11 January 2015

JE SUIS CHARLIE













ကမ္ဘာကြီး လူ့အခွင့်အ​ရေးနှင့် မူစလင်​ဘာသာ

(Unicode version )

ပြင်​သစ်​နိုင်​ငံ ပါရီမြို့ သတင်​းစာတိုက်​တခုကို အစွန်​း​ရောက်​ မူစလင်​​သေနတ်​သမားများ ဝင်​​ရောက်​ပစ်​ခတ်​၍ ၁၂​ယောက်​​သေပြီး ​နောက်​ဆက်​တွဲဖြစ်​ရပ်​များတွင်​လည်​း လူအချို့ ထပ်​မံ​သေဆုံးခ့ဲပါသည်​။ သို့အတွက်​ မူစလင်​များ​ပေါ်တွင်​ မ​ကြေနပ်​မှုများ တိုးပွားလာ၍ ​သေဆုံးသူ ရဲတဦး၏ မိသားစုမှ မူစလင်​များနှင်​့ မသက်​ဆိုင်​​ကြောင်​း ပလီများကို မီးရှို့မှု ဖျက်​ဆီးမှုများ မလုပ်​ကြရန်​ ပန်​ကြားသည်​ကို တီ​ဗီတွင်​ ​တွေ့လိုက်​ရပါသည်​။ လွန်​ခ့ဲ​သော လအနည်​းငယ်​ကလဲ ဂျာမဏီရှိ မြို့ကြီးအချို့တွင်​ မူစလင်​ကိုးကွယ်​သူများ အသစ်​အ​ခြေခြ ခွင်​့ ထပ်​မံခွင်​့မပြုရန်​ ဆန္ဒပြကြသည်​ကို ​တွေ့လိုက်​ရပါသည်​။



Civilized ဖြစ်​​နေပြီဟု ဆို​သော အ​နောက်​ကမ္ဘာ၊ မူစလင်​များကို လက်​ခံရန်​ စတင်​ငြင်​းဆန်​လာပြီ​လော။ လူ့အခွင်​့အ​ရေးကို ဦးစား​ပေးလွန်​း​သော လူ့အဖွဲ့အစည်​းက လူ့အခွင်​့အ​ရေးကို definition အသစ်​ ဖွင်​့ဖို့ လိုလာမည်​​လော။



အ​ကြောင်​းမ့ဲ ​ပြောခြင်​းမဟုတ်​ပါ။ ပြင်​သစ်​နိုင်​ငံသည်​ အယင်​ကိုလိုနီ အာဖရိကမှ မူစလင်​နွယ်​ဝင်​များကို အ​မြောက်​အများ လက်​ခံထားပါသည်​။ ​တောင်​ပိုင်​းမြို့ကြီး မာ​ဆေးဆိုလျှင်​ ၇၀%​ကျော်​ရှိသည်​ဟုဆိုသည်​။ ​ရှေးကတည်​းက အတူတူ ​နေထိုင်​ခ့ဲကြသည်​။ ယခု​နောက်​ပိုင်​း​ရောက်​မှ ပြဿနာများ စလာတာဖြစ်​သည်​။ ဘာ​ကြောင်​့ပါနည်​း။



မူစလင်​ဘာသာသည်​လဲ religion ကိုးကွယ်​သည်​့ဘာသာတခု ဖြစ်​သည်​့အား​လျှော်​စွာ အကြမ်​းဖက်​မှုများ လုပ်​ခိုင်​းထားမည်​မထင်​ပါ။ လူ့​ဘောင်​အဖွဲ့အစည်​း အချင်​းချင်​း လက်​တွဲ​နေထိုင်​နိုင်​မည်​့ အယူအဆများသာ ​ဖော်​ပြထားမည်​ ထင်​ပါသည်​။ ကျွန်​​တော်​ အ​သေးစိတ်​ မ​လေ့လာဘူးပါ။ သို့​သော်​ ကိုးကွယ်​သည်​့ ဘာသာတို့ထုံးစံ လူတ​ယောက်​ချင်​း လူ့အဖွဲ့အစည်​းချင်​း သဟဇာတကျစွာ ယှဉ်​တွဲ​နေထိုင်​ဖို့ နည်​းလမ်​းများသာ သင်​ကြား​ပေးထားမည်​ ထင်​ပါသည်​။



ဒါဆို အဘယ်​​ကြောင်​့ အကြမ်​းဖက်​မှုများ ဖန်​တည်​း​နေကြသနည်​း။ ​မေးစရာ ရှိပါသည်​။ ကျွန်​​တော်​့အမြင်​က ပညာနည်​းပါးသူများနှင်​့ အစွန်​း​ရောက်​သမားများ ​ပေါင်​းမိသွား​သော​ကြောင်​့သာ ဖြစ်​ပါသည်​။ ​ရှေးယခင်​ကလည်​း အ​နောက်​ကမ္ဘာတွင်​ ခရစ်​ယာန်​အစွန်​း​ရောက်​များ ကြီးစိုးခ့ဲသည်​့ ​ခေတ်​များရှိခ့ဲသည်​။ ဘာသာ​ရေး စစ်​ပွဲများ ဖြစ်​ပွားခ့ဲသည်​။ ဥ​ရောပတွင်​ ​နောက်​အကျဆုံး ဘာသာ​ရေးအစွန်​း​ရောက်​ အကြမ်​းဖက်​များမှာ ​​မြောက်​အိုင်​ယာလန်​ အစွန်​း​ရောက်​ IRA များဖြစ်​သည်​။ သူတို့ဆို ခရစ်​ယာန်​ ဂိုဏ်​းကွဲ အချင်​းချင်​း ​ဆော်​ခ့ဲကြတာဖြစ်​သည်​။ ခု​တော့ ညှိနှိုင်​းမှုကို သ​ဘော​ပေါက်​သွားသဖြင်​့ ​အေးချမ်​းခ့ဲတာ နှစ်​နှစ်​ဆယ်​ ​ကျော်​ခ့ဲပြီ။



အင်္ဂလန်​သို့လဲ ဒုတိယ ကမ္ဘာစစ်​ကြီးပြီး​နောက်​ ကိုလိုနီ မူစလင်​နိုင်​ငံသားများ အလုံးအရင်​းဖြင်​့ ဝင်​​ရောက်​ခ့ဲသည်​။ သူတို့ အများစုသည်​ ပညာမတတ်​၊ သို့​သော်​ ပြဿနာ မဖြစ်​ခ့ဲရခြင်​းမှာ အစွန်​း​ရောက်​ သမားများ မ​ပေါ်​ပေါက်​​သေး၍ဟု ထင်​ပါသည်​။ ယခု​ခေတ်​ အစွန်​း​ရောက်​များ ​ပေါ်ချိန်​တွင်​ အင်္ဂလန်​​ရောက်​ တတိယမျိုးဆက်​များသည်​ ပညာတတ်​များ ဖြစ်​​နေကြပြီ။ အစွန်​း​ရောက်​များ မထိုး​ဖောက်​ နိုင်​ကြ​တော့။



​နောက်​တပိုင်​းက လူ့အခွင်​့အ​ရေး ပြဿနာ ဖြစ်​သည်​။ ပညာတတ်​ ချမ်​းသာသူများအတွက်​ လူ့အခွင်​့အ​ရေးက အ​ရေးကြီး​နေသည်​။ သူတို့က ပြည်​့စုံ​နေတာကိုး။ ဆင်​းရဲ စားစရာ မရှိသူုများကို လူ့အခွင်​့အ​ရေး ​ဟော​ပြော​နေလျှင်​ ဘာမျှ စိတ်​ဝင်​စားမည်​မဟုတ်​တာ ​သေချာသည်​။ မိမိဘဝ အသက်​ရှင်​​ရေးအတွက်​ ပထမဦးစား​ပေး ဖြစ်​​နေသည်​။ စာအုပ်​များထဲမှ သီအိုရီများသည်​ သူတို့အတွက်​ အလကားဟာ​တွေ။ ဒီလိုသူများကို​ အကြမ်​းဖက်​ဖို့ စည်​းရုံးရန်​ ဘာမျှမခက်​ခဲ။ အခြားတဖက်​မှ သူများကလည်​း မိမိတွင်​ရှိသည်​့ မ​လောက်​မငှ အနည်​းငယ်​ကို ​နေရာယူ လုရန်​လာလျှင်​ ပြန်​အကြမ်​းဖက်​ဖို့ ခုခံကာကွယ်​ဖို့ ဘာမျှလက်​တွန်​့​နေစရာ မလို။ မိမိဘဝ ရှင်​သန်​​ရေးအတွက်​ ပြန်​ခုခံကြမည်​သာ။



ဤလို အ​ခြေအ​နေမျိုးကို မြန်​မာနိုင်​ငံ အပါအဝင်​ ဖွံဖြိုးပြီးနိုင်​ငံများမှာ ခံစား​နေရတာ ကြာပြီ။ ဒါကို ဖွံဖြိုးပြီးနိုင်​ငံကြီးများက လူ့အခွင်​့အ​ရေးဆိုပြီး မူစလင်​ဘာသာဝင်​များကို ကူညီ ကာကွယ်​​စောင်​့​ရှောက်​ ခိုင်​း​နေသည်​။ မြန်​မာနိုင်​ငံသား အများစု အပါအဝင်​ ပညာမတတ်​သူ များပြား​သော နိုင်​ငံများက လက်​ခံနိုင်​စွမ်​း မရှိကြ။



 သို့​သော်​ ခု​တော့ ဖွံဖြိုးပြီး​သော အ​နောက်​နိုင်​ငံ​တွေပါ လှုပ်​လာကြပါပြီ။ လူ့အခွင်​့အ​ရေးကို အသား​ပေး၍ အာရပ်​နှင့်​ အာဖဂန်​၊ အီရတ်​တို့မှ ဒုက္ခသည်​များကို များပြားစွာ လက်​ခံခ့ဲ​သော ​အော်​ဇီလဲ ​နောက်​ပိုင်​း ဝင်​လာသူများကို လက်​မခံ​တော့။ ခိုးဝင်​လာသူများကို ပစိဖိတ်​အလယ်​ရှိ ​နော်​ရူးကျွန်​းသို့ ပို့ထားသည်​့ လူ့အခွင်​့အ​ရေး​လောက်​သာ လုပ်​နိုင်​​တော့သည်​။ ခု ဥ​ရောပမှာပင်​ စလာပါပြီ။ လူ့ အခွင်​့အ​ရေးတို့၏ ဆရာကြီး အ​မေရိကန်​ သည်​းမခံနိုင်​​တော့သည်​့ အချိန်​ထိ ကျ​န်​သူ​တွေ သည်​းခံ ​စောင်​့​နေရဦးမည်​လား။



 လူ့အခွင်​့အ​ရေး ကမ္ဘာအတွက်​ အဓိပ္ပါယ်​ ဖွင်​့ဆိုချက်အသစ်​​တွေ ​ပေါ်လာ​ဖို့ မ​ဝေး​တော့ပြီ ထင်​မိပါသည်​။

XxXxXx

(Zawgyi version)

ျပင္​သစ္​ႏိုင္​ငံ ပါရီၿမိဳ႕ သတင္​းစာတိုက္​တခုကို အစြန္​း​ေရာက္​ မူစလင္​​ေသနတ္​သမားမ်ား ဝင္​​ေရာက္​ပစ္​ခတ္​၍ ၁၂​ေယာက္​​ေသၿပီး ​ေနာက္​ဆက္​တြဲျဖစ္​ရပ္​မ်ားတြင္​လည္​း လူအခ်ိဳ႕ ထပ္​မံ​ေသဆံုးခ့ဲပါသည္​။ သို႔အတြက္​ မူစလင္​မ်ား​ေပၚတြင္​ မ​ေၾကနပ္​မႈမ်ား တိုးပြားလာ၍ ​ေသဆံုးသူ ရဲတဦး၏ မိသားစုမွ မူစလင္​မ်ားႏွင္​့ မသက္​ဆိုင္​​ေၾကာင္​း ပလီမ်ားကို မီး႐ိႈ့မႈ ဖ်က္​ဆီးမႈမ်ား မလုပ္​ၾကရန္​ ပန္​ၾကားသည္​ကို တီ​ဗီတြင္​ ​ေတြ႔လိုက္​ရပါသည္​။ လြန္​ခ့ဲ​ေသာ လအနည္​းငယ္​ကလဲ ဂ်ာမဏီ႐ွိ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္​ မူစလင္​ကိုးကြယ္​သူမ်ား အသစ္​အ​ေျချခ ခြင္​့ ထပ္​မံခြင္​့မျပဳရန္​ ဆႏၵျပၾကသည္​ကို ​ေတြ႔လိုက္​ရပါသည္​။

Civilized ျဖစ္​​ေနၿပီဟု ဆို​ေသာ အ​ေနာက္​ကမာၻ၊ မူစလင္​မ်ားကို လက္​ခံရန္​ စတင္​ျငင္​းဆန္​လာၿပီ​ေလာ။ လူ႔အခြင္​့အ​ေရးကို ဦးစား​ေပးလြန္​း​ေသာ လူ႔အဖြဲ႔အစည္​းက လူ႔အခြင္​့အ​ေရးကို definition အသစ္​ ဖြင္​့ဖို႔ လိုလာမည္​​ေလာ။

အ​ေၾကာင္​းမ့ဲ ​ေျပာျခင္​းမဟုတ္​ပါ။ ျပင္​သစ္​ႏိုင္​ငံသည္​ အယင္​ကိုလိုနီ အာဖရိကမွ မူစလင္​ႏြယ္​ဝင္​မ်ားကို အ​ေျမာက္​အမ်ား လက္​ခံထားပါသည္​။ ​ေတာင္​ပိုင္​းၿမိဳ႕ႀကီး မာ​ေဆးဆိုလွ်င္​ ၇၀%​ေက်ာ္​႐ွိသည္​ဟုဆိုသည္​။ ​ေ႐ွးကတည္​းက အတူတူ ​ေနထိုင္​ခ့ဲၾကသည္​။ ယခု​ေနာက္​ပိုင္​း​ေရာက္​မွ ျပႆနာမ်ား စလာတာျဖစ္​သည္​။ ဘာ​ေၾကာင္​့ပါနည္​း။

မူစလင္​ဘာသာသည္​လဲ religion ကိုးကြယ္​သည္​့ဘာသာတခု ျဖစ္​သည္​့အား​ေလ်ွာ္​စြာ အၾကမ္​းဖက္​မႈမ်ား လုပ္​ခိုင္​းထားမည္​မထင္​ပါ။ လူ႔​ေဘာင္​အဖြဲ႔အစည္​း အခ်င္​းခ်င္​း လက္​တြဲ​ေနထိုင္​ႏိုင္​မည္​့ အယူအဆမ်ားသာ ​ေဖာ္​ျပထားမည္​ ထင္​ပါသည္​။ ကြၽန္​​ေတာ္​ အ​ေသးစိတ္​ မ​ေလ့လာဘူးပါ။ သို႔​ေသာ္​ ကိုးကြယ္​သည္​့ ဘာသာတို႔ထံုးစံ လူတ​ေယာက္​ခ်င္​း လူ႔အဖဲြ႔အစည္​းခ်င္​း သဟဇာတက်စြာ ယွဥ္​တြဲ​ေနထိုင္​ဖို႔ နည္​းလမ္​းမ်ားသာ သင္​ၾကား​ေပးထားမည္​ ထင္​ပါသည္​။

ဒါဆို အဘယ္​​ေၾကာင္​့ အၾကမ္​းဖက္​မႈမ်ား ဖန္​တည္​း​ေနၾကသနည္​း။ ​ေမးစရာ ႐ွိပါသည္​။ ကြၽန္​​ေတာ္​့အျမင္​က ပညာနည္​းပါးသူမ်ားႏွင္​့ အစြန္​း​ေရာက္​သမားမ်ား ​ေပါင္​းမိသြား​ေသာ​ေၾကာင္​့သာ ျဖစ္​ပါသည္​။ ​ေ႐ွးယခင္​ကလည္​း အ​ေနာက္​ကမာၻတြင္​ ခရစ္​ယာန္​အစြန္​း​ေရာက္​မ်ား ႀကီးစိုးခ့ဲသည္​့ ​ေခတ္​မ်ား႐ွိခ့ဲသည္​။ ဘာသာ​ေရး စစ္​ပြဲမ်ား ျဖစ္​ပြားခ့ဲသည္​။ ဥ​ေရာပတြင္​ ​ေနာက္​အက်ဆံုး ဘာသာ​ေရးအစြန္​း​ေရာက္​ အၾကမ္​းဖက္​မ်ားမွာ ​​ေျမာက္​အိုင္​ယာလန္​ အစြန္​း​ေရာက္​ IRA မ်ားျဖစ္​သည္​။ သူတို႔ဆို ခရစ္​ယာန္​ ဂိုဏ္​းကြဲ အခ်င္​းခ်င္​း ​ေဆာ္​ခ့ဲၾကတာျဖစ္​သည္​။ ခု​ေတာ့ ညႇိႏိႈင္​းမႈကို သ​ေဘာ​ေပါက္​သြားသျဖင္​့ ​ေအးခ်မ္​းခ့ဲတာ ႏွစ္​ႏွစ္​ဆယ္​ ​ေက်ာ္​ခ့ဲၿပီ။

အဂၤလန္​သို႔လဲ ဒုတိယ ကမာၻစစ္​ႀကီးၿပီး​ေနာက္​ ကိုလိုနီ မူစလင္​ႏိုင္​ငံသားမ်ား အလံုးအရင္​းျဖင္​့ ဝင္​​ေရာက္​ခ့ဲသည္​။ သူတို႔ အမ်ားစုသည္​ ပညာမတတ္​၊ သို႔​ေသာ္​ ျပႆနာ မျဖစ္​ခ့ဲရျခင္​းမွာ အစြန္​း​ေရာက္​ သမားမ်ား မ​ေပၚ​ေပါက္​​ေသး၍ဟု ထင္​ပါသည္​။ ယခု​ေခတ္​ အစြန္​း​ေရာက္​မ်ား ​ေပၚခ်ိန္​တြင္​ အဂၤလန္​​ေရာက္​ တတိယမ်ိဳးဆက္​မ်ားသည္​ ပညာတတ္​မ်ား ျဖစ္​​ေနၾကၿပီ။ အစြန္​း​ေရာက္​မ်ား မထိုး​ေဖာက္​ ႏိုင္​ၾက​ေတာ့။

​ေနာက္​တပိုင္​းက လူ႔အခြင္​့အ​ေရး ျပႆနာ ျဖစ္​သည္​။ ပညာတတ္​ ခ်မ္​းသာသူမ်ားအတြက္​ လူ႔အခြင္​့အ​ေရးက အ​ေရးႀကီး​ေနသည္​။ သူတို႔က ျပည္​့စံု​ေနတာကိုး။ ဆင္​းရဲ စားစရာ မ႐ွိသူုမ်ားကို လူ႔အခြင္​့အ​ေရး ​ေဟာ​ေျပာ​ေနလွ်င္​ ဘာမ်ွ စိတ္​ဝင္​စားမည္​မဟုတ္​တာ ​ေသခ်ာသည္​။ မိမိဘဝ အသက္​႐ွင္​​ေရးအတြက္​ ပထမဦးစား​ေပး ျဖစ္​​ေနသည္​။ စာအုပ္​မ်ားထဲမွ သီအိုရီမ်ားသည္​ သူတို႔အတြက္​ အလကားဟာ​ေတြ။ ဒီလိုသူမ်ားကို​ အၾကမ္​းဖက္​ဖို႔ စည္​းရံုးရန္​ ဘာမ်ွမခက္​ခဲ။ အျခားတဖက္​မွ သူမ်ားကလည္​း မိမိတြင္​႐ွိသည္​့ မ​ေလာက္​မငွ အနည္​းငယ္​ကို ​ေနရာယူ လုရန္​လာလွ်င္​ ျပန္​အၾကမ္​းဖက္​ဖို႕ ခုခံကာကြယ္​ဖို႔ ဘာမွ်လက္​တြန္​႔​ေနစရာ မလို။ မိမိဘဝ ႐ွင္​သန္​​ေရးအတြက္​ ျပန္​ခုခံၾကမည္​သာ။

ဤလို အ​ေျခအ​ေနမ်ိဳးကို ျမန္​မာႏိုင္​ငံ အပါအဝင္​ ဖြံၿဖိဳးၿပီးႏိုင္​ငံမ်ားမွာ ခံစား​ေနရတာ ၾကာၿပီ။ ဒါကို ဖြံၿဖိဳးၿပီးႏိုင္​ငံႀကီးမ်ားက လူ႔အခြင္​့အ​ေရးဆိုၿပီး မူစလင္​ဘာသာဝင္​မ်ားကို ကူညီ ကာကြယ္​​ေစာင္​့​ေ႐ွာက္​ ခိုင္​း​ေနသည္​။ ျမန္​မာႏိုင္​ငံသား အမ်ားစု အပါအဝင္​ ပညာမတတ္​သူ မ်ားျပား​ေသာ ႏိုင္​ငံမ်ားက လက္​ခံႏိုင္​စြမ္​း မ႐ွိၾက။

 သို႔​ေသာ္​ ခု​ေတာ့ ဖြံၿဖိဳးၿပီး​ေသာ အ​ေနာက္​ႏိုင္​ငံ​ေတြပါ လႈပ္​လာၾကပါၿပီ။ လူ႔အခြင္​့အ​ေရးကို အသား​ေပး၍ အာရပ္​ႏွင့္​ အာဖဂန္​၊ အီရတ္​တို႔မွ ဒုကၡသည္​မ်ားကို မ်ားျပားစြာ လက္​ခံခ့ဲ​ေသာ ​ေအာ္​ဇီလဲ ​ေနာက္​ပိုင္​း ဝင္​လာသူမ်ားကို လက္​မခံ​ေတာ့။ ခိုးဝင္​လာသူမ်ားကို ပစိဖိတ္​အလယ္​႐ွိ ​ေနာ္​႐ူးကြၽန္​းသို႔ ပို႔ထားသည္​့ လူ႔အခြင္​့အ​ေရး​ေလာက္​သာ လုပ္​ႏိုင္​​ေတာ့သည္​။ ခု ဥ​ေရာပမွာပင္​ စလာပါၿပီ။ လူ႔ အခြင္​့အ​ေရးတို႔၏ ဆရာႀကီး အ​ေမရိကန္​ သည္​းမခံႏိုင္​​ေတာ့သည္​့ အခ်ိန္​ထိ က်​န္​သူ​ေတြ သည္​းခံ ​ေစာင္​့​ေနရဦးမည္​လား။

 လူ႔အခြင္​့အ​ေရး ကမာၻအတြက္​ အဓိပၸါယ္​ ဖြင္​့ဆုိခ်က္အသစ္​​ေတြ ​ေပၚလာ​ဖို႔ မ​ေဝး​ေတာ့ၿပီ ထင္​မိပါသည္​။

04 January 2015

၂၀၁၅ လွတ်​လပ်​​ရေး​နေ့ တံဆိပ်​​ခေါင်း

(Unicode version)

၂၀၁၅ လွတ်​လပ်​​ရေး​နေ့ တံဆိပ်​​ခေါင်​းပါ။

နှစ်​ရာကျပ်​တန်​ တ​ခေါင်​းနဲ့ တရာကျပ်​တန်​ နှစ်​​ခေါင်​းပါ။

ထူးခြားတာက ​နေပြည်​​တော်​က အ​ဆောက်​အဦးပုံ​တွေ မဟုတ်​​တော့ပါ။

​သေချာကြည်​့လဲ ဘာပုံမှန်​း မသဲကွဲပါ။

အရမ်​း ပန်​ချီဆန်​​နေပါတယ်​။

Firstday Cover ၀ယ်​​တော့မှ သ​ဘော​ပေါက်​ပါတယ်​။

​ရွှေတိဂုံရယ်​ ပုဂံရှုခင်​းရယ်​ ဦးပိန်​တံတားပုံရယ်​ပါ။

ကျွန်​​တော်​တဦးတည်​း သ​ဘောက ရိုးရိုးရှင်​းရှင်​း သ​ငေ်္ကတ သ​ဘောမျိုး​လေး​တွေ ထုတ်​​စေချင်​ပါတယ်​။

အတုံးလိုက်​အတစ်​လိုက်​ဆို ​တောဆန်​တယ်​ ထင်​တာဘဲ။

ဘာဘဲဖြစ်​ဖြစ်​ ဒီ​နေ့​ခေတ်​စား​နေတ့ဲ ဗိုလ်​ရှုခံစင်​မြင်​့ပုံ မဟုတ်​လို့ ​ကြေနပ်​မိပါတယ်​။



XxXxXx

(Zawgyi version)



၂၀၁၅ လြတ္​လပ္​​ေရး​ေန႔ တံဆိပ္​​ေခါင္​းပါ။
ႏွစ္​ရာက်ပ္​တန္​ တ​ေခါင္​းနဲ႔ တရာက်ပ္​တန္​ ႏွစ္​​ေခါင္​းပါ။
ထူးျခားတာက ​ေနျပည္​​ေတာ္​က အ​ေဆာက္​အဦးပံု​ေတြ မဟုတ္​​ေတာ့ပါ။
​ေသခ်ာၾကည္​့လဲ ဘာပံုမွန္​း မသဲကြဲပါ။
အရမ္​း ပန္​ခ်ီဆန္​​ေနပါတယ္​။
Firstday Cover ၀ယ္​​ေတာ့မွ သ​ေဘာ​ေပါက္​ပါတယ္​။
​ေရႊတိဂံုရယ္​ ပုဂံ႐ႈခင္​းရယ္​ ဦးပိန္​တံတားပံုရယ္​ပါ။
ကြၽန္​​ေတာ္​တဦးတည္​း သ​ေဘာက ႐ိုး႐ိုး႐ွင္​း႐ွင္​း သ​ေကၤတ သ​ေဘာမ်ိဳး​ေလး​ေတြ ထုတ္​​ေစခ်င္​ပါတယ္​။
အတံုးလိုက္​အတစ္​လိုက္​ဆို ​ေတာဆန္​တယ္​ ထင္​တာဘဲ။
ဘာဘဲျဖစ္​ျဖစ္​ ဒီ​ေန႔​ေခတ္​စား​ေနတ့ဲ ဗိုလ္​႐ႈခံစင္​ျမင္​့ပံု မဟုတ္​လို႔ ​ေၾကနပ္​မိပါတယ္​။

29 December 2014

မျက်​ကန်း ​မြေချစ်​

(Unicode version )


ဟိုး အ​ရှေ့အလယ်​ပိုင်​းက အစွန်​း​ရောက်​တချို့က စာမတတ်​ စဉ်​းစားဉာဏ်​နည်​းတ့ဲသူ​တွေ ဆင်​းရဲသူ​တွေကို စည်​းရုံးတယ်​။

မင်​းတို့ ခုဘ၀မှာ ဆင်​းရဲ​ပေမ့ဲ အမျိုးဘာသာကို ကာကွယ်​ရင်​း ​သေသွားရင်​ ဘုရားသခင်​က မင်​းတို့ကို ဟိုဘက်​ဘ၀မှာ လို​လေ​သေးမရှိ ထားလိမ်​့မယ်​။ ဆင်​းရဲတာဆိုတာ မင်​းတို့မှာ မရှိ​တော့ဘူး။ မိန်​းမ​ချော​လေး​တွေလဲ ၀ိုင်​း​နေလိမ်​့မယ်​ စသဖြင်​့ ​ပြောတာ​ပေါ့။ ဘာမှ ခက်​ခက်​ခဲခဲ လုပ်​စရာမလိုဘူး။ ငါတို့​ပြောတ့ဲ​နေရာ​ရောက်​ယင်​ ဒီခလုတ်​​လေး နှိပ်​လိုက်​ယုံဘဲ။ ဘာမှ နာကျင်​တာလဲ မခံစားရဘူး။ ဟိုဘက်​မှာ ဘုရားသခင်​ကလဲ မင်​းတို့ကို ​စောင်​့ကြို​နေပြီ။ ဒီမှာ ကျန်​ရစ်​တ့ဲ မင်​းမိဘ​တွေကိုလဲ ပိုက်​ဆံ​တွေ ​ပေးဦးမှာ။ မင်​းက​တော့ သာသနာ့အာဇာနည်​ဘဲ ဆိုပြီး ယုံလို့လုပ်​မ့ဲသူ ကိုယ်​ ဗုံး​တွေ ပတ်​လွှတ်​လိုက်​တာပါဘဲ။



ဒီလိုမျိုး ​သေတ့ဲသူ ဘယ်​​ရောက်​နိုင်​တယ်​ဆိုတာ ဗမာပြည်​ကသူ​တွေ သိကြပါတယ်​။ ​မြှောက်​​ပေးတ့ဲ အကြမ်​းဖက်​​တွေက​တော့ ​နောက်​ကွယ်​မှာပါဘဲ။



ခုလဲ ဗမာပြည်​က အစွန်​း​ရောက်​​တွေက လက်​ပန်​း​တောင်​းမှာ ​မြှောက်​​ပေး​နေကြပါတယ်​။ ဘယ်​သူ​တွေ အကျိုးရှိပြီး ဘယ်​သူ​တွေ အနစ်​နာခံရလဲ စဉ်​းစားကြ​စေချင်​ပါတယ်​။ အာဇာနည်​ ဆိုတ့ဲစကားလုံး​တောင်​ သုံး​နေကြပါတယ်​။ ​မြှေက်​​ပေးသူ​တွေက လက်​ပန်​​တောင်​း​ေ၀းလို့ ထိုင်​ရာက​တောင်​ မထပါဘူး။ ​ဖေ့ဘုတ်​​ပေါ်က​နေ ချကွ​တွေက များ​နေပါတယ်​။ ထုံးစံအတိုင်​း ပုံ အတုနဲ့ နာမည်​မမှန်​ အ​ကောင်​့​တွေ များပါတယ်​။



စဉ်​းစား​စေချင်​ပါတယ်​။ နားလည်​ပြီး အမြင်​ကျယ်​ ​ပေါက်​​ရောက်​တ့ဲသူ​တွေ ​ပြောတာကို ​သေချာနား​ထောင်​ပြီး ​ဆွေး​နွေး​စေချင်​ပါတယ်​။ မျက်​ကန်​း​မြေချစ်​ လုပ်​​နေရင်​ တခု သတိထား​စေချင်​တယ်​။ ခင်​ဗျားတို့ ရင်​ဆိုင်​​နေရတာ သာမန်​အ​ကောင်​​လောက်​ မဟုတ်​ဘူး။ အမဲသား အရသာ သိ​နေတ့ဲ သရဲတဘက်​ အကြီးစားကြီး ဆိုတာကိုပါ။

XxXxXx

(Zawgyi version)


ဟိုး အ​ေ႐ွ႕အလယ္​ပိုင္​းက အစြန္​း​ေရာက္​တခ်ိဳ႕က စာမတတ္​ စဥ္​းစားဉာဏ္​နည္​းတ့ဲသူ​ေတြ ဆင္​းရဲသူ​ေတြကို စည္​းရံုးတယ္​။
မင္​းတို႔ ခုဘ၀မွာ ဆင္​းရဲ​ေပမ့ဲ အမ်ိဳးဘာသာကို ကာကြယ္​ရင္​း ​ေသသြားရင္​ ဘုရားသခင္​က မင္​းတို႔ကို ဟိုဘက္​ဘ၀မွာ လို​ေလ​ေသးမ႐ွိ ထားလိမ္​့မယ္​။ ဆင္​းရဲတာဆိုတာ မင္​းတို႔မွာ မ႐ွိ​ေတာ့ဘူး။ မိန္​းမ​ေခ်ာ​ေလး​ေတြလဲ ၀ိုင္​း​ေနလိမ္​့မယ္​ စသျဖင္​့ ​ေျပာတာ​ေပါ့။ ဘာမွ ခက္​ခက္​ခဲခဲ လုပ္​စရာမလိုဘူး။ ငါတို႔​ေျပာတ့ဲ​ေနရာ​ေရာက္​ယင္​ ဒီခလုတ္​​ေလး ႏွိပ္​လိုက္​ယံုဘဲ။ ဘာမွ နာက်င္​တာလဲ မခံစားရဘူး။ ဟိုဘက္​မွာ ဘုရားသခင္​ကလဲ မင္​းတို႔ကို ​ေစာင္​့ႀကိဳ​ေနၿပီ။ ဒီမွာ က်န္​ရစ္​တ့ဲ မင္​းမိဘ​ေတြကိုလဲ ပိုက္​ဆံ​ေတြ ​ေပးဦးမွာ။ မင္​းက​ေတာ့ သာသနာ့အာဇာနည္​ဘဲ ဆိုၿပီး ယံုလို႔လုပ္​မ့ဲသူ ကိုယ္​ ဗံုး​ေတြ ပတ္​လႊတ္​လိုက္​တာပါဘဲ။

ဒီလိုမ်ိဳး ​ေသတ့ဲသူ ဘယ္​​ေရာက္​ႏိုင္​တယ္​ဆိုတာ ဗမာျပည္​ကသူ​ေတြ သိၾကပါတယ္​။ ​ေျမႇာက္​​ေပးတ့ဲ အၾကမ္​းဖက္​​ေတြက​ေတာ့ ​ေနာက္​ကြယ္​မွာပါဘဲ။

ခုလဲ ဗမာျပည္​က အစြန္​း​ေရာက္​​ေတြက လက္​ပန္​း​ေတာင္​းမွာ ​ေျမႇာက္​​ေပး​ေနၾကပါတယ္​။ ဘယ္​သူ​ေတြ အက်ိဳး႐ွိၿပီး ဘယ္​သူ​ေတြ အနစ္​နာခံရလဲ စဥ္​းစားၾက​ေစခ်င္​ပါတယ္​။ အာဇာနည္​ ဆိုတ့ဲစကားလံုး​ေတာင္​ သံုး​ေနၾကပါတယ္​။ ​ေျမႇက္​​ေပးသူ​ေတြက လက္​ပန္​​ေတာင္​း​ေ၀းလို႔ ထိုင္​ရာက​ေတာင္​ မထပါဘူး။ ​ေဖ့ဘုတ္​​ေပၚက​ေန ခ်ကြ​ေတြက မ်ား​ေနပါတယ္​။ ထံုးစံအတိုင္​း ပံု အတုနဲ႔ နာမည္​မမွန္​ အ​ေကာင္​့​ေတြ မ်ားပါတယ္​။

စဥ္​းစား​ေစခ်င္​ပါတယ္​။ နားလည္​ၿပီး အျမင္​က်ယ္​ ​ေပါက္​​ေရာက္​တ့ဲသူ​ေတြ ​ေျပာတာကို ​ေသခ်ာနား​ေထာင္​ၿပီး ​ေဆြး​ေႏြး​ေစခ်င္​ပါတယ္​။ မ်က္​ကန္​း​ေျမခ်စ္​ လုပ္​​ေနရင္​ တခု သတိထား​ေစခ်င္​တယ္​။ ခင္​ဗ်ားတို႔ ရင္​ဆိုင္​​ေနရတာ သာမန္​အ​ေကာင္​​ေလာက္​ မဟုတ္​ဘူး။ အမဲသား အရသာ သိ​ေနတ့ဲ သရဲတဘက္​ အႀကီးစားႀကီး ဆိုတာကိုပါ။

21 December 2014

​ဗမာကွ

(Unicode version )

       ဗမာလူမျိုးများသည်​ ပူး​ပေါင်​း၍ လုပ်​​ဆောင်​ရန် အလွန်​ခက်​​နေကြသည်​။ ​ကြောက်​​အောင်​ ​ခြောက်​၍ အမိန်​့အာဏာနှင်​့ လုပ်​မှ အတူတူ​ဆောင်​ရွက်​ကြသည်​။ အဲသည်​ကျ​တော့လဲ အတူတူ ​ပျော်​​ပျော်​ပါးပါးပင်​ ပူး​ပေါင်​း​ဆောင်​ရွက်​ကြပြန်​ပါသည်​။ နားလည်​ရခက်​​သော လူမျိုးပါလား။



       သည်​အညှာကို ​စော​စောစီစီး သ​ဘော​ပေါက်​သွားသူများက​တော့ ကို​ရွှေအင်္ဂလိပ်​များပင်​။ တ၀က်​ကို ​မြှောက်​စား၍ ကျန်​တ၀က်​ကို ​ဟောက်​ထားလိုက်​​သောအခါ သူတို့ကိုလိုနီများထဲတွင်​ အုပ်​ချုပ်​ရ အလွယ်​ဆုံး နိုင်​ငံတခု ဖြစ်​လာ​တော့သည်​။ ဘာကိစ္စဖြစ်​ဖြစ်​ အဆိုတခုသာ ဗမာ​တွေထဲ ချပြထားလိုက်​၊ အချင်​းချင်​းကွဲကုန်​​တော့သည်​။ ​သေချာပြန်​စဉ်​းစား​တော့ နှစ်​ဖက်​စလုံး အင်္ဂလိပ်​ အကျိုးဖြစ်​​နေသည်​့ ကိစ္စမျိုးပင်​ ရှိတတ်​သည်​။ ဥပမာ၊ ဗမာပြည်​နှင်​့ အန္ဒိယ တွဲ​ရေးခွဲ​ရေး ပြဿနာကို ကြည်​့ပါ။



       ခပ်​​နောက်​​နောက်​လူများက ရွှတ်​ကြသည်​။ ဗမာ​တွေက သိပ်​မကွဲလွယ်​ပါဘူးတ့ဲ၊ နှစ်​​ယောက်​ရှိမှ သုံးဖွဲ့​လောက်​ ကွဲတာပါတ့ဲ။ ဟာ.. နှစ်​​ယောက်​ထဲရှိတာ နှစ်​ဖွဲ့ကွဲ ​တော်​​ရော​ပေါ့၊ ​ဘောက်​မ့ဲ သုံးဖွဲ့ဖြစ်​ရတာလဲကွဆိုမှ တတိယ အဖွဲ့က နှစ်​​ယောက်​ တည်​့ချင်​​ယောင်​​ဆောင်​ပြီး လူမြင်​​ကောင်​း​အောင်​ ဖွဲ့ထားတာ​လေတ့ဲ။

       မျိုးချစ်​များက​တော့ ​ပြောကြမည်​။ ဗမာ​တွေ ဘယ်​လို ညီညွတ်​တ့ဲအ​ကြောင်​း၊ အဖွဲ့အစည်​း​တွေ ဘယ်​လိုဖွဲ့ပြီး လုပ်​​ဆောင်​​နေကြသည်​့ အ​ကြောင်​း၊ မျိုးချစ်​စိတ်​ ဘယ်​လိုရှင်​သန်​​နေသည်​့ အ​ကြောင်​းများ။ တကယ်​က တတိယအဖွဲ့​တွေသာ များ​နေပါသည်​။ လူမြင်​​ကောင်​းယုံသာ ရှိ​သော်​လည်​း ​နောက်​ကွယ်​က အကြောင်း​​တွေ စုံစမ်​းကြည်​့ပါက အက်​သံထွက်​​နေတာ များပါမည်​။



       အလွန်​ညီညွတ်​ခ့ဲသည်​ဟု ယူဆရ​သော လွတ်​လပ်​​ရေး ကြိုးပမ်​းစဉ်​ကပင်​ အဖွဲ့မျိုးစုံ ဖွဲ့၍ ခဏနှင်​့ ကွဲခ့ဲကြသည်​။ ပထမဆုံး ဗမာ​တွေ ဖွဲ့ခ့ဲသည့်​ ဒို့ဗမာအစည်​းအရုံးက စလို့ကွဲလိုက်​ကြတာ ဗိုလ်​ချုပ်​ လွတ်​လပ်​​ရေးအတွက်​ အင်္ဂလန်​ သွားအရေးဆို​နေစဉ်​ ငါတို့မပါဆိုပြီး ​နောက်​​ကျော ဓားနဲ့ထိုးခ့ဲသူက ရှိ​သေးသည်​။ ဗမာကွ။



       ​ဗမာမှန်​လျှင်​ ကွဲရမည်​။ သာမန်​အဖွဲ့မျိုး မဆိုထားနှင်​့ နာ​ရေးကူညီသည်​့ နာ​ရေးကူညီမှုအသင်​းပင်​ ကွဲခ့ဲဘူးသည်​။ ​ကျော်​သူဦး​ဆောင်​သည်​့ အဖွဲ့က မှန်​ကန်​လွန်​းသဖြင်​့သာ ဒီအသင်​း ခုထိခံ​နေတာ ဖြစ်​သည်​။ ဒါ​တောင်​ ​ကျော်​သူတို့လင်​မယားလွန်​လျှင်​ ဘာဖြစ်​ဦးမည်​ မသိ။ ဗမာနိုင်​ငံရဲ့ အခိုင်​အမာဆုံး အဖွဲ့အစည်​းဖြစ်​သည်​့ စစ်​တပ်​ပင်​ သ​ဘောကွဲခ့ဲကြတာ ဘယ်​နှစ်​ခါရှိပြီ မသိ။



       ဒီမိုက​ရေစီ မြန်​မာနိုင်​ငံ​တော်​ တည်​​ထောင်​ဖို့ Institution ​တွေ ခိုင်​မာဖို့ လိုသည်​တ့ဲ။ အာဏာ ခဏခဏ မသိမ်​းရ​အောင်​ အင်​စတီကျူးရှင်​း​တွေ များများ တည်​​ဆောက်​ရမတ့ဲ။ ဗမာ့စိတ်​ဓာတ်​နဲ့ ဘယ်​လိုလုပ်​ကြမတုံး။ အင်​စတီကျူးရှင်​းဆိုတာ အဖွဲ့အစည်​း​တွေ​လေ။ ဒီလိုသာ ကွဲလွယ်​​နေကြယင်​ အာဏာရှင်​ အုပ်​ချုပ်​မှ ညီညွတ်​ကြမှာလား၊ သက်​ဦးဆံပိုင်​ ဘုရင်​အုပ်​ချုပ်​မှ ညီညွတ်​ကြမှာလား။ ဗမာ​တွေ စဉ်​းစား​စေချင်​သည်​။



       ရပ်​ကွက်​သာ​ရေးနာ​ရေး အဖွဲ့လဲကွဲ၊ ဘုရား​ဂေါပကလို အဖွဲ့လဲကွဲ၊ ​ကျောင်​းသားသမဂ္ဂနဲ့ ​ကျောင်​းသားယူနီယံဆိုပြီးလဲကွဲ၊ ​နောက်​ဆုံး နိုင်​ငံ​ရေးလုပ်​​တော့လဲ အယူဝါဒမတူ​တော့ ပါတီ​တွေလဲကွဲ၊ ဒီအကွဲ​တွေထက်​ဆိုး​သော အကွဲက လာ​ချေပြီ။ ဘာသာ​ရေး အကွဲ။



       ဘာသာ​ရေးအကွဲဆိုလို့ မတူသည်​့ ဘာသာ​တွေ ကွဲတာမဟုတ်​။ ဗုဒ္ဓဘာသာ၀င်​ ဗမာ​တွေ အချင်​းချင်​း အကွဲဗျား။ တခြားဘာသာ တခုကို အ​ကြောင်​းပြု၍ ဗမာအများစု စိတ်​၀မ်​းကွဲတာ​တော့ အဆိုးဆုံးပင်​။ နိုင်​ငံ​ရေး ကို အ​ကြောင်​းပြု၍ ကွဲတာလို့လဲ ဆိုကြသည်​။ နိုင်​ငံ​ရေးထဲ ဘာသာ​ရေးကို ဆွဲမထည်​့​စေလိုပါ။ ဘာသာ​ရေးသည်​ အလွန်​နူးညံ့သိမ်​​မွေ့​သော်​လည်​း အမှတ်​တ​နေရာ အ​ရောက်​တွင်​ ပြင်​းထန်​စွာ ​ပေါက်​ကွဲတတ်​သည်​။ ဘာကိစ္စတွင်​မှ အသုံးချစရာ မဟုတ်​ပါ။ အထူးသဖြင်​့ ဗုဒ္ဓဘာသာသည်​ ကမ္ဘာ​ပေါ်တွင်​ မြန်​မာပြည်​တွင်​သာ အထွန်​းကားဆုံး ဖြစ်​​နေရာ ဤအကွဲမှစ၍ ဗုဒ္ဓဘာသာ ဆုတ်​ယုတ်​မှာ စိုးပါသည်​။ အင်​မတန်​ နူးညံ့သိမ်​​မွေ့သည်​့ မင်​းတို့ ဗုဒ္ဓဘာသာ ဘယ်​လိုဖြစ်​တာလဲဟု တခြားဘာသာများက ​ပြောမှာ စိုးပါသည်​။ နိုင်​ချင်​​ဇောနှင်​့ အပြိုင်​​ပြောယင်​း အမှား​တွေ ​ပြောမိမှာ စိုးပါသည်​။ နှစ်​ဖက်​​ပြောဆို​နေတာ​တွေ ​တွေ့ရ၍ ဟိုးတဖက်​ ငရဲကို အသာထားဦး၊ ခု​လော​လောဆည်​ကိုဘဲ ရှက်​စရာ ဖြစ်​​နေပါပြီ။ နှစ်​ဖက်​စလုံး ဆင်​ခြင်​​ပေးကြပါရန်​ ​မေတ္တာရပ်​အပ်​ပါသည်​ ခင်​ဗျား။ ။

XxXxXx

(Zawgyi version)

       ဗမာလူမ်ိဳးမ်ားသည္​ ပူး​ေပါင္​း၍ လုပ္​​ေဆာင္​ရန္ အလြန္​ခက္​​ေနၾကသည္​။ ​ေၾကာက္​​ေအာင္​ ​ေျခာက္​၍ အမိန္​႔အာဏာႏွင္​့ လုပ္​မွ အတူတူ​ေဆာင္​ရြက္​ၾကသည္​။ အဲသည္​က်​ေတာ့လဲ အတူတူ ​ေပ်ာ္​​ေပ်ာ္​ပါးပါးပင္​ ပူး​ေပါင္​း​ေဆာင္​ရြက္​ၾကျပန္​ပါသည္​။ နားလည္​ရခက္​​ေသာ လူမ်ိဳးပါလား။

       သည္​အညႇာကို ​ေစာ​ေစာစီစီး သ​ေဘာ​ေပါက္​သြားသူမ်ားက​ေတာ့ ကို​ေရႊအဂၤလိပ္​မ်ားပင္​။ တ၀က္​ကို ​ေျမႇာက္​စား၍ က်န္​တ၀က္​ကို ​ေဟာက္​ထားလိုက္​​ေသာအခါ သူတို႔ကိုလိုနီမ်ားထဲတြင္​ အုပ္​ခ်ဳပ္​ရ အလြယ္​ဆံုး ႏိုင္​ငံတခု ျဖစ္​လာ​ေတာ့သည္​။ ဘာကိစၥျဖစ္​ျဖစ္​ အဆိုတခုသာ ဗမာ​ေတြထဲ ခ်ျပထားလိုက္​၊ အခ်င္​းခ်င္​းကြဲကုန္​​ေတာ့သည္​။ ​ေသခ်ာျပန္​စဥ္​းစား​ေတာ့ ႏွစ္​ဖက္​စလံုး အဂၤလိပ္​ အက်ိဳးျဖစ္​​ေနသည္​့ ကိစၥမ်ိဳးပင္​ ႐ွိတတ္​သည္​။ ဥပမာ၊ ဗမာျပည္​ႏွင္​့ အႏၵိယ တြဲ​ေရးခြဲ​ေရး ျပႆနာကို ၾကည္​့ပါ။

       ခပ္​​ေနာက္​​ေနာက္​လူမ်ားက ရႊတ္​ၾကသည္​။ ဗမာ​ေတြက သိပ္​မကြဲလြယ္​ပါဘူးတ့ဲ၊ ႏွစ္​​ေယာက္​႐ွိမွ သံုးဖြဲ႔​ေလာက္​ ကြဲတာပါတ့ဲ။ ဟာ.. ႏွစ္​​ေယာက္​ထဲ႐ွိတာ ႏွစ္​ဖြဲ႔ကြဲ ​ေတာ္​​ေရာ​ေပါ့၊ ​ေဘာက္​မ့ဲ သံုးဖြဲ႔ျဖစ္​ရတာလဲကြဆိုမွ တတိယ အဖြဲ႔က ႏွစ္​​ေယာက္​ တည္​့ခ်င္​​ေယာင္​​ေဆာင္​ၿပီး လူျမင္​​ေကာင္​း​ေအာင္​ ဖြဲ႔ထားတာ​ေလတ့ဲ။
       မ်ိဳးခ်စ္​မ်ားက​ေတာ့ ​ေျပာၾကမည္​။ ဗမာ​ေတြ ဘယ္​လို ညီၫြတ္​တ့ဲအ​ေၾကာင္​း၊ အဖြဲ႔အစည္​း​ေတြ ဘယ္​လိုဖြဲ႔ၿပီး လုပ္​​ေဆာင္​​ေနၾကသည္​့ အ​ေၾကာင္​း၊ မ်ိဳးခ်စ္​စိတ္​ ဘယ္​လို႐ွင္​သန္​​ေနသည္​့ အ​ေၾကာင္​းမ်ား။ တကယ္​က တတိယအဖြဲ႔​ေတြသာ မ်ား​ေနပါသည္​။ လူျမင္​​ေကာင္​းယံုသာ ႐ွိ​ေသာ္​လည္​း ​ေနာက္​ကြယ္​က အေၾကာင္း​​ေတြ စံုစမ္​းၾကည္​့ပါက အက္​သံထြက္​​ေနတာ မ်ားပါမည္​။

       အလြန္​ညီၫြတ္​ခ့ဲသည္​ဟု ယူဆရ​ေသာ လြတ္​လပ္​​ေရး ႀကိဳးပမ္​းစဥ္​ကပင္​ အဖြဲ႔မ်ိဳးစံု ဖြဲ႔၍ ခဏႏွင္​့ ကြဲခ့ဲၾကသည္​။ ပထမဆံုး ဗမာ​ေတြ ဖြဲ႔ခ့ဲသည့္​ ဒို႔ဗမာအစည္​းအရံုးက စလို႔ကြဲလိုက္​ၾကတာ ဗိုလ္​ခ်ဳပ္​ လြတ္​လပ္​​ေရးအတြက္​ အဂၤလန္​ သြားအေရးဆို​ေနစဥ္​ ငါတို႔မပါဆိုၿပီး ​ေနာက္​​ေက်ာ ဓားနဲ႔ထိုးခ့ဲသူက ႐ွိ​ေသးသည္​။ ဗမာကြ။

       ​ဗမာမွန္​လ်ွင္​ ကြဲရမည္​။ သာမန္​အဖြဲ႔မ်ိဳး မဆိုထားႏွင္​့ နာ​ေရးကူညီသည္​့ နာ​ေရးကူညီမႈအသင္​းပင္​ ကြဲခ့ဲဘူးသည္​။ ​ေက်ာ္​သူဦး​ေဆာင္​သည္​့ အဖြဲ႔က မွန္​ကန္​လြန္​းသျဖင္​့သာ ဒီအသင္​း ခုထိခံ​ေနတာ ျဖစ္​သည္​။ ဒါ​ေတာင္​ ​ေက်ာ္​သူတို႔လင္​မယားလြန္​လွ်င္​ ဘာျဖစ္​ဦးမည္​ မသိ။ ဗမာႏိုင္​ငံရဲ႕ အခိုင္​အမာဆံုး အဖြဲ႔အစည္​းျဖစ္​သည္​့ စစ္​တပ္​ပင္​ သ​ေဘာကြဲခ့ဲၾကတာ ဘယ္​ႏွစ္​ခါ႐ွိၿပီ မသိ။

       ဒီမိုက​ေရစီ ျမန္​မာႏိုင္​ငံ​ေတာ္​ တည္​​ေထာင္​ဖို႔ Institution ​ေတြ ခိုင္​မာဖို႔ လိုသည္​တ့ဲ။ အာဏာ ခဏခဏ မသိမ္​းရ​ေအာင္​ အင္​စတီက်ဴး႐ွင္​း​ေတြ မ်ားမ်ား တည္​​ေဆာက္​ရမတ့ဲ။ ဗမာ့စိတ္​ဓာတ္​နဲ႔ ဘယ္​လိုလုပ္​ၾကမတံုး။ အင္​စတီက်ဴး႐ွင္​းဆိုတာ အဖြဲ႔အစည္​း​ေတြ​ေလ။ ဒီလိုသာ ကြဲလြယ္​​ေနၾကယင္​ အာဏာ႐ွင္​ အုပ္​ခ်ဳပ္​မွ ညီၫြတ္​ၾကမွာလား၊ သက္​ဦးဆံပိုင္​ ဘုရင္​အုပ္​ခ်ဳပ္​မွ ညီညြတ္​ၾကမွာလား။ ဗမာ​ေတြ စဥ္​းစား​ေစခ်င္​သည္​။

       ရပ္​ကြက္​သာ​ေရးနာ​ေရး အဖြဲ႔လဲကြဲ၊ ဘုရား​ေဂါပကလို အဖြဲ႔လဲကြဲ၊ ​ေက်ာင္​းသားသမဂၢနဲ႔ ​ေက်ာင္​းသားယူနီယံဆိုၿပီးလဲကြဲ၊ ​ေနာက္​ဆံုး ႏိုင္​ငံ​ေရးလုပ္​​ေတာ့လဲ အယူ၀ါဒမတူ​ေတာ့ ပါတီ​ေတြလဲကြဲ၊ ဒီအကြဲ​ေတြထက္​ဆိုး​ေသာ အကြဲက လာ​ေခ်ၿပီ။ ဘာသာ​ေရး အကြဲ။

       ဘာသာ​ေရးအကြဲဆိုလို႔ မတူသည္​့ ဘာသာ​ေတြ ကြဲတာမဟုတ္​။ ဗုဒၶဘာသာ၀င္​ ဗမာ​ေတြ အခ်င္​းခ်င္​း အကြဲဗ်ား။ တျခားဘာသာ တခုကို အ​ေၾကာင္​းျပဳ၍ ဗမာအမ်ားစု စိတ္​၀မ္​းကြဲတာ​ေတာ့ အဆိုးဆံုးပင္​။ ႏိုင္​ငံ​ေရး ကို အ​ေၾကာင္​းျပဳ၍ ကြဲတာလို႔လဲ ဆိုၾကသည္​။ ႏိုင္​ငံ​ေရးထဲ ဘာသာ​ေရးကို ဆြဲမထည္​့​ေစလိုပါ။ ဘာသာ​ေရးသည္​ အလြန္​ႏူးညံ့သိမ္​​ေမြ႔​ေသာ္​လည္​း အမွတ္​တ​ေနရာ အ​ေရာက္​တြင္​ ျပင္​းထန္​စြာ ​ေပါက္​ကြဲတတ္​သည္​။ ဘာကိစၥတြင္​မွ အသံုးခ်စရာ မဟုတ္​ပါ။ အထူးသျဖင္​့ ဗုဒၶဘာသာသည္​ ကမာၻ​ေပၚတြင္​ ျမန္​မာျပည္​တြင္​သာ အထြန္​းကားဆံုး ျဖစ္​​ေနရာ ဤအကြဲမွစ၍ ဗုဒၶဘာသာ ဆုတ္​ယုတ္​မွာ စိုးပါသည္​။ အင္​မတန္​ ႏူးညံ့သိမ္​​ေမြ႔သည္​့ မင္​းတို႔ ဗုဒၶဘာသာ ဘယ္​လိုျဖစ္​တာလဲဟု တျခားဘာသာမ်ားက ​ေျပာမွာ စိုးပါသည္​။ ႏိုင္​ခ်င္​​ေဇာႏွင္​့ အၿပိဳင္​​ေျပာယင္​း အမွား​ေတြ ​ေျပာမိမွာ စိုးပါသည္​။ ႏွစ္​ဖက္​​ေျပာဆို​ေနတာ​ေတြ ​ေတြ႔ရ၍ ဟိုးတဖက္​ ငရဲကို အသာထားဦး၊ ခု​ေလာ​ေလာဆည္​ကိုဘဲ ႐ွက္​စရာ ျဖစ္​​ေနပါၿပီ။ ႏွစ္​ဖက္​စလံုး ဆင္​ျခင္​​ေပးၾကပါရန္​ ​ေမတၱာရပ္​အပ္​ပါသည္​ ခင္​ဗ်ား။ ။

05 December 2014

ဗုဒ္ဓဘာသာဆိုလျှင်​

(Unicode version)

      ကျွန်​​တော်​ ဘာသာ​ရေးနဲ့ ပတ်​သက်​၍ လုံး၀ မ​ရေးချင်​ပါ။ အ​သေးစိတ်​ နားမလည်​သည်​ကတ​ကြောင်​း ထိလွယ်​ရှလွယ်​ ဖြစ်​သည်​ကတ​ကြောင်​း မ​ရေးချင်​ပါ။ ကျွန်​​တော်​ သ​ဘောကျ​သော စာ​ရေးဆရာ ထင်​လင်​းဦးကိစ္စတွင်​ပင်​ ဆရာသည်​ မှန်​​သော်​လည်​း အကျိုးမရှိ ​စေသည်​့ စကားကို ​ဟောခ့ဲသည်​ဟုသာ ​ရေးခ့ဲပါသည်​။



       ခုလဲ ဘာသာခြားမဟုတ်​သည်​့ စာ​ရေးဆရာများကိုပါ စာ​ပေ​ဟော​ပြောပွဲ ခွင်​့မပြုသည်​့ အ​ကြောင်​းများ ဖတ်​လာရပါပြီ။ ပထမတုံးက မူစလင်​ဘာသာဖြစ်​၍ဆိုကာ အ​ခြေခံဥပ​ဒေ ပြင်​ဆင်​သင်​့သည်​့အ​ကြောင်​း ​ဟော​ပြောမည်​့ ဦးကိုနီနှင်​့ ၈၈ကိုမြ​အေး တို့ကို ပိတ်​ပင်​ခ့ဲပါသည်​။ ယခု​တော့ အစိုးရကို ​ေ၀ဖန်​​လေ့ရှိသူ စာ​ရေးဆရာများကိုပါ ဘာသာ​ရေး အ​ကြောင်​းပြု၍ ဘာ​ဟောမည်​မှန်​း မသိဘဲ စတင်​ ပိတ်​ပင်​ခ့ဲပါပြီ။ နိုင်​ငံ​ရေးကို ဘာသာ​ရေးဖြင်​့ ခုတုံးလုပ်​သည်​့သူများ လက်​ချက်​မှန်​း ​သေချာသွားပါပြီ။ ဘယ်​သူ​တွေ ​နောက်​မှာရှိမှန်​း သိ​သော်​လည်​း တရား၀င်​ ​ဖော်​ထုတ်​ဖို့ လိုလာပါပြီ။



       မြတ်​စွာဘုရား အန္ဒိယတွင်​ ပွင်​့​သော်​လည်​း သာသနာ အန္ဒိယတွင်​ မစည်​ပင်​ခ့ဲပါ။ လူဦး​ရေ အများဆုံးရှိ​သော ဂျပန်​နှင်​့ တရုပ်​တွင်​လည်​း ​ထေရဝါဒဗုဒ္ဓ မပြန်​့ပွားခ့ဲပါ။ ​ထေရဝါဒ ပြန်​့ပွားခ့ဲ​သော အ​ရှေ့​တောင်​အာရှတွင်​ ဗီယက်​နမ်​နှင်​့ လာအိုသည်​ ကွန်​မြူနစ်​ အုပ်​ချုပ်​​ရေး​အောက်​ ​ရောက်​သွားသဖြင်​့ သာသနာ မထွန်​းကားခ့ဲပါ။ ထိုင်​းနိုင်​ငံတွင်​လည်​း ​ခေတ်​မှီမှု လျှင်​မြန်​သွားသဖြင်​့ ဘန်​​ကောက်​လို မြို့ပြကြီးများတွင်​ ဟန်​ပြ ဗုဒ္ဓဘာသာသာ ဖြစ်​​နေပါပြီ။ ကျွန်​​တော်​တု့ိ ​ရွှေနိုင်​ငံတွင်​သာ ​ထေရဝါဒဗုဒ္ဓဘာသာ အထွန်​းကားဆုံး ဖြစ်​​နေပါသည်​။



       စစ်​အုပ်​ချုပ်​​ရေး နှစ်​ငါးဆယ်​ အတွင်​းမှာပင်​ မဆုတ်​ရုပ်​ခ့ဲပါ။ ဒီမိုက​ရေစီ​ခေတ်​​ရောက်​​တော့မှ ​ပြောချင်​ရာ ​ပြောခွင်​့ရပြီး ဆုတ်​ယုတ်​​တော့ မလို ဖြစ်​​နေပါပြီ။ တခြားဘာသာများက ရှုတ်​ချ​ပြောဆို၍ မဟုတ်​ဘဲ မိမိတို့ ​ထေရဝါဒဗုဒ္ဓဘာသာ၀င်​ အချင်​းချင်​း တိုက်​ခိုက်​လာကြ၍ ဖြစ်​သည်​။ နိုင်​ငံ​ရေး အမြတ်​ထုတ်​လို၍ ရည်​ရွယ်​ချက်​ရှိရှိ ပြုလုပ်​သည်​ဆိုပါက ဗုဒ္ဓဘာသာ၀င်​ဟု သတ်​မှတ်​ဖို့ပင်​ ခက်​ပြီ။ သာသနာ ​သွေးခွဲသည်​့ ကိစ္စ ဖြစ်​နိုင်​၍ ငရဲဘယ်​လိုကြီးနိုင်​သည်​ကို ​တွေး​တောင်​ မ​တွေးရဲပင်​။



       ငရဲကို မမြင်​ရ၍ မယုံဘူး ထားပါ။ ငါတို့က ဘာသာကို ကာကွယ်​ဖို့ကွဟု ​ပြော​နေသူများ စဉ်​းစား​စေချင်​ပါသည်​။ တခြားဘာသာကို ကာကွယ်​မည်​ဆိုပြီး မိမိတို့ အချင်​းချင်​း ရန်​ဖြစ်​​နေ​တော့ သူတို့က ရယ်​စရာဖြစ်​မ​နေဘူးလား။ မိမိတို့ အချင်​းချင်​း ဆန်​့ကျင်​ဖက်​ဖြစ်​ကုန်​၍ မိမိတို့ အားနည်​းမကုန်​ဘူးလား။ အမှန်​ဆိုရလျှင်​ ဗုဒ္ဓ၏ အလို​တော်​နှင်​့ ဆန်​့ကျင်​ဖက်​ လုပ်​သလို ဖြစ်​မ​နေဘူးလား။ သူတို့မိုက်​လို့ မိမိတို့ ပြန်​မိုက်​သလို ဖြစ်​မ​နေဘူးလား။ စဉ်​းစားကြ​စေချင်​ပါသည်​။ ​နောက်​ဆုံး အဆုံးစွန်​​ပြောရလျှင်​ ​ခေါင်​းဖြတ်​သည်​့ အယူဝါဒကို ကာကွယ်​သည်​့ကိစ္စ နှစ်​ဖက်​ကွဲကြယင်​း တ​ယောက်​ကို တ​ယောက်​ ​ခေါင်​းဖြတ်​ကုန်​ကြမည်​ကို​တော့ စိုးရိမ်​မိပါတယ်​ခင်​ဗျား။

XxXxXx

(Zawgyi version)

      ကြၽန္​​ေတာ္​ ဘာသာ​ေရးနဲ႔ ပတ္​သက္​၍ လံုး၀ မ​ေရးခ်င္​ပါ။ အ​ေသးစိတ္​ နားမလည္​သည္​ကတ​ေၾကာင္​း ထိလြယ္​႐ွလြယ္​ ျဖစ္​သည္​ကတ​ေၾကာင္​း မ​ေရးခ်င္​ပါ။ ကြၽန္​​ေတာ္​ သ​ေဘာက်​ေသာ စာ​ေရးဆရာ ထင္​လင္​းဦးကိစၥတြင္​ပင္​ ဆရာသည္​ မွန္​​ေသာ္​လည္​း အက်ိဳးမရွိ ​ေစသည္​့ စကားကို ​ေဟာခ့ဲသည္​ဟုသာ ​ေရးခ့ဲပါသည္​။

       ခုလဲ ဘာသာျခားမဟုတ္​သည္​့ စာ​ေရးဆရာမ်ားကိုပါ စာ​ေပ​ေဟာ​ေျပာပြဲ ခြင္​့မျပဳသည္​့ အ​ေၾကာင္​းမ်ား ဖတ္​လာရပါၿပီ။ ပထမတံုးက မူစလင္​ဘာသာျဖစ္​၍ဆိုကာ အ​ေျခခံဥပ​ေဒ ျပင္​ဆင္​သင္​့သည္​့အ​ေၾကာင္​း ​ေဟာ​ေျပာမည္​့ ဦးကိုနီႏွင္​့ ၈၈ကိုျမ​ေအး တို႔ကို ပိတ္​ပင္​ခ့ဲပါသည္​။ ယခု​ေတာ့ အစိုးရကို ​ေ၀ဖန္​​ေလ့႐ွိသူ စာ​ေရးဆရာမ်ားကိုပါ ဘာသာ​ေရး အ​ေၾကာင္​းျပဳ၍ ဘာ​ေဟာမည္​မွန္​း မသိဘဲ စတင္​ ပိတ္​ပင္​ခ့ဲပါၿပီ။ ႏိုင္​ငံ​ေရးကို ဘာသာ​ေရးျဖင္​့ ခုတံုးလုပ္​သည္​့သူမ်ား လက္​ခ်က္​မွန္​း ​ေသခ်ာသြားပါၿပီ။ ဘယ္​သူ​ေတြ ​ေနာက္​မွာ႐ွိမွန္​း သိ​ေသာ္​လည္​း တရား၀င္​ ​ေဖာ္​ထုတ္​ဖို႔ လိုလာပါၿပီ။

       ျမတ္​စြာဘုရား အႏၵိယတြင္​ ပြင္​့​ေသာ္​လည္​း သာသနာ အႏၵိယတြင္​ မစည္​ပင္​ခ့ဲပါ။ လူဦး​ေရ အမ်ားဆံုး႐ွိ​ေသာ ဂ်ပန္​ႏွင္​့ တ႐ုပ္​တြင္​လည္​း ​ေထရ၀ါဒဗုဒၶ မျပန္​႔ပြားခ့ဲပါ။ ​ေထရ၀ါဒ ျပန္​႔ပြားခ့ဲ​ေသာ အ​ေ႐ွ႕​ေတာင္​အာ႐ွတြင္​ ဗီယက္​နမ္​ႏွင္​့ လာအိုသည္​ ကြန္​ျမဴနစ္​ အုပ္​ခ်ဳပ္​​ေရး​ေအာက္​ ​ေရာက္​သြားသျဖင္​့ သာသနာ မထြန္​းကားခ့ဲပါ။ ထိုင္​းႏိုင္​ငံတြင္​လည္​း ​ေခတ္​မွီမႈ လွ်င္​ျမန္​သြားသျဖင္​့ ဘန္​​ေကာက္​လို ၿမိဳ႕ျပႀကီးမ်ားတြင္​ ဟန္​ျပ ဗုဒၶဘာသာသာ ျဖစ္​​ေနပါၿပီ။ ကြၽန္​​ေတာ္​တု႔ိ ​ေရႊႏိုင္​ငံတြင္​သာ ​ေထရ၀ါဒဗုဒၶဘာသာ အထြန္​းကားဆံုး ျဖစ္​​ေနပါသည္​။

       စစ္​အုပ္​ခ်ဳပ္​​ေရး ႏွစ္​ငါးဆယ္​ အတြင္​းမွာပင္​ မဆုတ္​႐ုပ္​ခ့ဲပါ။ ဒီမိုက​ေရစီ​ေခတ္​​ေရာက္​​ေတာ့မွ ​ေျပာခ်င္​ရာ ​ေျပာခြင္​့ရၿပီး ဆုတ္​ယုတ္​​ေတာ့ မလို ျဖစ္​​ေနပါၿပီ။ တျခားဘာသာမ်ားက ႐ႈတ္​ခ်​ေျပာဆို၍ မဟုတ္​ဘဲ မိမိတို႔ ​ေထရ၀ါဒဗုဒၶဘာသာ၀င္​ အခ်င္​းခ်င္​း တိုက္​ခိုက္​လာၾက၍ ျဖစ္​သည္​။ ႏိုင္​ငံ​ေရး အျမတ္​ထုတ္​လို၍ ရည္​ရြယ္​ခ်က္​႐ွိ႐ွိ ျပဳလုပ္​သည္​ဆိုပါက ဗုဒၶဘာသာ၀င္​ဟု သတ္​မွတ္​ဖို႔ပင္​ ခက္​ၿပီ။ သာသနာ ​ေသြးခြဲသည္​့ ကိစၥ ျဖစ္​ႏိုင္​၍ ငရဲဘယ္​လိုႀကီးႏိုင္​သည္​ကို ​ေတြး​ေတာင္​ မ​ေတြးရဲပင္​။

       ငရဲကို မျမင္​ရ၍ မယံုဘူး ထားပါ။ ငါတို႔က ဘာသာကို ကာကြယ္​ဖို႔ကြဟု ​ေျပာ​ေနသူမ်ား စဥ္​းစား​ေစခ်င္​ပါသည္​။ တျခားဘာသာကို ကာကြယ္​မည္​ဆိုၿပီး မိမိတို႔ အခ်င္​းခ်င္​း ရန္​ျဖစ္​​ေန​ေတာ့ သူတို႔က ရယ္​စရာျဖစ္​မ​ေနဘူးလား။ မိမိတို႔ အခ်င္​းခ်င္​း ဆန္​႔က်င္​ဖက္​ျဖစ္​ကုန္​၍ မိမိတို႔ အားနည္​းမကုန္​ဘူးလား။ အမွန္​ဆိုရလွ်င္​ ဗုဒၶ၏ အလို​ေတာ္​ႏွင္​့ ဆန္​႔က်င္​ဖက္​ လုပ္​သလို ျဖစ္​မ​ေနဘူးလား။ သူတို႔မိုက္​လို႔ မိမိတို႔ ျပန္​မိုက္​သလို ျဖစ္​မ​ေနဘူးလား။ စဥ္​းစားၾက​ေစခ်င္​ပါသည္​။ ​ေနာက္​ဆံုး အဆံုးစြန္​​ေျပာရလွ်င္​ ​ေခါင္​းျဖတ္​သည္​့ အယူ၀ါဒကို ကာကြယ္​သည္​့ကိစၥ ႏွစ္​ဖက္​ကြဲၾကယင္​း တ​ေယာက္​ကို တ​ေယာက္​ ​ေခါင္​းျဖတ္​ကုန္​ၾကမည္​ကို​ေတာ့ စိုးရိမ္​မိပါတယ္​ခင္​ဗ်ား။