27 August 2019

လှစိုးဝေရဲ့ 9/12 အလွန်စစ်ပွဲများ


(Zawgyi  version) 

.
.
.
.
.
.

XxXxXx

(Unicode version )

   ဆရာလှစိုးဝေရဲ့ '' အင်ပါယာများပြိုကွဲခြင်း၊ သံကန့်လန့်ကာကြီးနောက်ကွယ်နှင့် 9/11 အလွန်စစ်ပွဲများ စာအုပ်ဖတ်ဖြစ်ပါတယ်။ ဆရာ့ကို အင်တာနက်စာမျက်နှာများမှာ နိုင်ငံရေးဆောင်းပါး အရေးများသူအဖြစ် သိထားပါတယ်။
.
ဒီစာအုပ်မှာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲများအကြောင်း စုစည်း​​ေဖာ်ပြထားပါတယ်။ စစ်ပွဲများကြောင့် အင်ပါယာများပြိုကွဲရသလို လက်ရှိရာစုအတွက်လည်း နိုင်ငံရေးတွန်းအားများ ဖြစ်လာတဲ့အတွက် စုစည်းရေးသားခဲ့တယ်လို့ ဆိုပါတယ်။
.
အနှစ်ချုပ်ဖော်ပြထားတဲ့ စစ်ပွဲတွေက ပါလက်စတိုင်းစစ်ပွဲများ၊ အင်ဂိုလာ၊ အင်ဒိုချိုင်းနား၊ ဒိန်ပင်ဖူး၊ အယ်ဂျီးရီးယား၊ အာရပ်အစ္စရေး စစ်ပွဲများမှသည် ဒီဘက်ခေတ် ဘော်လ်ကန်၊ ဆိုမားလိယား၊ ရဝမ်ဒါ၊ ဆူဒန်နဲ့ အယ်ကိုင်ဒါစစ်ပွဲများအထိ ပါဝင်ပါတယ်။ စစ်ပွဲတွေအကြောင်း အစုံဆုံး အနှစ်ချုပ်စာအုပ်လေးပါဘဲ။
.
​ဗဟုသုတရစရာများလည်း ပါဝင်ပါတယ်။ စစ်အေးတိုက်ပွဲ cold war ဆိုတာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆို​ဗီယာက်ရုရှအကြား ရင်ဆိုင်တိုက်ပွဲ မရှိခဲ့တဲ့စစ်ပါ။ ဒါပေမယ့် သူတို့နှစ်ဘက်ရဲ့ ငွေကြေးလက်နက် ထောက်ပံ့မှုနဲ့ အခြားဒေသတွေမှာ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါသတဲ့။ ​ဗီယက်နမ်စစ်တို့ အာဖဂန်စစ်တို့ဟာ အဲဒီအကျိုးဆက်ရဲ့ ဥပမာတချို့ ဖြစ်ပါလိမ့်မယ်။
.
စစ်အေးတိုက်ပွဲခေတ်မှာ အသုံးများခဲ့တဲ့ သံကန့်လန့်ကာ ဆိုတဲ့ စကားလုံးကို ၁၉၄၆ခု မတ်လ၅ရက်နေ့မှာ အမေရိကန်အနောက်အလယ်ပိုင်း ဖူလ်တမ်မြို့ရှိ ဝက်မစ်နစ်စတာကောလိပ်မှာ ​​ ချာချီက အစပြုသုံးစွဲခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။
.
ဒါ့အပြင် ကိုရီးယားစစ်ပွဲကာလမှာ လက်ရှိတောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ဟာ မြောက်​ကိုရီးယားလက်အောက်သို့ နှစ်ကြိမ်ကျရောက်ဘူးတာကိုလည်း သိခဲ့ရပါတယ်။
.
စစ်ပွဲဆိုတာ ဘယ်လိုပင် အကြောင်းပြသည်ဖြစ်စေ မိမိဖြစ်လိုသည်ကို ဆွေးနွေးမှုမပြုဘဲ အင်အားသုံးဖြစ်စေသည်က စခဲ့တာပါတဲ့။ ဒါကြောင့် စစ်ပွဲများကြောင့် အင်ပါယာများ ပြိုကွဲခဲ့ရသလို အသစ်ဖြစ်လာနိုင်စရာ လမ်းကြောင်းများလည်း ရှိလာနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေး စစ်ရေးလေ့လာလိုသူ လူငယ်များအတွက် အနှစ်ချုပ်ပေးထားတဲ့စာအုပ်ဖြစ်လို့ စိတ်ဝင်စားသူများအတွက် အတော်ပါဘဲ​ဗျာ။ 

No comments:

Post a Comment

Thank you.