11 March 2014
သန်း​ခေါင်​စာရင်း တံဆိပ်​​ခေါင်း ၂
(Unicode version)
မ​နေ့ကထွက်​တ့ဲ သန်​း​ခေါင်​စာရင်​း​ကောက်​ အထိမ်​းအမှတ်​ ၂ ပါ။ ဒီတခါ ၁၀၀ကျပ်​တန်​ ​ခြောက်​​ခေါင်​းထုတ်​ပါတယ်​။ အရင်​က ၂၀၀ကျပ်​တန်​ ဒီဇိုင်​းကို ဆိုဒ်​​သေးလိုက်​တာပါ။ quality က​တော့ ထုံးစံပါဘဲ။
Myanmar Philatelic Society ကထုတ်​တ့ဲ FDC က​တော့ ရှယ်​ပါဘဲ။ FDC Series 2 ဆိုပြီး​တောင်​ ထည်​့ ထားပါ​သေးတယ်​။ ကြာရှည်​ထုတ်​နိုင်​ပါ​စေလို့ ဆု​တောင်​း ပါတယ်​ဗျာ။
XxXxXx
(Zawgyi version )
08 March 2014
Japanese white car
(Unicode version)
Japanese white paper ဆိုတာ ကြားဘူးကြမှာပါ။
မြန်​မာလို ထန်​းပင်​တက်​ လက်​မှတ်​​ပေါ့။ ဂျပန်​​ခေတ်​တုံးက ထန်​းသမားကို ဂျပန်​ဗိုလ်​က ထန်​းရည်​ အလကား​သောက်​ပြီး ဘူးသီးငါး​ပေါင်​း​ကျော်​​စာ​တွေပါတ့ဲ စက္ကူတရွက်​ ​ပေးသွားပါတယ်​။ ထန်​းသမားကလည်​း ​ပျော်​ပြီး ​နောက်​လာတ့ဲ ဂျပန်​​တွေကို ပြတာ​ပေါ့။ သက်​သာပြီး နာမည်​​ကောင်​းများ ရမလား​ပေါ့။ တခါထဲ ထန်​းပင်​​ပေါ် လက်​ညှိုးထိုး တက်​ခိုင်​း​တော့တာဘဲ။ ​ရေးထားတာက ဒိိီ​ကောင့်ထန်​း​ရည်​ သိပ်​​ကောင်​းတယ်​။ တက်​ခိုင်​းပါလို့ ဂျပန်​လို ​ရေးသွားတာ နားမှမလည်​​တော့ ခံ​ပေါ့။
ခုလည်​း မြန်​မာပြည်တပြည်​လုံး Japanese white car ​တွေ ပြည်​့​နေပါတဲယ်​။ အယင်​ထက်​ ​ဈေးသက်​သာ​တော့ ၀ယ်​စီးကြတာ​ပေါ့။
car manual က ပါယင်​​တောင်​ ဂျပန်​လို ​ရေးထား​တော့ ဘာမှ နားမလည်​ကြပါ။ ၀ပ်​​ရှော့​တွေ စမ်​းတဝါးဝါးနပြင်​​နေကြပါတယ်​။ မ​ကောင်​းသူထိ ​ကောင်​းသူထိ​ပေါ့။ နားလည်​တ့ဲ စက်​ပြင်​ဆရာ​တွေ အမြန်​ဆုံး​ပေါ်လာဖို့ဘဲ ဆု​တောင်​း​နေရပါတယ်​ဗျာ။
XxXxXx
(Zawgyi version)
Japanese white paper ဆိုတာ ၾကားဘူးၾကမွာပါ။
01 March 2014
အချိုရည်​
(Unicode version)
အင်​တာနက်​မှာ ဖတ်​ရတာ​လေး ပြန်​ ​ပြောချင်​လို့ပါ။ ကျန်​းမာ​ရေးအတွက်​​ပေါ့။
ယ​နေ့ မြန်​မာနိုင်​ငံမှာ အချိုရည်​မျိုးစုံ ၀ယ်​လို့ရလာပါပြီ။ အယင်​က sanction ​ကြောင်​့ ၀ယ်​ရ​ဈေးကြီးတ့ဲ Coca cola တို့ Pepsi တို့ကို ​တော်​​တော်​​ဈေး​ပေါ​ပေါနဲ့ကို ​နေရာတကာမှာ ၀ယ်​လို့ရ​နေပါပြီ။ ​နောက်​သိပ်​မကြာခင်​ ​သောက်​​ရေသန်​့ထက်​ ​ဈေးပို​ပေါသွားနိုင်​ပါတယ်​။ သတိထားစရာ​လေး​တွေ ​ပြောချင်​တာပါ။
အ၀လွန်​တာ အချိုရည်​နဲ့ တိုက်​ရိုက်​အချိုးကျ​နေပါတယ်​။ ​သောက်​သ​လောက်​ ၀ ​စေပါတယ်​။ များ​သောအားဖြင်​့ လူ​တွေက အချိုရည်​ ​သောက်​လိုက်​ယင်​ ကိုယ်​အ​လေးချိန်​တိုး​စေတ့ဲ ကယ်​လိုရီ အပို​တွေ တိုးသွားတာ သတိမထားမိကြပါဘူး။ အချိုရည်​ တံဆိပ်​မျိုးစုံ ရှိတာ အားလုံးသိကြပါတယ်​။ ဒါ​တွေအားလုံးဟာ ဆိုဒါရည်​ထဲကို အချိုဓာတ်​၊ အရသာနဲ့ အ​ရောင်​​တွေ ထည်​့ထားတာ အတူတူကြီးပါဘဲ။
ဒါ​ပေမ့ဲ ပိန်​​နေတ့ဲသူ​တွေက ၀ လာ​အောင်​ အချိုရည်​​တွေ ​သောက်​​နေလို့ မရပါ။ ​နောက်​ဆက်​တွဲ ဖြစ်​နိုင်​တ့ဲ ​ရောဂါ​တွေ ရှ​ိ​နေပါ​သေးတယ်​။
ပထမဆုံးက​တော့ ဆီးချို ​သွေးချို ဖြစ်​​စေနိုင်​ပါတယ်​။ တခါ​သောက်​လိုက်​ယင်​ ခန္ဓာကိုယ်​ထဲကို သကြားဓာတ်​ အများကြီး ၀င်​သွားပါတယ်​။ များများ​သောက်​ယင်​ ခန္ဓာကိုယ်​ ထဲက အင်​ဆူလင်​က မထိမ်​းနိုင်​​တော့ဘဲ ဆီးချို​ရောဂါ ဖြစ်​​စေပါတယ်​။
အချိုရည်​ ​သောက်​တာများယင်​ အရိုးအားနဲတ့ဲ ​ရောဂါလဲ ဖြစ်​​စေပါတယ်​။ က​လေးငယ်​​တွေမှာ အရိုးကြီးထွားမှု ဖြစ်​​စေတ့ဲ ကယ်​ဆီယမ်​ဖြစ်​​ပေါ်မှုကို ပျက်​စီး​စေပါတယ်​။
​နောက်​တခါ သွား​တွေ ပျက်​စီး ​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ အက်​ဆစ်​ဓာတ်​က သွားအ​ပေါ်လွှာကို ပျက်​စီး ​စေပါတယ်​။ အစာစား​နေစဉ်​မှာလဲ အချိုရည်​ ​သောက်​တာ မပြုလုပ်​​စေချင်​ပါဘူး။
​ကျောက်​ကပ်​မှာလဲ ​ကျောက်​တည်​​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ အက်​ဆစ်​ဓာတ်​ကို ဟန်​့တားဖို့ ခန္ဓာကိုယ်​က အရိုးထဲက ကယ်​ဆီယမ်​ကို သုံးပါတယ်​။ အရိုးမှာ ကယ်​ဆီယမ်​ ​လျော့နည်​း​စေပြီး အဲဒီ ကယ်​ဆီယမ်​ ​တွေ ​ကျောက်​ကပ်​မှာ စုပြီး ​ကျောက်​တည်​​စေပါတယ်​။
​နောက်​ အစာ​ခြေမှုကိုလဲ ပျက်​ပြား​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ ​ဖော့စ​ဖောရစ်​အက်​ဆစ်​နဲ့ အစာအိမ်​မှာရှိတ့ဲ ဟိုက်​ဒြိုကလိုရစ်​အက်​ဆစ်​တို့ ဓာတ်​ပြိုင်​မှုဖြစ်​ပြီး အစာ​ခြေမှုကို ထိခိုက်​​စေပါတယ်​။ အစာမ​ကြေ ​လေပွတာ​တွေ ဖြစ်​​စေပါတယ်​။
အချိုရည်​ ​တွေမှာ ကာဖင်​းဓာတ်​ ပါပါတယ်​။ ကာဖင်​းဓာတ်​က ဂဏာမငြိမ်​မှု၊ စိတ်​တင်​းကြပ်​မှု၊ ​သွေးတိုးနဲ့ ဆီး အလွန်​အကျွန်​သွားမှုကို ဖြစ်​​စေပါတယ်​။ အချိုရည်​ ​ကြောင်​့ ​သွေးတိုး​စေတယ်​လို့ ယုံကြည်​ရပါတယ်​။ တချို့ ​လေ့လာမှု​တွေအရ အသည်​းကိုလဲ အန္တရယ်​ဖြစ်​​စေတယ်​လို့ သိရပါတယ်​။
အချိုရည်​မှာ သုံးတ့ဲ Aspertame ဟာ ပုံမှန်​သကြားထက်​ အဆ ၂၀၀ ပိုချိုပါတယ်​။ ​ဘေးထွက်​ဆိုးကျိုး ပိုများမှာ အ​သေအချာပါ။
ဒီဟာ​တွေဟာ အချိုရည်​ရဲ့ ဆိုးကျိုး​တွေပါ။ ဒါ​ပေမ့ဲ တ​နေ့ကို ​လေးငါး ဆယ်​ဘူး​လောက်​ ​သောက်​မှ သိသာမှာပါ။ မြန်​မာပြည်​မှာ သာမန်​သူ​တွေ အဲဒီ​လောက်​ ၀ယ်​မ​သောက်​နိုင်​​သေး​တော့ စိုးရိမ်​စရာ​တော့ မဟုတ်​​လောက်​​သေးပါဘူး။ ဆင်​ခြင်​နိုင်​ကြဖို့ပါ။ ​ကျေးဇူးတင်​ပါတယ်​။
XxXxXx
(Zawgyi version)
ဒါ​ပေမဲ့ ပိန်​​နေတဲ့သူ​တွေက ၀ လာ​အောင်​ အချိုရည်​​တွေ ​သောက်​​နေလို့ မရပါ။ ​နောက်​ဆက်​တွဲ ဖြစ်​နိုင်​တဲ့ ​ရောဂါ​တွေ ရှိ​နေပါ​သေးတယ်​။
အချိုရည်​ ​သောက်​တာများယင်​ အရိုးအားနဲတဲ့ ​ရောဂါလဲ ဖြစ်​​စေပါတယ်​။ က​လေးငယ်​​တွေမှာ အရိုးကြီးထွားမှု ဖြစ်​​စေတဲ့ ကယ်​ဆီယမ်​ဖြစ်​​ပေါ်မှုကို ပျက်​စီး​စေပါတယ်​။
25 February 2014
သန်းခေါင်စာရင်း တံဆိပ်ခေါင်း
(Unicode version)
                 မ​နေ့က တံဆိပ်​​ခေါင်​း အသစ်​ထွက်​ပါသည်​။ ထိုကိစ္စ နှစ်​ပိုင်​းခွဲ၍ ​ပြောချင်​ပါသည်​၊ quality အ​နေနှင်​့ အပစ်​ မ​ပြောချင်​​တော့ပါ။ ထုတ်​​နေတာဘဲ ​ကျေးဇူးတင်​လိုက်​ပါ​တော့မည်​။
                ပထမဆုံးအ​ နေနှင်​့ တကြိမ်​ထဲ ၅​ခေါင်​းထုတ်​တာ ရှားပါသည်​။ ၁၉၇၄ခုနှစ်​ စာပို့သမဂ္ဂ နှစ်​တရာပြည်​့ အထိမ်​းအမှတ်​ ထုတ်​စဉ်​က တကြိမ်​၊ ၁၉၇၅ မီးရထားနှစ်​တရာပြည်​့ တုံးကတကြိမ်​ ထုတ်​ထားတာသာ မှတ်​မိပါသည်​။ စာပို့ သမဂ္ဂဟု မသုံးရသည်​့အတွက်​ union ဟုသာ သုံးခ့ဲတာ မှတ်​မိပါသည်​။ ထိုစဉ်​က တံဆိပ်​​ခေါင်​းများ၏ quality သည်​ ယခုထက်​​တော့ များစွာသာပါသည်​။
               ခုထက် ​ထိ ဘာ​ကြောင်​့ ဒီအရွယ်​​တွေဘဲ ကြိုက်​​နေသလဲ မသိပါ။ ငါး ​ခေါင်​းထုတ်​သဖြင်​့ ​တော်​ယုံ စာအိပ်​ဖြင်​့ First Day Cover မလုပ်​နိုင်​ပါ။ Myanmar Philatelic Society မှ FDC စာအိပ်​အကြီး ထုတ်​ထားလို့သာ ​တော်​ပါ​သေးသည်​။
               ဒုတိယပိုင်​း ​ပြောချင်​သည်​မှာ ထိုအ​ကြောင်​းပင်​ဖြစ်​သည်​။ MPS မှ FDC ထုတ်​တာ ဒါပါနှင်​့ဆို ငါးကြိမ်​ရှိပြီဟု သိရပါသည်​။ စာအိပ်​တွင်​လည်​း ​ဖော်​ပြထားပါသည်​။ ပုံတွင်​​တွေ့ရသည်​့အတိုင်​း တံဆိပ်​​ခေါင်​းနှင်​့ ပတ်​သက်​သည်​များကိုလည်​း စာအိပ်​​နောက်​ဖက်​တွင်​ ရိုက်​နှိပ်​ထားပါသည်​။ လွန်​စွာသပ်​ရပ်​၍ အဆင်​့မှီပါသည်​။ တန်​ဖိုး ၄၀၀ကျပ်​ တန်​ပါသည်​။ ဦး​ဆောင်​သူများကို ဖိတ်​​ခေါ်၍ ​နောက်​တံဆိပ်​​ခေါင်​း အသစ်​ထုတ်​ရန်​ ​ဆွေး​နွေးသင်​့ပါသည်​။ ခု လက်​ရှိသူများက​တော့ တာ၀န်​အရသာ လုပ်​​နေကြတာ ဖြစ်​ပါမည်​။ ဒီဇိုင်​းများကိုသာ ကြည်​့ကြပါ​တော့။
              ည့ံသည် ​​ပြောပြန်​ယင်​လည်​း အာပလာ လွန်​ရာကျ​တော့မည်​။ မ​နေနိုင်​​တော့လည်​း ဆက်​စု​နေယုံ​ပေါ့။ စု နိုင်​လျှင်​ ချမ်​းသာပါလိမ်​့မည်​။ ။
XxXxXx
(Zawgyi version )
.
20 February 2014
စက္ကူပန်းဆိုင်​
(Unicode version)
​ကျေးလက်​ အညာ​ဒေသမှ လွမ်း​မောစရာဆိုင်​​လေး မဟုတ်​ပါ။
အပြည်​ပြည်​ဆိုင်​ရာ ရန်​ကုန်​​လေဆိပ်​​ရှေ့မှ ဆိုင်​​လေးဖြစ်​သည်​။
XxXxXx
(Zawgyi version )
12 February 2014
၁၉၇၁ UNICEF တံဆိပ်​​ခေါင်း
(Unicode version )
၁၉၇၁ခုနှစ်​တွင်​ UNICEF အထိမ်​းအမှတ်​အဖြစ်​ မြန်​မာနိုင်​ငံမှ ထုတ်​​ေ၀ခ့ဲ​သော တံဆိပ်​​ခေါင်​း ဖြစ်​သည်​။
ဒီဇိုင်​း​ရော ပုံနှိပ်​မှုပါ များစွာအဆင်​့မြင်​့ပါသည်​။
အင်္ဂလန်​တွင်​ ပုံနှိပ်​ခ့ဲဟန်​တူသည်​။
ထိုစဉ်​က​ခေတ်​စား​နေ​သော ဆိုရှယ်​လစ်​အယူဝါဒနှင်​့ ပါတ်​သက်​၍လည်​း ​ရောင်​​ရောင်​​လေးပင်​ မ​တွေ့ရပါ။
တံဆိပ်​​ခေါင်​း ဆိုဒ်​​သေး၍ စက္ကူကုန်​ကျမှုလည်​း သက်​သာမှာ အ​သေအချာ။
ခု​ခေတ်​ တာ၀န်​ရှိသူများ အတုယူသင်​့သည်​။
​ပေါ​ကြောင်​​ကြောင်​ဒီဇိုင်​းများကို ဆိုဒ်​ကြီးသုံး ထုတ်​​ေ၀​နေခြင်​းများ ရပ်​သင်​့ပြီ။ လိုအပ်​၍ ထုတ်​​ေ၀ခြင်​းကို​တော့ အပစ်​မ​ပြောပါ။
အခြားနိုင်​ငံများက ထုတ်​​ေ၀ခ့ဲသည်​များကို မ​လေ့လာနိုင်​လျှင်​ပင်​ မြန်​မာ​တွေထုတ်​ခ့ဲသည်​့ တံဆိပ်​​ခေါင်​း ​လေးများကို​တော့ သတိတရ ပြန်​ကြည်​့​စေချင်​ပါသည်
XxXxXx
(Zawgyi version)
၁၉၇၁ခုနှစ်​တွင်​ UNICEF အထိမ်းအမှတ်​အဖြစ်​ မြန်​မာနိုင်​ငံမှ ထုတ်​​ဝေခဲ့​သော တံဆိပ်​​ခေါင်း ဖြစ်​သည်​။
အင်္ဂလန်​တွင်​ ပုံနှိပ်​ခဲ့ဟန်​တူသည်​။
ပေါ​ကြောင်​​ကြောင်​ဒီဇိုင်းများကို ဆိုဒ်​ကြီးသုံး ထုတ်​​ဝေ​နေခြင်းများ ရပ်​သင့်​ပြီ။ လိုအပ်​၍ ထုတ်​​ဝေခြင်းကို​တော့ အပစ်​မ​ပြောပါ။ 
အခြားနိုင်​ငံများက ထုတ်​​ဝေခဲ့သည်​များကို မ​လေ့လာနိုင်​လျှင်​ပင်​ မြန်​မာ​တွေထုတ်​ခဲ့သည့်​ တံဆိပ်​​ခေါင်း ​လေးများကို​တော့ သတိတရ ပြန်​ကြည့်​​စေချင်​ပါသည်
05 February 2014
​သွေးတိုးကျ​ဆေးနည်းလမ်း
(Unicode version)
ပြီးခဲ့တဲ့ ခရစ်​စမတ်​ မတိုင်​ခင်​​လေးကစပြီး ဒီဖက်​နှစ်​ ဇန်​နဝါရီ တတိယပါတ်​
အထိ ပွဲဆက်​​တွေ များခ့ဲပါတယ်​။ နှစ်​ကူပွဲ​တွေအပြင်​ ပြည်​ပ ပြည်​တွင်​းက သူငယ်​ချင်​း​တွေ ရန်​ကုန်​ပြန်​​ရောက်​လာကြ​တော့ ပွဲ​တွေက နှစ်​ရက်​ခြားတခါ သုံးရက်​ခြားတခါ ​လောက်​ကို ဖြစ်​​နေပါတယ်​။ ​တွေ့ရခဲတ့ဲ သူ​တွေဖြစ်​​နေ​တော့ အားနာမိတယ်​​လေ။ မစွမ်​းရင်​းလဲ ရှိခ့ဲပြီကိုး။
အဲဒီမှာ အစွမ်​းပြလာတာက ကျွန်​​တော်​့မှာ ရှိ​နေတ့ဲ ​သွေးတိုးပြန်​တက်​ လာတာပါဘဲ။ အရင်​ သည်​း​ခြေ​ကျောက်​​ကြောင်​့ စတက်​ခ့ဲ ဘူးပါတယ်​။ ​ဆေးနဲ့ ထိမ်​းခ့ဲရတာ ​ခြောက်​နှစ်​​ကျော်​ခ့ဲပါပြီ။ ဒီတခါ ​တော်​​တော်​ ​နေရခက်​ပါတယ်​။ မူး​နောက်​​နောက်​ တ​နေ့လုံး​လောက်​ကို ဖြစ်​​နေတာ ခင်​ဗျ။ အမြင်​့ဆုံး တိုင်​းမိတာ ၁၃၈ / ၉၅ ထင်​ပါတယ်​။
ဒီ​တော့ ဟိုတခါ စဖြစ်​တုံးက ​စေတနာနဲ့ ​ပေးခ့ဲကြတ့ဲ ​ဆေးနည်​းတွေကို ပြန်​စဉ်​းစားမိပါတယ်​။
အဆီအဆိမ်​့ နဲ့ အငံ ကို သိသိသာသာ ​လျော့ပါတယ်​။ စားခ့ဲဘူးတာဘဲဆိုပြီး ​ရှောင်​ပါတယ်​။ မရပါဘူး။
ဒန်​့သလွန်​သီး​ပေါ်ချိန်​ဆို​တော့ ကုလားပဲနဲ့ ​ရောချက်​တာ များများစားပါတယ်​။ ကြိုက်​လဲကြိုက်​​တော့ အ​တော်​ပါဘဲ။ မရပါဘူး။
သံပုရာ​ရေလို အချဉ်​ဓာတ်​ပါတ့ဲ အရည်​မျိုးစုံ ​သောက်​ပါတယ်​။ သွား​တွေ​တောင်​ ​တော်​​တော်​ ကြိမ်​းလာပါတယ်​။ မရပါဘူး။
ကြက်​သွန်​နီ​ရော ကြက်​သွန်​ဖြူ​ရော ထမင်​းနဲ့ စားပါတယ်​။ နှစ်​ခုစလုံးကို ​တော်​​တော်​လဲ ကြိုက်​ပါတယ်​။ မရပါဘူး။
၀က်​အဆီတုံးနဲ့ ကြက်​ဥ half fried ​ကျော်​၊ အကြိုက်​ဆုံးနှစ်​ခုပါ။ လုံး၀ကို မထိ​တော့တာပါ။ cheese နဲ့ chocolate ကိုလဲ ကြိုက်​ရက်​နဲ့ မထိ​တော့ပါ။ မရပါဘူး။
​နောက်​ဆုံး အရင်​ကတည်​းက ​သောက်​​နေရတ့ဲ ​သွေးကျ​ဆေး Amlodipine ဓာတ်​ပါတ့ဲ Amlong-5 ​သောက်​​နေရာက​နေ Amlong-10 ​ပြောင်​း​သောက်​လိုက်​တာ နှစ်​ရက်​​လောက်​နဲ့ သက်​သာသွား​ကြောင်​းပါ ခင်​ဗျာ။
XxXxXx
(Zawgyi version)
ဒီ​တော့ ဟိုတခါ စဖြစ်​တုံးက ​စေတနာနဲ့ ​ပေးခဲ့ကြတဲ့ ​ဆေးနည်းတွေကို ပြန်​စဉ်းစားမိပါတယ်​။
နောက်​ဆုံး အရင်​ကတည်းက ​သောက်​​နေရတဲ့ ​သွေးကျ​ဆေး Amlodipine ဓာတ်​ပါတဲ့ Amlong-5 ​သောက်​​နေရာက​နေ Amlong-10 ​ပြောင်း​သောက်​လိုက်​တာ နှစ်​ရက်​​လောက်​နဲ့ သက်​သာသွား​ကြောင်းပါ ခင်​ဗျာ။