21 February 2009

အာပလာ ၁၀၀


ကျွန်တော့် Blog ကြည့်သူ မြန်မာ ၁၀၀ ပြည့်သွားပါပြီ။ မြန်မာ လိုရေးတဲ့ Blog မြန်မာ တွေဘဲ ဖတ်မှာပေါ့လို့ လွယ်လွယ် အပြစ်မတင် လိုက်ပါနဲ့။ မြန်မာပြည်ကနေ မြန်မာလိုရေးတဲ့ မြန်မာBlog ကို မြန်မာတွေ ဖတ်ရဖို့ တော်တော် ကျော်ခွရပါတယ်။ Fire wall ဆိုတာ တွေ ကျော်ဖြတ်ဖို့ Your Freedom လို Software တွေသုံးကြရပါတယ်။
တကယ်က မြန်မာ လိုရေးသူ နဲနဲလေးဘဲရှိပါသေးတယ်။ စက်တင်ဘာ အရေးအခင်းမှာ kohtike blog ကနေ သတင်းတွေ live တင်နေတော့မှ ခေတ်စားသွားတယ် ထင်ပါတယ်။ ခေတ်စား လူသိလည်းများရော ban လိုက်တော့တာပါဘဲ။ မြန်မာ blog တွေထဲမှာ anti တွေ မပြောပလောက်တဲ့ amount ဘဲရှိမှာပါ။ နဲနဲလေးကို မကြည့်စေချင်တာနဲ့ တန်ဖိုးရှိတဲ့ အသုံးချနိုင်မှုတွေ လွတ်ကုန်တာပေါ့။ Youtube ဆိုတဲ့ web site တုံးကလည်း ဒီလိုပါဘဲ။ ဗိုလ်ချုပ်သန်းရွှေ သမီး မင်္ဂလာဆောင် Video ထဲက စိန်လည်ဆွဲ တွေတင်တာနဲ့ ban လိုက်တာပါ။ တကယ်ဆို tourism အတွက် ကြော်ငြာတွေ၊ အခြားအကျိုးရှိရှိ သုံးနိုင်တာတွေ အများကြီးပါ။ နောက်ဆုံး ကိုယ်ဝါဒဖြန့်ချင်တာတွေ တင်လို့ရပါတယ်။ ခုမြန်မာ့ tv မှာလွှင့်လွှင့်နေတဲ့ တံတားသီချင်းတွေ၊ ဆည်တည်ဆောက်တဲ့ သီချင်းတွေ တင်လို့ရပါတယ်။
အင်း။ ဒါကြောင့်ပြောကြတာနေမှာပါ။ နိုင်ငံအုပ်ချုပ်ရတာ လွယ်ပါတယ်။ အဲဒီနေရာ ရောက်ဖို့ဘဲ ခက်တာ။ ဦးဏှောက် ရှိဖို့ မရှိဖို့ မလိုပါဘူးလို့လေ။

No comments:

Post a Comment

Thank you.