22 June 2017

အသက်မွေးဝမ်းကျောင်းပညာ

(Unicode version)

     အသက်မွေးဝမ်းကျောင်းပညာနှင့် ပတ်သက်၍ ဒေါ်စုပြောစကားအပေါ် ဖွနေတာ တွေ့ရပါသည်။ ဘွဲ့နှင့် အသက်မွေးဝမ်းကျောင်းပညာ ဘယ်ကမြင့်သလည်း ဇဝေဇဝါ ဖြစ်ကုန်ကြပါသည်။ တကယ်က အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွင်လည်း ဘွဲ့သာမက မာစတာ ဒေါက်တာဘွဲ့အထိ ရှိပါသည်။ ဟိုတယ်အခန်း ပြင်ဆင်တတ်ယုံ၊ တွင်ခုံခုတ်တတ်ယုံလောက်ကိုသာ သက်မွေးဝမ်းကျောင်းပညာဟု ခေါ်တာမဟုတ်ကြောင်း သိစေလိုပါသည်။

.

မဆလခေတ်တွင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်များကို အင်္ဂလိပ်လို Institute ဟု သုံးပါသည်။ Institute of Medicine, Rangoon Institute of Technology ဟု ခေါ်ခ့ဲပါသည်။ အခြား စိုက်ပျိုးရေး စီးပွားရေး မွေးမြူရေး တက္ကသိုလ်များကိုလည်း အင်္ဂလိပ်လို Institute ဟုသာ ခေါ်ဆိုခ့ဲပါသည်။ မြန်မာလို ဘွဲ့ရတာချင်းတူသော်လည်း အလုပ်ရလွယ်မှုအပေါ် မူတည်၍ ဝင်ခွင့်အမှတ် မြင့်လာခ့ဲပါသည်။ ရှေးယခင်က အမြင့်ဆုံးဖြစ်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘွဲ့များမှာ နိမ့်သလို ဖြစ်ခ့ဲရပါသည်။

.

ယနေ့ထက်တိုင် မြန်မာအများစုသည် ပညာတတ်စရာမလို၊ ဘွဲ့ရရင် ကြေနပ်နေဆဲ ဖြစ်ပါသည်။ တချို့ဆိုလျင် လေးနှစ်အချိန်ကုန်ခံ ငွေကုန်ခံပြီး ဘွဲ့ယူကြသည်။ နောက်ပိုင်း စာပေးစာယူ (ယခု အဝေးသင်) ပေါ်လာတော့ ဘွဲ့ယူရတာ ပိုလွယ်သွားသည်။ မိမိ အဓိကယူသည့် မေဂျာအမည်ကို အင်္ဂလိပ်လို မသိသည့် ဘွဲ့ရများ ပေါ်ထွက်လာသည်အထိ ဝမ်းနည်းဖွယ် ကောင်းခ့ဲပါသည်။ ဤအဖြစ်များကို ဗိုလ်ချုပ်နေဝင်း အာဏာယူချိန်မှစ၍ ပျက်သည်ဟု စွပ်စွြဲကတာ မှန်သော်လည်း ပညာတတ်ဖို့ထက် ဘွဲ့ရဖို့က ပိုအဓိကဖြစ်နေသော မြန်မာတို့ရဲ့ ဓလေ့ထုံးစံကြောင့်လည်း ပါပါသည်။

.

အင်္ဂလန်တို့ အမေရိကန်တို့မှာတောင် မြန်မာပြည်လောက် ဘွဲ့ရအရည်အတွက် များရဲ့လား သံသယဖြစ်မိသည်။ ရှေးအင်္ဂလိပ်ခေတ်က မြန်မာပြည်တွင် ဘွဲ့ရရှားပါးသည်။ ဘွဲ့ရပါက ရာထူးရာခံရ၍ လူတန်းစေ့ နေနိုင်သဖြင့် ဘွဲ့ကို တန်ဖိုးထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘွဲ့ရများပြီး အလုပ်မပေးနိုင်သဖြင့် ဘွဲ့ရအလုပ်လက်မ့ဲ များလာသော်လည်း မြန်မာများကား ဘွဲ့ကို မက်မောနေဆဲပင်။

.

ကမ်ဘာကျော် ရုပ်ရှင်မင်းသားများ မင်းသမီးများ ၊ အားကစား ဘောလုံးသမားများ ဘွဲ့ရတာ မရှိသလောက်ပါ။ မိမိအလုပ်တွင် ကျွမ်းကျင်လျှင် အောင်မြင်တာဘဲ ဖြစ်သည်။ အပြောများသည့် ဘီလ်ဂိတ်တို့လို အိုင်တီလောကမှ ပဂေးကြီးတွေ ဘွဲ့မရခ့ဲကြပါ။ ဘွဲ့ရလျှင် မကောင်းဘူးလား၊ ကောင်းပါသည်။ သို့သော် ဘွဲ့ရပြီး ဘာမှမတတ်တာနှင့် စာလျှင် အသက်မွေးဝမ်းကျောင်း ပညာတခု တတ်တာက ပိုကောင်းမည် ထင်ပါသည်။ မြန်မာပြည်တွင်လည်း ချမ်းသာ အောင်မြင်နေသူများထဲ ဘွဲ့ရသူ ဘယ်လောက်ရှိမလည်း။ မိမိရသည့် ဘွဲ့နှင့် မဆိုင်သော အလုပ်တွင် အောင်မြင်နေသူရော ဘယ်လောက်များမလည်း။

.

ဒေါ်စုက ကမ်ဘာ့အခြေအနေကို မြင်၍ မြန်မာပြည် လိုအပ်ချက်အတွက် အသက်မွေးပညာတတ်သူ ပညာရှင်များ လိုအပ်နေတာကို ဖြည့်ဖို့ ပြောခ့ြဲခင်း ဖြစ်ပါလိမ့်မည်။ တမင်တကာ အကျအနကောက်၍ က့ဲရဲ့စကားဆိုနေသူများကို ပြန်မရှင်းလိုပါ။ ထိုသူများစကား (အထူးသဖြင့် ဖွဘုတ်ပေါ်မှ) နဝေတိမ်တောင် ဖြစ်နေသူများ အမြင်ရှင်းစေရန် အတွက်ဖြစ်ကြောင်းပါ။ ။


XxXxXx

(Zawgyi version )

    အသက္ေမြးဝမ္းေက်ာင္းပညာႏွင့္ ပတ္သက္၍ ေဒၚစုေျပာစကားအေပၚ ဖြေနတာ ေတြ႔ရပါသည္။ ဘြဲ႔ႏွင့္ အသက္ေမြးဝမ္းေက်ာင္းပညာ ဘယ္ကျမင့္သလည္း ဇေဝဇဝါ ျဖစ္ကုန္ၾကပါသည္။ တကယ္က အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ပညာရပ္တြင္လည္း ဘြဲ႔သာမက မာစတာ ေဒါက္တာဘြဲ႔အထိ ႐ွိပါသည္။ ဟိုတယ္အခန္း ျပင္ဆင္တတ္ယံု၊ တြင္ခံုခုတ္တတ္ယံုေလာက္ကိုသာ သက္ေမြးဝမ္းေက်ာင္းပညာဟု ေခၚတာမဟုတ္ေၾကာင္း သိေစလိုပါသည္။
.
မဆလေခတ္တြင္ သက္ေမြးဝမ္းေက်ာင္း တကၠသိုလ္မ်ားကို အဂၤလိပ္လို Institute ဟု သံုးပါသည္။ Institute of Medicine, Rangoon Institute of Technology ဟု ေခၚခ့ဲပါသည္။ အျခား စိုက္ပ်ိဳးေရး စီးပြားေရး ေမြးျမဴေရး တကၠသိုလ္မ်ားကိုလည္း အဂၤလိပ္လို Institute ဟုသာ ေခၚဆိုခ့ဲပါသည္။ ျမန္မာလို ဘြဲ႔ရတာခ်င္းတူေသာ္လည္း အလုပ္ရလြယ္မႈအေပၚ မူတည္၍ ဝင္ခြင့္အမွတ္ ျမင့္လာခ့ဲပါသည္။ ေ႐ွးယခင္က အျမင့္ဆံုးျဖစ္ေသာ ဝိဇၨာသိပၸံတကၠသိုလ္မွ ဘြဲ႔မ်ားမွာ နိမ့္သလို ျဖစ္ခ့ဲရပါသည္။
.
ယေန႔ထက္တိုင္ ျမန္မာအမ်ားစုသည္ ပညာတတ္စရာမလို၊ ဘဲြ႔ရရင္ ေၾကနပ္ေနဆဲ ျဖစ္ပါသည္။ တခ်ိဳ႕ဆိုလ်င္ ေလးႏွစ္အခ်ိန္ကုန္ခံ ေငြကုန္ခံၿပီး ဘြဲ႔ယူၾကသည္။ ေနာက္ပိုင္း စာေပးစာယူ (ယခု အေဝးသင္) ေပၚလာေတာ့ ဘြဲ႔ယူရတာ ပိုလြယ္သြားသည္။ မိမိ အဓိကယူသည့္ ေမဂ်ာအမည္ကို အဂၤလိပ္လို မသိသည့္ ဘြဲ႔ရမ်ား ေပၚထြက္လာသည္အထိ ဝမ္းနည္းဖြယ္ ေကာင္းခ့ဲပါသည္။ ဤအျဖစ္မ်ားကို ဗိုလ္ခ်ဳပ္ေနဝင္း အာဏာယူခ်ိန္မွစ၍ ပ်က္သည္ဟု စြပ္စြၾဲကတာ မွန္ေသာ္လည္း ပညာတတ္ဖို႔ထက္ ဘြဲ႔ရဖို႔က ပိုအဓိကျဖစ္ေနေသာ ျမန္မာတို႔ရဲ႕ ဓေလ့ထံုးစံေၾကာင့္လည္း ပါပါသည္။
.
အဂၤလန္တို႔ အေမရိကန္တို႔မွာေတာင္ ျမန္မာျပည္ေလာက္ ဘြဲ႔ရအရည္အတြက္ မ်ားရဲ႕လား သံသယျဖစ္မိသည္။ ေ႐ွးအဂၤလိပ္ေခတ္က ျမန္မာျပည္တြင္ ဘြဲ႔ရ႐ွားပါးသည္။ ဘြဲ႔ရပါက ရာထူးရာခံရ၍ လူတန္းေစ့ ေနႏိုင္သျဖင့္ ဘြဲ႔ကို တန္ဖိုးထားခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ဘြဲ႔ရမ်ားၿပီး အလုပ္မေပးႏိုင္သျဖင့္ ဘြဲ႔ရအလုပ္လက္မ့ဲ မ်ားလာေသာ္လည္း ျမန္မာမ်ားကား ဘြဲ႔ကို မက္ေမာေနဆဲပင္။
.
ကမ႓ာေက်ာ္ ႐ုပ္႐ွင္မင္းသားမ်ား မင္းသမီးမ်ား ၊ အားကစား ေဘာလံုးသမားမ်ား ဘြဲ႔ရတာ မ႐ွိသေလာက္ပါ။ မိမိအလုပ္တြင္ ကြၽမ္းက်င္လွ်င္ ေအာင္ျမင္တာဘဲ ျဖစ္သည္။ အေျပာမ်ားသည့္ ဘီလ္ဂိတ္တို႔လို အိုင္တီေလာကမွ ပေဂးႀကီးေတြ ဘြဲ႔မရခ့ဲၾကပါ။ ဘြဲ႔ရလွ်င္ မေကာင္းဘူးလား၊ ေကာင္းပါသည္။ သို႔ေသာ္ ဘြဲ႔ရၿပီး ဘာမွမတတ္တာႏွင့္ စာလွ်င္ အသက္ေမြးဝမ္းေက်ာင္း ပညာတခု တတ္တာက ပိုေကာင္းမည္ ထင္ပါသည္။ ျမန္မာျပည္တြင္လည္း ခ်မ္းသာ ေအာင္ျမင္ေနသူမ်ားထဲ ဘြဲ႔ရသူ ဘယ္ေလာက္႐ွိမလည္း။ မိမိရသည့္ ဘြဲ႔ႏွင့္ မဆိုင္ေသာ အလုပ္တြင္ ေအာင္ျမင္ေနသူေရာ ဘယ္ေလာက္မ်ားမလည္း။
.
ေဒၚစုက ကမ႓ာ့အေျခအေနကို ျမင္၍ ျမန္မာျပည္ လိုအပ္ခ်က္အတြက္ အသက္ေမြးပညာတတ္သူ ပညာ႐ွင္မ်ား လိုအပ္ေနတာကို ျဖည့္ဖို႔ ေျပာခ့ျဲခင္း ျဖစ္ပါလိမ့္မည္။ တမင္တကာ အက်အနေကာက္၍ က့ဲရဲ႕စကားဆိုေနသူမ်ားကို ျပန္မ႐ွင္းလိုပါ။ ထိုသူမ်ားစကား (အထူးသျဖင့္ ဖြဘုတ္ေပၚမွ) နေဝတိမ္ေတာင္ ျဖစ္ေနသူမ်ား အျမင္႐ွင္းေစရန္ အတြက္ျဖစ္ေၾကာင္းပါ။ ။ 

19 June 2017

မွေးနေ့ဆုတောင်း



(Unicode version)




ဒေါ်စု အနည်းဆုံး နောက်နှစ်နှစ်ဆယ်လောက် ကျန်းမာနေ အသက်ရှင်နေဖို့ လိုပါတယ်။

.

မြန်မာတွေက NLD မကလို့ ဘာပါတီဖြစ်ဖြစ် စိတ်မချရပါဘူး။ လစ်ရင်တွယ်တတ်မှ လူတော်လို့ သတ်မှတ်ထားတ့ဲ သူတွေများလို့ပါ။ ခုတောင် သူရှိလို့ သူ့ကြောက်လို့ ငြိမ်နေသူတွေ အများကြီးပါ။

.

ပြီးတော့ ဒေါ်စုကို ကိုယ့်ကိုယ်ကိုထက် ပိုယုံပါတယ်။ ကိုယ်သာ သူ့လောက်ပိုက်ဆံရှိရင် ဒီဗမာတွေကို ပစ်ထားခ့ဲလောက်ပါပြီ။ နင်တို့ဖာသာ ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံလို့ အော်ပြီး နေခ့ဲကြပေတော့လို့။

.

တကယ်က ၇၂နှစ်အရွယ် အမေအို မုဆိုးမတယောက်ဟာ တရားဘာဝနာပွား မြေးထိန်းရင်း အေးဆေးစွာ ဘဝကို ကုန်ဆုံးစေရမှာပါ။

.

ခုတော့ အားနာနာနဲ့ဘဲ ဆုတောင်းရဦးမယ်။

#ဒေါ်အောင်ဆန်းစုကြည်_သက်တော်ရာကျော်_ရှည်ပါစေသတည်း။



XxXxXx

(Zawgyi version)

ေဒၚစု အနည္းဆံုး ေနာက္ႏွစ္ႏွစ္ဆယ္ေလာက္ က်န္းမာေန အသက္႐ွင္ေနဖို႔ လိုပါတယ္။
.
ျမန္မာေတြက NLD မကလို႔ ဘာပါတီျဖစ္ျဖစ္ စိတ္မခ်ရပါဘူး။ လစ္ရင္တြယ္တတ္မွ လူေတာ္လို႔ သတ္မွတ္ထားတ့ဲ သူေတြမ်ားလို႔ပါ။ ခုေတာင္ သူ႐ွိလို႔ သူ႔ေၾကာက္လို႔ ၿငိမ္ေနသူေတြ အမ်ားႀကီးပါ။
.
ၿပီးေတာ့ ေဒၚစုကို ကိုယ့္ကိုယ္ကိုထက္ ပိုယံုပါတယ္။ ကိုယ္သာ သူ႔ေလာက္ပိုက္ဆံ႐ွိရင္ ဒီဗမာေတြကို ပစ္ထားခ့ဲေလာက္ပါၿပီ။ နင္တို႔ဖာသာ ေပျဖစ္ရင္ခံ၊ တူျဖစ္ရင္ႏွံလို႔ ေအာ္ၿပီး ေနခ့ဲၾကေပေတာ့လို႔။
.
တကယ္က ၇၂ႏွစ္အရြယ္ အေမအို မုဆိုးမတေယာက္ဟာ တရားဘာဝနာပြား ေျမးထိန္းရင္း ေအးေဆးစြာ ဘဝကို ကုန္ဆံုးေစရမွာပါ။
.
ခုေတာ့ အားနာနာနဲ႔ဘဲ ဆုေတာင္းရဦးမယ္။
#ေဒၚေအာင္ဆန္းစုၾကည္_သက္ေတာ္ရာေက်ာ္_႐ွည္ပါေစသတည္း။

14 June 2017

မြန်မာပြည် စက်မှုလုပ်ငန်း

(Unicode version)

   တလောက စူပါမားကက်ကြီးတခုက lux ဆပ်ပြာ သုံးလုံးတွဲ အိမ်သုံးဖို့ဝယ်ခ့ဲပါတယ်။ အိမ်ရောက်လို့ ကြည့်လိုက်တော့ ဗီယက်နမ်မိတ်တ့ဲ။ မနေ့က သွားတိုက်ဆေး Colgate ဝယ်ခ့ဲပါတယ်။ ဗီယက်နမ်မိတ်ပါတ့ဲ။ အရည်အသွေး မကောင်းလို့ ပြောချင်တာ မဟုတ်ပါ။ မိခင် ကုမ္ပဏီကြီးတွေက အန်ဒါလိုင်စင်နဲ့ တရားဝင်ထုတ်ထားတာတွေပါ။ ဒါတောင် ကိုကာကိုလာ မြန်မာပြည်မှာ လာမထုတ်ခင်လေး နောက်ဆုံးသောက်ခ့ဲရတာလည်း ဗီယက်နမ်မိတ်တွေပါတ့ဲ။

.

မြန်မာပြည်က တသက်လုံး သူများထုတ်တ့ဲပစ္စည်း ဝယ်သုံးတ့ဲ နိုင်ငံဖြစ်နေပြီ။ မဆလခေတ်က ယိုးဒယားပစ္စည်း တွင်ကျယ်ခ့ဲတယ်။ နဝတခေတ်ကနေ ယနေ့အထိ တရုပ်ပစ္စည်းဘဲ သုံးနေရတယ်။ အိမ်နီးချင်းဖြစ်တ့ဲ ဘင်္ဂလားဒေ့ လေဘေးထည်ကစခ့ြဲပီး အန္ဒိယက ဆေးနဲ့လူသုံးကုန်တွေ သုံးနေရတာလည်း ကြာလှပေါ့။ လာအိုက ပစ္စည်းဘဲ မသုံးကြရသေးတာ။ ဗီယက်နမ်ဆို ခတ်လှမ်းလှမ်းကနေ ပစ္စည်းတွေထုတ်ပြီး ပို့နေရတာ၊ သယ်ယူစားရိတ်တင် နည်းမှာမဟုတ်ဘူး။

.

မြန်မာ့စက်မှုလုပ်ငန်းမှာ ကြီးကြီးကျယ်ကျယ် ကားတွေ ရထားတွေထုတ်ဖို့ ထားဦး။ နေ့စဉ်သုံးနေရတ့ဲ လူသုံးကုန်တွေတောင် လုံလောက်အောင် မထုတ်နိုင်သေးပါလား။ ဆပ်ပြာ သွားတိုက်ဆေး ရှမ်ပူး အသုံးများအိမ်သုံးဆေးတို့လို ပစ္စည်းတွေကို ကုန်ကြမ်းဘဲတင်သွင်းပြီး ထုတ်လုပ်ရင် ဈေးပိုသက်သာမှာ အသေအချာပါဘဲ။ လောလောဆယ် သိရသလောက် ကိုကာကိုလာနဲ့ ဘီယာအချို့ဘဲ ဒီမှာ လာထုတ်ပါသေးတယ်။

.

သယံဇာတတွေရောင်း အစိုးရနဲ့ပေါင်းပြီး ခရိုနီတွေလည်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြည်ပနဲ့ဖက်စပ်ထုတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ တချို့လည်း လုပ်နေပေမယ့် လုံလောက်တ့ဲ ပမာဏမရှိသေးပါဘူး။ ပြည်သူပြည်သားတွေ သက်သာချောင်ချိဖို့အရေး သေချာဖြစ်တာကြောင့် အစိုးရ စက်မှုဝန်ကြီးဌာနအနေနဲ့ ဦးဆောင်လှုပ်ရှားသင့်ပါတယ်။ လိုအပ်ရင် ပြည်ပကုမ္ပဏီကြီးတွေထံ သွားရောက်တွေ့ဆုံ ဖိတ်ခေါ်သင့်ပါတယ်။ ဒီကနေ ပြောနေယုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ထက် အင်ဖရာစထျပ်ချာကောင်းနေတ့ဲ စက်မှုဇုန်တွေ မြန်မာပြည်ပတ်လည်မှာ ဝိုင်းနေတာပါ။ ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်ရှင်းလင်းပြပြီး သူတို့ပြောတ့ဲ လိုအပ်ချက်တွေကို နိုင်ငံအနေနဲ့ ဖြည့်ဆည်းပေးရမှာပေါ့ဗျာ။

.

၁၉၆၅နောက်ပိုင်း စင်ကာပူထောင်တော့ လီကွမ်ယူက ဒီလိုဘဲ လုပ်ခ့ဲတာ သူ့စာအုပ်ထဲမှာ ပါပါတယ်။ သငေ်္ဘာကျင်းထောင်ရင် အလုပ်အများကြီးရမှာမို့ ကုမ္ပဏီကြီးတွေဆီ သူ့လူတွေလွှတ်ပြီး ဖိတ်ခေါ်စေခ့ဲတာပါ။ လိုအပ်ချက်တွေကိုလည်း အသေးစိတ်မေးပြီး ဖြည့်ဆည်းပေးခ့ဲတာပါ။ မြန်မာပြည်ကလည်း အဲလိုဘဲ လုပ်ရပါလိမ့်မယ်။ နေ့စဉ်လူသုံးကုန်တွေ ထုတ်နေတ့ဲ ယူနီလီဗာ ကိုးဂိတ် နက်စလေ တို့လို ကုမ္ပဏီကြီးတွေကို မြန်မာ့ဈေးကွက်အတွက်တင် ဖိတ်ခေါ်ရှင်းပြသင့်ပါပြီ။ ပြည်ပပို့ဖို်က နောက်မှပါ။ ပြည်တွင်းသုံးအတွက်ကို ပြညိပကမသွင်းဖို့ ဦးစားပေးပါ။ မဆလခေတ်က မှားခ့ဲသလို ပြည်ပအကူမပါဘဲ မဖြစ်နိုင်တ့ဲအတွက် သူတို့အလာကို စောင့်မနေဘဲ အတင်းသွားခေါ်ရတ့ဲ သဘောပါဘဲ။

.

ဒီလိုလုပ်တာ တရုပ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ၁၉၈ဝနှစ်များထဲကဆိုတော့ အတော့်ကို နောက်ကျနေပါပြီ။ သို့သော် မ"စ"တာထက်စာရင် နောက်ကျတာက ပိုကောင်းပါသေးတယ်။ သူများနိုင်ငံ ခြေတလှမ်းလှမ်းရင် မြန်မာပြည်က အလှမ်းတရာနဲ့ ပြေးလိုက်ကြရမှာ မဟုတ်ပါလားဗျာ။

XxXxXx

(Zawgyi version)

   တေလာက စူပါမားကက္ႀကီးတခုက lux ဆပ္ျပာ သံုးလံုးတြဲ အိမ္သံုးဖို႔ဝယ္ခ့ဲပါတယ္။ အိမ္ေရာက္လို႔ ၾကည့္လိုက္ေတာ့ ဗီယက္နမ္မိတ္တ့ဲ။ မေန႔က သြားတိုက္ေဆး Colgate ဝယ္ခ့ဲပါတယ္။ ဗီယက္နမ္မိတ္ပါတ့ဲ။ အရည္အေသြး မေကာင္းလို႔ ေျပာခ်င္တာ မဟုတ္ပါ။ မိခင္ ကုမၸဏီႀကီးေတြက အန္ဒါလိုင္စင္နဲ႔ တရားဝင္ထုတ္ထားတာေတြပါ။ ဒါေတာင္ ကိုကာကိုလာ ျမန္မာျပည္မွာ လာမထုတ္ခင္ေလး ေနာက္ဆံုးေသာက္ခ့ဲရတာလည္း ဗီယက္နမ္မိတ္ေတြပါတ့ဲ။
.
ျမန္မာျပည္က တသက္လံုး သူမ်ားထုတ္တ့ဲပစၥည္း ဝယ္သံုးတ့ဲ ႏိုင္ငံျဖစ္ေနၿပီ။ မဆလေခတ္က ယိုးဒယားပစၥည္း တြင္က်ယ္ခ့ဲတယ္။ နဝတေခတ္ကေန ယေန႔အထိ တ႐ုပ္ပစၥည္းဘဲ သံုးေနရတယ္။ အိမ္နီးခ်င္းျဖစ္တ့ဲ ဘဂၤလားေဒ့ ေလေဘးထည္ကစခ့ျဲပီး အႏၵိယက ေဆးနဲ႔လူသံုးကုန္ေတြ သံုးေနရတာလည္း ၾကာလွေပါ့။ လာအိုက ပစၥည္းဘဲ မသံုးၾကရေသးတာ။ ဗီယက္နမ္ဆို ခတ္လွမ္းလွမ္းကေန ပစၥည္းေတြထုတ္ၿပီး ပို႔ေနရတာ၊ သယ္ယူစားရိတ္တင္ နည္းမွာမဟုတ္ဘူး။
.
ျမန္မာ့စက္မႈလုပ္ငန္းမွာ ႀကီးႀကီးက်ယ္က်ယ္ ကားေတြ ရထားေတြထုတ္ဖို႔ ထားဦး။ ေန႔စဥ္သံုးေနရတ့ဲ လူသံုးကုန္ေတြေတာင္ လံုေလာက္ေအာင္ မထုတ္ႏိုင္ေသးပါလား။ ဆပ္ျပာ သြားတိုက္ေဆး ႐ွမ္ပူး အသံုးမ်ားအိမ္သံုးေဆးတို႔လို ပစၥည္းေတြကို ကုန္ၾကမ္းဘဲတင္သြင္းၿပီး ထုတ္လုပ္ရင္ ေစ်းပိုသက္သာမွာ အေသအခ်ာပါဘဲ။ ေလာေလာဆယ္ သိရသေလာက္ ကိုကာကိုလာနဲ႔ ဘီယာအခ်ိဳ႕ဘဲ ဒီမွာ လာထုတ္ပါေသးတယ္။
.
သယံဇာတေတြေရာင္း အစိုးရနဲ႔ေပါင္းၿပီး ခ႐ိုနီေတြလည္း ထုတ္လုပ္ေရးလုပ္ငန္းေတြ ျပည္ပနဲ႔ဖက္စပ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။ တခ်ိဳ႕လည္း လုပ္ေနေပမယ့္ လံုေလာက္တ့ဲ ပမာဏမ႐ွိေသးပါဘူး။ ျပည္သူျပည္သားေတြ သက္သာေခ်ာင္ခ်ိဖို႔အေရး ေသခ်ာျဖစ္တာေၾကာင့္ အစိုးရ စက္မႈဝန္ႀကီးဌာနအေနနဲ႔ ဦးေဆာင္လႈပ္႐ွားသင့္ပါတယ္။ လိုအပ္ရင္ ျပည္ပကုမၸဏီႀကီးေတြထံ သြားေရာက္ေတြ႔ဆံု ဖိတ္ေခၚသင့္ပါတယ္။ ဒီကေန ေျပာေနယံုနဲ႔ မလံုေလာက္ပါဘူး။ ကိုယ့္ထက္ အင္ဖရာစထ်ပ္ခ်ာေကာင္းေနတ့ဲ စက္မႈဇုန္ေတြ ျမန္မာျပည္ပတ္လည္မွာ ဝိုင္းေနတာပါ။ ကုမၸဏီႀကီးေတြကို ဖိတ္ေခၚ႐ွင္းလင္းျပၿပီး သူတို႔ေျပာတ့ဲ လိုအပ္ခ်က္ေတြကို ႏိုင္ငံအေနနဲ႔ ျဖည့္ဆည္းေပးရမွာေပါ့ဗ်ာ။
.
၁၉၆၅ေနာက္ပိုင္း စင္ကာပူေထာင္ေတာ့ လီကြမ္ယူက ဒီလိုဘဲ လုပ္ခ့ဲတာ သူ႔စာအုပ္ထဲမွာ ပါပါတယ္။ သေဘၤာက်င္းေထာင္ရင္ အလုပ္အမ်ားႀကီးရမွာမို႔ ကုမၸဏီႀကီးေတြဆီ သူ႔လူေတြလႊတ္ၿပီး ဖိတ္ေခၚေစခ့ဲတာပါ။ လိုအပ္ခ်က္ေတြကိုလည္း အေသးစိတ္ေမးၿပီး ျဖည့္ဆည္းေပးခ့ဲတာပါ။ ျမန္မာျပည္ကလည္း အဲလိုဘဲ လုပ္ရပါလိမ့္မယ္။ ေန႔စဥ္လူသံုးကုန္ေတြ ထုတ္ေနတ့ဲ ယူနီလီဗာ ကိုးဂိတ္ နက္စေလ တို႔လို ကုမၸဏီႀကီးေတြကို ျမန္မာ့ေစ်းကြက္အတြက္တင္ ဖိတ္ေခၚ႐ွင္းျပသင့္ပါၿပီ။ ျပည္ပပို႔ဖို္က ေနာက္မွပါ။ ျပည္တြင္းသံုးအတြက္ကို ျပညိပကမသြင္းဖို႔ ဦးစားေပးပါ။ မဆလေခတ္က မွားခ့ဲသလို ျပည္ပအကူမပါဘဲ မျဖစ္ႏိုင္တ့ဲအတြက္ သူတို႔အလာကို ေစာင့္မေနဘဲ အတင္းသြားေခၚရတ့ဲ သေဘာပါဘဲ။
.
ဒီလိုလုပ္တာ တ႐ုပ္နဲ႔ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြက ၁၉၈ဝႏွစ္မ်ားထဲကဆိုေတာ့ အေတာ့္ကို ေနာက္က်ေနပါၿပီ။ သို႔ေသာ္ မ"စ"တာထက္စာရင္ ေနာက္က်တာက ပိုေကာင္းပါေသးတယ္။ သူမ်ားနိုင္ငံ ေျခတလွမ္းလွမ္းရင္ ျမန္မာျပည္က အလွမ္းတရာနဲ႔ ေျပးလိုက္ၾကရမွာ မဟုတ္ပါလားဗ်ာ။ 

01 June 2017

ဘာသာပြန်စာအုပ် အသစ်ထွက်ဖို့

(Unicode version)

   ယနေ့မြန်မာပြည်တွင် စာအုပ်ဖတ်နှုံးကျလာသည်ဟု ပြောကြသည်။ စာအုပ်ရောင်းရနှုံးကျတာလား၊ စာအုပ်မဖတ်ဘဲ ဖုန်း တက်ဘလက် ကွန်ပြူတာသုံး၍ ဖတ်လို့ စာအုပ်ရောင်းရတာ ကျတာလား ကွဲပြားသေချာဖို့ လိုပါသည်။ နည်းပညာစာအုပ်များ တွင်ကျယ်နေသဖြင့် ရသစာပေဖတ်နှုံး ကျသွားတာသာ ဖြစ်နိုင်ပါသည်။ ရသစာပေ ဖန်တီးမှုနည်းသွားလို့ မဖတ်တာလား၊ မဖတ်လို့ မထုတ်တာလား ဘဲဥအစရှာမရ ဖြစ်မနေသင့်တော့ပါ။

.

ရသစာပေ ဖန်တီးနှုံးကျသွားတောင် ကမ်ဘာမှာတော့ ရသစာပေ ဝတၳုတွေ ထွက်မြဲပါ။ မြန်မာစာရေးဆရာ ရှားလာတောင် ပြည်ပစာများကို ဘာသာပြန်ပေးမည့်သူ အသစ်ထွက်လာအောင် လုပ်ပေးသင့်ပါပြီ။ ဂျပန်နှင့် တရုပ်တို့လို ဘာသာပြန်စက်ဖြင့် ပြန်နိုင်လျှင် မြန်မာစာဖတ်ပရိဿတ် ကမ်ဘာ့စာပေနဲ့ မျက်ခြေမပြတ်နိုင်တော့ပါ။

.

သို့သော် စက်နှင့်ပြန်သည့်အတွက် ရသတော့ လျော့နိုင်ပါသည်။ မပြန်သည်နှင့်စာလျှင် ဖြေသာပါသေးသည်။ နောက်လိုအပ်ချက်မှာ ထုတ်ဝေသူဖြစ်သည်။ မြန်မာစာပေသမိုင်းတွင် ပုဂံစာအုပ်တိုက်သည် မြန်မာစာအုပ်ကောင်းများနှင့်အတူ သာသာပြန်စာအုပ်ကောင်းများကို မြန်မာနှင့် မိတ်ဆက်ပေးခ့ဲသည်။ ၁၉၈၀နှစ်များကလည်း ဘဝတက္ကသိုလ်စာပေတိုက်က ဘာသာပြန်စာအုပ်ကောင်းများကို မြောက်များစွာ ထုတ်ဝေပေးခ့ဲသည်။ ကမ်ဘာ့ရသစာပေ ဂန္တဝင်စာပေများကို မြန်မာတို့ စားသုံးခွင့်ရခ့ဲသည်။ အခြားစာပေတိုက်များလည်း ဘာသာပြန်စာအုပ်များ ထုတ်ဝေပေးခ့ဲတာ ကျေးဇူးတင်ဖို့် ကောင်းပါသည်။

.

ယခုလောလောဆယ်တွင်တော့ ဘာသာပြန် အထွက်ကြဲနေသည်။ မရောင်းရ၍ ဖြစ်နိုင်သလို ဘာသာပြန်သူ ရှားသွား၍လည်း ဖြစ်နိုင်ပါသည်။ စဉ်းစားမိတာ တချက်ရှိပါသည်။ မြန်မာပြည် သူဌေးကြီးများသည် ရုပ်ဝတၳုဆိုင်ရာများ အများအပြားကို လှူခ့ဲပါပြီ၊ ခုလည်းလှူနေဆဲ၊ နောင်လည်း လှူနေကြဦးမှာ သေချာသည်။ ၎င်းတို့အနေဖြင့် စိတ်ဓာတ်အင်အားအလှူအဖြစ် ကုသိုလ်ဖြစ် စာအုပ်တိုက်ထောင်၍ ဘာသာပြန်စာအုပ် ထုတ်ပေးသင့်ပါသည်။ သင့်တော်သောစာမူကို အယ်ဒီတာအဖွဲ့ဖွဲ့ ရွေးစေ၍ ငွေကြေးအကုန်ခံကာ ထုတ်ဝေစေလိုပါသည်။ တနှစ်လေးငါးအုပ် ထုတ်နိုင်လည်း မနည်းပါ။ တနှစ်ခန့်ကြာ၍ လူကြိုက်နည်း ရောင်းမကုန်ပါက စာကြည့်တိုက်များသို့ အလှူလိုက်ဖို့ပါ။ ရောင်းကောင်းသွားပါက အရင်းထဲပြန်ထည့်၍ လည်ပတ်စေနိုင်ပါသည်။ ဝါသနာပါသူများ စာမူများပို့ရန် ဖိတ်ခေါ်ရုံသာ လိုပါမည်။ ဘာသာပြန်သာမက အခြားစာပေအမျိုးအစား များလည်း လုပ်ပေးနိုင်သည်ဟု ထင်မြင်မိပါကြောင်း။


XxXxXx

(Zawgyi version)

   ယေန႔ျမန္မာျပည္တြင္ စာအုပ္ဖတ္ႏွံုးက်လာသည္ဟု ေျပာၾကသည္။ စာအုပ္ေရာင္းရနွံုးက်တာလား၊ စာအုပ္မဖတ္ဘဲ ဖုန္း တက္ဘလက္ ကြန္ျပဴတာသံုး၍ ဖတ္လို႔ စာအုပ္ေရာင္းရတာ က်တာလား ကြဲျပားေသခ်ာဖို႔ လိုပါသည္။ နည္းပညာစာအုပ္မ်ား တြင္က်ယ္ေနသျဖင့္ ရသစာေပဖတ္ႏွံုး က်သြားတာသာ ျဖစ္ႏိုင္ပါသည္။ ရသစာေပ ဖန္တီးမႈနည္းသြားလို႔ မဖတ္တာလား၊ မဖတ္လို႔ မထုတ္တာလား ဘဲဥအစ႐ွာမရ ျဖစ္မေနသင့္ေတာ့ပါ။
.
ရသစာေပ ဖန္တီးႏွံုးက်သြားေတာင္ ကမ႓ာမွာေတာ့ ရသစာေပ ဝတၳဳေတြ ထြက္ျမဲပါ။ ျမန္မာစာေရးဆရာ ႐ွားလာေတာင္ ျပည္ပစာမ်ားကို ဘာသာျပန္ေပးမည့္သူ အသစ္ထြက္လာေအာင္ လုပ္ေပးသင့္ပါၿပီ။ ဂ်ပန္ႏွင့္ တ႐ုပ္တို႔လို ဘာသာျပန္စက္ျဖင့္ ျပန္ႏိုင္လွ်င္ ျမန္မာစာဖတ္ပရိႆတ္ ကမ႓ာ့စာေပနဲ႔ မ်က္ေျခမျပတ္နိုင္ေတာ့ပါ။
.
သို႔ေသာ္ စက္ႏွင့္ျပန္သည့္အတြက္ ရသေတာ့ ေလ်ာ့ႏိုင္ပါသည္။ မျပန္သည္ႏွင့္စာလွ်င္ ေျဖသာပါေသးသည္။ ေနာက္လိုအပ္ခ်က္မွာ ထုတ္ေဝသူျဖစ္သည္။ ျမန္မာစာေပသမိုင္းတြင္ ပုဂံစာအုပ္တိုက္သည္ ျမန္မာစာအုပ္ေကာင္းမ်ားႏွင့္အတူ သာသာျပန္စာအုပ္ေကာင္းမ်ားကို ျမန္မာႏွင့္ မိတ္ဆက္ေပးခ့ဲသည္။ ၁၉၈၀ႏွစ္မ်ားကလည္း ဘဝတကၠသိုလ္စာေပတိုက္က ဘာသာျပန္စာအုပ္ေကာင္းမ်ားကို ေျမာက္မ်ားစြာ ထုတ္ေဝေပးခ့ဲသည္။ ကမ႓ာ့ရသစာေပ ဂႏၲဝင္စာေပမ်ားကို ျမန္မာတို႔ စားသံုးခြင့္ရခ့ဲသည္။ အျခားစာေပတိုက္မ်ားလည္း ဘာသာျပန္စာအုပ္မ်ား ထုတ္ေဝေပးခ့ဲတာ ေက်းဇူးတင္ဖို္႔ ေကာင္းပါသည္။
.
ယခုေလာေလာဆယ္တြင္ေတာ့ ဘာသာျပန္ အထြက္ၾကဲေနသည္။ မေရာင္းရ၍ ျဖစ္ႏိုင္သလို ဘာသာျပန္သူ ႐ွားသြား၍လည္း ျဖစ္ႏိုင္ပါသည္။ စဥ္းစားမိတာ တခ်က္႐ွိပါသည္။ ျမန္မာျပည္ သူေဌးႀကီးမ်ားသည္ ႐ုပ္ဝတၳဳဆိုင္ရာမ်ား အမ်ားအျပားကို လႉခ့ဲပါၿပီ၊ ခုလည္းလႉေနဆဲ၊ ေနာင္လည္း လႉေနၾကဦးမွာ ေသခ်ာသည္။ ၎တို႔အေနျဖင့္ စိတ္ဓာတ္အင္အားအလႉအျဖစ္ ကုသိုလ္ျဖစ္ စာအုပ္တိုက္ေထာင္၍ ဘာသာျပန္စာအုပ္ ထုတ္ေပးသင့္ပါသည္။ သင့္ေတာ္ေသာစာမူကို အယ္ဒီတာအဖြဲ႔ဖြဲ႔ ေရြးေစ၍ ေငြေၾကးအကုန္ခံကာ ထုတ္ေဝေစလိုပါသည္။ တႏွစ္ေလးငါးအုပ္ ထုတ္ႏိုင္လည္း မနည္းပါ။ တႏွစ္ခန္႔ၾကာ၍ လူႀကိဳက္နည္း ေရာင္းမကုန္ပါက စာၾကည့္တိုက္မ်ားသို႔ အလႉလိုက္ဖို႔ပါ။ ေရာင္းေကာင္းသြားပါက အရင္းထဲျပန္ထည့္၍ လည္ပတ္ေစႏိုင္ပါသည္။ ဝါသနာပါသူမ်ား စာမူမ်ားပို႔ရန္ ဖိတ္ေခၚရံုသာ လိုပါမည္။ ဘာသာျပန္သာမက အျခားစာေပအမ်ိဳးအစား မ်ားလည္း လုပ္ေပးႏိုင္သည္ဟု ထင္ျမင္မိပါေၾကာင္း။ 

22 May 2017

ပရော်ဖက်ရှင်နယ်တွေနဲ့ ပီအာ

(Unicode version)

   ပြီးခ့ဲတ့ဲအပတ်ထဲက ကွီးဖြိးနဲ့ ဟိုတယ်ကြီးတခု ပြဿ နာဖြစ်တာ အားလုံးသိပြီးသားပါ။ မြန်မာတွေ ထုံးစံဖြစ်နေတ့ဲအတိုင်း ဖွဘုတ်ပေါ်မှာ နှစ်ဖက်ပြောကြပါတယ်။ ပြင်းပြင်းထန်ထန်ကို ပြောကြတာပါ။ ဟာ ဆဲတာတွေလည်း ပါတာပေါ့ဗျာ။ မိုးကိုမွှန်သွားတာပါ။ မြန်မာပြည် ထုံးစံဖြစ်နေပါပြီဆို။

.

ကွီးဖြိုးထောက်ခံသူတွေက ဒါ ဟိုတယ်က သက်သက်ယုတ်မာတာ။ ကွီးဖြိုးတက်လာတော့ ဟိုတယ်တိုးချဲ့တာ အထပ်ခိုးတင်တာမိလို့ ဒါဏ်ငွေရိုက်တာရယ်၊ ပလက်ဖောင်းကို သိမ်းထားတာ ပြန်ဖျက်ပေးရလို့ အညှိုးနဲ့လုပ်တာလို့ ပြောကြပါတယ်။ တဖက်ကလည်း ကွီးဖြိုးက အဆင့်မရှိလို့ လုပ်တာလို့ ချေပနေကြပါတယ်။ သက်ဆိုင်ရာဟိုတယ်ကတော့ တက်ခနီကယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ပါတ့ဲ။

.

တချို့တွေကလည်း ထုံးစံအတိုင်း အလွန်အကျွံရေးပါတယ်။ ဟိုတယ်ကဝန်ထမ်းတွေ ဖြုတ်ပစ်၊ အရေးယူ ထောင်ချပစ် စသဖြင့်ပေါ့။ ဟိုတယ်ဝန်ထမ်းတချို့က ဒါမျိုးရေးတာ မခံနိုင်တော့ (ဖြုတ်လို့၊ အရေးယူလို့ မရမှန်းလည်း သိမယ်ထင်တာဘဲ) ပြန်ရေးတာ သုံးလေးယောက်တွေ့ပါတယ်။ ဝန်ထမ်းငယ် တချို့ပါ။ ပြောရင်း နှစ်ဘက်ရန်ဖြစ်သလို ဆဲတ့ဲအထိ ပါကုန်ပါတယ်။ ပြောခ့ဲပြီလေ။ မြန်မာတွေထုံးစံ ဖြစ်နေပါပြီဆို။

.

ပြောချင်တာက ခုမှလာပါတယ်။ ဒီလိုပြန်ပြောတော့ မိမိလုပ်ငန်း သိက္ခာထိခိုကိပါတယ်။ ဒီကိစ္စမျိုးမှာ ချွန်တွန်းတွေရှိမယ်၊ မနာလိုသူတွေ ရှိမယ်၊ ဒီလိုပြန်ပြောတာတွေကို ပြန်ဖြန့်တော့ လူထုနဲ့ ဆက်သွယ်ပြီး လုပ်နေရတ့ဲ မိမိရဲ့ မိခင်လုပ်ငန်းပုံရိပ် ထိခိုက်စေပါတယ်။ ဝန်ထမ်းငယ်တွေ ဖြစ်ပေမယ့် မကောင်းပြန်ရေးကြတော့ ဟိုတယ်ကဘဲ ပြန်ပြောသလို ဖြစ်ကုန်ရော။

.

လူအများနဲ့ ဆက်သွယ်လုပ်နေရတ့ဲ ဟိုတယ်လုပ်ငန်းလိုဘဲ ဘဏ်တွေ လေကြောင်းလိုင်းတွေ စတိုးဆိုင်စူပါမားကက်တွေ ဆေးရုံတွေ သတိထားရမ့ဲ ကိစ္စကြီးပါ။ ကုမ္ပဏီကြီးတွေဖြစ်တ့ဲ အားလျှော်စွာ HR ဌာနရှိမှာပါ။ HRအနေနဲ့ မိမိဝန်ထမ်းတွေရဲ့ လူမှုဆက်သွယ်ရေးကွန်ရက်ပေါ် ပြုမူမှုတွေကို သတိထားသင့်ပါတယ်။ ထိမ်းချုပ်ဖို့ ပြောတာမဟုတ်ပါ။ အလုပ်စဝင်ကတည်းက ရှင်းပြထားဖို့ လိုတာပါ။ ဝန်ထမ်းအများစုဟာ ပရော်ဖက်ရှင်နယ်တွေပါ။ သာမန်ဝန်ထမ်းမျိုး ဒီလိုအလုပ်တွေမှာ နည်းပါတယ်။ ပရော်ဖက်ရှင်နယ်တွေ ပီအာအကြောင်း သိဖို့လိုအပ်တာ အသေအချာပါဘဲ။

.

ပြည်ပကုမ္ပဏီ တချို့မှာတော့ အလုပ်စလျောက်ကတည်းက ဖေ့ဘုတ် တွစ်တာအကောင့် တောင်းကြည့်ပြီး အလုပ်ပေးသင့်မသင့် ဆုံးဖြတ်တာတောင် ရှိပါတယ်။ ဖေ့ဘုတ်မှာ အပျော်ခရီးသွားတုံးက ရိုက်ခ့ဲတ့ဲ ကိုာ်တုံးလုံးပုံတွေ တင်လို့ အလုပ်မခန့်တာ ရှိသလို အပြာပို့စ်တွေ ရှယ်နေတာတွေ့လို့ အလုပ်မခန့်တာလည်း ရှိခ့ဲဘူးပါတယ်။ မိမိရဲ့ဝန်ထမ်းရဲ့ ဖေ့ဘုတ်ပေါ်ကလုပ်ရပ်ဟာ မိမိကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာ HRတွေ ကေင်းကောင်းသိကြမှာပါ။

XxXxXx

(Zawgyi version )

   ၿပီးခ့ဲတ့ဲအပတ္ထဲက ကီြးၿဖိးနဲ႔ ဟိုတယ္ႀကီးတခု ျပႆ     နာျဖစ္တာ အားလံုးသိၿပီးသားပါ။ ျမန္မာေတြ ထံုးစံျဖစ္ေနတ့ဲအတိုင္း ဖြဘုတ္ေပၚမွာ ႏွစ္ဖက္ေျပာၾကပါတယ္။ ျပင္းျပင္းထန္ထန္ကို ေျပာၾကတာပါ။ ဟာ ဆဲတာေတြလည္း ပါတာေပါ့ဗ်ာ။ မိုးကိုမႊန္သြားတာပါ။ ျမန္မာျပည္ ထံုးစံျဖစ္ေနပါၿပီဆို။
.
ကီြးၿဖိဳးေထာက္ခံသူေတြက ဒါ ဟိုတယ္က သက္သက္ယုတ္မာတာ။ ကီြးၿဖိဳးတက္လာေတာ့ ဟိုတယ္တိုးခ်ဲ့တာ အထပ္ခိုးတင္တာမိလို႔ ဒါဏ္ေငြ႐ိုက္တာရယ္၊ ပလက္ေဖာင္းကို သိမ္းထားတာ ျပန္ဖ်က္ေပးရလို႔ အညႇိဳးနဲ႔လုပ္တာလို႔ ေျပာၾကပါတယ္။ တဖက္ကလည္း ကီြးၿဖိဳးက အဆင့္မ႐ွိလို႔ လုပ္တာလို႔ ေခ်ပေနၾကပါတယ္။ သက္ဆိုင္ရာဟိုတယ္ကေတာ့ တက္ခနီကယ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ပါတ့ဲ။
.
တခ်ိဳ႕ေတြကလည္း ထံုးစံအတိုင္း အလြန္အကြၽံေရးပါတယ္။ ဟိုတယ္ကဝန္ထမ္းေတြ ျဖဳတ္ပစ္၊ အေရးယူ ေထာင္ခ်ပစ္ စသျဖင့္ေပါ့။ ဟိုတယ္ဝန္ထမ္းတခ်ိဳ႕က ဒါမ်ိဳးေရးတာ မခံႏိုင္ေတာ့ (ျဖဳတ္လို႔၊ အေရးယူလို႔ မရမွန္းလည္း သိမယ္ထင္တာဘဲ) ျပန္ေရးတာ သံုးေလးေယာက္ေတြ႔ပါတယ္။ ဝန္ထမ္းငယ္ တခ်ိဳ႕ပါ။ ေျပာရင္း ႏွစ္ဘက္ရန္ျဖစ္သလို ဆဲတ့ဲအထိ ပါကုန္ပါတယ္။ ေျပာခ့ဲၿပီေလ။ ျမန္မာေတြထံုးစံ  ျဖစ္ေနပါၿပီဆို။
.
ေျပာခ်င္တာက ခုမွလာပါတယ္။ ဒီလိုျပန္ေျပာေတာ့ မိမိလုပ္ငန္း သိကၡာထိခိုကိပါတယ္။ ဒီကိစၥမ်ိဳးမွာ ခြၽန္တြန္းေတြ႐ွိမယ္၊ မနာလိုသူေတြ ႐ွိမယ္၊ ဒီလိုျပန္ေျပာတာေတြကို ျပန္ျဖန္႔ေတာ့ လူထုနဲ႔ ဆက္သြယ္ၿပီး လုပ္ေနရတ့ဲ မိမိရဲ႕ မိခင္လုပ္ငန္းပံုရိပ္ ထိခိုက္ေစပါတယ္။ ဝန္ထမ္းငယ္ေတြ ျဖစ္ေပမယ့္ မေကာင္းျပန္ေရးၾကေတာ့ ဟိုတယ္ကဘဲ ျပန္ေျပာသလို ျဖစ္ကုန္ေရာ။
.
လူအမ်ားနဲ႔ ဆက္သြယ္လုပ္ေနရတ့ဲ ဟိုတယ္လုပ္ငန္းလိုဘဲ ဘဏ္ေတြ ေလေၾကာင္းလိုင္းေတြ စတိုးဆိုင္စူပါမားကက္ေတြ ေဆးရံုေတြ သတိထားရမ့ဲ ကိစၥႀကီးပါ။ ကုမၸဏီႀကီးေတြျဖစ္တ့ဲ အားေလွ်ာ္စြာ HR ဌာန႐ွိမွာပါ။ HRအေနနဲ႔ မိမိဝန္ထမ္းေတြရဲ႕ လူမႈဆက္သြယ္ေရးကြန္ရက္ေပၚ ျပဳမူမႈေတြကို သတိထားသင့္ပါတယ္။ ထိမ္းခ်ဳပ္ဖို႔ ေျပာတာမဟုတ္ပါ။ အလုပ္စဝင္ကတည္းက ႐ွင္းျပထားဖို႔ လိုတာပါ။ ဝန္ထမ္းအမ်ားစုဟာ ပေရာ္ဖက္႐ွင္နယ္ေတြပါ။ သာမန္ဝန္ထမ္းမ်ိဳး ဒီလိုအလုပ္ေတြမွာ နည္းပါတယ္။ ပေရာ္ဖက္႐ွင္နယ္ေတြ ပီအာအေၾကာင္း သိဖို႔လိုအပ္တာ အေသအခ်ာပါဘဲ။
.
ျပည္ပကုမၸဏီ တခ်ိဳ႕မွာေတာ့ အလုပ္စေလ်ာက္ကတည္းက ေဖ့ဘုတ္ တြစ္တာအေကာင့္ ေတာင္းၾကည့္ၿပီး အလုပ္ေပးသင့္မသင့္ ဆံုးျဖတ္တာေတာင္ ႐ွိပါတယ္။ ေဖ့ဘုတ္မွာ အေပ်ာ္ခရီးသြားတံုးက ႐ိုက္ခ့ဲတ့ဲ ကိုာ္တံုးလံုးပံုေတြ တင္လို႔ အလုပ္မခန္႔တာ ႐ွိသလို အျပာပို႔စ္ေတြ ႐ွယ္ေနတာေတြ႔လို႔ အလုပ္မခန္႔တာလည္း ႐ွိခ့ဲဘူးပါတယ္။ မိမိရဲ႕ဝန္ထမ္းရဲ႕ ေဖ့ဘုတ္ေပၚကလုပ္ရပ္ဟာ မိမိကုမၸဏီရဲ႕ ပံုရိပ္ကို ထိခိုက္ႏိုင္တာ HRေတြ ေကင္းေကာင္းသိၾကမွာပါ။ 

13 May 2017

မတူ​ရေးချ မတူပါ

 (Unicode version)

     အမှန်​က ဒီလူ​တွေနဲ့ ဒီအဖွဲ့အ​ကြောင်​း မ​ရေးချင်​ပါ။ ရွံလွန်​းလို့ဖြစ်​သည်​။ နိုင်​ငံ​ရေးကို ​ဗြောင်​မလုပ်​ရဲဘဲ အမျိုးဘာသာ သာသနာအတွက်​ဆိုကာ ကာဗာယူလုပ်​​သော​ကြောင်​့ဖြစ်​သည်​။ အမျိုးအတွက်​ပင်​ မြန်​မာလူမျိုး သိက္ခာကျလှပြီဖြစ်​ရာ ဘာသာ​ရေးအတွက်​ဆိုပြီး ဗုဒ္ဓဘာသာနဲ့ လားလားမှ မအပ်​စပ်​တာ​တွေအထိ ကျူးလွန်​​နေတာ ဘာသာကို နာမည်​ဖျက်​သလို ဖြစ်​​နေပြီ။ တချို့ဘုန်​းကြီးများ ပါ​သော်​ငြားလည်​း ဝိနည်​းနဲ့အညီ မကပ္ပိတတ်​သည်​့အတွက်​ အပစ်​​ပြောစရာ ပိုဖြစ်​​နေသည်​။ တဦးတဖွဲ့ အာဏာပြန်​ရ​ရေးအတွက်​ လူမျိုးနဲ့ဗုဒ္ဓဘာသာကို ချနင်​း​နေ​သောသူများသာ။

.

မ​နေ့တ​နေ့ကလည်​း သာမန်​စီပွား​ရေး အငြင်​းပွားမှုကို ဘာသာ​ရေးအသွင်​​ပြောင်​းရန်​ ကြိုးစားသဖြင်​့ အ​ရေးယူခံရပြီ။ အများက အာမခံ​ပေးထားမည်​ထင်​​သော သူတို့ဆရာကြီးများအဖွဲ့ပါ တ​နေ့ထဲ အချုပ်​ခံလိုက်​ရသည်​။ ​ဖေ့ဘုတ်​​ပေါ်တွင်​ သြဘာသံ ညံသွားသည်​။ ဒါကို မ​ကြေနပ်​​သော သူအချို့၏ ​အောက်​ကလိအာ ကွန်​မန်​့အချို့ကို ဖတ်​မိ၍ သူတို့အ​ကြောင်​း ​ရေးရခြင်​းပါ။

.

မျိုးချစ်​​တွေ ​ထောင်​ထဲ ရဲရဲဝင်​လိုက်​ကြပါ။ ​ထောင်​ကျဘူးမှ ​နောင်​ဆို ဝန်​ကြီး​တွေ ဝန်​ကြီးချုပ်​​တွေ ဖြစ်​လာမှာတ့ဲ။

.

လက်​ရှိ NLD အစိုးရအဖွဲ့​တွေကို ​စော်​ကားလိုက်​ခြင်​းသာ။ ဘယ်​လိုမှ မနှိုင်​းယှဉ်​သင်​့သည်​ကို ညီမျှခြင်​း လာချကြည်​့ခြင်​းသာ။ အရင်​လူ​တွေ ​ထောင်​ထဲဝင်​ရလို့ ​ပျော်​သူမရှိ။ ထိုအချိန်​က တာဝန်​ကျလို့ လုပ်​ရသူ​တွေပင်​ ဖွင်​့ဟခ့ဲဘူးသည်​။ သခင်​အားရ ကျွန်​ပါးဝ ဝန်​ထမ်​းတချို့​တော့ ရှိမှာ​ပေါ့။ ယခု သူတို့ အဖမ်​းခံရလို့ စိတ်​ချမ်​းသာတာက လူအများစုကြီးပါ။ ဘယ်​လိုမှ ​ထောင်​ချခံရတ့ဲ အ​ကြောင်​းရင်​း မတူသည်​ကို ​လာပြော​နေကြပါသည်​။

.

အရင်​ စစ်​အစိုးရ​ခေတ်​ကို မသိ်​မှီလိုက်​သည်​့ လူငယ်​များ နား​ယောင်​သွားမှာ စိုးမိပါသည်​။ ​ထောင်ကျရသည်​့ အ​ကြောင်​းရင်​းများ ဆီနဲ့​ရေလို ကွာပါသည်​။ ယခု​ကောင်​များက သူတို့ပါပါကြီး​တွေ ​နေရာပြန်​ရမလားလို့ ပြဿနာဖြစ်​​အောင်​ ဘာသာ​ရေးအ​ကြောင်​းပြ မီး​မွှေးလို့ အဖမ်​းခံရတာပါ။ အရင်​လူ​တွေက (​သေ​သေချာချာ​ပြောပြမယ်​။ ​ရောမသွား​စေနဲ့၊) ပြည်​သူ့အတွက်​ အမှန်​တရားဘက်​က ရပ်​လို့ အဖမ်​းခံရတာပါ။ လုံးဝ မတူ​ရေးချ မတူ​ကြောင်​းပါ။

XxXxXx

(Zawgyi version )

    အမွန္​က ဒီလူ​ေတြနဲ႔ ဒီအဖြဲ႔အ​ေၾကာင္​း မ​ေရးခ်င္​ပါ။ ရြံလြန္​းလို႔ျဖစ္​သည္​။ ႏိုင္​ငံ​ေရးကို ​ေျဗာင္​မလုပ္​ရဲဘဲ အမ်ိဳးဘာသာ သာသနာအတြက္​ဆိုကာ ကာဗာယူလုပ္​​ေသာ​ေၾကာင္​့ျဖစ္​သည္​။ အမ်ိဳးအတြက္​ပင္​ ျမန္​မာလူမ်ိဳး သိကၡာက်လွၿပီျဖစ္​ရာ ဘာသာ​ေရးအတြက္​ဆိုၿပီး ဗုဒၶဘာသာနဲ႔ လားလားမွ မအပ္​စပ္​တာ​ေတြအထိ က်ဴးလြန္​​ေနတာ ဘာသာကို နာမည္​ဖ်က္​သလို ျဖစ္​​ေနၿပီ။ တခ်ိဳ႕ဘုန္​းႀကီးမ်ား ပါ​ေသာ္​ျငားလည္​း ဝိနည္​းနဲ႔အညီ မကပၸိတတ္​သည္​့အတြက္​ အပစ္​​ေျပာစရာ ပိုျဖစ္​​ေနသည္​။ တဦးတဖြဲ႔ အာဏာျပန္​ရ​ေရးအတြက္​ လူမ်ိဳးနဲ႔ဗုဒၶဘာသာကို ခ်နင္​း​ေန​ေသာသူမ်ားသာ။
.
မ​ေန႔တ​ေန႔ကလည္​း သာမန္​စီပြား​ေရး အျငင္​းပြားမႈကို ဘာသာ​ေရးအသြင္​​ေျပာင္​းရန္​ ႀကိဳးစားသျဖင္​့ အ​ေရးယူခံရၿပီ။ အမ်ားက အာမခံ​ေပးထားမည္​ထင္​​ေသာ သူတို႔ဆရာႀကီးမ်ားအဖြဲ႔ပါ တ​ေန႔ထဲ အခ်ဳပ္​ခံလိုက္​ရသည္​။ ​ေဖ့ဘုတ္​​ေပၚတြင္​ ၾသဘာသံ ညံသြားသည္​။ ဒါကို မ​ေၾကနပ္​​ေသာ သူအခ်ိဳ႕၏ ​ေအာက္​ကလိအာ ကြန္​မန္​႔အခ်ိဳ႕ကို ဖတ္​မိ၍ သူတို႔အ​ေၾကာင္​း ​ေရးရျခင္​းပါ။
.
မ်ိဳးခ်စ္​​ေတြ ​ေထာင္​ထဲ ရဲရဲဝင္​လိုက္​ၾကပါ။ ​ေထာင္​က်ဘူးမွ ​ေနာင္​ဆို ဝန္​ႀကီး​ေတြ ဝန္​ႀကီးခ်ဳပ္​​ေတြ ျဖစ္​လာမွာတ့ဲ။
.
လက္​႐ွိ NLD အစိုးရအဖြဲ႔​ေတြကို ​ေစာ္​ကားလိုက္​ျခင္​းသာ။ ဘယ္​လိုမွ မႏိႈင္​းယွဥ္​သင္​့သည္​ကို ညီမွ်ျခင္​း လာခ်ၾကည္​့ျခင္​းသာ။ အရင္​လူ​ေတြ ​ေထာင္​ထဲဝင္​ရလို႔ ​ေပ်ာ္​သူမ႐ွိ။ ထိုအခ်ိန္​က တာဝန္​က်လို႔ လုပ္​ရသူ​ေတြပင္​ ဖြင္​့ဟခ့ဲဘူးသည္​။ သခင္​အားရ ကြၽန္​ပါးဝ ဝန္​ထမ္​းတခ်ိဳ႕​ေတာ့ ႐ွိမွာ​ေပါ့။ ယခု သူတို႔ အဖမ္​းခံရလို႔ စိတ္​ခ်မ္​းသာတာက လူအမ်ားစုႀကီးပါ။ ဘယ္​လိုမွ ​ေထာင္​ခ်ခံရတ့ဲ အ​ေၾကာင္​းရင္​း မတူသည္​ကို ​လာေျပာ​ေနၾကပါသည္​။
.
အရင္​ စစ္​အစိုးရ​ေခတ္​ကို မသိ္​မွီလိုက္​သည္​့ လူငယ္​မ်ား နား​ေယာင္​သြားမွာ စိုးမိပါသည္​။ ​ေထာင္က်ရသည္​့ အ​ေၾကာင္​းရင္​းမ်ား ဆီနဲ႔​ေရလို ကြာပါသည္​။ ယခု​ေကာင္​မ်ားက သူတို႔ပါပါႀကီး​ေတြ ​ေနရာျပန္​ရမလားလို႔ ျပႆနာျဖစ္​​ေအာင္​ ဘာသာ​ေရးအ​ေၾကာင္​းျပ မီး​ေမႊးလို႔ အဖမ္​းခံရတာပါ။ အရင္​လူ​ေတြက (​ေသ​ေသခ်ာခ်ာ​ေျပာျပမယ္​။ ​ေရာမသြား​ေစနဲ႔၊) ျပည္​သူ႔အတြက္​ အမွန္​တရားဘက္​က ရပ္​လို႔ အဖမ္​းခံရတာပါ။ လံုးဝ မတူ​ေရးခ် မတူ​ေၾကာင္​းပါ။ 

05 May 2017

မြန်​မာနိုင်​ငံနဲ့ ​ကျောက်​မီး​သွေးလျှပ်​စစ်​

(Unicode version)

   မိုး​လေဝသဆရာကြီး ဦးထွန်​းလွင်​ဟာ ကျွန်​​တော်​အ​လေးစားဆုံး ပညာရှင်​ထဲမှာ ပါပါတယ်​။ သူ့​ကြောင်​့ ပျင်​းစရာ​ကောင်​းတယ်​လို့ ယူဆထား​သော မိုး​လေဝသကို စိတ်​ဝင်​စားလာတာပါ။ မြန်​မာနိုင်​ငံသား အများစုလည်​း ဒီအတိုင်​းဘဲ ထင်​ပါတယ်​။ ယ​နေ့ သူ့ရဲ​ဖေ့ဘုတ်​စာမျက်​နှာမှာ ကြည်​့သူသိန်​းချီ​နေပါပြီ။ ပို့စ်​တိုင်​းမှာ ​ကျေးဇူးတင်​​ကြောင်​း မန်​့​တွေနဲ့ ရာသီဥတု ​မေးသူ​တွေနဲ့ စည်​ကား​နေတာပါ။

.

ဒါ​ပေမယ်​့ ဒီ​နေ့ ဆရာကြီးတင်​တ့ဲပို့စ်​တခုမှာ​တော့ အရင်​နဲ့ ကွဲလွဲသွားပါတယ်​။ ဆရာကြီးကိုမို့လို့ အခြား​ဖေ့ဘုတ်​​တွေလို မဆဲကြ​သော်​လည်​း အရင်​လို​ထောက်​ခံမှုမရတာ ပြန်​ကြည်​့ရင်​ သတိထားမိမှာပါ။ အ​ကြောင်​းက ​ကျောက်​မီး​သွေးသုံး ဓာတ်​အားစက်​ရုံတည်​ရင်​ တနှစ်​ကို လူ၇၀၀၀ ထိခိုက်​နိုင်​တာမို့ လုံးဝမလုပ်​သင်​့တ့ဲအ​ကြောင်​းကို ရှယ်​ထားလို်​ပါ။ ကျွန်​​တော်​့ကိုလည်​း ကွဲလွဲခွင်​့ပြုပါ ဆရာကြီးခင်​ဗျား။

.

မြန်​မာနိုင်​ငံမှာ ​လော​လောဆယ်​ လျှပ်​စစ်​ဓာတ်​အား အကြီးအကျယ်​လို​နေပါတယ်​။ စက်​မှုနိုင်​ငံဖြစ်​ဖို့​တွေ၊ ပြည်​ပရင်​းနှီးမြှုပ်​နှံမှု​တွေ အသာထားလို့ ပြည်​သူ​တွေအတွက်​ကို မီးမလုံ​လောက်​​သေးပါဘူး။ မီး လုံးဝမရ​သေးသူ နိုင်​ငံသား သုံးပုံနှစ်​ပုံ​လောက်​ ရှိ​သေးသလို ရတယ်​ဆိုတ့ဲ သုံးပုံတပုံ​လောက်​ကလည်​း မီးပျက်​တာနဲ့ မီးမပြည်​့တာ အမြဲကြုံ​နေကြရတာပါ။ ဒီ​တော့ အမြန်​ဆုံးနဲ့ ​ဈေးအသက်​သာဆုံးနည်​းနဲ့ လျှပ်​စစ်​ရဖို်​ လို​နေပါပြီ။

.

​ကျောက်​မီး​သွေးကထုတ်​ရင်​ ​ဘေးထွက်​ဆိုးကျိုးရှိတာ သာမန်​လူ​တွေ​တောင်​ သိ​နေပါပြီ။ သို့​သော်​လည်​း တခြားလျှပ်​စစ်​ရနိုင်​မ့ဲ နည်​းလမ်​း​တွေကို စဉ်​းစားကြည်​့ပါ။ နျူကလီးယားက နည်​းပညာအရ​ရော ​ငွေ​ကြေးအရပါ လက်​လှမ်​းမမှီပါ။ ​ရေအားက အ​ကောင်​းဆုံးလို့ ​ပြော​သော်​လည်​း မြစ်​​ရေစီး​ကြောင်​းပျက်​​စေလို့ဆိုပြီး ကန်​့ကွက်​ခံ​နေရတာပါဘဲ။ ပြီး​တော့ အချိန်​အ​တော်​ယူရပါလိမ်​့မယ်​။ ဓာတ်​အားအများအပြားထုတ်​နိုင်​တ့ဲ ​နေရာ​တွေ တရုပ်​က ​အောက်​​ဈေးနဲ့ လက်​ဝါးကြီးအုပ်​ထားလို့ အသစ်​​ဆောက်​ဖို့​တောင်​ ခက်​​နေပါပြီ။ မြစ်​ဆုံနဲ့တင်​ ​ဒေါ်လာသန်​းရှစ်​ရာ​ကျော်​ ​လျော်​ရပါဦးမယ်​။ ဘာဘဲဖြစ်​ဖြစ် အ​ကောင်​းဆုံးဖြစ်​ပါတယ်​။ ​နေ​ရောင်​ခြည်​နဲ့​​လေအားက ​ငွေအကုန်​အကျ များပါတယ်​။ ထွန်​းသစ်​စ အာရှကျားနိုင်​ငံ​တွေ​တောင်​ မရူးနိုင်​​သေးပါဘူး။ ဂက်​စ်​ကလည်​း ထွက်​သမျှ အရင်​ဗိုလ်​ချုပ်​​တွေ ​ရောင်​းစားသွားလို့ အနည်​းဆုံး ငါးနှစ်​​လောက်​ ​စောင်​့ရပါမယ်​။ အဲဒီအချိန်​မှာ ဂက်​စ်​​တွေ ခန်​းကုန်​ရင်​ ဒုက္ခ။

.

ဒီ​တော့ ​ကျောက်​မီး​သွေးက​နေထုတ်​တာ အမြန်​ဆုံးနဲ့ အသက်​သာဆုံးပါဘဲ။ ပတ်​ဝန်​းကျင်​ကို ထိခှိုက်​မှှှှှှှှှှှှှှှု အနည်​းဆုံး​နေရာ ဖြစ်​ရပါမယ်​။ အန္တရယ်​ဖြစ်​​စေမှု အနည်​းဆုံး နည်​းပညာနဲ့ ထုတ်​ရပါမယ်​။ သဘာဝပတ်​ဝန်​းကျင်​ ထိန်​းသိမ်​း​ရေးသမား​တွေ ဝင်​​ရောက်​စစ်​​ဆေးခွင်​့ရှိရပါမယ်​။ အရင်​က ကန်​့ကွက်​မှုများတာက ပိုက်​ဆံရရင်​ခွင်​့ပြုတ့ဲ အာဏာရှင်​အစိုးရနဲ့ တရုပ်​ကုမ္ပဏီ​တွေမို့ပါ။ အခုအစိုးရလက်​ထက်​မှာ စီစစ်​တ့ဲအဖွဲ့ဖွဲ့ရမယ်​။ အဲဒီအဖွဲ့စဖွဲ့ကတည်​းက ပညာရှင်​​တွေ အများစုပါဖ့ို်​ဘဲ လိုပါတယ်​။

.

ဘယ်​အရာမဆို ​ပေးဆပ်​မှု​တော့ ရှိမှာပါ။ မိမိလိုအပ်​ချက်​နဲ့ ​ပေးဆပ်​ရတာ တန်​ဖိုးချင်​း ညှိကြည်​့ဖို်​ပါ။ ပတ်​ဝန်​းကျင်​ လုံးဝမပျက်​စီး​ရေးဆိုရင်​​တော့ အားလုံး အ​မှောင်​ထဲမှာ ထိုင်​​နေရပါလိမ်​့မယ်​။ သူငယ်​ချင်​းတ​ယောက်​​ပြောတာ ပြန်​​ပြောပြချင်​ပါတယ်​။ သူတို့ ​ကျောက်​မီး​သွေးစက်​ရုံ ကန်​့ကွက်​​ရေး​ထောက်​ခံသူ​တွေ မီးပျက်​ရင်​ ​အော်​​နေမှာပါ။ အစည်​းအ​ဝေး​တွေကိုလည်​း ​လေ​အေး​ပေးစက်​ပါတ့ဲ ခန်​းမမှာဘဲ လုပ်​မှာပါ။ ငါတို့လို ​တောမှာ မီးပျက်​တာမဟုတ်​၊ လုံးဝမရ​သေးဘူးရင်​ ​လျော့စဉ်​းစားမယ်​ ထင်​ပါရဲ့ကွာ တ့ဲ။

.

ရှဉ်​့လည်​း​လျောက်​သာ ပျားလည်​းစွဲသာ​ပေါ့ဗျာ။ ဒီစာရဲ့

​ခေါင်​းစဉ်​ကိုလည်​း ”မြန်​မာနိုင်​ငံနဲ့ ​ကျောက်​မီး​သွေးစက်​ရုံ” လို့ ​ပေးရမလား။ ”ကျန်​းမာ​တော်​မူကြပါစခင်​ဗျာ” လို့ ​ပေးရမလား၊ မ​ဝေခွဲတတ်​​တော့​ကြောင်​းပါ။


XxXxXx

(Zawgyi version)

   မိုး​ေလဝသဆရာႀကီး ဦးထြန္​းလြင္​ဟာ ကြၽန္​​ေတာ္​အ​ေလးစားဆံုး ပညာ႐ွင္​ထဲမွာ ပါပါတယ္​။ သူ႔​ေၾကာင္​့ ပ်င္​းစရာ​ေကာင္​းတယ္​လို႔ ယူဆထား​ေသာ မိုး​ေလဝသကို စိတ္​ဝင္​စားလာတာပါ။ ျမန္​မာႏိုင္​ငံသား အမ်ားစုလည္​း ဒီအတိုင္​းဘဲ ထင္​ပါတယ္​။ ယ​ေန႔ သူ႔ရဲ​ေဖ့ဘုတ္​စာမ်က္​ႏွာမွာ ၾကည္​့သူသိန္​းခ်ီ​ေနပါၿပီ။ ပို႔စ္​တိုင္​းမွာ ​ေက်းဇူးတင္​​ေၾကာင္​း မန္​႔​ေတြနဲ႔ ရာသီဥတု ​ေမးသူ​ေတြနဲ႔ စည္​ကား​ေနတာပါ။
.
ဒါ​ေပမယ္​့ ဒီ​ေန႔ ဆရာႀကီးတင္​တ့ဲပို႔စ္​တခုမွာ​ေတာ့ အရင္​နဲ႔ ကြဲလြဲသြားပါတယ္​။ ဆရာႀကီးကိုမို႔လို႔ အျခား​ေဖ့ဘုတ္​​ေတြလို မဆဲၾက​ေသာ္​လည္​း အရင္​လို​ေထာက္​ခံမႈမရတာ ျပန္​ၾကည္​့ရင္​ သတိထားမိမွာပါ။ အ​ေၾကာင္​းက ​ေက်ာက္​မီး​ေသြးသံုး ဓာတ္​အားစက္​ရံုတည္​ရင္​ တႏွစ္​ကို လူ၇၀၀၀ ထိခိုက္​ႏိုင္​တာမို႔ လံုးဝမလုပ္​သင္​့တ့ဲအ​ေၾကာင္​းကို ႐ွယ္​ထားလို္​ပါ။ ကြၽန္​​ေတာ္​့ကိုလည္​း ကြဲလြဲခြင္​့ျပဳပါ ဆရာႀကီးခင္​ဗ်ား။
.
ျမန္​မာႏိုင္​ငံမွာ ​ေလာ​ေလာဆယ္​ လွ်ပ္​စစ္​ဓာတ္​အား အႀကီးအက်ယ္​လို​ေနပါတယ္​။ စက္​မႈႏိုင္​ငံျဖစ္​ဖို႔​ေတြ၊ ျပည္​ပရင္​းႏွီးျမႇဳပ္​ႏွံမႈ​ေတြ အသာထားလို႔ ျပည္​သူ​ေတြအတြက္​ကို မီးမလံု​ေလာက္​​ေသးပါဘူး။ မီး လံုးဝမရ​ေသးသူ ႏိုင္​ငံသား သံုးပံုႏွစ္​ပံု​ေလာက္​ ႐ွိ​ေသးသလို ရတယ္​ဆိုတ့ဲ သံုးပံုတပံု​ေလာက္​ကလည္​း မီးပ်က္​တာနဲ႔ မီးမျပည္​့တာ အျမဲၾကံဳ​ေနၾကရတာပါ။ ဒီ​ေတာ့ အျမန္​ဆံုးနဲ႔ ​ေစ်းအသက္​သာဆံုးနည္​းနဲ႔ လွ်ပ္​စစ္​ရဖို္​ လို​ေနပါၿပီ။
.
​ေက်ာက္​မီး​ေသြးကထုတ္​ရင္​ ​ေဘးထြက္​ဆိုးက်ိဳး႐ွိတာ သာမန္​လူ​ေတြ​ေတာင္​ သိ​ေနပါၿပီ။ သို႔​ေသာ္​လည္​း တျခားလ်ွပ္​စစ္​ရႏိုင္​မ့ဲ နည္​းလမ္​း​ေတြကို စဥ္​းစားၾကည္​့ပါ။ န်ဴကလီးယားက နည္​းပညာအရ​ေရာ ​ေငြ​ေၾကးအရပါ လက္​လွမ္​းမမွီပါ။ ​ေရအားက အ​ေကာင္​းဆံုးလို႔ ​ေျပာ​ေသာ္​လည္​း ျမစ္​​ေရစီး​ေၾကာင္​းပ်က္​​ေစလို႔ဆိုၿပီး ကန္​႔ကြက္​ခံ​ေနရတာပါဘဲ။ ၿပီး​ေတာ့ အခ်ိန္​အ​ေတာ္​ယူရပါလိမ္​့မယ္​။ ဓာတ္​အားအမ်ားအျပားထုတ္​ႏိုင္​တ့ဲ ​ေနရာ​ေတြ တ႐ုပ္​က ​ေအာက္​​ေစ်းနဲ႔ လက္​ဝါးႀကီးအုပ္​ထားလို႔ အသစ္​​ေဆာက္​ဖို႔​ေတာင္​ ခက္​​ေနပါၿပီ။ ျမစ္​ဆံုနဲ႔တင္​ ​ေဒၚလာသန္​း႐ွစ္​ရာ​ေက်ာ္​ ​ေလ်ာ္​ရပါဦးမယ္​။ ဘာဘဲျဖစ္​ျဖစ္ အ​ေကာင္​းဆံုးျဖစ္​ပါတယ္​။ ​ေန​ေရာင္​ျခည္​နဲ့​​ေလအားက ​ေငြအကုန္​အက် မ်ားပါတယ္​။ ထြန္​းသစ္​စ အာ႐ွက်ားႏိုင္​ငံ​ေတြ​ေတာင္​ မ႐ူးႏိုင္​​ေသးပါဘူး။ ဂက္​စ္​ကလည္​း ထြက္​သမွ် အရင္​ဗိုလ္​ခ်ဳပ္​​ေတြ ​ေရာင္​းစားသြားလို႔ အနည္​းဆံုး ငါးႏွစ္​​ေလာက္​ ​ေစာင္​့ရပါမယ္​။ အဲဒီအခ်ိန္​မွာ ဂက္​စ္​​ေတြ ခန္​းကုန္​ရင္​ ဒုကၡ။
.
ဒီ​ေတာ့ ​ေက်ာက္​မီး​ေသြးက​ေနထုတ္​တာ အျမန္​ဆံုးနဲ႔ အသက္​သာဆံုးပါဘဲ။ ပတ္​ဝန္​းက်င္​ကို ထိခႈိက္​မွွွွွွွွွွွွွွႈ အနည္​းဆံုး​ေနရာ ျဖစ္​ရပါမယ္​။ အႏၲရယ္​ျဖစ္​​ေစမႈ အနည္​းဆံုး နည္​းပညာနဲ႔ ထုတ္​ရပါမယ္​။ သဘာဝပတ္​ဝန္​းက်င္​ ထိန္​းသိမ္​း​ေရးသမား​ေတြ ဝင္​​ေရာက္​စစ္​​ေဆးခြင္​့႐ွိရပါမယ္​။ အရင္​က ကန္​႔ကြက္​မႈမ်ားတာက ပိုက္​ဆံရရင္​ခြင္​့ျပဳတ့ဲ အာဏာ႐ွင္​အစိုးရနဲ႔ တ႐ုပ္​ကုမၸဏီ​ေတြမို႔ပါ။ အခုအစိုးရလက္​ထက္​မွာ စီစစ္​တ့ဲအဖြဲ႔ဖြဲ႔ရမယ္​။ အဲဒီအဖြဲ႔စဖြဲ႔ကတည္​းက ပညာ႐ွင္​​ေတြ အမ်ားစုပါဖ့ို္​ဘဲ လိုပါတယ္​။
.
ဘယ္​အရာမဆို ​ေပးဆပ္​မႈ​ေတာ့ ႐ွိမွာပါ။ မိမိလိုအပ္​ခ်က္​နဲ႔ ​ေပးဆပ္​ရတာ တန္​ဖိုးခ်င္​း ညႇိၾကည္​့ဖို္​ပါ။ ပတ္​ဝန္​းက်င္​ လံုးဝမပ်က္​စီး​ေရးဆိုရင္​​ေတာ့ အားလံုး အ​ေမွာင္​ထဲမွာ ထိုင္​​ေနရပါလိမ္​့မယ္​။ သူငယ္​ခ်င္​းတ​ေယာက္​​ေျပာတာ ျပန္​​ေျပာျပခ်င္​ပါတယ္​။ သူတို႔ ​ေက်ာက္​မီး​ေသြးစက္​ရံု ကန္​႔ကြက္​​ေရး​ေထာက္​ခံသူ​ေတြ မီးပ်က္​ရင္​ ​ေအာ္​​ေနမွာပါ။ အစည္​းအ​ေဝး​ေတြကိုလည္​း ​ေလ​ေအး​ေပးစက္​ပါတ့ဲ ခန္​းမမွာဘဲ လုပ္​မွာပါ။ ငါတို႔လို ​ေတာမွာ မီးပ်က္​တာမဟုတ္​၊ လံုးဝမရ​ေသးဘူးရင္​ ​ေလ်ာ့စဥ္​းစားမယ္​ ထင္​ပါရဲ႕ကြာ တ့ဲ။
.
႐ွဥ္​့လည္​း​ေလ်ာက္​သာ ပ်ားလည္​းစြဲသာ​ေပါ့ဗ်ာ။ ဒီစာရဲ႕
​ေခါင္​းစဥ္​ကိုလည္​း ”ျမန္​မာႏိုင္​ငံနဲ႔ ​ေက်ာက္​မီး​ေသြးစက္​ရံု” လို႔ ​ေပးရမလား။ ”က်န္​းမာ​ေတာ္​မူၾကပါစခင္​ဗ်ာ” လို႔ ​ေပးရမလား၊ မ​ေဝခြဲတတ္​​ေတာ့​ေၾကာင္​းပါ။