08 August 2019

အာဆီယံအထိမ်းအမှတ် တံဆိပ်ခေါင်း


(Zawgyi version)

   ၂၀၁၉ခုႏွစ္ရဲ႕ '၈'လပိုင္း '၈'ရက္ေန႔မွာ တိုင္းရင္းသားပံုေတြနဲ႔ တံဆိပ္ေခါင္း '၈'ေခါင္းပါစာရြက္(sheet) ႏွစ္မ်ိဳးထုတ္တယ္။ ၈ဂဏန္း ေလးခုဆိုေတာ့ '၈' ေလးလံုးအထိမ္းအမွတ္လို႔ဘဲ ကိုယ့္ဖာသာမွတ္ယူလိုက္ပါတယ္။ ထုတ္တ့ဲအထိမ္းအမွတ္ကေတာ့ အာဆီယံအဖြဲ႔ ၅၂ႏွစ္ျပည့္ပါ။
.
ဒီတခါထုတ္တာ ထူးျခားခ်က္ေတြ႐ွိပါတယ္။ အားလံုး၁၆ေခါင္းဆိုေတာ့ တႀကိမ္ထဲမွာ ပံုစံမတူတံဆိပ္ေခါင္း အမ်ားဆံုးထုတ္တာပါ။ အစဥ္သံုးေတာ့ မဆိုင္ဘူးေပါ့။ အစဥ္သံုးေတာင္ ခြဲထုတ္တာမို႔ တႀကိမ္ထဲမွာ ဒီေလာက္မမ်ားႏိုင္ပါ။ ပံုစံတူအမ်ားဆံုးကေတာ့ ပထမအႀကိမ္ အာဇာနည္ေန႔အထိမ္းအမွတ္ေခါင္းေတြပါ။
.
ေနာက္ထူးျခားခ်က္က ဒီႏွစ္ရဲ့ဒီလ ၾသဂုတ္လ တလအတြင္းမွာ တံဆိပ္ေခါင္း သံုးႀကိမ္ထြက္တာပါ။ ျမန္မာလဆန္းတရက္ေန႔တိုင္း ထုတ္တ့ဲ ပန္းနဲ႔ပြဲ စီးရီးကလည္း တလထဲ ႏွစ္ႀကိမ္က်တာျဖစ္လို႔ပါ။  တလထဲသံုးႀကိမ္ထုတ္တာ ျမန္မာ့စာပို႔သမိုင္းမွာ မ႐ွိေသးပါဘူး။
.
တံဆိပ္ေခါင္း ၈လံုးႏွစ္စံု၊ ၁၆ေခါင္းအျပင္ FDCႏွစ္မ်ိဳး၊ ပို႔စ္ကဒ္တခု၊ အသင့္သိမ္းဖို႔ အယ္လ္ဘမ္တခုပါ ထုတ္ေဝပါတယ္။ အသင္းနဲ႔ ကိုယ္ပိုင္ထုတ္ FDCေတြ ေတြ႔ရပါတယ္။ ေ႐ွးကထုတ္ခ့ဲတ့ဲ အစဥ္သံုး တိုင္းရင္းသားပံုေတြနဲ႔ FDC လုပ္တာလည္း ေတြ႔ရပါတယ္။
.
တံဆိပ္ေခါင္းက တရာက်ပ္တန္ပါ။ တစံုဆို ၁၆၀၀က်ပ္ပါ။ ပို႔စကဒ္က ၁၀၀က်ပ္၊ FDCက ဆိုဒ္ႀကီးသြားေပမ့ဲ ၂၀၀က်ပ္ပါ။ အခု၁၀၀၀ဘဲထုတ္တ့ဲ အယ္ဘမ္ကေတာ့ ၂၅၀၀က်ပ္ပါ။ တႀကိမ္ထဲ အမ်ိဳးစံုထုတ္ေတာ့ စုသူေတြေပ်ာ္ၾကေပမယ့္ ကုန္က်ေငြေတာ့ အီသြားၾကပါလိမ့္မယ္။

XxXxXx

(Unicode version)


   ၂၀၁၉ခုနှစ်ရဲ့ '၈'လပိုင်း '၈'ရက်နေ့မှာ တိုင်းရင်းသားပုံတွေနဲ့ တံဆိပ်ခေါင်း '၈'ခေါင်းပါစာရွက်(sheet) နှစ်မျိုးထုတ်တယ်။ ၈ဂဏန်း လေးခုဆိုတော့ '၈' လေးလုံးအထိမ်းအမှတ်လို့ဘဲ ကိုယ့်ဖာသာမှတ်ယူလိုက်ပါတယ်။ ထုတ်တ့ဲအထိမ်းအမှတ်ကတော့ အာဆီယံအဖွဲ့ ၅၂နှစ်ပြည့်ပါ။

.

ဒီတခါထုတ်တာ ထူးခြားချက်တွေရှိပါတယ်။ အားလုံး၁၆ခေါင်းဆိုတော့ တကြိမ်ထဲမှာ ပုံစံမတူတံဆိပ်ခေါင်း အများဆုံးထုတ်တာပါ။ အစဉ်သုံးတော့ မဆိုင်ဘူးပေါ့။ အစဉ်သုံးတောင် ခွဲထုတ်တာမို့ တကြိမ်ထဲမှာ ဒီလောက်မများနိုင်ပါ။ ပုံစံတူအများဆုံးကတော့ ပထမအကြိမ် အာဇာနည်နေ့အထိမ်းအမှတ်ခေါင်းတွေပါ။

.

နောက်ထူးခြားချက်က ဒီနှစ်ရဲ့ဒီလ သြဂုတ်လ တလအတွင်းမှာ တံဆိပ်ခေါင်း သုံးကြိမ်ထွက်တာပါ။ မြန်မာလဆန်းတရက်နေ့တိုင်း ထုတ်တ့ဲ ပန်းနဲ့ပွဲ စီးရီးကလည်း တလထဲ နှစ်ကြိမ်ကျတာဖြစ်လို့ပါ။ တလထဲသုံးကြိမ်ထုတ်တာ မြန်မာ့စာပို့သမိုင်းမှာ မရှိသေးပါဘူး။

.

တံဆိပ်ခေါင်း ၈လုံးနှစ်စုံ၊ ၁၆ခေါင်းအပြင် FDCနှစ်မျိုး၊ ပို့စ်ကဒ်တခု၊ အသင့်သိမ်းဖို့ အယ်လ်ဘမ်တခုပါ ထုတ်ဝေပါတယ်။ အသင်းနဲ့ ကိုယ်ပိုင်ထုတ် FDCတွေ တွေ့ရပါတယ်။ ရှေးကထုတ်ခ့ဲတ့ဲ အစဉ်သုံး တိုင်းရင်းသားပုံတွေနဲ့ FDC လုပ်တာလည်း တွေ့ရပါတယ်။

.

တံဆိပ်ခေါင်းက တရာကျပ်တန်ပါ။ တစုံဆို ၁၆၀၀ကျပ်ပါ။ ပို့စကဒ်က ၁၀၀ကျပ်၊ FDCက ဆိုဒ်ကြီးသွားပေမ့ဲ ၂၀၀ကျပ်ပါ။ အခု၁၀၀၀ဘဲထုတ်တ့ဲ အယ်ဘမ်ကတော့ ၂၅၀၀ကျပ်ပါ။ တကြိမ်ထဲ အမျိုးစုံထုတ်တော့ စုသူတွေပျော်ကြပေမယ့် ကုန်ကျငွေတော့ အီသွားကြပါလိမ့်မယ်။


No comments:

Post a Comment

Thank you.