18 December 2020

ပန်းယွန်း နဲ့ ပန်းချီ၊


 










ပန်းဆယ်မျိုးစီးရီးရဲ့ နောက်ဆုံးနှစ်မျိုး ပန်းယွန်းနဲ့ ပန်းချီ တံဆိပ်ခေါင်း နှစ်ခေါင်းထွက်တယ်။ နှစ်ရာကျပ်တန်တွေပါဘဲ။ FDC နှစ်မျိုးလည်းထွက်တယ်။

.

မြန်မာပြည်အတွက် ဒုတိယစီးရီးစ်တော့ ပြီးသွားပြီ။ တံဆိပ်ခေါင်းတွေက စီးရီးစ်လည်း ပီသတယ်။ ဒီဇိုင်းတွေလည်း ကောင်းပါတယ်။ နောက်ထပ်လည်း ထုတ်ဦးမယ်လို့ မျှော်လင့်ပါတယ်။

.

လိုနေတာက ပုံနှိပ်တာဘဲ။ တံဆိပ်ခေါင်းတွေမှာ ရွေ့နေတာတွေ၊ အရောင်မမှန်တာတွေ တွေ့နေရတယ်။ ဒီဇိုင်းမှာ အရောင်ထွက် တောက်ပနေပေမယ့် တံဆိပ်ခေါင်းက မွဲနေတတ်တယ်။ နောက်က ကော်မပါဘူး။ ဒါမျိုးတွေကို ပြောင်းလဲပစ်ဖို့ တံဆိပ်ခေါင်းပုံနှိပ်စက် ပြောင်းဖို့လိုနေပါပြီ။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကအတိုင်း တံဆိပ်ခေါင်းထုတ်နေတုံးဘဲ။ 

No comments:

Post a Comment

Thank you.