31 January 2014

ဆင်​းရဲမှု ပ​ပျောက်​​ရေး

(Unicode version)

ကျွန်​​တော်​တို့ ပြည်​​ထောင်​စုမြန်​မာနိုင်​ငံတွင်​​ ယခုအချိန်​မှာ​ ဆင်​းရဲမှုပ​ပျောက်​​ရေးအတွက်​ စီမံကိန်​းကြီးများ ချမှတ်​​ဆောင်​ရွက်​​နေပါသည်​။ အစိုးရတရပ်​ အ​နေနှင်​့ တရား၀င်​ ဆင်​းရဲ​နေပါသည်​ဟု ​ကြေငြာသည်​မှာ ဦးသိန်​းစိန်​ သမတဖြစ်​မှ ​ကြေငြာခြင်​း ဖြစ်​ပါသည်​။ ယခင်​ ဦး​နေ၀င်​းလက်​ထက်​က တိတ်​တိတ်​ LCD နိုင်​ငံအဖြစ်​ အ​ကြွေးများ​လျော်​​စေရန်​အတွက်​ ​လျှောက်​ထားခ့ဲရာ ၈၈အ​ရေးအခင်​း ဖြစ်​ခ့ဲပါသည်​။ ထိုအချိန်​ကျမှ မြန်​မာတို့သည်​ ငါတို့ ​ရွှေ​တွေ ကမ္ဘာ​ပေါ်မှာကျ​တော့ ဆင်​းရဲသားဖြစ်​​နေပါလား သိသွား​သော​ကြောင်​့ ဖြစ်​ပါသည်​။



စစ်​အစိုးရ​ခေတ်​ ၂၃နှစ်​က​တော့ ရှင်​းသည်​။ မြန်​မာပြည်​ ဘယ်​ဆင်​းရဲမှာတုံး၊ ဆင်​းရဲသည်​့အ​ကြောင်​း မ​ပြောရ၊ စာအုပ်​ထဲ မ​ရေးရ၊ ရုပ်​ရှင်​ထဲ မပြရ။ ပြီး​ရော။ လွယ်​လွယ်​​လေး၊ ဆင်​းရဲမှု ပ​ပျောက်​သွား​ရောဟု ထင်​ခ့ဲပုံ ရပါသည်​။ သို့မဟုတ်​ ပြင်​သစ်​ဘုရင်​မ တဦးက့ဲသို့ ​ပေါင်​မုန့်​့စားစရာ မရှိယင်​ ကိတ်​မုန်​့စားကြ​ပေါ့ဟု ဆိုသည်​့ အဆင်​့​ရောက်​သွားကြလား မသိ​တော့ပါ။

မြန်​မာပြည်​သား​တွေ ဆင်​းရဲ​နေသည်​ကို ​ရှေးဗမာမင်​းများ​ကြောင်​့ဟု အပစ်​တင်​သံ ကြားဘူးပါသည်​။ ဘယ်​နှဲ့ဟာတုံး။ ​ေ၀းလှပြီ။ ​နောက်​ဆုံးဘုရင်​ မရှိတာဘဲ နှစ်​တရာ ​ကျော်​ခ့ဲ​ပေါ့၊ မဖြစ်​နိုင်​​လောက်​ပါ။



ဒါဆို ဘုရင်​​တွေကို ဖြုတ်​ချခ့ဲတ့ဲ နယ်​ချဲ့အင်္ဂလိပ်​​တွေ​ပေါ့။ သူတို့လဲ ပြန်​သွားတာ နှစ်​၆၆နှစ်​ ရှိခ့ဲပါပြီ။ ကျန်​ဖန်​ ​ကျေးဇ​ူးတင်​ရလျှင်​ အင်္ဂလိပ်​​တွေ​ကြောင်​့သာ မြန်​မာပြည်​ စံနစ်​ဖြင်​့ အုပ်​ချုပ်​​ရေး ရခ့ဲသည်​။ နို့မို့ဆို င​ပေါ​တွေက ​မော်​ဖူး​စေဆိုမှ ဖူးရသည်​့ ဘ၀မှ တက်​မည်​မဟုတ်​။ ​ခေတ်​မှီ​ကျောင်​း ​ဆေးရုံ​တွေ အင်္ဂလိပ်​ လာလို့သာ ရခ့ဲသည်​ထင်​သည်​။



​နောက်​တက်​သည်​့ ဂျပန်​​ကြောင်​့လဲ မဟုတ်​ပါ။ သူတ်ို့က မြန်​မာ​မြေ​ပေါ် သုံးနှစ်​​လောက်​ အုပ်​ချုပ်​နှိပ်​စက်​တာနှင်​့ မကာမိ​အောင်​ပင်​ အကူအညီပြန်​​ပေးခ့ဲ ပါသည်​။ ခုလဲ ပြန်​စ​ပေး​နေပါပြီ။ ကြားထဲ အကူအညီ​ပေးခြင်​း ပြတ်​သွားတာသာ အပစ်​တင်​ရ​တော့မည်​။ ရှိသမျှ မြန်​မာနိုင်​ငံ တင်​​နေသည်​့ အ​ကြွေး​တွေလဲ ​လျောပစ်​ခ့ဲပါ​သေးသည်​။



​နောက်​လွပ်​လပ်​​ရေး ရပြီး တက်​လာသည်​့ မြန်​မာအစိုးရ​တွေ​ကြောင်​့ဘဲလား။ ဦး​နုအစိုးရထက်​ ဗိုလ်​​နေ၀င်​းအစိုးရကို ပိုအပစ်​တင်​ကြမှာ ​သေချာပါသည်​။ နှစ်​ကလဲ ပိုကြာ ပိုလဲ ဆင်​းရဲ သွားတာကိုး။ တိတ်​တိတ်​​လေး ကမ္ဘာွ့အဆင်​းရဲဆုံးနိုင်​ငံ အဖြစ်​စာရင်​းသွင်​းလိုက်​ရာ ​ရွှေမြန်​မာ​တွေ ​ဒေါသ​ပေါက်​ကွဲပြီး ဗိုလိ​နေ၀င်​းပြုတ်​သွားပါ​တော့သည်​။



​နောက်​လာတ့ဲ ​ဗိုလ်​​တွေက ပိုဆ်ိုး​တော့သည်​။ ဆင်​းရဲချမ်​းသာ ကွာခြားမှုကို မဆလ​ခေတ်​ထက်​ ပိုသိသာ​စေခ့ဲသည်​။ ဆိုးသည်​မှာ သူတို့နှင်​့ တ့ဲသူ​တွေဘဲ ချမ်​းသာ​စေခ့ဲခြင်​း ဖြစ်​သည်​။ လူလတ်​တမ်​းစား အလွှာမရှိ​တော့သည်​အထိ ဆင်​းရဲချမ်​းသာ ကွာဟခ့ဲသည်​။ သည်​​တော့ ဆင်​းရဲသား ပိုများလာပါ​တော့သည်​။ ဒီ​တော့ ဒီ​မောင်​​တွေ​ကြောင်​့ မြန်​မာပြည်​ ဆင်​းရဲတယ်​ ပို ရိုးစရာဖြစ်​​တော့တာ​ပေါ့။



​သေချာ ​သွေး​အေး​အေးနှင်​့ ဓမ္မဒိဌာန်​ကျကျ စဉ်​းစား ကြရ​အောင်​ပါ။ ​ခေတ်​တိုင်​း​ခေတ်​တိုင်​း ဆင်​းရဲသူ​တွေ ရှိခ့ဲသလို ချမ်​းသာသူ​တွေလဲ ရှိခ့ဲပါသည်​။ အနဲအများသာ ကွာချင်​ကွာပါလိမ်​့မည်​။ သည်​​တော့ အုပ်​ချုပ်​သူ​တွေ အသုံးမကျတာ တခုထဲနှင်​့​တော့ ဆင်​းရဲ ချမ်​းသာ အကုန်​ဖြစ်​​နေတာ မဟုတ်​။ အခြားအ​ကြောင်​း အနည်​းဆုံး တခု​တော့ ရှ်ိ​နေမှာ ​သေချာ​နေပါပြီ။



မြန်​မာပြည်​သား ၈၀%​ကျော်​သည်​ ဗုဒ္ဓဘာသာ၀င်​များ ဖြစ်​ကျလျက်​နှင်​့ လွဲ​နေကြပါသည်​။ မိမိ ဆင်​းရဲ ချမ်​းသာ ဖြစ်​​နေသည်​မှာ မိမိ ပြုခ့ဲ​သော ကံ ​ကြောင်​့သာ ဆိုသည်​ကို ​မေ့​လျော့​နေကြသည်​။ တချို့ အမည်​ခံ ဗုဒ္ဓဘာသာ၀င်​များက​တော့ သ​ဘော​ပေါက်​မည်​ မဟုတ်​ပါ။ အများစုကလဲ ယခုဘ၀လဲ အကျိုးရှိ ​နောက်​ဘ၀လဲ အကျိုးရှိ ၊ တနည်​း ယခုဘ၀လဲ ကံ​ကောင်​း၊ ​နောက်​ဘ၀​တွေလဲ ကံ​ကောင်​းမည်​့ လုပ်​ရပ်​မျိုးကို မလုပ်​​ဆောင်​ကြဘဲ ပိုဆိုး ပိုည့ံမည်​့ လုပ်​ရပ်​မျိုးကို လုပ်​​နေကြပါသည်​။



ကံဆိုသည်​မှာ မြန်​မာလို ​စေတနာပါ​သော အလုပ်​သာဖြစ်​ရာ ကံ​ကောင်​း​အောင်​ ရည်​ရွယ်​ချက်​ရှိရှိ ​ကောင်​း​သောအလုပ်​ကို လုပ်​ရန်​သာဖြစ်​ပါသည်​။ ကြီးကြီးကျယ်​ကျယ်​အလုပ်​များကို မလုပ်​နိုင်​​သေးလျှင်​ ​နေ့စဉ်​ပြု​နေကြ မိမိအလုပ်​ကိုပင်​ ​စေတနာထည်​့၍ စလုပ်​နိုင်​ပါသည်​။ အနည်​းဆုံး ကံငါးပါးကို ထိမ်​းနိုင်​ကြပါသည်​။ လုပ်​ရပ်​က ​သေးငယ်​​သော်​လည်​း ​စေတနာမှန်​လျှင်​ ​ညောင်​​စေ့​လောက်​လှူရုံဖြင်​့ ​ညောင်​ပင်​ကြီး​လောက်​ ရတတ်​ပါသည်​။ တနည်​း တူ​သောအကျိုး ​ပေးပါလိမ်​့မည်​။



သို့​သော်​ လက်​ရှိမြန်​မာပြည်​သား အများစုသည်​ ကံည့ံ​စေမည်​့ အပြုအမူများကို လုပ်​​နေကြပါသည်​။ ​နေ့စဉ်​ ပြုမူ​နေကြသည်​မှာ ကံနည်​းသည်​ထက်​ နည်​း​အောင်​ ပြုသလို ဖြစ်​​နေကြသည်​။ တချို့​ရှေးကံ​ကြောင်​့ ​ကောင်​း​နေသူများကလဲ ​နောက်​ဘ၀မရှိ​တော့မှာလို ပြု​နေကြသည်​။ ဗုဒ္ဓဘာသာကို လုံး၀မသိသည်​့ အထူးသဖြင်​့ အ​နောက်​နိုင်​ငံများတွင်​ ကိုယ်​ချင်​းစာမှု ပိုရှိ​နေသည်​၊ ပို၍ အလှူအတန်​းပြု​နေသည်​ကို ​တွေ့​နေရသည်​။ ထို့​ကြောင်​့ သူတို့ချမ်​းသာ​နေသည်​မှာ မထူးဆန်​း​တော့ပါ။



ငါတို့ကမှ သူတို့လို မချမ်​းသာတာ၊ ဘယ်​လိုလုပ်​ လှူမှာလဲဟု ​စောဒကတက်​သူများ ရှိပါသည်​။ မလှူလို့ မရှိ၊ မရှိလို့ မလှူ ဆို​သော စကားကို သတိရ ​စေချင်​ပါသည်​။ ရှင်​းရှင်​း​လေးပါ။ မိမိသည်​ အတိတ်​ဘ၀များက မလှူခ့ဲ၍ မရှိခြင်​း ဖြစ်​သည်​။ ထို့အတွက်​ ယခုဘ၀ မလှူလျှင်​ ​နောက်​ဘ၀များ၌ မရှိဖြစ်​​နေပါမည်​။ ယခုဘ၀ ဤအသိ သိပြီဆိုလျှင်​ ဤသံသရာမှ ​ဖောက်​ထွက်​ရန်​ ကြိုးစားရပါမည်​။ မိမိနိုင်​သ​လောက်​​လေးများကို ​စေတနာသန်​့သန်​့ဖြင်​့ ​ပေးကမ်​းခြင်​းမှ စတင်​နိုင်​ပါသည်​။ ​နောက်​ဘ၀ချမ်​းသာ​အောင်​ ဤဘ၀တွင်​ ​ချေးငှါးပြီး လှူခြင်​းကိုလဲ အားမ​ပေးပါ။ ကံ ကံဧ။်​အကျိုး​ပေးသည်​ အလွန်​ရှုပ်​​ထွေး​သော​ကြောင်​့ပါ။



မိမိ​နေ့စဉ်​ ပြု​နေကျ အလုပ်​များကိုလဲ ​စေတနာဖြင်​့ ပြုလုပ်​​ပေးလျှင်​လဲ ကံ​ကောင်​းနိုင်​ပါသည်​။ ကြီးကြီးကျယ်​ကျယ်​ မဟုတ်​ပါ။ ကား​မောင်​း​နေသူသည်​ မိမိ​ကြောင်​့ အခြားကားများ ဒုက္ခမ​ရောက်​​စေလျှင်​ ရပါသည်​။ မိမိအဆင်​​ပြေလျှင်​ ပြီးပြီ ၊ အခြားသူ ဘာဖြစ်​ဖြစ်​ စိတ်​ထားမျိုး မထားသင်​့ပါ။ ချမ်​းသာမှု့နှင်​့ တိုက်​ရိုက်​ မသက်​ဆိုင်​​သော်​လည်​း ကံ​ကောင်​းမှုနှင်​့​တော့ ဆိုင်​ပါသည်​။ ရုံးတာ၀န်​ရှိသူများကလဲ မိမိဧ။်​တာ၀န်​ကို ​ကြေ​ကြေပွန်​ပွန်​ လုပ်​ရုံသာ။ ဒီ​ကောင်​​တော့ ငါ့အကွက်​ထဲ ​ရောက်​လာပြီ၊ နွှာလိုက်​ဦးမှ ဆိုပြီးရလာသည်​့ ချမ်​းသာမှုသည်​ ဘယ်​လိုမှ စစ်​မှန်​​သော ချမ်​းသာမှု မဖြစ်​နိုင်​ပါ။ သို့အတွက်​ ပူပင်​​နေရ​သော ချမ်​းသာမှုမျိုးသာ ဖြစ်​ပါလိမ်​့မည်​။



ယခု မြန်​မာပြည်​တွင်​ ပြည်​သူအများစု ဘယ်​လိုပြုမူ​နေကြပါသလဲ။ မိမိပြုသမျှသာ မိမိပြန်​ရ​နေပါမည်​။ ဆင်​းရဲမှုပ​ပျောက်​ရန်​ ​ဆောင်​ရွက်​​နေ​သော်​လည်​း အတိတ်​ကံ ရှိလျှင်​​တော့ မ​ပြောတတ်​။ ပစ္စုပန်​ကံများနှင်​့​တော့ သကြားမင်​းဆင်​း​တောင်​မှ ရမည်​မထင်​​ကြောင်​းပါ။



လက်​​တွေ့လုပ်​​နေသူများကို​တော့ အားနာ​ကြောင်​းပါ။ ​စေတနာဖြင်​့ ​ဖော်​​ဆောင်​​ပေး​နေသည်​ဆိုလျှင်​့ ထိုသူ​တွေ​တော့ ကံ​ကောင်​းမည် မှာ အ​သေအချာပါ။ ။

XxXxXx

(Zawgyi version )

ကြၽန္​​ေတာ္​တို႔ ျပည္​​ေထာင္​စုျမန္​မာႏိုင္​ငံတြင္​​ ယခုအခ်ိန္​မွာ​ ဆင္​း႐ဲမႈပ​ေပ်ာက္​​ေရးအတြက္​ စီမံကိန္​းႀကီးမ်ား ခ်မွတ္​​ေဆာင္​ရြက္​​ေနပါသည္​။ အစိုးရတရပ္​ အ​ေနႏွင္​့ တရား၀င္​ ဆင္​းရဲ​ေနပါသည္​ဟု ​ေၾကျငာသည္​မွာ ဦးသိန္​းစိန္​ သမတျဖစ္​မွ ​ေၾကျငာျခင္​း ျဖစ္​ပါသည္​။ ယခင္​ ဦး​ေန၀င္​းလက္​ထက္​က တိတ္​တိတ္​ LCD ႏိုင္​ငံအျဖစ္​ အ​ေႂကြးမ်ား​ေလ်ာ္​​ေစရန္​အတြက္​ ​ေလ်ွာက္​ထားခ့ဲရာ ၈၈အ​ေရးအခင္​း ျဖစ္​ခ့ဲပါသည္​။ ထိုအခ်ိန္​က်မွ ျမန္​မာတို႔သည္​ ငါတို႔ ​ေရႊ​ေတြ ကမာၻ​ေပၚမွာက်​ေတာ့ ဆင္​းရဲသားျဖစ္​​ေနပါလား သိသြား​ေသာ​ေၾကာင္​့ ျဖစ္​ပါသည္​။

စစ္​အစိုးရ​ေခတ္​ ၂၃ႏွစ္​က​ေတာ့ ႐ွင္​းသည္​။ ျမန္​မာျပည္​ ဘယ္​ဆင္​းရဲမွာတံုး၊ ဆင္​းရဲသည္​့အ​ေၾကာင္​း မ​ေျပာရ၊ စာအုပ္​ထဲ မ​ေရးရ၊ ႐ုပ္​႐ွင္​ထဲ မျပရ။ ၿပီး​ေရာ။ လြယ္​လြယ္​​ေလး၊ ဆင္​းရဲမႈ ပ​ေပ်ာက္​သြား​ေရာဟု ထင္​ခ့ဲပံု ရပါသည္​။ သို႔မဟုတ္​ ျပင္​သစ္​ဘုရင္​မ တဦးက့ဲသို႔ ​ေပါင္​မုန႔္​့စားစရာ မ႐ွိယင္​ ကိတ္​မုန္​႔စားၾက​ေပါ့ဟု ဆိုသည္​့ အဆင္​့​ေရာက္​သြားၾကလား မသိ​ေတာ့ပါ။
ျမန္​မာျပည္​သား​ေတြ ဆင္​းရဲ​ေနသည္​ကို ​ေ႐ွးဗမာမင္​းမ်ား​ေၾကာင္​့ဟု အပစ္​တင္​သံ ၾကားဘူးပါသည္​။ ဘယ္​ႏွဲ႔ဟာတံုး။ ​ေ၀းလွၿပီ။ ​ေနာက္​ဆံုးဘုရင္​ မ႐ွိတာဘဲ ႏွစ္​တရာ ​ေက်ာ္​ခ့ဲ​ေပါ့၊ မျဖစ္​ႏိုင္​​ေလာက္​ပါ။

ဒါဆို ဘုရင္​​ေတြကို ျဖဳတ္​ခ်ခ့ဲတ့ဲ နယ္​ခ်ဲ႕အဂၤလိပ္​​ေတြ​ေပါ့။ သူတို႔လဲ ျပန္​သြားတာ ႏွစ္​၆၆ႏွစ္​ ႐ွိခ့ဲပါၿပီ။ က်န္​ဖန္​ ​ေက်းဇ​ူးတင္​ရလွ်င္​ အဂၤလိပ္​​ေတြ​ေၾကာင္​့သာ ျမန္​မာျပည္​ စံနစ္​ျဖင္​့ အုပ္​ခ်ဳပ္​​ေရး ရခ့ဲသည္​။ ႏို႔မို႔ဆို င​ေပါ​ေတြက ​ေမာ္​ဖူး​ေစဆိုမွ ဖူးရသည္​့ ဘ၀မွ တက္​မည္​မဟုတ္​။ ​ေခတ္​မွီ​ေက်ာင္​း ​ေဆးရံု​ေတြ အဂၤလိပ္​ လာလို႔သာ ရခ့ဲသည္​ထင္​သည္​။

​ေနာက္​တက္​သည္​့ ဂ်ပန္​​ေၾကာင္​့လဲ မဟုတ္​ပါ။ သူတ္ို႔က ျမန္​မာ​ေျမ​ေပၚ သံုးႏွစ္​​ေလာက္​ အုပ္​ခ်ဳပ္​ႏွိပ္​စက္​တာႏွင္​့ မကာမိ​ေအာင္​ပင္​ အကူအညီျပန္​​ေပးခ့ဲ ပါသည္​။ ခုလဲ ျပန္​စ​ေပး​ေနပါၿပီ။ ၾကားထဲ အကူအညီ​ေပးျခင္​း ျပတ္​သြားတာသာ အပစ္​တင္​ရ​ေတာ့မည္​။ ႐ွိသမ်ွ ျမန္​မာႏိုင္​ငံ တင္​​ေနသည္​့ အ​ေႂကြး​ေတြလဲ ​ေလ်ာပစ္​ခ့ဲပါ​ေသးသည္​။

​ေနာက္​လြပ္​လပ္​​ေရး ရၿပီး တက္​လာသည္​့ ျမန္​မာအစိုးရ​ေတြ​ေၾကာင္​့ဘဲလား။ ဦး​ႏုအစိုးရထက္​ ဗိုလ္​​ေန၀င္​းအစိုးရကို ပိုအပစ္​တင္​ၾကမွာ ​ေသခ်ာပါသည္​။ ႏွစ္​ကလဲ ပိုၾကာ ပိုလဲ ဆင္​းရဲ သြားတာကိုး။ တိတ္​တိတ္​​ေလး ကမာၻြ႕အဆင္​းရဲဆံုးႏိုင္​ငံ အျဖစ္​စာရင္​းသြင္​းလိုက္​ရာ ​ေရႊျမန္​မာ​ေတြ ​ေဒါသ​ေပါက္​ကြဲၿပီး ဗိုလိ​ေန၀င္​းျပဳတ္​သြားပါ​ေတာ့သည္​။

​ေနာက္​လာတ့ဲ ​ဗိုလ္​​ေတြက ပိုဆ္ိုး​ေတာ့သည္​။ ဆင္​းရဲခ်မ္​းသာ ကြာျခားမႈကို မဆလ​ေခတ္​ထက္​ ပိုသိသာ​ေစခ့ဲသည္​။ ဆိုးသည္​မွာ သူတို႔ႏွင္​့ တ့ဲသူ​ေတြဘဲ ခ်မ္​းသာ​ေစခ့ဲျခင္​း ျဖစ္​သည္​။ လူလတ္​တမ္​းစား အလႊာမ႐ွိ​ေတာ့သည္​အထိ ဆင္​းရဲခ်မ္​းသာ ကြာဟခ့ဲသည္​။ သည္​​ေတာ့ ဆင္​းရဲသား ပိုမ်ားလာပါ​ေတာ့သည္​။ ဒီ​ေတာ့ ဒီ​ေမာင္​​ေတြ​ေၾကာင္​့ ျမန္​မာျပည္​ ဆင္​းရဲတယ္​ ပို ႐ိုးစရာျဖစ္​​ေတာ့တာ​ေပါ့။

​ေသခ်ာ ​ေသြး​ေအး​ေအးႏွင္​့ ဓမၼဒိဌာန္​က်က် စဥ္​းစား ၾကရ​ေအာင္​ပါ။ ​ေခတ္​တိုင္​း​ေခတ္​တိုင္​း ဆင္​းရဲသူ​ေတြ ႐ွိခ့ဲသလို ခ်မ္​းသာသူ​ေတြလဲ ႐ွိခ့ဲပါသည္​။ အနဲအမ်ားသာ ကြာခ်င္​ကြာပါလိမ္​့မည္​။ သည္​​ေတာ့ အုပ္​ခ်ဳပ္​သူ​ေတြ အသံုးမက်တာ တခုထဲႏွင္​့​ေတာ့ ဆင္​းရဲ ခ်မ္​းသာ အကုန္​ျဖစ္​​ေနတာ မဟုတ္​။ အျခားအ​ေၾကာင္​း အနည္​းဆံုး တခု​ေတာ့ ႐ွ္ိ​ေနမွာ ​ေသခ်ာ​ေနပါၿပီ။

ျမန္​မာျပည္​သား ၈၀%​ေက်ာ္​သည္​ ဗုဒၶဘာသာ၀င္​မ်ား ျဖစ္​က်လ်က္​ႏွင္​့ လြဲ​ေနၾကပါသည္​။ မိမိ ဆင္​းရဲ ခ်မ္​းသာ ျဖစ္​​ေနသည္​မွာ မိမိ ျပဳခ့ဲ​ေသာ ကံ ​ေၾကာင္​့သာ ဆိုသည္​ကို ​ေမ့​ေလ်ာ့​ေနၾကသည္​။ တခ်ိဳ႕ အမည္​ခံ ဗုဒၶဘာသာ၀င္​မ်ားက​ေတာ့ သ​ေဘာ​ေပါက္​မည္​ မဟုတ္​ပါ။ အမ်ားစုကလဲ ယခုဘ၀လဲ အက်ိဳး႐ွိ ​ေနာက္​ဘ၀လဲ အက်ိဳး႐ွိ ၊ တနည္​း ယခုဘ၀လဲ ကံ​ေကာင္​း၊ ​ေနာက္​ဘ၀​ေတြလဲ ကံ​ေကာင္​းမည္​့ လုပ္​ရပ္​မ်ိဳးကို မလုပ္​​ေဆာင္​ၾကဘဲ ပိုဆိုး ပိုည့ံမည္​့ လုပ္​ရပ္​မ်ိဳးကို လုပ္​​ေနၾကပါသည္​။

ကံဆိုသည္​မွာ ျမန္​မာလို ​ေစတနာပါ​ေသာ အလုပ္​သာျဖစ္​ရာ ကံ​ေကာင္​း​ေအာင္​ ရည္​ရြယ္​ခ်က္​႐ွိ႐ွိ ​ေကာင္​း​ေသာအလုပ္​ကို လုပ္​ရန္​သာျဖစ္​ပါသည္​။ ႀကီးႀကီးက်ယ္​က်ယ္​အလုပ္​မ်ားကို မလုပ္​ႏိုင္​​ေသးလ်ွင္​ ​ေန႔စဥ္​ျပဳ​ေနၾက မိမိအလုပ္​ကိုပင္​ ​ေစတနာထည္​့၍ စလုပ္​ႏိုင္​ပါသည္​။ အနည္​းဆံုး ကံငါးပါးကို ထိမ္​းႏိုင္​ၾကပါသည္​။ လုပ္​ရပ္​က ​ေသးငယ္​​ေသာ္​လည္​း ​ေစတနာမွန္​လ်ွင္​ ​ေညာင္​​ေစ့​ေလာက္​လႉရံုျဖင္​့ ​ေညာင္​ပင္​ႀကီး​ေလာက္​ ရတတ္​ပါသည္​။ တနည္​း တူ​ေသာအက်ိဳး ​ေပးပါလိမ္​့မည္​။

သို႔​ေသာ္​ လက္​႐ွိျမန္​မာျပည္​သား အမ်ားစုသည္​ ကံည့ံ​ေစမည္​့ အျပဳအမူမ်ားကို လုပ္​​ေနၾကပါသည္​။ ​ေန႔စဥ္​ ျပဳမူ​ေနၾကသည္​မွာ ကံနည္​းသည္​ထက္​ နည္​း​ေအာင္​ ျပဳသလို ျဖစ္​​ေနၾကသည္​။ တခ်ိဳ႕​ေ႐ွးကံ​ေၾကာင္​့ ​ေကာင္​း​ေနသူမ်ားကလဲ ​ေနာက္​ဘ၀မ႐ွိ​ေတာ့မွာလို ျပဳ​ေနၾကသည္​။ ဗုဒၶဘာသာကို လံုး၀မသိသည္​့ အထူးသျဖင္​့ အ​ေနာက္​ႏိုင္​ငံမ်ားတြင္​ ကိုယ္​ခ်င္​းစာမႈ ပို႐ွိ​ေနသည္​၊ ပို၍ အလႉအတန္​းျပဳ​ေနသည္​ကို ​ေတြ႕​ေနရသည္​။ ထို႔​ေၾကာင္​့ သူတို႔ခ်မ္​းသာ​ေနသည္​မွာ မထူးဆန္​း​ေတာ့ပါ။

ငါတို႔ကမွ သူတို႔လို မခ်မ္​းသာတာ၊ ဘယ္​လိုလုပ္​ လႉမွာလဲဟု ​ေစာဒကတက္​သူမ်ား ႐ွိပါသည္​။ မလႉလို႔ မ႐ွိ၊ မ႐ွိလို႔ မလႉ ဆို​ေသာ စကားကို သတိရ ​ေစခ်င္​ပါသည္​။ ႐ွင္​း႐ွင္​း​ေလးပါ။ မိမိသည္​ အတိတ္​ဘ၀မ်ားက မလႉခ့ဲ၍ မ႐ွိျခင္​း ျဖစ္​သည္​။ ထို႔အတြက္​ ယခုဘ၀ မလႉလၽွင္​ ​ေနာက္​ဘ၀မ်ား၌ မ႐ွိျဖစ္​​ေနပါမည္​။ ယခုဘ၀ ဤအသိ သိၿပီဆိုလ်ွင္​ ဤသံသရာမွ ​ေဖာက္​ထြက္​ရန္​ ႀကိဳးစားရပါမည္​။ မိမိႏိုင္​သ​ေလာက္​​ေလးမ်ားကို ​ေစတနာသန္​႔သန္​႔ျဖင္​့ ​ေပးကမ္​းျခင္​းမွ စတင္​ႏိုင္​ပါသည္​။ ​ေနာက္​ဘ၀ခ်မ္​းသာ​ေအာင္​ ဤဘ၀တြင္​ ​ေခ်းငွါးၿပီး လႉျခင္​းကိုလဲ အားမ​ေပးပါ။ ကံ ကံဧ။္​အက်ိဳး​ေပးသည္​ အလြန္​႐ႈပ္​​ေထြး​ေသာ​ေၾကာင္​့ပါ။

မိမိ​ေန႔စဥ္​ ျပဳ​ေနက် အလုပ္​မ်ားကိုလဲ ​ေစတနာျဖင္​့ ျပဳလုပ္​​ေပးလွ်င္​လဲ ကံ​ေကာင္​းႏိုင္​ပါသည္​။ ႀကီးႀကီးက်ယ္​က်ယ္​ မဟုတ္​ပါ။ ကား​ေမာင္​း​ေနသူသည္​ မိမိ​ေၾကာင္​့ အျခားကားမ်ား ဒုကၡမ​ေရာက္​​ေစလွ်င္​ ရပါသည္​။ မိမိအဆင္​​ေျပလႇ်င္​ ၿပီးၿပီ ၊ အျခားသူ ဘာျဖစ္​ျဖစ္​ စိတ္​ထားမ်ိဳး မထားသင္​့ပါ။ ခ်မ္​းသာမႈ႔ႏွင္​့ တိုက္​႐ိုက္​ မသက္​ဆိုင္​​ေသာ္​လည္​း ကံ​ေကာင္​းမႈႏွင္​့​ေတာ့ ဆိုင္​ပါသည္​။ ရံုးတာ၀န္​႐ွိသူမ်ားကလဲ မိမိဧ။္​တာ၀န္​ကို ​ေၾက​ေၾကပြန္​ပြန္​ လုပ္​ရံုသာ။ ဒီ​ေကာင္​​ေတာ့ ငါ့အကြက္​ထဲ ​ေရာက္​လာၿပီ၊ ႏႊာလိုက္​ဦးမွ ဆိုၿပီးရလာသည္​့ ခ်မ္​းသာမႈသည္​ ဘယ္​လိုမွ စစ္​မွန္​​ေသာ ခ်မ္​းသာမႈ မျဖစ္​ႏိုင္​ပါ။ သို႔အတြက္​ ပူပင္​​ေနရ​ေသာ ခ်မ္​းသာမႈမ်ိဳးသာ ျဖစ္​ပါလိမ္​့မည္​။

ယခု ျမန္​မာျပည္​တြင္​ ျပည္​သူအမ်ားစု ဘယ္​လိုျပဳမူ​ေနၾကပါသလဲ။ မိမိျပဳသမွ်သာ မိမိျပန္​ရ​ေနပါမည္​။ ဆင္​းရဲမႈပ​ေပ်ာက္​ရန္​ ​ေဆာင္​ရြက္​​ေန​ေသာ္​လည္​း အတိတ္​ကံ ႐ွိလွ်င္​​ေတာ့ မ​ေျပာတတ္​။ ပစၥဳပန္​ကံမ်ားႏွင္​့​ေတာ့ သၾကားမင္​းဆင္​း​ေတာင္​မွ ရမည္​မထင္​​ေၾကာင္​းပါ။

လက္​​ေတြ႔လုပ္​​ေနသူမ်ားကို​ေတာ့ အားနာ​ေၾကာင္​းပါ။ ​ေစတနာျဖင္​့ ​ေဖာ္​​ေဆာင္​​ေပး​ေနသည္​ဆိုလွ်င္​့ ထိုသူ​ေတြ​ေတာ့ ကံ​ေကာင္​းမည္ မွာ အ​ေသအခ်ာပါ။       ။

No comments:

Post a Comment

Thank you.