22 January 2014

ချမ်းသာဖို့

(Unicode version )

က​လေး​တွေအတွက်​ ပညာ​ရေး သင်​ရိုး အသစ်​​တွေ ​ရေးဆွဲ​နေကြပါတယ်​။ သင်​ရိုးနဲ့ ဆိုင်​မဆိုင်​ မသိ​ပေမ့ဲ က​လေး​တွေအတွက်​ သိသင်​့တာ​လေး ​ဆွေး​နွေးချင်​ပါတယ်​။ တသက်​တာ တဘ၀လုံးအတွက်​ ဆိုင်​လို့ပါ။ သူတို့ ငယ်​စဉ်​ကတည်​းက သိသွားယင်​ ​ခေါင်​းထဲ ၀င်​သွားမလားလို့ပါ။



လူတိုင်​း ပိုက်​ဆံ ချမ်​းသာချင်​ကြပါတယ်​။ ပညာ​တွေ အများကြီးတတ်​ယင်​ ပိုက်​ဆံ​တွေ အများကြီးရမယ်​လို့ လူကြီးမိဘ​တွေက သင်​​လေ့ရှိပါတယ်​။ ဟုတ်​မလိုလိုနဲ့ လွဲ​နေပါတယ်​။ ပညာသင်​ချင်​​အောင်​ စွဲ​ဆောင်​တာ ဖြစ်​​ပေမ့ဲ မဖြစ်​လာတ့ဲအခါ က​လေး​တွေ လူကြီးဖြစ်​လာယင်​ တလွဲလုပ်​လာမှာ စိုးလို့ပါ။ ငါ ပညာ​တွေ တတ်​ခ့ဲရဲ့သားနဲ့ ၀င်​​ငွေနဲ​နေပါလား၊ ဟို​ကောင်​​တွေ ငါ​လောက်​ ပညာမတတ်​ဘဲနဲ့ ​ထော​နေပါလား ဆိုတ့ဲ အ​တွေးမှား​တွေ ၀င်​​နေကြတာ အများအပြား ​တွေ့လို့ပါ။



ငယ်​စဉ်​ကတည်​းက ​ပြော​ပြော​ပေးသွားယင်​ နား၀င်​သွားမယ်​ထင်​ပါတယ်​။ ကြီးလာလို့ ကိုယ်​​တွေ့ကြုံလာလဲ သ​ဘော​ပေါက်​သွားမယ်​ ထင်​ပါတယ်​။ ချမ်​းသာ ဆင်​းရဲဟာ အတိတ်​ကံ ပစ္စုပ္ပံကံ နှစ်​ခုနဲ့ ဆိုင်​တ့ဲအ​ကြောင်​းကိုပါ။ ပစ္စုပ္ပံကံအတွက်​ စာကြိုးစားလို့ ရ​ပေမ့ဲ အတိတ်​ကံ ရှိလို့ မတရားလုပ်​ပြီး ချမ်​းသာတ့ဲသူ​တွေကို မှန်​တယ်​ထင်​သွားယင်​ လွဲကုန်​ပါပြီ။



ဒါကြောင်​့ က​လေး​တွေ ငယ်​ငယ်​ကတည်​းက ချမ်​းသာလာ​အောင်​ သမာအာဇီ၀ နည်​းနဲ့သာ ကြိုးစားကြဖို့ ​ပြော​ပေးသင်​့ပါတယ်​။ ပိုက်​ဆံကို အများကြီးရှာချင်​ယင်​ အသက်​​မွေး၀မ်​း​ကြောင်​း ​ရွေးဖို့ လိုပါတယ်​။ စစ်​သားလုပ်​ပြီး အများကြီး ပိုက်​ဆံမရှာသင်​့ပါဘူး။ ဘုန်​းကြီး၀တ်​ပြီးလဲ မရှာသင်​့ပါဘူး။ ​ဆေးကုပြီး​တော့လဲ မရှာသင်​့ပါ။ အသက်​နဲ့ လဲမလားဆိုပြီး ပိုက်​ဆံ​တောင်​းသလို ဖြစ်​​နေမှာပါ။ အန​နေ္တာ အနန္တဂိုဏ်​းထဲမှာ ပါတ့ဲ ဆရာ​တွေလဲ စာသင်​ပြီး မတရား​ငွေ မရှာသင်​့ပါဘူး။ ထိုက်​သင်​့တ့ဲ အခ​ကြေး​ငွေ လစာ​တော့ ​ထောက်​ပ့ံ​ပေးရမှာ​ပေါ့။ ​ငွေအများကြီးရှာချင်​ယင်​ ကုန်​သည်​အလုပ်​နဲ့ဘဲ ​အသက်​​မွေး၀မ်​း​ကျောင်​းသင်​့ပါတယ်​။



အဆိုးဆုံးက​တော့ အစိုးရ အုပ်​ချုပ်​သူလုပ်​ပြီး လုံး၀​ငွေ မရှာသင်​့တာပါဘဲ။ ဒီအလုပ်​ဟာ အများအကျိုးလုပ်​ရမ့ဲ အလုပ်​ပါ။ ခု မြန်​မာပြည်​ကလူ​တွေ အကုန်​လုံးနီးပါး အုပ်​ချုပ်​ခွင်​့ အာဏာရယင်​ ​လုပ်​ပိုင်​ခွင်​့ ရပြီ ၊ ထောပြီဆိုပြီး နားလည်​ထားကြတာပါ။ နှစ်​ငါးဆယ်​ လွဲခ့ဲတ့ဲ အကျိုးဆက်​​တွေ​ပေါ့။ ကြာယင်​ အမှန်​က ဘာဆိုတာ မသိဖြစ်​ကုန်​​တော့မယ်​။ ခု အချိန်​ က​လေး​တွေကတည်​းက ​ပြောပြ သင်​​ပေးယင်​​တော့ ရနိုင်​​ကောင်​းရဲ့လို့​တွေးမိလို့ပါ။



XxXxXx

(Zawgyi version)

က​ေလး​ေတြအတြက္​ ပညာ​ေရး သင္​႐ိုး အသစ္​​ေတြ ​ေရးဆြဲ​ေနၾကပါတယ္​။ သင္​႐ိုးနဲ႔ ဆိုင္​မဆိုင္​ မသိ​ေပမ့ဲ က​ေလး​ေတြအတြက္​ သိသင္​့တာ​ေလး ​ေဆြး​ေႏြးခ်င္​ပါတယ္​။ တသက္​တာ တဘ၀လံုးအတြက္​ ဆိုင္​လို႔ပါ။ သူတို႔ ငယ္​စဥ္​ကတည္​းက သိသြားယင္​ ​ေခါင္​းထဲ ၀င္​သြားမလားလို႔ပါ။

လူတိုင္​း ပိုက္​ဆံ ခ်မ္​းသာခ်င္​ၾကပါတယ္​။ ပညာ​ေတြ အမ်ားႀကီးတတ္​ယင္​ ပိုက္​ဆံ​ေတြ အမ်ားႀကီးရမယ္​လို႔ လူႀကီးမိဘ​ေတြက သင္​​ေလ့႐ွိပါတယ္​။ ဟုတ္​မလိုလိုနဲ႔ လြဲ​ေနပါတယ္​။ ပညာသင္​ခ်င္​​ေအာင္​ စြဲ​ေဆာင္​တာ ျဖစ္​​ေပမ့ဲ မျဖစ္​လာတ့ဲအခါ က​ေလး​ေတြ လူႀကီးျဖစ္​လာယင္​ တလြဲလုပ္​လာမွာ စိုးလို႔ပါ။ ငါ ပညာ​ေတြ တတ္​ခ့ဲရဲ႕သားနဲ႔ ၀င္​​ေငြနဲ​ေနပါလား၊ ဟို​ေကာင္​​ေတြ ငါ​ေလာက္​ ပညာမတတ္​ဘဲနဲ႔ ​ေထာ​ေနပါလား ဆိုတ့ဲ အ​ေတြးမွား​ေတြ ၀င္​​ေနၾကတာ အမ်ားအျပား ​ေတြ႔လို႔ပါ။

ငယ္​စဥ္​ကတည္​းက ​ေျပာ​ေျပာ​ေပးသြားယင္​ နား၀င္​သြားမယ္​ထင္​ပါတယ္​။ ႀကီးလာလို႔ ကိုယ္​​ေတြ႔ၾကံဳလာလဲ သ​ေဘာ​ေပါက္​သြားမယ္​ ထင္​ပါတယ္​။ ခ်မ္​းသာ ဆင္​းရဲဟာ အတိတ္​ကံ ပစၥဳပံၸကံ ႏွစ္​ခုနဲ႔ ဆိုင္​တ့ဲအ​ေၾကာင္​းကိုပါ။ ပစၥဳပၸံကံအတြက္​ စာႀကိဳးစားလို႔ ရ​ေပမ့ဲ အတိတ္​ကံ ႐ွိလို႔ မတရားလုပ္​ၿပီး ခ်မ္​းသာတ့ဲသူ​ေတြကို မွန္​တယ္​ထင္​သြားယင္​ လြဲကုန္​ပါၿပီ။

ဒါေၾကာင္​့ က​ေလး​ေတြ ငယ္​ငယ္​ကတည္​းက ခ်မ္​းသာလာ​ေအာင္​ သမာအာဇီ၀ နည္​းနဲ႔သာ ႀကိဳးစားၾကဖို႔ ​ေျပာ​ေပးသင္​့ပါတယ္​။ ပိုက္​ဆံကို အမ်ားႀကီး႐ွာခ်င္​ယင္​ အသက္​​ေမြး၀မ္​း​ေၾကာင္​း ​ေရြးဖို႔ လိုပါတယ္​။ စစ္​သားလုပ္​ၿပီး အမ်ားႀကီး ပိုက္​ဆံမ႐ွာသင္​့ပါဘူး။ ဘုန္​းႀကီး၀တ္​ၿပီးလဲ မ႐ွာသင္​့ပါဘူး။ ​ေဆးကုၿပီး​ေတာ့လဲ မ႐ွာသင္​့ပါ။ အသက္​နဲ႔ လဲမလားဆိုၿပီး ပိုက္​ဆံ​ေတာင္​းသလို ျဖစ္​​ေနမွာပါ။ အန​ေႏၲာ အနႏၲဂိုဏ္​းထဲမွာ ပါတ့ဲ ဆရာ​ေတြလဲ စာသင္​ၿပီး မတရား​ေငြ မ႐ွာသင္​့ပါဘူး။ ထိုက္​သင္​့တ့ဲ အခ​ေၾကး​ေငြ လစာ​ေတာ့ ​ေထာက္​ပ့ံ​ေပးရမွာ​ေပါ့။ ​ေငြအမ်ားႀကီး႐ွာခ်င္​ယင္​ ကုန္​သည္​အလုပ္​နဲ႔ဘဲ ​အသက္​​ေမြး၀မ္​း​ေက်ာင္​းသင္​့ပါတယ္​။

အဆိုးဆံုးက​ေတာ့ အစိုးရ အုပ္​ခ်ဳပ္​သူလုပ္​ၿပီး လံုး၀​ေငြ မ႐ွာသင္​့တာပါဘဲ။ ဒီအလုပ္​ဟာ အမ်ားအက်ိဳးလုပ္​ရမ့ဲ အလုပ္​ပါ။ ခု ျမန္​မာျပည္​ကလူ​ေတြ အကုန္​လံုးနီးပါး အုပ္​ခ်ဳပ္​ခြင္​့ အာဏာရယင္​ ​လုပ္​ပိုင္​ခြင္​့ ရၿပီ ၊ ေထာၿပီဆိုၿပီး နားလည္​ထားၾကတာပါ။ ႏွစ္​ငါးဆယ္​ လြဲခ့ဲတ့ဲ အက်ိဳးဆက္​​ေတြ​ေပါ့။ ၾကာယင္​ အမွန္​က ဘာဆိုတာ မသိျဖစ္​ကုန္​​ေတာ့မယ္​။ ခု အခ်ိန္​ က​ေလး​ေတြကတည္​းက ​ေျပာျပ သင္​​ေပးယင္​​ေတာ့ ရႏိုင္​​ေကာင္​းရဲ႕လို႔​ေတြးမိလို႔ပါ။

No comments:

Post a Comment

Thank you.