17 November 2007
ဂမ်ဘာရီ
(Unicode version )
ဒီ တစ်ပါတ်ထဲ ကြည့်ရတဲ့ သတင်းတွေထဲမှာ ဂမ်ဘာရီ မြန်မာပြည် လာပြီး လေ့လာ ပြန်သွားတဲ့သတင်းတွေကြည့်ရပါတယ်။ အမြဲကြည့်ဖြစ်တဲ့ Channel News Asia မှာရော ၊
Aljazeera မှာရော အများအပြား ပြကြပါတယ်၊ ဂမ်ဘာရီ U.N. Security Council မှာ
ပြန်ရှင်းပြတာလဲ ကြည့်ရပါတယ် ။ အဲဒီနောက် ကုလသမဂ္စ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး
နဲ ့ ဗြိတိန်သံအမတ်ကြီး တို ့ဆွေးနွေးတာ ပြပါတယ် ။
နောက်ဆုံးမှာတော့ တရုပ်သံအမတ်ကြီး ဆွေးနွေးပါတယ် ။ သူပြောတာက " ဂမ်ဘာရီ နဲ ့ U.N. ရဲ ့ အားထုတ်မှုကိုထောက်ခံကြောင်း ၊ ဂမ်ဘာရီ အကြိမ်ကြိမ် ပြောခဲ့သလို ၊
ပြောင်းလဲမှုကို ချက်ချင်းမရနိုင်ကြောင်း ၊ ရောမမြို ့ကို တစ်ရက်ထဲ ဆောက်ခဲ့တာ မဟုတ်ကြောင်း " ပြောခဲ့ပါတယ် ။
ကျွန်တော်က နိုင်ငံရေးနားမလည်ပါဘူး ။ ဒါပေမဲ့ တစ်ခုစဉ်းစားမိတယ် ။ ရောမမြို ့ကို
တစ်ရက်နဲ ့မတည်ဆောက်နိုင်ပေမဲ့ တရုပ်နိုင်ငံ က ထုတ်တဲ့ အိမ်ဆောက်ပစ္စည်း တွေ
ဖြစ်တဲ့ ဘိလပ်မြေ တို ့ သံချောင်းတို ့ လျှပ်စစ်ပစ္စည်းတို ့ နဲ ့ ကူညီ လိုက်ယင်တော့ ပို
မြန်မြန် ပြီးသွားမယ် ထင်တာပါဘဲ ။
ကူညီလိုက်ပါ ပေါက်ဖေါ်တို့ရာ။
XxXxXx
(Zawgyi version )
ကူညီလိုက်ပါ ပေါက်ဖေါ်တ်ု့ ရာ ။
11 November 2007
နှင်းဆီစော
BLOG တွေမှာ ကဗျာတွေ ထည့်ကြတာ တွေ ့ရလို ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ရေးခဲ့တဲ့
မှတ်မိ တဲ့ ကဗျာလေး ရေး လိုက်ပါတယ် ၊ ပြန်စဉ်းစားတော့ ရည်ရွယ်တဲ့ ကောင်မလေး နာမည်တောင ်မမှတ်မိတော့ ပါဘူး ။ ဦးမောင်ကြီး တော့ မှတ်မိ ကောင်းပါရဲ့ ။
နှင်း ဆီ စော
ပျော် ရ မ လား ဟင်
စိတ် တွင် အ မြဲ ဘဲ
အ သဲ စွဲ နေ ကာ မှ
ငို ချင် စ ရာ သူ ပြော
စော က တော့ ချစ် နိုင် ဘူး
စိတ် ထား ရိုင် မ ကြား ရဲ
ဒါ ဘဲ ပြော နဲ ့ နော်
ဒို ့ ငို ချင် လို ့ ။
ကျွန်တော် နဲ့ မောင်း
(Unicode version )
မောင်းဆိုတာ တီးစရာ ပစ္စည်း ကိုဆိုလိုတာမဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားတွေကို နှိပ်စက်နေတဲ့ ၃ လုံး ၊ ၂ လုံး ၊ ၁ လုံး ထဲကနောက်ဆုံးပေါ် လောင်းကစားနည်း တစ်မျိုးဘဲဖြစ်ပါတယ် ၊ ဘောလုံးပွဲကို နည်းမျိုးစုံလောင်းနေတဲ့ အထဲက အခုခေတ်အစားဆုံး
ဖြစ်နေတဲ့ကစားနည်း ပါဘဲ ။
ဘောလုံးပွဲ တစ်ပွဲလုံးကို လောင်းယင် body လောင်းတယ်လို ့ ခေါ်ကြပါတယ် ။ နှစ်ဖက်အသင်း ဂိုး ဘယ်လောက်သွင်းမလဲ လောင်းတာကို
ဂိုးပေါင်း လို ့ ခေါ်ပါတယ် ၊ မောင်းဆိုတာကတော့ အနဲဆုံး ၄ ပွဲ ကနေ အများဆုံး ၈ ပွဲ အထိ ခန် ့မှန်းလောင်းရ တာ ပါ ။ အားလုံးမှန်မှ လျှော်ကြေး ရတာပါ ၊ တစ်ပွဲလွဲ ယင်မရပါ ဘူး ၊ အသေးစိတ်ကိုတော့ နမူနာ မောင်း စာရွက် မှာကြည့်နိုင်ပါတယ် ။
ဘောလုံးပွဲတွေကလဲများမှများ ဆိုတော့ တစ်ပါတ်ကို လေးငါး ပွဲ လောက်တော့
လောင်းလို ့ရပါတယ် ၊ ဘောလုံးပွဲ လုံး၀နားမလည်တဲ့ သူတွေတောင် လောင်းချင်တော့ ၀င်ပါကြတယ် ။ အားကစားဂျာနယ် တွေထဲက ခန် ့မှန်းတေ ွဖတ်ပြီး လောင်းတော့ အားကစားဂျာနယ်တွေ ရောင်းကောင်းနေကြပါတယ် ။ ဂျာနယ်တွေထဲက ခန် ့မှန်းတွေကိုစုပြီး ချဲထီ မှာ ချိုင်း ကြည့်သလို ကြည့်လောင်းတဲ့ သူတောင်တွေ ့ဘူးတယ် ၊ ရောင်စုံ ဘောပင်တွေနဲ ့ ရှုပ်နေ တာပါဘဲ ။
အမှန်က ဒီလောင်းနည်းက ဘောလုံးဘိုးအေ အင်္ဂလန်မှာ လောင်းနေတာကြာပါပြီ ၊ တစ်ပါတ်အတွင်းကန်တဲ့ အတန်းလေးတန်း လုံးက ပွဲတောင် မောင်း လောင်းလို ့ရပါတယ် ၊ ဒါပေမဲ့ အင်္ဂလိပ်လူမျိူးက ဗမာတို ့ တရုပ်တို ့ လိုမကြမ်းပါဘူး ။ ၀င်ငွေထဲက လောင်းဖို ့ငွေ သတ်မှတ်ပြီး တတ်နိုင်သလောက် လောင်းကြတာပါ ။
ကျွန်တော်လဲ အင်္ဂလိပ်တွေကို အားကျပြီး နဲနဲ နဲနဲ လုပ်နေတာ တစ်ခါမှမရပါဘူး ၊ ခြောက်မောင်းလောင်းယင် တစ်မောင်း လောက်ဘဲမှန်တတ်ပါတယ် ၊ တစ်ခါဆို အားလုံးတောင် လွဲဘူးပါတယ် ။ ကျွန်တော်ည့ံလို ့ မဟုတ်ပါဘူး ၊ ကံဆိုး လို ့ပါ ၊ ဟဲဟဲ။
တကယ်က လောင်းကစား မှန်သမျှ ကံထ ဖို ့ လိုတယ် မဟုတ်ပါလားဗျာ ။
XxXxXx
(Zawgyi version)
08 November 2007
ကျွန်တော် နဲ့ ဂမ်ဘာရီ
(Unicode version )
သေသေချာချာဖတ်ကြပါ ခင်ဗျာ ။ ကျွန်တော် နဲ ့ ဂမ်ဘီယ မပာုတ်ပါဘူး ၊ ဂမ်ဘီယ ကို ကျွန်တော် နဲနဲမှမသိပါဘူး၊
ဦးမောင်ကြီး ကမှ မှော်ဘီ က မင်းသိင်္ခ ခြံ ရောက်ဖူးတော့နဲနဲပါးပါး သိပါဦးမယ်၊
ဒါဆို ဂမ်ဘာရီ ကရော မင်းနဲ့ဘာဆိုင်လို ့လဲ လို ့မေးစရာရှိပါမယ် ။
ဂမ်ဘာရီ ကို ကျွန်တော်နဲ့အတူတူ မြန်မာပြည်သားတွေမျှော်နေကြပါတယ် ၊အခြားလူတွေကတော့ တွေ ့ဆုံဆွေးနွေးရေးဖြစ်ပေါ် ဖို ့တို ့၊ အမျိုးသား စည်းလုံးညီညွတ်ရေးNational reconciliation
တို ့ကို ရည်မှန်းပြီး မျှော််နေကြမှာပါ ၊ တချို ့လဲ သိပ်အားမရှိရှာကြပါဘူး ၊
ကိုဖေမောင်ပာိန်း ကတော့ပြောပါတယ် ၊(သူပြောတာကတော့ ဒါ သူ ့စကားမဟုတ်ပါဘူး၊
သူတို ့အိမ်နားက ဆိုက်ကားဆရာ ပြောတာပါတဲ ့ )" ဂမ်ဘာရီ လာလဲ ဘာ ဖြစ်မှာလဲ အကိုရာ၊
လာပြီးပြန်သွားမှာ ပါ " တဲ ့ ၊ အင်း! ဂမ်ဘာရီဘဲ ဒီမှာတသက်လုံး နေပေးရတော့မလိုလို ၊
ကျွန်တော် နဲ ့ ဂမ်ဘာရီ ကိစ္စ ပြောပါတော့မယ် ၊ မနေ ့ညကလဲ R.F.A က အင်တာဗျူးမှာ
လွှင့်သွားပါတယ် ၊ ဂမ်ဘာရီ ခရီးစဉ် အောင်မြင်မှု ့ကို ဘာနဲ ့တိုင်းတာမလဲတဲ့ ၊ ဖြေသူကရှင်းပြ
ပါတယ် ၊ ဒီခရီးစဉ်အပြီး မှန်းထားတဲ့ ရလဒ်အပေါ်မူတည်တာပါဘဲ ၊ အားလုံးပြေလည်သွားမယ်လိုမှန်းထားယင် ဒီခရီးစဉ် မအောင်မြင်ဘူးပေါ့ ၊ စောင့်လက်စနဲ ့ နဲနဲသည်းခံစောင့်ကြ ပါဦးပေါ့၊
အင်း တော် တော် သည်း ခံ ကြရ ဦး မှာ ပါ ၊
ကျွန်တော့့်အတွက်တော့ သူ ့ခရီးစဉ် အောင်မြင်တယ်လို ့ သတ်မှတ်ပါတယ် ၊ စောင့််ရကျိုး
နပ်တယ်လေ ၊ ကျွန်တော်မှန်းထားတာက မစ္စတာ ဂမ်ဘာရီ လာယင် Internet တွေ ပြန်ပွင့်
မယ်အထိဘဲ မှန်းထားတာ ၊ ဟော ခုတော့ ဒဲ့ ဘဲ ။
ကျွန်တော် နဲ ့ ဂမ်ဘာရီ ဆိုင်တဲ့အကြောင်း ရှင်းသွားပြီ ထင်ပါတယ် ၊ကျွန်တော်ဖတ် ချင်တာ လုပ်ချင်တာတွေ ပြန် လုပ် လို ့ရနေပြီလေ ။
ကျေးဇူးပါ မစ္စတာ ဂမ်ဘာရီ ၊
XxXxXx
(Zawgyi version)
တို့ ကို ရည်မှန်းပြီး မျှော်နေကြမှာပါ ၊ တချို့ လဲ သိပ်အားမရှိရှာ ကြပါဘူး ၊
ကိုဖေမောင်ပိာန်း ကတော့ပြောပါတယ် ၊(သူပြောတာကတော့ ဒါ သူ့ စကားမဟုတ်ပါဘူး၊
ကျွန်တော့်အတွက်တော့ သူ့ ခရီးစဉ် အောင်မြင်တယ်လို့  သတ်မှတ်ပါတယ် ၊ စောင့်ရကျိုး
တို့ ကို ရည်မှန်းပြီး မျှော်နေကြမှာပါ ၊ တချို့ လဲ သိပ်အားမရှိရှာ
ကိုဖေမောင်ပိာန်း ကတော့ပြောပါတယ် ၊(သူပြောတာကတော့ ဒါ သူ့ စကားမဟုတ်ပါဘူး၊
ကျွန်တော့်အတွက်တော့ သူ့ ခရီးစဉ် အောင်မြင်တယ်လို့  သတ်မှတ်ပါတယ် ၊ စောင့်ရကျိုး
ကျေးဇူးပါ မစ္စတာ ဂမ္ဘာရီ ၊
06 November 2007
RIT နဲ့ ဖေမောင်သိန်း
လွန်ခဲ့တဲ့ ၁၉ နှစ်က ထုတ်ခဲ့တဲ့ စက်မှုအားမန် စာစောင် လေးကို အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်။ internet ပေါ်မှာသိမ်းယင် တသက်လုံးမပျောက်တော့ဘူး ဆိုလို ့ပါ။
ဒီပုံက ၁၁-၉-၈၈ ကထုတ်တဲ့ စာစောင် အမှတ်စဉ် ၂ ကပါ။
ဒီပုံက ၁၄-၉-၈၈ ကထုတ်တဲ့ စာစောင် အမှတ်စဉ် ၃ ကပါ။
ဒီပုံက ၁၄-၉-၈၈ ကထုတ်တဲ့ စာစောင် အမှတ်စဉ် ၄ ကပါ။
ဒီပုံတွေကို ကိုဖေမောင်သိန်း RIT ဗိသုကာ ကျောင်းသား က ရေးဆွဲ ခဲ့ပါတယ်။
အမှတ်စဉ် ၁ ကိုတော့ ရှာမတွေ့လို့ မထည့်လိုက်ရတာ ၀မ်းနည်းပါတယ်၊ နောင်ရှာတွေ ့မှထပ်ထည့်ပေးပါမယ်။
27 October 2007
My home 2007
ဒီလမ်းကလေးပာာ အိမ်ကို ဦးတည်နေထဲ့ လမ်းကလေးပါ။လွန်ခဲ့တဲ့ ခုနှစ်နှစ်က စိုက်ထားတဲ့ အပင်ထွေနဲ့ စိမ်းစိုနေပြီပေါ့ ။ဒီပုံကို ၂၀၀၇ အောက်ထိုဘာ လ ထဲ မှာ ရိုက်ထားတာပါ။နောက်နှစ်ဆို ဘာတွေပြောင်း သွား မလဲ စောင့်ကြည့် ရ ဦး မယ် ။
ကျွန်တော့ အတွက် အမှတ်တရကတော့ ဆိုက်ကယ် စီးသင်တုံး ဒီလမ်းလေးအတိုင်း လှိမ့်ချ လိုက်တာ အောက်ရောက်တော ့မကွေ့နိုင်ဘဲ နံရံ နဲ့ တိုက်မိတာဘဲ ရှိဘူးပါတယ်။သိပ်မနာပါဘူး ဟီးဟီး ။
ကျွန်တော့ အတွက် အမှတ်တရကတော့ ဆိုက်ကယ် စီးသင်တုံး ဒီလမ်းလေးအတိုင်း လှိမ့်ချ လိုက်တာ အောက်ရောက်တော ့မကွေ့နိုင်ဘဲ နံရံ နဲ့ တိုက်မိတာဘဲ ရှိဘူးပါတယ်။သိပ်မနာပါဘူး ဟီးဟီး ။
Labels:
aplar,
home,
ကျွန်တော့်ရဲ့အိမ်,
အာပလာ,
အိမ်
Subscribe to:
Posts (Atom)