03 August 2019
လူတယောက်ရဲ့ အနာဂတ်၊
(Zawgyi version)
.
.
စဉ်းစားမိပါတယ်။ ၈၈နောက်ပိုင်း ဒီဆရာဝန်ထက် ပိုဆိုးစွာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ခဲ့သူတွေ ရှိခဲ့ပါတယ်။ ပြည်သူတွေကို အာဏာရှင်စံနစ်နဲ့ နှိပ်စက်ခဲ့သူတွေ ရှိခဲ့ပါတယ်။ သူတို့ရဲ့ မိသားစုတွေ အနာဂတ်မှာ ဘယ်လိုကျန်နေခဲ့မလည်း မစဉ်းစားကြဘူးလား။ ကိုယ်လုပ်ပိုင်ခွင့်ရှိချိန် လုပ်ခဲ့သမျှအတွက် ကိုယ်မရှိချိန်မှာ ကိုယ့်မိသားစုကျန်ရစ်သူတွေ မျက်နှာငယ်ကျန်ရစ်မှာ မစိုးကြဘူးလား။ 
.
XxXxXx
(Unicode version )
   ပြီးခ့ဲတ့ဲ ရက်အနည်းငယ်က ဖေ့ဘုတ်ပေါ်မှာ နာရေးကြော်ငြာတခု ပြန့်ခ့ဲပါတယ်။ အကျဉ်းဌာနမှာ တာဝန်ထမ်းခ့ဲတ့ဲ ဆရာဝန်ကြီးတဦးရဲ့ နာရေးပါ။ ကောင်းသော စာများနဲ့ ပြန့်နှံ့ခြင်းတော့ မဟုတ်ရပါ။
.
နာရေးကြော်ငြာဆိုတော့ မိသားစုဝင်တွေ အမည်အပြည့်အစုံနဲ့ပေါ့။ သားသမီးတွေသာမက မြေးတွေအထိပါပါတယ်။ ဒီလူတွေ ဘယ်လိုမျက်နှာထားကြမှာပါလိမ့်။ ကျင်လယ်ရာပတ်ဝန်းကျင်မှာ အရင်ကမသိခ့ဲကြတောင် ခုသိကုန်ပြီမို့ ဆက်ဆံရေး ခက်ကုန်နိုင်ပါတယ်။
.
စဉ်းစားမိပါတယ်။ ၈၈နောက်ပိုင်း ဒီဆရာဝန်ထက် ပိုဆိုးစွာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ခ့ဲသူတွေ ရှိခ့ဲပါတယ်။ ပြည်သူတွေကို အာဏာရှင်စံနစ်နဲ့ နှိပ်စက်ခ့ဲသူတွေ ရှိခ့ဲပါတယ်။ သူတို့ရဲ့ မိသားစုတွေ အနာဂတ်မှာ ဘယ်လိုကျန်နေခ့ဲမလည်း မစဉ်းစားကြဘူးလား။ ကိုယ်လုပ်ပိုင်ခွင့်ရှိချိန် လုပ်ခ့ဲသမျှအတွက် ကိုယ်မရှိချိန်မှာ ကိုယ့်မိသားစုကျန်ရစ်သူတွေ မျက်နှာငယ်ကျန်ရစ်မှာ မစိုးကြဘူးလား။ 
.
သေချာစဉ်းစားကြည့်ပါ။ ကိုယ်သေသွားတောင် ကိုယ့်သားမြေးမြစ် ကျန်ခ့ဲမှာပါ။ ချစ်စရာကောင်းတ့ဲ မြန်မာ့အလေ့အရ လက်စားချေမှုတွေ မရှိလို့သာ တော်တော့တာ။ လူတောတိုးဖို့ အတော်ခက်ပါလိမ့်မယ်။ ကိုယ့်သားသမီးမြေမြစ်ကို မချစ်ကြတော့ဘူးလား။ သူတို့ထိုက်နဲ့သူတို့ကံဘဲလား။ အာဏာရှင်ခေတ်ကို တမ်းတကြိုက်နှစ်ပြီး ပုံတူလုပ်နေဆဲ ခုတာဝန်ရှိသူတွေလည်း စဉ်းစားစေချင်ပါတယ်။ 
No comments:
Post a Comment
Thank you.