05 February 2014

​သွေးတိုးကျ​ဆေးနည်းလမ်း

(Unicode version)

ပြီးခဲ့တဲ့ ခရစ်​စမတ်​ မတိုင်​ခင်​​လေးကစပြီး ဒီဖက်​နှစ်​ ဇန်​နဝါရီ တတိယပါတ်​
အထိ ပွဲဆက်​​တွေ များခ့ဲပါတယ်​။ နှစ်​ကူပွဲ​တွေအပြင်​ ပြည်​ပ ပြည်​တွင်​းက သူငယ်​ချင်​း​တွေ ရန်​ကုန်​ပြန်​​ရောက်​လာကြ​တော့ ပွဲ​တွေက နှစ်​ရက်​ခြားတခါ သုံးရက်​ခြားတခါ ​လောက်​ကို ဖြစ်​​နေပါတယ်​။ ​တွေ့ရခဲတ့ဲ သူ​တွေဖြစ်​​နေ​တော့ အားနာမိတယ်​​လေ။ မစွမ်​းရင်​းလဲ ရှိခ့ဲပြီကိုး။



အဲဒီမှာ အစွမ်​းပြလာတာက ကျွန်​​တော်​့မှာ ရှိ​နေတ့ဲ ​သွေးတိုးပြန်​တက်​ လာတာပါဘဲ။ အရင်​ သည်​း​ခြေ​ကျောက်​​ကြောင်​့ စတက်​ခ့ဲ ဘူးပါတယ်​။ ​ဆေးနဲ့ ထိမ်​းခ့ဲရတာ ​ခြောက်​နှစ်​​ကျော်​ခ့ဲပါပြီ။ ဒီတခါ ​တော်​​တော်​ ​နေရခက်​ပါတယ်​။ မူး​နောက်​​နောက်​ တ​နေ့လုံး​လောက်​ကို ဖြစ်​​နေတာ ခင်​ဗျ။ အမြင်​့ဆုံး တိုင်​းမိတာ ၁၃၈ / ၉၅ ထင်​ပါတယ်​။



ဒီ​တော့ ဟိုတခါ စဖြစ်​တုံးက ​စေတနာနဲ့ ​ပေးခ့ဲကြတ့ဲ ​ဆေးနည်​းတွေကို ပြန်​စဉ်​းစားမိပါတယ်​။

အဆီအဆိမ်​့ နဲ့ အငံ ကို သိသိသာသာ ​လျော့ပါတယ်​။ စားခ့ဲဘူးတာဘဲဆိုပြီး ​ရှောင်​ပါတယ်​။ မရပါဘူး။

ဒန်​့သလွန်​သီး​ပေါ်ချိန်​ဆို​တော့ ကုလားပဲနဲ့ ​ရောချက်​တာ များများစားပါတယ်​။ ကြိုက်​လဲကြိုက်​​တော့ အ​တော်​ပါဘဲ။ မရပါဘူး။

သံပုရာ​ရေလို အချဉ်​ဓာတ်​ပါတ့ဲ အရည်​မျိုးစုံ ​သောက်​ပါတယ်​။ သွား​တွေ​တောင်​ ​တော်​​တော်​ ကြိမ်​းလာပါတယ်​။ မရပါဘူး။

ကြက်​သွန်​နီ​ရော ကြက်​သွန်​ဖြူ​ရော ထမင်​းနဲ့ စားပါတယ်​။ နှစ်​ခုစလုံးကို ​တော်​​တော်​လဲ ကြိုက်​ပါတယ်​။ မရပါဘူး။

၀က်​အဆီတုံးနဲ့ ကြက်​ဥ half fried ​ကျော်​၊ အကြိုက်​ဆုံးနှစ်​ခုပါ။ လုံး၀ကို မထိ​တော့တာပါ။ cheese နဲ့ chocolate ကိုလဲ ကြိုက်​ရက်​နဲ့ မထိ​တော့ပါ။ မရပါဘူး။



​နောက်​ဆုံး အရင်​ကတည်​းက ​သောက်​​နေရတ့ဲ ​သွေးကျ​ဆေး Amlodipine ဓာတ်​ပါတ့ဲ Amlong-5 ​သောက်​​နေရာက​နေ Amlong-10 ​ပြောင်​း​သောက်​လိုက်​တာ နှစ်​ရက်​​လောက်​နဲ့ သက်​သာသွား​ကြောင်​းပါ ခင်​ဗျာ။



XxXxXx

(Zawgyi version)

ၿပီးခ့ဲတ့ဲ ခရစ္​စမတ္​ မတိုင္​ခင္​​ေလးကစၿပီး ဒီဖက္​ႏွစ္​ ဇန္​န၀ါရီ တတိယပါတ္​
​အထိ ပြဲဆက္​​ေတြ မ်ားခ့ဲပါတယ္​။ ႏွစ္​ကူပြဲ​ေတြအျပင္​ ျပည္​ပ ျပည္​တြင္​းက သူငယ္​ခ်င္​း​ေတြ ရန္​ကုန္​ျပန္​​ေရာက္​လာၾက​ေတာ့ ပြဲ​ေတြက ႏွစ္​ရက္​ျခားတခါ သံုးရက္​ျခားတခါ ​ေလာက္​ကို ျဖစ္​​ေနပါတယ္​။ ​ေတြ႔ရခဲတ့ဲ သူ​ေတြျဖစ္​​ေန​ေတာ့ အားနာမိတယ္​​ေလ။ မစြမ္​းရင္​းလဲ ႐ွိခ့ဲၿပီကိုး။

အဲဒီမွာ အစြမ္​းျပလာတာက ကြၽန္​​ေတာ္​့မွာ ႐ွိ​ေနတ့ဲ ​ေသြးတိုးျပန္​တက္​ လာတာပါဘဲ။ အရင္​ သည္​း​ေျခ​ေက်ာက္​​ေၾကာင္​့ စတက္​ခ့ဲ ဘူးပါတယ္​။ ​ေဆးနဲ႔ ထိမ္​းခ့ဲရတာ ​ေျခာက္​ႏွစ္​​ေက်ာ္​ခ့ဲပါၿပီ။ ဒီတခါ ​ေတာ္​​ေတာ္​ ​ေနရခက္​ပါတယ္​။ မူး​ေနာက္​​ေနာက္​ တ​ေန႔လံုး​ေလာက္​ကို ျဖစ္​​ေနတာ ခင္​ဗ်။ အျမင္​့ဆံုး တိုင္​းမိတာ ၁၃၈ / ၉၅ ထင္​ပါတယ္​။

ဒီ​ေတာ့ ဟိုတခါ စျဖစ္​တံုးက ​ေစတနာနဲ႔ ​ေပးခ့ဲၾကတ့ဲ ​ေဆးနည္​းေတြကို ျပန္​စဥ္​းစားမိပါတယ္​။
အဆီအဆိမ္​့ နဲ႔ အငံ ကို သိသိသာသာ ​ေလ်ာ့ပါတယ္​။ စားခ့ဲဘူးတာဘဲဆိုၿပီး ​ေ႐ွာင္​ပါတယ္​။ မရပါဘူး။
ဒန္​႔သလြန္​သီး​ေပၚခ်ိန္​ဆို​ေတာ့ ကုလားပဲနဲ႔ ​ေရာခ်က္​တာ မ်ားမ်ားစားပါတယ္​။ ႀကိဳက္​လဲႀကိဳက္​​ေတာ့ အ​ေတာ္​ပါဘဲ။ မရပါဘူး။
သံပုရာ​ေရလို အခ်ဥ္​ဓာတ္​ပါတ့ဲ အရည္​မ်ိဳးစံု ​ေသာက္​ပါတယ္​။ သြား​ေတြ​ေတာင္​ ​ေတာ္​​ေတာ္​ ႀကိမ္​းလာပါတယ္​။ မရပါဘူး။
ၾကက္​သြန္​နီ​ေရာ ၾကက္​သြန္​ျဖဴ​ေရာ ထမင္​းနဲ႔ စားပါတယ္​။ ႏွစ္​ခုစလံုးကို ​ေတာ္​​ေတာ္​လဲ ႀကိဳက္​ပါတယ္​။ မရပါဘူး။
၀က္​အဆီတံုးနဲ႔ ၾကက္​ဥ half fried ​ေက်ာ္​၊ အႀကိဳက္​ဆံုးႏွစ္​ခုပါ။ လံုး၀ကို မထိ​ေတာ့တာပါ။ cheese နဲ႔ chocolate ကိုလဲ ႀကိဳက္​ရက္​နဲ႔ မထိ​ေတာ့ပါ။ မရပါဘူး။

​ေနာက္​ဆံုး အရင္​ကတည္​းက ​ေသာက္​​ေနရတ့ဲ ​ေသြးက်​ေဆး Amlodipine ဓာတ္​ပါတ့ဲ Amlong-5 ​ေသာက္​​ေနရာက​ေန Amlong-10 ​ေျပာင္​း​ေသာက္​လိုက္​တာ ႏွစ္​ရက္​​ေလာက္​နဲ႔ သက္​သာသြား​ေၾကာင္​းပါ ခင္​ဗ်ာ။


No comments:

Post a Comment

Thank you.