမ်ား ပိုအက်ိဳး႐ွိပါသည္။ လူအနည္းစု မဟုတ္တာ လုပ္မွာစိုး၍ လူအမ်ားစုကို ဒုကၡမေပးသင့္ဟု ကၽြန္ေတာ္ ထင္ပါသည္။
အျခားႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားတြင္လဲ ဒါမ်ိဳးသံုးတာ ႐ုပ္႐ွင္၊ ဗီဒီယို မ်ားတြင္ေတြ႔ဖူးပါသည္။ ဘန္ေကာက္တြင္၊ စင္ကာပူတြင္ သံုးတာလဲ ေတြ႔ဖူးပါသည္။ ရန္ကုန္တြင္လဲ လြန္ခ့ဲေသာ ငါးႏွစ္ခန္႔က ေတာ္ေတာ္မ်ားမ်ား တပ္ဆင္ၿပီးကာမွ စူးေရာက္၍ ျဖဳတ္သြားတာျဖစ္သည္။ ခုေတာ့ အျမင္မွန္ရ၍ ျပန္တပ္ေန ၾကျပန္ပါၿပီ။ ဘယ္ေတာ့ စူးေရာက္ဦးမွာလဲ ေတာ့မသိေၾကာင္းပါ ခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.