26 January 2008

ခင်ဝမ်း - ၄

ခင်၀မ်း-၄



ခုဆိုလျှင် ခင်၀မ်းကွယ်လွန်ခ့ဲသည်မှာ ရှစ်နှစ် ရှိခ့ဲပြီ ။ ကွယ်လွန်ချိန်က ထွက်သောစာစောင်များ ဖတ်ရတော့မှ ကျွန်တော့်ထက်ဆိုးသူများ ရှိကြောင်းတွေ့ရသည် ။ ကျောက်ပန်းတောင်းမှ Crazy တစ်ဦး အကြောင်းသိရတော့ လန့်တောင်သွားမိသည် ။ ကျွန်တော့်ညီ ကိုငြိမ်း ဆီမှာ စာစောင်တော်များများ သိမ်းထားတာရှိသည် ။ သူလဲ ကျွန်တော်တို့ဆီမှ ရောဂါကူးစက်ထားတာ ရပ်၍မရတော့ ။

သီချင်း နားမထောင်ဖြစ်တာ ကြာပြီဖြစ်သဖြင့် ခင်၀မ်းအခွေများလည်း မှိုတက်ကုန်ပြီ ။ ထို့ကြောင့် ခင်၀မ်းအခွေများအားလုံးပြန်၀ယ်ကာ MP 3 လုပ်၍ CD ကူးထားရသည် ။ ဒါတောင် COVER CARD အကုန်ပြန်ရှာ၍ မရတော့ပါ ။ ခွေထုတ်ခ့ဲသည့် ပြည်ရတနာ လည်းမရှိတော့ ။ ညိုညိုတေးသံသွင်း ၊ ယင်းမာတေးသံသွင်း များတွင်ရှာသောလည်းအစုံ မရခ့ဲပါ ။

ကမ္ဘာတည်သ၍ ရှိမည်ထင်သည့် internet ပေါ်သည့်အခါ တင်ချင်လွန်း၍ ပြည်ပရောက် သူငယ်ချင်းကို အကူအညီ တောင်းခ့ဲသည် ။ သို့သောတင်ပြီး မကြာခင် ထို WEB SITE ပျက်သွား၍ မရှိတော့ပါ ။ နောက်ထပ်ကြိုးစားဖို့သာရှိတော့သည် ။

ခင်မောင်တိုးပြန်ဆိုသောအခါ ခင်၀မ်းသီချင်းတွေ ပြန်နားထောင်ရသည် ။ ယခုမှ နားထောင်သူများက ကိုတိုးကြီးဆိုတာကို ပိုကြိုက်ကြပါသည် ။ကိုတိုး ဆိုထားတာ အသံပိုကောင်းပါလိမ့်မည် ။ ကျွန်တော်ကတော့ ခင်၀မ်း အသံနဲ့မှ သီချင်းဟု ထင်တုံးဘဲဖြစ်သည် ။ ခင်၀မ်း ရဲ့အသံ ဝါဝါကြီးကမှ နားထောင်ကောင်းနေတုံးဘဲ ဖြစ်သည် ။ ကျွန်တော် ခင်၀မ်း သီချင်းများကြိုက်တာ အသက်ရှေသမျှပင် ဖြစ်မှာ အာမခံ ပါသည် ။ ခုခေတ်တွင် သီချင်းများများ မထွက်၍ ပိုသေချာပါတော့သည် ခင်ဗျား ။ ။

20 January 2008

ခင်ဝမ်း - ၃

ခင်၀မ်း - ၃

ခင်၀မ်း သီချင်းများတွင် စာသားအားလုံး အလွန်သဘောကျသည် ။ မမျှော်လင့်တ့ဲအချိန်မှာ မျှော်လင့်ခြင်းတွေ ဆုံးရှုံးသွားတ့ဲအခါ စာသားမျိုး ၊ အဖေါ်မ့ဲခြင်း အဖေါ်မွန် ဆိုသောစာသားမျိုးမှာ ဆုတစ်ခုခုရသင့်သော စာသားမျိုးပင် ။ အင်း နဲနဲတော့စောင့်ကြပါဦးလေ ။

" နင့်ကိုငါချစ်နေတုံးဘဲ မိနီ " သီချင်းကိုစိတ်ပျက်မိ်သောလည်း ခင်၀မ်း ကိုးကွယ်စိတ်နှင့် ခွှင့်လွှတ်ခဲ့သည် ။ Series များတွင် " ည " ကို မကြိုက်ဆုံး ြဖြစ်သော်လည်း အခြားအဆိုကျော်များထက် ပိုကြိုက်သည် ဟုမိမိဖာသာ ယူဆထားသည် ။ " လိပ်ပြာလွင်ပြင် " နှင့် " ကစားမလား၊နားမလား " အခွေ ထွက်စ နားထောင်စဉ်က သီချင်းများလေးသဖြင့် မကြိုက်ခ့ဲ ၊ တဖြေးဖြေး နားထောင်ပါများမှ ကြိုက်ခ့ဲသည် ။ ခင်၀မ်း သီချင်းအားလုံးသည် နားထောင်ပါများလျှင်ကြိုက်သွားမည်မှာ အသေအချာ ဖြစ်သည် ။ ခင်၀မ်း သီချင်း ကိုသာမာန်နားထောင်သူရှားသည် ။ အလွန်ကြိုက်သောသူနှင့် ဘာကြီးမှန်းမသိပါဘူးကွာ ဟုပြောမည့်သူ နှစ်မျိုးသာရှိလိမ့်မည် ။ ဆေးသမားများ နားထောင်သောသီချင်းဟု ပြောတာလဲကြားဖူးသည် ။ သနားစရာ ၊ အကောင်းနှင့် မတန်သူများပင် ။

အဆောင်တွင်နေစဉ် ကလဲ ကျွန်တော်ပြောလွန်းသဖြင့် သူငယ်ချင်းများ နားထောင်ကြသည် ။ တခါထဲ ဆဲကြတော့သည် ။ ဒီအထဲ ဆရာ မြသန်းတင့် ဘာသာပြန် The Fall of Paris ကိုဖတ်ထားသော ကျွန်တော်က "နှင်း " သီချင်းနှင့် "တောင်ပေါ်သူ(သို့ ) လွမ်းတေး" သီချင်းလာလျှင် ခဏ မတ်တတ်ရပ်ကြပါဟု ပြောသည် ၊ သူငယ်ချင်းများ က ဘာဖြစ်တာလဲ ဟုမေးရာ "ငါ သမတ ဖြစ်လျှင် နိုင်ငံတော်သီချင်း လုပ်မလို့ ၊ ခုကတည်းက အကျင့်ဖြစ်အောင် မင်းတို့ကို မတ်တတ်ရပ်ခိုင်းတာ" ဟုပြောရာ ၀ိုင်းဆဲသံများ ဆူညံသွားတော့သည် ။ ခင်၀မ်း သီချင်းကြားလျှင် ကျွန်တော့်ကို သတိရကြမည်ထင်ပါသည် ။ ။

19 January 2008

asean stamp

(unicode version )

ဒီတစ်ခါထုတ်တဲ့ ASEAN နှစ် ၄၀ ပြည့် တံဆိပ်ခေါင်းကတော့ အမှတ်တရပါဘဲ ။ ASEAN ဆယ်နိုင်ငံက အဆောက်အဦပုံစံမျိုးစုံ ပုံတွေပါ ။ မြန်မာနိုင်ငံ ကိုယ်စားပြု စာတိုက်ကြီး ကတော့အလှဆုံးပါဘဲဗျာ ။


XxXxXx

(Zawgyi version)

ဒီတစ္ခါထုတ္တဲ့ ASEAN နွစ္ ၄၀ ျပည့္ တံဆိပ္ေခါင္းကေတာ့ အမွတ္တရပါဘဲ ။ ASEAN ဆယ္ႏိုင္ငံက အေဆာက္အဦပံုစံမ်ိဳးစံု ပံုေတြပါ ။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ စာတိုက္ၾကီး ကေတာ့အလွဆံုးပါဘဲဗ်ာ ။

12 January 2008

HOME-2















ဒီနေ့မနက် အိမ်ရှေ့မှာ မြူတွေကျပါတယ် ။ ဒီနှစ်အတွက် ပထမ ဆုံးအကြိမ်ပါဘဲ ။



ဒီေန႔မနက္ အိမ္ေရွ့မွာ ျမဴေတြက်ပါတယ္ ။ ဒီႏွစ္အတြက္ ပထမ ဆံုးအၾကိမ္ပါဘဲ ။

HOME


to home














back view








front view

10 January 2008

Channel News Asia

(Unicode version )

ကျွန်တော်ကြည့်နေကြ CHANNEL NEWS ASIA သတင်းတွင် ကျုးဘားနိုင်ငံတွင် ကက်စထရို၏ ဟာဗားနား ၄၉ နှစ်မြောက်အောင်ပွဲ ကျင်းပသည့်သတင်းကို တွေ့လိုက်ရသည် ။ အောင်ပွဲတ့ဲ ၊ တော်တော်စိတ်ညစ်သွားသည် ။ ကျူဘားနိုင်ငံ ဘယ်လောက်ဆင်းရဲနေ မှန်း တစ်ကမ္တာလုံးသိကြသည် ။ ဒါကိုအတင်းအောင်ပွဲခံနေသေးသည် ။ မိမိအပြစ်ကို မိမိမမြင်ဘဲ အခြားသောသူများကို လက်ညှိုးထိုးနေရ သည်မှာသနားစရာ ။

တချိန်ထဲမှာပင် အခြား ကွန်မြူနစ်တစ်နိုင်ငံ ဖြစ်သော ဗီယက်နမ်နိုင်ငံအကြောင်း သတင်းတစ်ပုဒ်လဲ ကြည့်လိုက်ရပြန်သည် ။ ၂၀၀၇ အတွင်းတွင် ဗီယက်နမ်နိုင်ငံ၌ ကားအစီးရေ အသစ် ရှစ်သောင်း ေကျော်ရောင်းရကြောင်း ၊ ယမန်နှစ်ကထက် ၂ ဆ တိုးတက်လာခ့ဲကြောင်းတွေ့ရသည် ။ ကြီးစွာသော ကွာခြားမှုပင် ။ မိမိအခြေနေကို အမှန်သိမြင်၍ ပြောင်းလဲခ့ဲသဖြင့် ဗီယက််နမ် လမ်းမှန်ပေါ်ရောက်သွားပြီ ။

ကျွန်တော်တို့နိုင်ငံတွင်လည်း ကားများအလွန်ဟောင်းနေပြီ ။ ကားဈေးများကလဲ မယုံကြည်စရာကောင်းနေသည် ။ ဟောင်းသဖြင့် ပြင်ဆင်စားရိတ်လဲ ထောင်းသည်။ ၀ပ်ရှော့ဆရာများ နှင့် ကားပစ္စည်း အဟောင်းရောင်းသော ကုလားများသာ သူဋေးဖြစ်ကြသည် ။ Weekly eleven လိုဂျာနယ်မျိုးက ပုံစံမျိုးစုံဖြင့် ကားအသစ်သွင်းသင့်ကြောင်း ရေးကြသော်လည်း မထူးပါ ။ ယာဉ်ပိတ်ဆို့နိုင်သည် ၊ စက်ချို့ယွင်း၍ အ န္တရယ်ရှိနိုင်သည် ၊ ကားမီးလောင်တာတောင် ကားများဟောင်းလွန်း၍ ဖြစ်ကြောင်း ပုံစံမျိုးစုံရေးကြသော်လည်း မထူးပါ ။ ရေးသူများသာ လက်ပမ်းကျ သွားတော့မည် ။

ဘာကြောင့်ပါလိမ့်ဟု တွေးသော်လည်း ဉာဏ်မမှီပါ ။ အယင်ဘ၀က စီးစရာ ဖိနပ် အသစ်မလှုခ့ဲကြ၍ သာဖြစ်ပါလိမ့်မည် ။ ။

XxXxXx

(Zawgyi version) 

ကြၽန္ေတာ္ၾကည့္ေနၾက CHANNEL NEWS ASIA သတင္းတြင္ က်ဳးဘားနုိင္ငံတြင္ ကက္စထရို၏ ဟာဗားနား ၄၉ နွစ္ေျမာက္ေအာင္ပြဲ က်င္းပသည့္သတင္းကို ေတြ႔လိုက္ရသည္ ။ ေအာင္ပြဲတ့ဲ ၊ ေတာ္ေတာ္စိတ္ညစ္သြားသည္ ။ က်ဴဘားနိုင္ငံ ဘယ္ေလာက္ဆင္းရဲေန မွန္း တစ္ကမၲာလံုးသိၾကသည္ ။ ဒါကိုအတင္းေအာင္ပြဲခံေနေသးသည္ ။ မိမိအျပစ္ကို မိမိမျမင္ဘဲ အျခားေသာသူမ်ားကို လက္ညိွဳးထိုးေနရ သည္မွာသနားစရာ ။
တခ်ိန္ထဲမွာပင္ အျခား ကြန္ျမဴနစ္တစ္နိုင္ငံ ျဖစ္ေသာ ဗီယက္နမ္နိုင္ငံအေၾကာင္း သတင္းတစ္ပုဒ္လဲ ၾကည့္လိုက္ရျပန္သည္ ။ ၂၀၀၇ အတြင္းတြင္ ဗီယက္နမ္နိုင္ငံ၌ ကားအစီးေရ အသစ္ ရွစ္ေသာင္း ေေက်ာ္ေရာင္းရေၾကာင္း ၊ ယမန္နွစ္ကထက္ ၂ ဆ တိုးတက္လာခ့ဲေၾကာင္းေတြ႕ရသည္ ။ ၾကီးစြာေသာ ကြာျခားမႈပင္ ။ မိမိအေျခေနကို အမွန္သိျမင္၍ ေျပာင္းလဲခ့ဲသျဖင့္ ဗီယက္္နမ္ လမ္းမွန္ေပၚေရာက္သြားျပီ ။
ကြၽန္ေတာ္တို႔နိုင္ငံတြင္လည္း ကားမ်ားအလြန္ေဟာင္းေနျပီ ။ ကားေစ်းမ်ားကလဲ မယံုၾကည္စရာေကာင္းေနသည္ ။ ေဟာင္းသျဖင့္ ျပင္ဆင္စားရိတ္လဲ ေထာင္းသည္။ ၀ပ္ေရွာ့ဆရာမ်ား နွင့္ ကားပစၥည္း အေဟာင္းေရာင္းေသာ ကုလားမ်ားသာ သူေဋးျဖစ္ၾကသည္ ။ Weekly eleven လိုဂ်ာနယ္မ်ိဳးက ပံုစံမ်ိဳးစံုျဖင့္ ကားအသစ္သြင္းသင့္ေၾကာင္း ေရးၾကေသာ္လည္း မထူးပါ ။ ယာဥ္ပိတ္ဆို႔နိုင္သည္ ၊ စက္ခ်ိဳ႕ယြင္း၍ အ ႏၲရယ္ရွိႏိုင္သည္ ၊ ကားမီးေလာင္တာေတာင္ ကားမ်ားေဟာင္းလြန္း၍ ျဖစ္ေၾကာင္း ပံုစံမ်ိဳးစံုေရးၾကေသာ္လည္း မထူးပါ ။ ေရးသူမ်ားသာ လက္ပမ္းက် သြားေတာ့မည္ ။
ဘာေၾကာင့္ပါလိမ့္ဟု ေတြးေသာ္လည္း ဥာဏ္မမွီပါ ။ အယင္ဘ၀က စီးစရာ ဖိနပ္ အသစ္မလႈခ့ဲၾက၍ သာျဖစ္ပါလိမ့္မည္ ။

ခင်၀မ်း - ၂

ခင်၀မ်း - ၂

ကျွန်တော် ခင်၀မ်း ရူးရူးတော့သည် ။ အပေါင်းအသင်းများကိုလဲ နားထောင်စေခဲ့သည်။ သူငယ်ချင်းများ ဂစ်တာတီးသင်သောအခါ ခင်၀မ်းသီချင်းတီးချင်သဖြင့် ၀င်သင်သည် ။ Chord လွယ်လွယ်များဖြစ်သော C,D,G,F,Am များတတ်သောအခါ မြို့ထဲကျူရှင်သွားစဉ် သီချင်းစာအုပ် ရှာ၀ယ်သည် ။ Chord များဖတ်လိုက်သော် စိတ်ဓါတ်ကျသွားသည် ။ ကိုယ်မသိသည့် Chord များတွေ့ရသည် ။ F#,Bm,Em ၊ နောင်တော့မှ Key အကြောင်း သိသွားသည် ။ ခင်၀မ်း နဲ့လိုက်ဖက်သော Key များပင် ။

ထိုစဉ်က အင်္ဂလိပ် စာအတော်ဖတ်နေပြီ ဖြစ်သဖြင့် Crazy ဆိုသောစကားလုံးကို သိနေပြီ ။ ယခုခေတ်လို မတွင်ကျယ်သေးသဖြင့် ခင်၀မ်းကို ကိုးကွယ်သည် ဟုသုံးသဖြင့် သူငယ်ချင်းများ နှာခေါင်းရှုံ့ကြသည် ။ မမှု ၊ ဂုဏ်ပင်ယူနေလိုက်သေးသည် ။ တစ်ချို့သူငယ်ချင်းများကို နားထောင်ခိုင်းသောအခါ အပြင်းအထန်ရှုံ့ချကြသည် ။ ဘာတွေဆိုနေမှန်းမသိတဲ့ ။ တစ်ချို့က ပိုဆိုးသေးသည် ၊ ဆိုတာမဟုတ် ၊ ညီးနေတာ စာတမ်းဖတ်နေတာ ဟုအပြောခံရသော် သနားပင်သနားမိသေးသည် ။

နောင်နှစ်အနည်းငယ်အကြာ သိမ်ဖြူလမ်းပေါ်မှ အာကာထွန်း ကား၀ပ်ရှော့ဟု ထင်သည် ။ အဆောက်အဦး အ၀တွင် ကပ်ဖွင့်ထားသော ကက်ဆက်ခွွေ အငှားဆိုင်တွင် ခင်၀မ်းသီချင်းခွေ ကြော်ငြာအသစ်ကပ်ထားသည်ဟု ညီများကပြောသည်။ RC-1 ကျောင်းအသွား သိမ်ဖြူဈေးမှတ်တိုင်တွင်ဆင်း၍ သွားကြည့်မိသည် ။ ပြည်မှာဆောင်း တဲ့၊ အလွန်ပျော်သွားသည် ။ ခင်၀မ်းသီချင်းအသစ်နားထောင်ရတော့မည် ။ အခွေ၀ယ်ရန် ပိုက်ဆံကြိုစုရသည် ။ Hitachi အခွေဖြင့် ၂၅ ကျပ်ကိုချက်ချင်းဘယ်၀ယ် နိုင်မလဲ ။

ကျွန်တော်တို့ အလွန်အကျွန် ဖြစ်နေသည်ကို ကြည့်မရသော သူများက ပြည်မှာဘာဆောင်ရမှာလဲ ၊ ထီးလားဘာလားဖြင့် မခံချင်အောင်ပြောကြသော်လည်း ခင်၀မ်း ရဲ့မွေးရပ်မြေမှန်းမသိခ့ဲ ။ ပထမ အခွေမှ ဧရာ၀တီ သီချင်းကို INTRO မှအစကြိုက်သော်လည်း ဆက်စပ်မစဉ်းစားမိခ့ဲ ။ အခွေထွက်၍ နားထောင်မိသောအခါ အရမ်းကြိုက်သွားသည် ။ နောက်နောင်ထွက်သော အခွေအားလုံးကိုလဲ အားလုံးအရမ်းကြိုက်မိတာပါဘဲ ။ ။